Sunday 12 August 2012

M.W.R.N အဖွဲ့၏ စတုတ္ထကြိမ်မြောက် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းဝေး

အစည်းဝေးတက်ရောက်လာသောအဖွဲ့ဝင်များ
           ယနေ့(၁၂.၀၈.၂၀၁၂)ရက်နေ့တွင်    ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက်အခွင့်ရေး
ကွန်ယက်(M.W.R.N) အဖွဲ့မှ ကြီးမှူးကျင်းပသောစတုတ္ထအကြိမ်မြောက်  အသင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကြီးကို ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့၊ မူစီရပ်ကွက်ရှိ ဝပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် နံနက် ၈ နာရီမှစတင်ကျင်းပခဲ့ပါသည်။ထိုအစည်းဝေးသို့အသင်းသူ၊အသင်းသား(၁၃၀)နှင့်ဧည့်သည်တော်(၁၅၀)
လောက်တက်ရောက်ခဲ့ပြီး ဧည့်သည်တော်များအထဲမှ  အသင်းသားအသစ်(၈၀)ယောက်အားလက်ခံရရှိခဲ့
ပါသည်။
           ထိုအစည်းဝေးသို့ မဟာချိုင်ခြေစိုက် လူခွင့်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖေါင်ဒေရှင်း(H.R.D.F) မှဝန်ထမ်းများ၊ ချင်းမိုင်မြို့မှ ရွှေပြောင်းအလုပ်သမားများညီညွတ်ရေးအဖွဲ့(M.W.F)များနယ်မြေ
အသီးသီးမှ (M.W.R.N)အဖွဲ့ဝင်များတက်ရောက်ခဲ့ပါသည်။  အစည်းဝေးမစတင်ခင် မြန်မာတိုင်းရင်း သားများ အကဖြစ်သော စည်းလုံးခြင်းသီချင်းအက၊ ပုဂံအက ရွှေရိုးအကများနှင့်  ကပြဖျော်ဖြေခဲ့ပါသည်။ အစည်းဝေး၌ ဦးအောင်ကျော်မှ အဖွင့်အမှာစကားပြောကြားရာတွင်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာ
စုပေါင်းပြီးအဖွဲ့အားရေရှည်တည်တန့်ရန်အတွက် တက်ညီလက်ညီလုပ်ဆောင်သွားရန်နှင့် အဖွဲ့ဝင်နှင့်ကော်မတီများအစဉ်အမြဲဆက်သွယ်ပြီး လုပ်ဆောင်သွားရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။ ထို့နောက် တနှစ်တာလုပ်ဆောင်ချက်များနှင့် ငွေစာရင်းရှင်းတမ်းများကိုလည်း တာဝန်ရှိသူများကတပြိုင်
တည်း ရှင်းလင်းသွားခဲ့သည်။ထို့နောက် တနှစ်တာအလုပ်အမှုဆောင်ကော်မတီ (၃၀) ဦးကိုလည်း 
 ရွေးချယ်ခန့်အပ်ခဲ့သည်။ 





အစည်းဝေးမှတင်မြှောက်လိုက်သောကော်မတီဝင်များ



    






 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes