Saturday 5 November 2011

၂၀၁၁ ဆီးဂိမ်းအုပ်စုဒုတိယမြောက်ပွဲ မြန်မာနှင့် ဗီယက်နမ်ပွဲအပေါ် သုံးသတ်ချက်


အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ယနေ့ဒေသစံတော်ချိန် ညနေ ၁၉ .၀၀ နာရီမှာ အုပ်စုပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဗီယက်နမ်ဘောလုံးအသင်းနှင့် အုပ်စု ဒုတိယပွဲစင်အဖြစ် ရှင်ပြိုင်ကစားခဲ့ပါတယ်။ ၂ သင်းစလုံး အင်တိုက် အားတိုက်ကစားခဲ့ကြပြီး ဗီယက်နမ်အသင်းဟာ တစ်ချိန်လုံးနီးပါး မြန်မာဘက်ကို ကွင်းတစ်ဝက်အထိ ဖိကစားထားပြီး အကြိမ်ကြိမ် ထိုးဖေါက်ခွင့်တွေရခဲ့ပါတယ်။ ဗီယက်နမ်ရှေ့တန်းတိုက်စစ်များ အချင်းအချင်း နားလည်မှုနဲပါးခြင်းနှင့် မြန်မာနောက်တန်းလူငယ်များရဲ့ ကြုံသလိုဖျက်ထုတ်ခြင်း ခံရတဲ့အတွက် ဗီယက်နမ်တို့ ဂိုးရခွင့်တွေဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။

တစ်ဖက်အသင်းရဲ့ တိုက်စစ်ဖိအားများတဲ့အတွက် မြန်မာနောက်တမ်းတွေဟာ အမှားအယွင်းတွေများပြီး ဂိုးစည်းနှင့် မလှမ်းမကမ်းမှာ ပြစ်ဒဏ်ဘောများ မကြာခဏပေးခဲ့ရာပါတယ်။ ပထမပိုင်း ဂိုးမရှိသရေကျပြီး ဒုတိယပိုင်း ၅၈ မီးနစ်လောက်မှာ နောက်တန်းလူ မိုးဝင်း တစ်ဖက်ရှေ့တန်းတို်က်စစ်မှုးကို ရှေ့ကနေ ဘောလုံးအလွတ်သိမ်းရိုက်မိတဲ့အတွက် တိုက်ရိုက်အနီနှင့် အထုတ်ခံခဲ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းရှေ့တန်းတွေဟာ လူကျွန်ဘောနဲ့ဘဲ အချိန်ကုန်ခဲ့ရပြီး တစ်သင်းလုံး ခံစစ်အသွင်ကစားခဲ့ရတဲ့အတွက် တိုက်စစ်မှာ အလွန်ကို အားနည်းခဲ့ပါတယ် တစ်ဦးချင်းဘောလုံးစွမ်းရည်ဟာ ဗီယက်နမ်ထက် နိမ့်ပြီး မိမိဆီရောက်လာတဲ့ဘောလုံးကို တန်ဖိုးမထားဘဲ ကြုံရာကန်တဲ့အတွက် အဓိကကျတဲ့ အချိန်တွေမှာ လူပေးမှားနေတာနဲ့ဘဲ တစ်ဖက်အသင်းကို ကိုယ်ကပါကူပြီးကန်ပေးနေသလို ဖြစ်နေပါတယ်။

လူငယ်များဟာ ပြေးအားကောင်းပေမယ့် ကိုယ့်ရဲ့ပြေးနှုန်းကို လိုသလို ရပ်နိုင် တာမျိုးမရှိပါဘူး။ ပြေးပြီး ကိုယ့်ပြေးအားနဲ့ကို မှောက်လျှက်လဲတာ ဘောလုံးက ကိုယ်နဲ့မကွာ ပါမလာတော့ဘဲ တစ်ဖက်လူခြေထဲ အလွယ်တကူရောက်သွားတာတွေကြောင့် တစ်ဖက်အသင်းက ကိုယ့်ကိုမောင်းတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီးမောင်းနေသလိုအဖြစ် မျိုးတွေ မကြာခဏကြုံပါတယ်။ မြန်မာကွင်းလည် ကီးပရေယာဟာ ဘယ်သူမှန်းကိုမသိရ လောက်အောင်ပျောက်နေပါတယ်။ တောင်ပံတွေက လူပေးမှားတာနဲ့ဘဲ အချိန်ကုန်တယ်။ ဒုတိယပိုင်း ပွဲချိန်ပြီးခါနီးမှာ မြန်မာဂိုးသမားရဲ့တည်ကန်ဘောကို လက်နဲ့ထိမ်းလိုက်မိတဲ့အတွက် ဗီယက်နမ်ဂိုးနဲ့ခပ်လှမ်းလှမ်းမှာ ရလိုက်တဲ့ ပြစ်ဒဏ်ဘောကို မြန်မာအသင်းက ဖရီးကစ်ကန် သွင်းတာမှာ တဖက်အသင်းရဲ့ ဂိုးဘားတန်းကိုထိပြီး ဂိုးရခွင့်ဆုံးရှုံးသွားပါတယ်။ ပွဲစဉ်၂ပိုင်းလုံး ဒီဘောလုံးတစ်လုံးသာ တစ်ဖက်အသင်းကို စိတ်လှုပ်ရှားအောင်လုပ်လိုက်နိုင်တာကလွဲလို့ ဘာမှ ထိထိရောရောက် တိုက်စစ်မဆင်နိုင်ခဲ့ပါဘူး။ မြန်မာဂိုးသမား ကျောနံပတ် ၁၈ ဒီပွဲမှာအပိုင်ဂိုးတွေကို ကာကွယ်သွားနိုင်ပါတယ်။ 

ပွဲအပြီးမှာတော့ ၂ သင်းလုံး တစ်ဖက်မှ ဂိုးမရလိုက်ဘဲ တစ်မှတ်စီခွဲယူသွားပါတယ်။ မြန်မာကစားသမားတွေဟာ လူပေးမှားတာ၊ ကိုယ့်ဆီရောက်လာတဲ့ဘောလုံးကို လိုရာကိုမပေးဘဲဖြုံးပြစ်တာ၊ ကိုယ့်အရှိန်ကို မထိမ်းနိုင်တဲ့ အတွက် တစ်ဖက်ကစားသမားကို ပြစ်ဒဏ်ခဏခဏလုပ်မိတာတွေဟာ ဟိုအရင်တုန်းကရှိရင်းစွဲအမွေကို မပြောင်းမလဲ ဆက်လက်ခံယူထားလေသလားလို့ ထင်မြင်မိပါဘတယ်။ ဒီပွဲမှာ ကွင်းလည်ဒိုင် အင်မတန်သဘောကောင်းပါတယ်။ ပွဲစင်တစ်လျှောက်လုံးကို သုံးသတ်ရလျှင် ဒီနေ့ပွဲ မြန်မာအသင်း ဗီယက်နမ်ကို သရေကစား နိုင်ခဲ့ခြင်းဟာ ဘောလုံးစွမ်းရည်နဲ့ သူတင်ကိုယ်တင်ကစားနိုင်ခဲ့လို့မဟုတ်ဘဲ ကျိုးကျိုးပဲ့ပဲ့ဆိုတဲ့ စိတ်နဲ့ အမိုက်ခံပြီးအတင်းဝင် အတင်းဖျက်နဲ့ အဖျက်ကစားကွက်ကို တစ်ဖက်အသင်း ရှောင်ကစားနေရလို့သာ သရေကျသွားခြင်းလို့မြင်မိပါတယ်။ အရေးကြီးတာတစ်ခုပြောရရင် ကစားသမားတွေဟာ ကိုယ့်စိတ်နဲ့ကို ကစားနေတာမဟုတ်ဘဲ ကွင်းဘေးကတစ်ယောက်က အော်ပြီးခိုင်းနေတဲ့အတိုင်းကစားနေတာကိုတွေ့ရတာဟာ အင်မတန်စိတ်ပျက်စရာ ကောင်းပါတယ်။ ဘယ်စနစ်နဲ့ကစားမယ်ဆိုတာကို သတ်မှတ်ပြီးရင် အဲဒီစနစ်အတိုင်းဘောင်ဝင်အောင် ကစားသမားစိတ်ကြိုက် ကစားစေတာဟာ အောင်ပွဲကော ရသကော ၂ မျိုးလုံးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီစနစ်နဲ့အံချော်သွားတဲ့အခါ လမ်းကြောင်းမှားတဲ့အခါမျိုးတွေမှသာ လိုအပ်ရင် လိုအပ်သလို သတိပေးရတာမျိုးပါ။ အခုတော့ ရပ်ရပ်လို့အော်ရင် ရပ်သွားတယ် တွန်းတွန်းဆို လိုက်တွန်းတယ် ကန်ကန်ဆို ရောက်ချင်ရာရောက် ကန်ထုတ်လိုက်တယ်၊ ကစားသမားနဲ့မတူဘဲ ခိုင်းရာလုပ်နေတဲ့ စက်ရုပ်တွေနဲ့တူနေတာတွေ့ရပါတယ်။ ၅.၄.၁ တို့ ၄.၄.၂.တို့ဆိုတာ ပါးစပ်ပြောတဲ့စနစ်သာဖြစ်ပြီး တကယ်ကန်တဲ့အခါမှာတော့ ငါခိုင်းတာမင်းမလုပ်ရင် အထုတ်ခံရမယ်ဆိုတာရယ် သူခိုင်းတာငါမလုပ်ရင် အထုတ်ခံရလိမ့်မယ်ဆိုတာရယ် ဒီစနစ် ၂ ခုနဲ့သာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကစားသွားပါကြောင်း သုံးသတ်လိုက်ရပါတယ်။
ဒီပုံနဲ့သာဆို တီမောင်အသင်းကိုတောင် နိုင်အောင်ကစားဖို့ပမလွယ်ကြောင်းပါ။ ဘာမှ အားတက်စရာမမြင်သေးတဲ့ဒို့အသင်းအနာဂါတ်မှာအားတက်စရာလေးမှာ မြင်လာရလေမလား
မျှော်လင့်ရင်းဖြင့်သာ။

မောင်ရွယ်ရောက်

2011, November လ အတွက် ဗေဒင် ဟောစတမ်း

http://api.ning.com/files/HjpMDXTMhTHcuNuY9QdUDGlUWJeplJ45la3aSBuYAhg7LPLRRYTX4I9heITZ7DMCTeXKECNSqkPzqML6TgvuETuWKXYCcxdS/b2.gif
ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အနည်းငယ်ကောင်းမွန်လာမည်။ အလုပ်ကောင်းသော်လည်း စိတ်ပျော် ရွှင်မရှိပဲ ဖြစ်နေမည်။ အထက်လူကြီးနဲ့ ပြသာနာကိစ္စများ ဖြေရှင်းရမည်။ အလုပ်ကိစ္စများ အတွက်နဲ့ စကားများရမည်။ အလုပ်ပြောင်းလိုစိတ် နေရာပြောင်း လိုစိတ်များ ဖြစ်ပေါ်နေမည်။

ညီအစ်ကို မောင်နှမများ မိသားစု အတွင်း လုပ်ငန်းအဆင်ပြေလာမည်။ လူမှုရေး ကိစ္စများအတွက်နဲ့ အနည်းငယ် စိတ်ညစ်နေရမည်။ ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ မရခင် ကုန်ကျများနေမည်။ အဖတ်မတင်သေးပါ။ အလှူအတန်းကိစ္စများ ပရဟိတကိစ္စများပြုလုပ်ရမည်။ ခရီးသွားရမည်။ စနေနံ ပစ္စည်းများ ဝင်လာမည်။

ပညာရေး ရည်မှန်းချက် အသစ်ပေါ်လာမည်။ အဆင်ပြေလာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ တစ်ယောက်နဲ့တစ်ယောက် စိတ်ကောက်နေရသော ပြသာနာများ မကြာခဏ ဖြစ်ပေါ်နေမည်။ အိမ်ထောင်ရေးမှာ ပျော်ရွှင်အေးချမ်းနေရသော အချိန်လေးပါ။

ဒီလအတွက် အအေးမိခြင်း ၊ ဦးခေါင်းပိုင်း ကျန်းမာရေးညံ့ ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းသီး ၃ လုံး လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 5 2 8 1

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်လာနေသော အချိန်လေးပါ။ ဆက်လက်ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။ အလုပ်ကိစ္စများတွင် ဆက်ဆံနေရသော လူအများနှင့် အနည်းငယ် ပြသာနာ ဖြစ်မည် စကားများရမည်။ စိုးရိမ်စရာ မရှိပါ။ အဆင်ပြေလာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေမည်။ ငွေစုမိနေမည်။ စက်ပစ္စည်း အသစ်ထပ်ဝင်မည်။ လူဝင်မည်။ ကြာသပတေးနံ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။ အဝတ်အထည် ဝင်မည်။ အိမ်မက်ကောင်း မက်လာမည်။ လူမှုရေးကိစ္စများတွင် မိမိ ပါဝင်ဆောင်ရွှက်ပေးရမည်။

ပညာရေး ကိစ္စများ ကြိုးစားနေရမည်။ သင်တန်း ကိစ္စများများ လေ့လာတက်ခွင့် ရမည်။

ယခုလတွင်း အချစ်ရေးကိစ္စများ နီးရက်နဲ့ ဝေးနေရမဲ့ အချိန် ဖြစ်နေမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်မပြေ ဖြစ်ဖြစ်နေမည်။

ယခုလ အတွင်း ကျန်းမာရေးမှာ ဇက်ကြောတက်ခြင်း ၊ ဗိုက်နာ ဗိုက်အောင့် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် လိမ္မော်သီး ၄ လုံးကို မိမိ နေအိမ်ဘုရားတွင် လှူဒါန်း၍ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 3 2 8 6

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေနေသော အချိန်ဖြစ်ပါ၍ ကြိုးစား၍ လုပ်ကိုင် ဆောင်ရွှက်လိုက်ပါ။ စမ်တူကိစ္စများ အလုပ်များ လုပ်ဆောင်ရမည်။ လုပ်ငန်းများ တိုးတက်လာမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အကူညီပေးသူ ပေါ်မည်။ အကူအညီပေးသူ ပေါ်လာမည်။ ငွေဝင်မည်။ ဗုဒ္ဓ္ဓဟူးနံ ဝင်မည်။ လူဝင်မည်။ မိသားစု အတွင်း အနည်းငယ် စကားများနေရမည်။ ပျော်စရာကောင်းသော နေရာသို့ ခရီးထွက်ရမည်။

ပညာရေး ကံကောင်းနေသော အချိန်ဖြစ်ပါသည်။

ဒီလအတွင်း အချစ်ရေးမှာ အဆင်မပြေသေးပါ။ ဝေးနေရမည်။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း ကျန်းမာရေးမှာ ခေါင်းမူး ၊ ခေါင်းကိုက် ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် သရက်သီး ၆ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 9 0 0 0

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်မပြေသေးပါ။ အလုပ်ထဲတွင် စိတ်မပျော်ပဲ ဖြစ်နေမည်။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုနဲ့ အချိန်ကုန်နေမည်။ ယခုလအတွင်း စမ်တူလုပ်ငန်းများ သတိထား၍ လုပ်ပိုင်ပါ။ အထက်လူကြီးထံမှ အကူအညီရမည်။ ဒီလအတွင်းမှာ စိတ်ညစ်ပြီး အလုပ်လုပ်နေရမည်။ စီးပွားရေးမှာ ခဏလေးတော့ စောင့်ရဦးမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်မပြေသေးပါ။ အဖက်ဖက်က ငွေဝင်ကိန်း ရှိပါသည်။ ငွေကြေးကိစ္စများ ကတော့ ချက်ချင်းလိုတဲ့ ငွေကိုချက်ချင်း ရှာလို့ မရဘူးနော်။ သဘောက ခဏစောင့်ရဦးမှာပါ။ စိတ်နှစ်ခွ ကိုယ်နှစ်ခွ ဖြစ်နေမည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ခရီးတွေက ရုတ်တစ်ရက်သွားလာခြင်း ရှောင်ပါ။ သူတစ်ပါးကိစ္စတွေနဲ့ အလုပ်ရှပ်နေမည်။

ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။ ပညာရေး ကိစ္စများလည်း အောင်မြင်လာမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ အချစ်ရေးမှာ အဆင်ပြေပါသည်။ အိမ်ထောင်ရေး ကိစ္စများ စိတ်ပူစရာ မရှိပါ။ အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။

ယခုလ အတွင်း ကျန်းမာရေး ကိစ္စများ ခါးနာမည် ၊ ခြေထောက်နာမည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် နို့ ၇ ခွက်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 8 6 9 6

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ မိမိဖြစ်ချင်တာတွေ မျှော်လင့်တာတွေ တွေ့ရလိမ့်မယ်။ အလုပ်အကိုင်များတွင် အထက်လူကြီးနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ ငွေဝင်မည့် လမ်းစပေါ်မည်။ ယခုလအတွင်း သူငယ်ချင်း မိတ်ဆွေများနှင့် လုပ်ငန်းတစ်ခု ကို လုပ်ဆောင်ရမည်။ ရွှေဝင်မည်။ ထီကံကောင်းလာမည်။ အဝတ်အထည် အသစ်များ ဝင်မည်။

ပညာရေး ပုံမှန် သင့်တင့် ရှိနေသော အချိန်လေးပါ။

ဒီလအတွင်း အချစ်ရေး ကိစ္စများ ပျော်စရာတွေ ကြုံရတတ်ပါတယ်။ ချစ်သူမရှိရင် ချစ်သူရမည်။ စန်းပွင့်နေမည်။ အိမ်ထောင်ရေးကိစ္စများ စကားများနေရသော အချိန်လေးပါ။

ဒီလအတွင်း မျက်စီအားနည်းမည် ၊ သွားနာ သွားကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် သြဇာသီး ၅ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 6 9 8 9


၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ ပုံမှန်အဆင်ပြေနေသော အချိန်လေး ဖြစ်ပါသည်။ စီးပွားမတက်သလို စီးပွားမကျသေးပါ။ ကြိုးစား၍ လုပ်ကိုင်ဆောင်ရွှက်လိုက်ပါ။ အောင်မြင်ဖို့အတွက် လမ်းစပေါ်လာမည်။ ယခုလအတွင်း အလုပ်ကိစ္စများ အတွက်နဲ့ စိတ်တိုင်းမကျသော်လည်း အနည်းငယ် အဆင်ပြေလာမည်။ စမ်တူကိစ္စများ အဆင်မပြေသေးပါ။

ငွေကြေး ကိစ္စများ အတွက်နဲ့ စိတ်ပူပင်နေရမည်။ ရသမျှကုန်နေမည်။ မစုမိသေးပါ။ ငွေဝင်နေမည်။ မိသားအတွင်းမှ ကူညီသူပေါ်မည်။ ရုတ်တစ်ရက် ငွေဝင်ပြီး ရုတ်တစ်ရက် ကုန်နေမည်။ကြွေးတင်မည်။ သူတစ်ပါးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ လုပ်ဖော်ကိုင်ဖက်များနဲ့
အဆင်မပြဖြစ် တတ်ပါသည်။ အိမ်မက်ကောင်း မက်လာမည်။ ထီကံစမ်းပါ။

ယခုလအတွင်း ပညာရေးကိစ္စများ ကြိုးစားနေရသော အချိန်လေးပါ။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ အဆင်မပြေပဲဖြစ်နေမည်။ စကားများနေရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။ မိမိအိမ်ထောင်ဖက် ကျန်းမာရေးညံ့မည်။

ယခုလအတွင်း ကျန်းမာရေးမှာ အိပ်ရေးပျက်မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် ဇီးသီး ၈ လုံးကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 5 4 8 4

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ အတိုက်အခံများကို အောင်မြင်လာမည်။ အလုပ်အတွင်း ကောင်းသောကိစ္စများ တိုးတက်ပြောင်းလဲ လာမည်။ အဆင်ပြေလာမည်။ အလုပ်များ အဆင်ပြေလာသော်လည်း စိတ်တိုင်းမကျသေးပဲ ဖြစ်နေမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ ကံကောင်းလာမည်။ ချေးဌားခြင်း ခဏရှောင်ပါ။ စိတ်ညစ်ရတတ်ပါသည်။ လူမှုရေး ကိစ္စများတွင် ကူညီပေးနေရမည်။ ဘာသာရေး ကိစ္စများ အလှူအတန်းကိစ္စများ ပြုလုပ်ရမည်။ ရွှေဝင်မည်။ မိသားစု အတွင်းလူဝင်လာမည်။ စနေနံကိစ္စများ အတွက် အနည်းငယ် စိတ်ညစ်နေရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်မပြေ ဖြစ်တတ်ပါသည်။

အချစ်ရေးမှာ ချစ်သူနဲ့ အဆင်ပြေလာမည်။ ဝေးကွာ နေရသော ချစ်သူများ ပြန်လည် ဆုံဆည်းခွင့် ရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသော်လည်း သူတစ်ပါးအတွက်နဲ့ စကားများ နေရမည်။

အခုလအတွင်း ကျန်းမာရေးမှာ စက်ပစ္စည်း ထိမိခိုက်မိ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် သောက်တော်ရေ ၄ ခွက် နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 3 2 5 9










Ref: ဟန်ဆရာမျိုးကို

ဆန့်ကျင်ကန့်ကွက်သူတွေက တူးမြောင်းတံခါးပိတ်တာကို တားမြစ်ပိတ်ပင်

မနေ့က ပထုမ်ဌာနီ၊ လမ်လုတ်ခခရိုင်မှာရှိတဲ့ ခလုန် ၉ ရေတံခါးပိတ်တာကို ဒေသခံ ၃၀၀ကျောက် ဆန့်ကျင် ကန့် ကွက်လာလို့ မြောက်ပိုင်းက ဒလဟောစီးလာနေတဲ့ ရေဘေးကနေ လတ်ခရာဘန်နဲ့ဘန့်ချန်းစက်မှုဇုံက အအောက် အဦးတွေ ဘေးကင်းလုံခြုံဖို့ အစိုးရရဲ့ကြိုးပမ်းမှုတွေဟာ အဆင်မပြေဖြစ်နေပါတယ်။
လတ်ဖရောက်ဖဟွန်ယိုထင်လမ်းဆုံမှာ ရေပြည့်လာနေပုံ
ရေတံခါးပိတ်တဲ့ရည်ရွယ်ချက်က စက်ရုံတွေရှိတဲ့ ဘန်ကောက်၊ မင်ဘူရီနဲ့လတ်ခရာဘန်ခရိုင်တွေကို ရေစီးဝင်တာ လျော့ စေဖို့ဖြစ်တယ်။ လူ ၃၀၀ လောက် ဆန္ဒပြလို့ ခလုန် ၉ တူးမြောင်းတံခါး ပိတ်လို့မရာတာကြောင့် ခလုန် ၈ နဲ့ ခလုန် ၁၀ တူးမြောင်းတံခါးတွေ ပိတ်ဖို့ စစ်သားတွေအစောင့်အရှောက်နဲ့ အာဏာပိုင်တွေက မနေ့က စီမံနေပါတယ်။
အာဏာပိုင်တွေ တူးမြောင်းတံခါးဆီကို ရောက်မလာဖို့ ဆန္ဒပြသမားတွေက လမ်လွတ်ခလမ်းမကို ပိတ်ထားပါတယ်။ ဒီဂိတ်ပိတ်လိုက်ရင် သူတို့ရပ်ကွက်တွေ ရေပိုမြုပ်မှာဖြစ်တယ်။ လို့ သူတို့က ပြောပါတယ်။ ဒီရပ်ကွက်တွေရေမြုပ်နေတာ ရက်သတ္တပါတ်ပေါင်းများစွာကြာနေပါပြီ။ လူအုပ်ကြီးက ညနှောင်းပိုင်းထိ ဆက်ပိတ်ဆို့ထားပါတယ်။ ဒီအတော အတွင်း မှာ မြောက်ဖက်ကစီးဝင်လာတဲ့ရေတွေဟာ ချတ်တူးချတ်ခရိုင်၊ လတ်ဖရောက်လမ်းဆုံ ကို ရောက်လာပါတယ်။
ဘန်ကောက်မြေအနေအထားအရဆို လတ်ဖရောက်နယ်မြေပြီးရင် ရတ်ချာဒါဖီဆက်လမ်းမကြီးနဲ့ ချတ်တူးချတ်နယ် မြေကို ရေရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဘန်ကောက်၊ တခြားခရိုင်တွေမှာလည်း ရေတွေ တိုးလာနေပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာ ယမန်နေ့ကထက် ရေအမြင့် ၂၀ စင်တီမီတာ တိုးလာပါတယ်။ ဘန်ကောက် အရှေ့ပိုင်း မှာဆို ရမ်အင်ထရာလမ်းမပေါ်က ဆာသီရဓမ္မဆာသန်းဓမ္မ ဌာနဟာ ရေမြုပ်သွားပါပြီ။ ဒီဌာနအပြင်ဖက်မှာ ရေအမြင့်ဟာ ၂၀ စင်တီမီတာလောက်ရှိပေမဲ့ အထဲမှာတော့ ခါးလောက်ထိ မြုပ်နေပါပြီ။
ဘန်ကောက်ရေဘေးကယ်တင်ဖို့အတွက် တပ်တော် ၃နဲ့တပ်တော် ၂က တပ်ခွဲပေါင်း ၃၀ လောက်က နောက်ထပ် စစ် သားတွေ ထပ်ဖြည့်ထားရပါတယ်။
နိုဝင်ဘာ ၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

ဘန်ကောက်မြို့တွင်း ရေမြုပ်

မြို့တော်တွင်းရေမြုပ်နေပုံ
ရေလွှမ်းတာက အကာအကွယ်အကောင်းဆုံးနေရာတွေဖြစ်တဲ့ ဘန်ကောက်အတွင်းပိုင်းနေရာတွေထိ ကပ်လာနေပါပြီ။ ဘန်ကောက်ရဲ့ခရိုင်အတော်များများနဲ့လမ်းမတွေ ရေမြုပ်ပြီးနောက်မှာ မြို့တော်အတွင်းပိုင်းနေရာတွေလည်း မလွယ်တဲ့ အခြေအနေ ရောက်နေပါပြီ။ တိုင်းပြည်မြောက်ပိုင်းကဒလဟောစီးလာနေတဲ့ ရေတွေကြောင့် လတ်ဖရောက် လမ်းဆုံရေ မြုပ်သွားပြီး လတ်ဖရောက်က Central Plaza စင်ထရယ်ပလာဇာ ကုန်တိုက်ကြီးလည်း ပိတ်လိုက်ရပါတယ်။ ဘန် ကောက်၊ ချက်တူးချက် ခရိုင်ထဲက ခရိုင်ခွဲ ၄ ခုကို ရွေ့ပြောင်းရမယ့်ဇုံအဖြစ် ကြေညာထားပါတယ်။
မြို့တော်တွင်းဝင်မယ့်ရေတွေ လျော့ကျသွားအောင်လို့ အာဏာပိုင်တွေဟာ ပထုမ်ဌာနီတောင်ပိုင်းမှာ သဲအိတ်တံတိုင်း ကြီးတွေ ဆောက်လုပ်နေရပါပြီ။ ချတ်တူးချတ်ခရိုင်မှာဆို ရေအမြင့် ၂၀စင်တီမီတာထိ တိုးလာပါတယ်။ လက်ဆီ ခရိုင်မှာ ၃၀စင်တီမီတာနဲ့၁၂၀စင်တီမီတာအကြား ရှိပါတယ်။ ခလုံဆမ်ဝခရိုင်မှာ စင်တီမီတာ ၆၀ကနေ ၉၀ထိ ရောက်နေပါပြီ။
မြို့တော်ရဲ့မြေအောက်ရထားဘူတာရုံတွေကိုလည် ပိတ်ထားလိုက်ရပါပြီ။ အောက်တိုဘာ ၂၉ ရက် နေ့မှာ ဒွန်မောန်လေ ဆိပ်မှာ အခြေစိုက်ထားတဲ့ ရေဘးကယ်ဆယ်ရေးဌာနကိုလည်း စွမ်းအင်ဌာန အဆောက်အအုံကို ပြောင်းရွှေ့လိုက်ရပါ တယ်။ ဒါပေမဲ့ရေက စွမ်းအင်အဆောက်အအုံရှေ့မှာလည်း တက်လာနေပါတယ်။ ပြည်နယ်အတွင်းပြေးဆွဲနေတဲ့ ဘတ်စ် ကားလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီလိမီတက်ဟာ ကားဝင်းထဲ ရေရောက်ရင် မော်ချစ် ဘတ်စ်ကားဂိတ်ကြီးကနေ ဘတ်စ်ကားအကုန်လုံး တနာရီအတွင်း ရွှေ့ပြောင်းနိုင်ရေး  စီမံကိန်းတခုကို အခုအခါ ကြို တင်ရေးဆွဲ ပြင်ဆင်လုပ်ကိုင်နေရပါတယ်။ ဒီဘတ်စ်ကားဂိတ်ဟာ ချတ်တူးချတ်ခရိုင် ကမ်ဖဲန်းဖက်လမ်းမကြီးပေါ်မှာ ရှိ ပါတယ်။ ကုမ္ပဏီအနေနဲ့ ဘတ်စ်ကားတွေကို ဖထုမ်ဌာနီခရိုင်က ဖရာတူနမ်ထာဖရာ အင်းနဲ့ ဆုဝဏဖူးမ်လေဆိပ်၊ ဒါမှမ ဟုတ် ချုန်ဘူရီမှာရှိတဲ့နေရာကို ရွှေ့ပြောင်းရနိုင်ပြီး အဲဒီကနေ လုပ်ငန်းတွေ ဆက် လည်ပတ်သွားမှာ ဖြစ်တယ်လို့ တာ ၀န်ရှိသူတွေက ပြောပါတယ်။ဘန်ကောက်အနောက်ပိုင်းမှာ ရေလွှမ်းမိုးမှုဟာ ဆီယမ်တက္ကသိုလ်နဲ့ ထာဖရာလမ်းဆုံဆီကို ဦးတည်စီးလာနေပါတယ်။
နိုဝင်ဘာ ၅၊ ၂၀၁၁ (The Nation)

2011, November 4 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့ နှင် ဗွီဒီယိုဖိုင်


ရေဘေးကြုံရပြီး နေထိုင်စရာရှာဖွေနေတဲ့ ဘန်ကောက်မြို့သူ မြို့သားများအနေဖြင့် မြို့အပြင် အရှေ့ဘက်ပိုင်း မြို့နယ် ၆ ခုရှိ ဟော်တယ်တွေကို ဈေးပေါပေါနှင့် ရေရှည်နေထိုင်စရာအဖြစ် ရွေးချယ်သင့်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်းအာဏာပိုင်များက အကြံပြုထားပါတယ်။


ဘန်ကောက်ရဲ့ လမ်းပေါင်း ၄၇ ခုကို ရေများ အဆမတန်များပြားလာတဲ့အတွက် ယာဉ်ထိန်းရဲများ ယာဉ်အသွားအလာ ယာယီပိတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ဘဏ်ခွဲပေါင်း ၅၅၆ ခုဟာလည်း ရေဘေးကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရပါတယ်။

 
Rangsit Muang Ek လမ်းပေါ်က ခြောက်မီတာအရှည်ရှိတဲ့ရေတားတမံဟာ ယနေ့ပြီးစီးမယ်လို့မျှော်လင့်ရကြောင်းနှင့် ၎င်းရေကာတာပြီးစီးသွားပါက ဒိုမောင်း၊ လက်ဆီ နှင့် ဘန်ခယ် နယ်တွေကို ရေစီနှုန်းကို များစွာလျှော့ချနိုင်လိမ့်မယ်လို့ ပို့ဆောင်ရေးဝန်ကြီး Sukampol Suwannathat ကပြောပါတယ်။

 
ရေဘေးကြုံနေရသော်လည်း မြေအောက်ရထားလိုင်းများအား ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲပေးနေပါတယ်။ အဓိကအန္တရာယ်ရှိတဲ့နေရာတွေကိုတော့ ရေမ၀င်နိုင်အောင် ရေတားတမံတွေနှင့်ကာကွယ်ထားကြောင်းသိရပါတယ်။


Lat Phrao ဘက်ရေစတင်လွှမ်းလာပုံဖြစ်ပါတယ်။

 အခုမြင်နေရာတဲ့ အိမ်ယာအဆောက်အဦးတွေဟာ ရေထဲမှာ မြောပါလာတဲ့ ဗေဒါဒိုက်တွေ အမှိုက်သရိုက်နှင့်ပြည့်နှက်သွားပါတယ်။ ဘန်ကောက်မြို့တော်ဝန်ကတော့ အမှိုက်ကား အစီး ၆၀ နှင့် လှေတွေကိုအသုံးပြုပြီး ၂၄ နာရီ ရေပေါ်အမှိုက်တွေလိုက်ရှင်းဖို့ ထုတ်ပြန်ထားပါတယ်။


 အစိုးရအနေနှင့်အများပြည်သူအကျိုးပြုလုပ်ငန်းတွေအတွက် နှစ်စဉ်ဘန်ဂျက်ခွဲဝေသုံးစွဲမှုကို
ရေဘေးပြန်လည်ထူးထောင်ရေးအတွက် ပြန်လည်ပြုပြင်စဉ်းစားဖို့ Pheu Thai MPက အစိုးရကို အကြံပြုမယ်လို့ သိရပါတယ်။
 

ချပ်တူချပ် ဒေသထဲမှာရှိတဲ့ Lat Yao, Sena Nikhom, Chatuchak နှင့် Chankasem ထဲက ဒေသခံတွေကို ရေဘေးလွတ်ရာအမြန်ပြောင်းရွှေ့ကြဖို့ Bangkok Metropolitan Administration (BMA) က ရေးပေါ်အကြောင်းကြားထားပါတယ်။ တစ်ချိန်ထဲမှာဘဲ Nong Khaen ကဒေသခံတွေကို အဆင်သင့်ပြင်ထားဖို့ နှိုးဆော်ထားပါတယ်။
 

 
စုဝဏ္ဏဘုံမိလေယာဉ်ကွင်းအား ၃.၅ မီတာအမြင့်ရှိတဲ့ ရေကာတာတွေနှင့် ကာကွယ်ထားနိုင်သော်လည်း ဒေသာခံတွေက ၎င်းတို့ရဲ့နယ်မြေတွေမှာ ရေလျော့လိုဇောနဲ့ လေယာဉ်ကွင်း ရေကာတာတွေကို လာရောက်မဖျက်ဆီးအောင် အနီးကပ် စောင့်ကြပ်နေရကြောင်းထိုင်းနိုင်ငံနိုင်ရဲ့ လယာဉ်ကွင်းဆိုင်းရာ အာဏာပိုင်တွေက ပြောပါတယ်။


Lat Krabang အရှေ့ပိုင်း စက်မှုဇုံ ရေ၀ိုင်းနေပုံဖြစ်ပါတယ်။ တာဝန်ရှိသူတွေရဲ့အဆိုရတော့ ၂.၅ မီတာအထိ ရေလွှမ်းခဲ့တယ်လို့ဆိုပါတယ်။ 
ဗဟိုအစိုးရနှင့် ဘန်ကန်အုပ်ချုပ်ရေးအာဏာပိုင်တွေအကြား ပဋိပက္ခဟာ တနေ့တခြား ပိုမိုကြီးထွားလာနေပြီး မနေ့ကပြုလုပ်တဲ့ ဘန်ကောက်ထဲဝင်လာနေတဲ့ရေတွေကို ထိမ်းချုပ်ဖို့အတွက် ဆည်မြောင်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆွေးနွေးပွဲမှာ တဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစစ်ထိုးတဲ့အဆင့်အထိရောက်ခဲ့ပြီး ပဋိပက္ခဟာအမြင့်ဆုံးအခြေအနေထိ
ရောက်ခဲ့တယ်လို့ သိရပါတယ်။ (The nation) 
Ref: Bangkok Post


Ref: The Nation

ဗိုလ်နှုတ်ခမ်းမွှေး DKBA နှင့် အစိုးရ အပစ်ရပ် သဘောတူ

ချင်းမိုင် (မဇ္ဈိမ) ။        ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး DKBA အစုအဖွဲ့ကြီးတခုနှင့် အစိုးရကိုယ်စားလှယ်တို့အကြား အပစ်ရပ်စဲရန် ကြာသပတေးနေ့က သဘောတူလိုက်ပြီဟု DKBA ခေါင်းဆောင်က
ပြောသည်။

“သုံးရက်နေ့မှာ သဘောတူတယ်။ ဘားအံမြို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ရုံးမှာ လက်မှတ်ထိုး ပြီးသွားပြီ။” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွှေး) က ပြောသည်။  အပစ်စတင်ရပ်စဲမည့်နေ့ကို နိုဝင်ဘာ
ခြောက်ရက်နေ့အဖြစ် သတ်မှတ်ထားသည်ဟု ဆိုသည်။

သဘောတူညီချက်အရ DKBA ဌာနချုပ်ကို ကရင်ပြည်နယ် ဒေါနတောင် အရှေ့ခြမ်း မြဝတီခရိုင်ရှိ ဆုံဆည်းမြိုင်
ဒေသတွင် ပြုလုပ်ရန် သတ်မှတ်ထားပြီး ကရင်ပြည်နယ်အတွင်း ပျံ့နေသော တပ်များကို မူလအတိုင်း ဆက်ထား မည်ဟု ပြောသည်။

အင်အား တထောင်ကျော်ရှိမည်ဟု ခန့်မှန်းထားသည့် နယ်ခြားစောင့်တပ် လုပ်ရန် ငြင်းဆန်သော DKBA အဖွဲ့နှင့် ဗဟိုအစိုးရ ကိုယ်စားလှယ်တို့ ဒုတိယအကြိမ် တွေ့ဆုံအပြီး သဘောတူညီချက် ရရှိခဲ့ခြင်း ဖြစ်သည်။ DKBA ဘက်က ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေးက ဦးဆောင်ပြီး ဗိုလ်မှူးကြီးအီးဒို၊ ဗိုလ်မှူးကြီးစိန်ဝင်း၊ ဗိုလ်မှူးကြီးမောင်လေး အပါအဝင် ရုံးအဖွဲ့ဝင် သုံးဦးတို့ ပါဝင်ဆွေးနွေးခဲ့သည်။

သို့သော် DKBA ကိုယ်စားလှယ်အဖွဲ့ ဌာနချုပ်သို့ ပြန်မရောက်သေးဘဲ  သတင်း ရှေ့ပြေး ရောက်လာခြင်းဖြစ်ကာ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းရန် အစိုးရက ထည့်သွင်း တောင်းဆိုခြင်း မပြုတော့ဟု သိရသည်။ DKBA အနေ
ဖြင့် ထိန်းချုပ်ရာနယ်မြေတွင် အခွန်ကောက်ခံခွင့် ရရှိနိုင်မှာဖြစ်သော်လည်း ထပ်မံ၍ နိုင်ငံရေး ဆွေးနွေးခြင်းပြုမည်၊ မပြုမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ဖြစ်နေသည်။

တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် အပစ်ရပ်ရေး အစိုးရက ပြန်လည်ကြိုးပမ်းပြီးနောက် ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (ဝ အထူးဒေသ ၂)၊ မိုင်းလား အထူးဒေသ (၄) တို့အပြီး သဘောတူညီချက် ရသွားသော တတိယမြောက် အဖွဲ့ ဖြစ်သည်။

အောက်တိုဘာ ၂၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့၌ နှစ်ဘက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးစဉ်က နယ်မြေကျော် မလှုပ်ရှားရေးကို သဘောတူညီခဲ့ပြီး ကရင်ပြည်နယ်မြို့တော် ဘားအံ အပါအဝင် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်တုံ၊ ကော့ကရိတ်၊ မြဝတီမြို့ များတွင် DKBA ရုံးများ ဖွင့်လှစ်ခွင့်ပြုရန် သမ္မတထံသို့ တဆင့် တင်ပြခဲ့သည်ဟု DKBA ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေးက မဇ္ဈိမကို ပြောထားသည်။

နိုဝင်ဘာ ၈ ရက် ၂ဝ၁ဝ ပြည့်နှစ်ကစ၍ အစိုးရတပ်ကို ပြန်လည် တိုက်ခိုက်မှု မတိုင်ခင်က ဗိုလ်မှူးကြီး အဆင့်သာ ရှိခဲ့သော နှုတ်ခမ်းမွှေး၏ တပ်များနှင့် ကရင်အမျိုးသား အစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တို့လည်း ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

နယ်ခြားစောင့်တပ်ပြောင်းပြီးမှ ပြန်လည်တောခိုသော ဗိုလ်မှူးစောဘိခေါင်းဆောင်သော DKBA အဖွဲ့ငယ်တခု
နောက်ဆုံးကျန်ရှိနေသေးပြီး ကရင်အမျိုးသားအစည်းအရုံးနှင့် မဟာမိတ်ဖွဲ့ထားသည်။ ၁၉၉၄ ခုတွင် ကရင် အမျိုးသား အစည်းအရုံး KNU ခွဲထွက်ခဲ့သော DKBA အနက် တပ်အများစုက ၂ဝ၁ဝ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ပြောင်းခဲ့ကြသည်။

Friday 4 November 2011

၂၆ ကြိမ်မြောက် ဆီးဂိမ်း မြန်မာအသင်း အဆဲလွတ်ဖြင့်ဖွင့်

၂၀၁၁ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မနေ့ (၀၃.၁၁.၂၀၁၁) ညနေပိုင်းက စတင်ကျင်းပခဲ့ပါတယ်။ အုပ်စု(ခ)မှာ မြန်မာ၊ ဗီယက်နမ်၊ ဖစ်လစ်ပိုင်၊ လာအို၊ တီမော နှင့် ဘရူနိုင်းတို့ဖြစ်ကြပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာနှင့် လာအို၊ ဗီယက်နမ်နှင့် ဖစ်လစ်ပိုင်တို့ စတင်တွေ့ကြပါတယ်။ ဗီယက်နမ်နှင့် ဖစ်လစ်ပိုင်ပွဲမှာတော့ ဗီယက်နမ်က ၃ .၁ နှင့် အနိုင်ရသွားပါတယ်။ ထိုသုံးဂိုးထဲက တစ်ဂိုးမှာ ဖစ်လစ်ပိုင်အသင်းခေါင်းဆောင် ခေါင်းတိုက်ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကို သွားမိသွားတာဖြစ်ပါတယ်။ မြန်မာပွဲစဉ်မှာတော့ ပွဲစလို့ ၁၅ မိနစ်လောက်မှာ နောက်တမ်းဘယ်အစွန်လူ ဉာဏလွင်တိုက်ရိုက်အနီကပ်ပြအထုတ်ခံခဲ့ရပြီး
မြန်မာအသင်းဟာ တစ်ယောက်ရော့နှင့် ယှဉ်ပြိုင်ခဲ့ရပါတယ်။ သို့သော်လည်း ဂိုးသွင်းခွင့်နှင့် ဘောလုံးပိုင်ဆိုင်မှုမှာ မြန်မာက အသာစီးက ကစားသွားတယ်လို့သိရပါတယ်။ 
မနက်ဖန် နိုင်ဝင်ဘာလ ၅ ရက်နေ့မှာတော့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မြန်မာနှင့် ဗီယက်နမ်တို့ တွေ့ကြမှာဖြစ်ပါတယ်။ လာအိုကို အရှုံးကြွေးဆပ်လိုက်နိုင်သလို၊ ဗီယက်နမ်ဆီမှာ ၇ ဂိုးနှင့်ရှုံးထားတဲ့ အရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာအသင်းရဲ့ ကြံ့ခိုင်မှု၊ ကစားအားနှင့် ဘောလုံး အထိန်းအသိမ်းကတော့ တိုးတက်လာတယ်လို့မြင်ပါတယ်။ သို့သော်လည်း လာအိုလိုအသင်းနဲ့ကန်တဲ့ခြေကိုကြည့်ပြီးတော့တော့ မျှော်လင့်ချက်ထားဖို့ စောဦးမယ်လို့ ယူဆပါတယ်။

ဒီ youtube ဖိုင်လေးကိုရဖို့ တနေကုန်သွားပါတယ်ရှာလိုက်ရတာ။ တင်တာ နောက်ကျလို့လဲဖြစ်ပါလိမ့်မယ်။ ဘယ်သူဘာဘဲပြောပြော အချိန်တန်တော့လဲ သွေးက စကားပြောတာပါဘဲ။ ချစ်လွန်းလို့နို်င်စေချင်၊ နိုင်တော့ ပိုချစ်၊ အဲ ရှုံးတော့လည်း ချစ်လို့ဆဲတယ်မှတ်ပါပေါ့။ နဲနဲဘဲ ဆဲရတဲ့အခါ ရှိသလို များများဆဲမိတဲ့အခါတွေလည်းရှိပါတယ်။ ဒီတစ်ခါတော့ နဲနဲဘဲဆဲကြရမယ်ထင်ပါတယ်။ အုပ်စုပွဲစဉ်ကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်။
Grup B

Kamis (3/11/2011)
Vietnam vs Filipina (16.00)
Laos vs Myanmar (19.00)

Sabtu (5/11/2011)
Brunei vs Timor Leste (16.00)
Myanmar vs Vietnam (19.00)

Senin (7/11/2011)
Timor Leste vs Filipina (16.00)
Laos vs Brunei (19.00)

Rabu (9/11/2011)
Myanmar vs Brunei (16.00)
Vietnam vs Timor Leste (19.00)

Jumat (11/11/2011)
Filipina vs Laos (16.00)
Brunei vs Vietnam (19.00)

Minggu (13/11/2011)
Filipina vs Myanmar (16.00)
Timor Leste vs Laos (19.00)

Selasa (15/11/2011)
Myanmar vs Timor Leste (16.00)
Filipina vs Brunei (19.00)

Kamis (17/11/2011)
Laos vs Vietnam (16.00)
မှတ်ချက်။ ။ နိုင်ပွဲများကိုသာ ဤဆိုက်မှာ ဖေါ်ပြမည်ဖြစ်ပါကြောင်း။
မောင်ရွယ်ရောက်

နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် မကြာခင် လွတ်ဖွယ်ရှိ

နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၆၀၀ လောက်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ပေးမယ်လို့ နေပြည်တော်နဲ့ အန်အယ်လ်ဒီ ပါတီ အသိုင်းအဝိုင်းက သတင်းရပါတယ်။
Photo: RFA
၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ချိတ်ဆွဲခဲ့သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ပိုစတာ ဖြစ်ပါသည်။
အမည်မဖေါ်လိုတဲ့ အရာရှိ တစ်ဦးကတော့ တန်ဆောင်မုန်း လပြည့်နေ့မှာ ဖြစ်နိုင်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ နေပြည်တော် အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးကလည်း သမ္မတရဲ့လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကြောင့် နိုင်ငံတော် တည်ဆောက်ရေးမှာ အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ ယုံကြည်ကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ လွတ်လာမယ့်သူတွေထဲမှာ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဦးခွန်ထွန်းဦး စသူတွေ ပါဝင်ပြီး အခု လွှတ်ပေးမယ့် နိုင်ငံရေး အကျဉ်းသား စာရင်းကို သမ္မတ ဦးသိန်းစိန်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို တင်ပြခဲ့တယ်လို့လည်း သတင်းရပါတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခြင်းအားဖြင့် တပ်မတော်သားများ အပါအဝင် ပြည်သူပြည်သား အားလုံး အတွက် များစွာ အကျိုးရှိမှာ ဖြစ်ပါတယ်လို့ အန်အယ်လ်ဒီ ဒု-ဥက္ကဌ ဦးတင်ဦးက မှတ်ချက်ချပါတယ်။ အန်အယ်လ်ဒီက ပြုစုထားတဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၇၀၀ လောက်ရှိပြီး မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာန စာရင်းအရ ၆၀၀ လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီကွာခြားချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ပြီးခဲ့တဲ့လက တွေ့ဆုံ ဆွေးနွေးရာမှာ ညှိနှိုင်းခဲ့ကြတယ်လို့ အန်အယ်လ်ဒီ ခေါင်းဆောင် တစ်ဦးက အာအက်ဖ်အေကို ပြောပါတယ်။ 
Ref: RFA

၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ဖျောက်ဖျက်မရနိုင်လို့ ပြည်ထောင်စုလွှတ်တော် နာယကပြော

အန်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း၊ ဖျောက်ဖျက်လို့ရတဲ့ ကိစ္စ မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ပြောလိုက်ပါတယ်။
AFP PHOTO/POOL/NYEIN CHAN NAING
၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက် နေ့တွင် ကျင်းပသည့် ပထမ အကြိမ် အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သဘာပတိ အမှာစကား ပြောကြားသည့် မြင်ကွင်း ဖြစ်ပါသည်။
ရန်ကုန်တိုင်းမ် သတင်းဂျာနယ်နဲ့ အောက်တိုဘာလ ၃၁ ရက်က တွေ့ဆုံ မေးမြန်းခန်းမှာ ဦးခင်အောင်မြင့်က အခုလို ပြောကြားခဲ့တယ်လို့ နောက်ဆုံးထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားပါတယ်။ အခုလို လွှတ်တော်အကြီးအကဲ ဦးခင်အောင်မြင့်က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုကြောင်း ပြောဆိုချက်ဟာ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးအတွက် လုံလောက်မှု ရှိမရှိ ပါတီမှာ ဆွေးနွေးမှု မလုပ်ရသေးဘူးလို့ အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။ အန်အယ်လ်ဒီ ပါတီ မှတ်ပုံပြန်တင်မယ်ဆိုရင် လွှတ်တော် အကြီးအကဲ မိမိနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်တွေ ကြိုဆိုမှာ ဖြစ်ကြောင်း၊ ပြည်သူတွေ ရွေးချယ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲကို ရောက်လာမှာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာ ဗဟုသုတ ကြွယ်ဝတဲ့ ပညာတတ် တစ်ယောက် ဖြစ်တာကြောင့် နိုင်ငံ တည်ဆောက်ရေး အတွက် အများကြီး အားကိုးရမှာ ဖြစ်ကြောင်းကိုလည်း ရန်ကုန်တိုင်းမ်က တွေ့ဆုံမေးမြန်းရာမှာ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ပြောကြားသွားပါတယ်။ 
Ref: RFA

2011, November 3 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ရေဘေးသင့်ဒေသတွေမှာ မြွေအန္တရာယ်ဟာ သတိထားစရာဖြစ်လာနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ အလွန်အဆိပ်ပြင်းတဲ့ အာဖရိကန် အမျိုးအစား အစိမ်းရောင် မြွေ ၁၅ ကောင်လွတ်သွားကြောင်း အရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားပါတယ်။
 


ထိုင်းကြက်ခြေနီအဖွဲ့ဟာ ရေဘေးဒုက္ခကြုံလူနာများအတွက် သွေးအလှူရှင် အရေးတကြီးလိုအပ်နေပါတယ်။ ယနေ့အချိန်အထိ သေဆုံးသူဟာ ၄၃၇ ယောက်အထိ ရှိလာပြီဖြစ်ပြီး ၂ ယောက်ပျောက်ဆုံးနေပါတယ်။



Phahon Yothin လမ်းပေါ်ရှိ Major Cineplex Ratchayothin ရေ၀ိုင်းနေပုံဖြစ်ပါတယ်။ ၃၀ စင်တီမီတာအထိရေတက်ခဲ့ပြီး အပန်းဖြေ ဖျော်ဖြေရေးစင်တာတွေလည်း ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။


Wat Samian Vari ကနေ Ngam Wong အထိစီးဆင်းနေတဲ့ Vibhavadi Rangsit လမ်းပေါ် တစ်နေရာက မြင်ကွင်းတစ်ခုပါ။ ၎င်းလမ်းတစ်လျောက် ၁.၅ မီတာအထိမြင့်တက်ခဲ့ပြီး ထောင်သားအချို့ကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။


ပို့ဆောင်ရေးကုမ္ဗဏီတစ်ခုရဲ့ မန်နေဂျာ  Wutichart Kanlayanamit ရဲ့ ပြောကြားချက်အရတော့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ဘတ်စ်ကားဝင်းဖြစ်တဲ့ မော်ချစ်ကို ရေကြီးလမယ်ဆိုရင် စုဝဏ္ဏဘုံမိ လေယာဉ်ကွင်းဘက်ကိုရွှေ့ရလိမ့်မယ်လို့ သိရပါတယ်။ တောင်ပိုင်းသွားတဲ့ စိုင်သိုက်မိုင်အဝေးပြေးကားဝင်းကတော့ Rama II ဘက်ကို ရွှေ့ပြောင်းထားရပြီးဖြစ်ပါတယ်။



ညစ်ညမ်းတဲ့ရေကို သန့်စင်စေနိုင်တဲ့ အစွမ်းထက် အနုဇီဝလုံးများကို အများပြည်သူ ၀ိုင်းဝန်း လုပ်အားပေးနေကြပုံဖြစ်ပါတယ်။ ဘန်ကောက်အရှေ့ဘက်ပိုင်းစက်ရုံတွေ အားလုံး ၂၀၁၂ နှစ်ဆန်းတာနဲ့ ပြန်လည်စတင်နိုင်ဖို့မျှော်လင့်ထားကြောင်းလဲ သိရပါတယ်။



Khlong Mahasawat နယ်ထဲကရေဟာ ပိုမိုမြင့်တက်လာတဲ့အတွက် Bang Khae ဒေသတစ်ခုံလုံး ရေဘေးလွတ်ရာ ပြောင်းရွှေ့ရမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။


မြောက်ပိုင်းကရေတွေဟာ မြို့တော်ဆီကို ဆင်းလာနေပြီဖြစ်တဲ့အတွက် ဘန်ကောက်မြို့တော်ရှိ နယ်မြေဒေသအားလုံး သတိအပြည့်ရှိနေဖို့ ရေဘေးကယ်ဆယ်ရေးစင်တာကနေ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။

Phahon Yothin လမ်းရေမြုပ်နေပုံဖြစ်ပါတယ်။ Bang Khen ဈေးရှိ ပျံကျဈေးသည်တွေကိုတော့ ရေလွတ်ရာ ရွှေ့ပြောင်းပြီးပြီလို့ဆိုပါတယ်။

Chatuchak ဒေသတစ်ဝက်ရေလွမ်းခဲ့ပြီး ရေဘေးဒုက္ခသည် ၃၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေဆီကို ရွှေ့ပြောင်းလိုက်ရတယ်လို့သိရပါတယ်။ 
Ref: Bangkok Post 
  
မြန်မာသံဃာတော်များ သီတင်းသုံးရာ Bang Khen ဒေသထဲက ၀ပ်တလုံကျောင်းရဲ့ မနေ့က မြင်ကွင်းဖြစ်ပါတယ်။

ကျောင်းဝင်း အလည်ဗဟိုကို ဘုရားဆောင် ရေလွှမ်းနေပုံဖြစ်ပါတယ်။

  
MWRN ရုံးမှ စေတနာ့ဝန်ထမ်းအချို့ ကျောင်းထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့သံဃာတွေကို ကယ်ဆယ်ရေးကားအကူအညီနှင့်သွားရောက်ပင့်ဆောင်ခဲ့ကြပါတယ်။ သံဃာ ၇ ပါးခန့်ကတော့ ရေလွတ်ရာ သိမ်ကြောင်းဆောင်ပေါ်ထပ်မှာ သီတင်းသုံးနေရစ်သဖြင့် ဆွမ်းအတွက် လှူဖွယ်များ လှူထားခဲ့ကြောင်း သိရပါတယ်။

ရေဘေးကယ်ဆယ်ကားက ဗုဒ္ဓမွန်ထွန် စိုင်နိမ် လမ်းထိပ်အထိရောက်အောင် အကူအညီအပေးခဲ့ပြီး မဟာချိုင် MWRN ရုံအထိကိုတော့ ကိုယ့်အစီအစဉ်နှင့်ကို အဆင့်ဆင့် ကြိုးစားခဲ့ပါတယ်။

ဝပ်တလုံးမှ ရေဘေးလွတ်ရာ ပင့်ဆောင်လာခဲ့သော သံဃာအချို့နှင့် MWRN ဥက္ကဌ ဦးအောင်ကျော်တို့ ကားမရသဖြင့် ခြေလျင်ခြောက်ကြရပုံ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes