Saturday 15 October 2011

အာလူးပူရီ မစားပါနဲ့ သမ္မတကြီး

(ဇာဂနာနှင့် အင်တာဗျူး)

အကျဉ်းထောင်မှ လွတ်မြောက်လာပြီးသော ပါရမီရှင် လူရွှင်တော် ဇာဂနာကို  မဇ္ဈိမသတင်းထောက်က ရုပ်သံ အင်တာဗျူး လုပ်ထားရာမှ ပြန်လည် ကူးယူ ဖော်ပြထားခြင်း ဖြစ်ပါသည်။

နာဂစ်ပြီးတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ထောက်ခံပွဲကို ကသုတ်ကရက် လုပ်ဖြစ်သွားတယ်။ အဲ့ဒီ အချိန် အကိုတို့က ကူညီမှုတွေ လုပ်နေတဲ့အချိန်ပေါ့။ အဲ့ဒီအနေအထားအပေါ် အကို့အမြင်လေး
ပြောပါဦး။


Zaganar4တကယ့်တကယ် ပြောမယ်ဆိုရင်တော့ အဲ့ဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ ဆန္ဒမဲပေးတာ ကျနော်ပေးကို မပေးလိုက်ရဘူး။
 အဲ့တုန်းက ကျနော်တို့ ရပ်ကွက်မှာ ကျနော်ရှိတယ်။ ဒါပေမယ့် ကျနော့်ကို မဲစာရင်းထဲ မထည့်တော့ ကျနော်မဲ မပေးလိုက်ရဘူး။ (ရယ်လျက်) အဲ့တော့လဲ နိုင်ငံသား တယောက် အနေနဲ့ ကျနော်
ထောက်ခံသည် ဖြစ်စေ ကန့်ကွက်သည် ဖြစ်စေ ကျနော့်မှာ
ထောက်ခံမဲကော ကန့်ကွက်မဲကော ပေးပိုင်ခွင့် ရှိပါလျက်နဲ့
ကျနော် မဲပေးခွင့် အဲ့ဒီတုန်းက ဆုံးရှုံးခဲ့တယ်။ ဒါကတော့ သိပ်မကောင်းဘူး ပေါ့။ အဲ့တော့ ဒါအပေါ် မှာမဲပေးခွင့်မရခဲ့တာ
က ကျနော့် မဲပေးခွင့် ဆုံးရှုံးခဲ့တယ်ပဲ ပြောရမှာပဲ။

ဘာကြောင့်များ အကို့ကို မဲစာရင်းမှာ မထည့်ခဲ့တာလဲ။

အဲ့တာကို ကျနော် နားမလည်တာ။ ကျနော်ကလဲ
ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူး
လေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်းလုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော်တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။
အဲ့ဒီအချိန် မှာ သူတို့ကို မေးဖို့ အချိန်တွေကို မရလိုက် တော့ဘူး။ မရ လိုက်တော့ဘူးဆိုတာက အဲ့တာလဲ အပြီး ကျနော်လဲ အဖမ်း ခံလိုက်ရတာပဲ ဆိုတော့မေးဖို့လဲ မသိတော့ဘူး၊ အဲ့တာတွေ
လဲ မမေးနိုင်တော့ ဘူးပေါ့လေ။ နောက် အဲ့ဒီတုန်းက
နာဂစ် ကိစ္စနဲ့ တအား လုံးထွေးနေတဲ့ အခါကြတော့ မဲပေး တဲ့နေ့မှာ ကျနော့်နာမည် မပါဘူးဆိုတော့ ‘အေး မပါဘူး ဆိုလဲ နေကွာ’ ဆိုပြီးတော့ မေးဖို့ စခန်းကိုကျနော်မရောက် ခဲ့တာ။ အခုအချိန် ကျတော့ ကျနော် ဘယ်သူ့မှ မေးလို့ရ
တော့ မှာ မဟုတ်ဘူး။ အဲ့လိုဖြစ်သွားတာ။

အဲ့ဒီအချိန်က မဲပေးခွင့် ရှိခဲ့မယ် ဆိုရင်ကော။

ကန့်ကွက်မဲ ပေးမှာ။ (ရယ်လျက်)

ဒီ ရွေးကောက်ပွဲ ပြီးသွားတော့ ကြံခိုင်ရေး ပါတီက အဓိက အနိုင်ရတယ်။ ပြီးတော့ အစိုးရဖွဲ့ တယ်ပေါ့နော်။ အဲ့ဒီအပေါ်မှာကော မဲမထည့်လိုက်ရတဲ့ လူတယောက်အနေနဲ့ အကို့အမြင်က။

အဲ့တာပဲ။ ကျနော့်မဲ မပါတဲ့အတွက် ဒီမှာလုပ်နေတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ ကျနော့်မဲမှ မပါပဲ။ ထို့နည်းတူ အစိုးရ အဖွဲ့က တခုခု အမှားအယွင်း လုပ်ခဲ့ရင် ကျနော်နဲ့ မဆိုင်ဘူးလေ။ (ရယ်လျက်) ကျနော် တင်ထားတဲ့သူတွေ တယောက်မှ မဟုတ်ဘူးလို့ ကျနော်ပြောလို့ ရတာပေါ့။ ဒီသဘောပါပဲ။

အခုအစိုးရကတော့ ဒီမိုကရေစီစနစ်ကို ပြောင်းနေပြီလို့ ပြောတယ်။ အဲ့ဒီအပေါ်မှာကော ကိုဇာဂနာ ကြိုဆိုသလား။ ဘယ်လိုအမြင်များ ရှိသလဲ။

အဲ့တာနဲ့ ပတ်သတ်လို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီမိုကရေစီ စနစ်ကို စတင်ပြီးတော့ ကျနော်တို့ ပြောင်းလဲ
နေပြီဆိုတဲ့ စကားအပေါ်မှာ ကျနော်ဝမ်းသာပါတယ်။ တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလာတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါလဲ ကျနော်ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲလာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေတယ်။ ကျနော် တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင်ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။ လုပ်ပြဖို့ဆိုတာက အစိုးရကိုးဗျ၊ အစိုးရဆိုတာ
ပြည်သူပြည်သား ယုံကြည်အောင် ပြည်သူပြည်သား ထောက်ခံအောင် ပိုပြီးတော့ လုပ်ပြစရာတွေ ရှိသေး တယ်လို့ ကျနော်ထင်တယ်။

ဥပမာတခုပေါ့ အနီးဆုံး ဥပမာဆိုရင် အကျဉ်းသားလွှတ်တဲ့ ကိစ္စမှာကို ဒီလိုမျိုး လုပ်လိုက်တဲ့ ကိစ္စက ကျနော်တို့ စိတ်ထဲမှာ ယုံရမှာကို မရဲဘူး။ မဝံ့မရဲဘူး ဖြစ်သွားပြီ၊ ယုံဖို့တောင် မရဲတဲ့ အဆင့်ဖြစ်သွားပြီ။ အဲ့တာမျိုးတွေ အစိုးရက လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ယုံဖို့ခက်တယ်။ အဲ့တော့ ကျနော်တို့ကို ယုံစေ့ ချင်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ဖြောင့်ဖြောင့်တန်းတန်း ဖြူးဖြူးဖြောင့်ဖြောင့်လေး လုပ်ပေးကြစေချင်
တယ်။ တကယ့်ကို ပြောင်းလဲမှုကို မြင်ပါရစေလို့ ကျနော်ကတော့ တောင်းဆိုချင်တယ်။
အခု တဘက်မှာလဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ အကြိမ်ကြိမ်တွေ့တယ်။
နောက်
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ကို ဖိတ်ပြီး သမ္မတ ဦးသိန်းစိန်တို့နဲ့တွေ့တယ်။ ဒါတွေက တိုးတက် ပြောင်းလဲလာမှုလို့ ကိုဇာဂနာ ထင်လား။

တခုရှိတာကတော့နော်။ သမ္မတနဲ့ အန်တီနဲ့ တွေ့ပြီးတော့ ဘာတွေ ပြောတယ်ဆိုတာ ကျနော်တို့ မသိရတဲ့ အတွက်။ ဘာတွေပြောလဲဆိုတာ ကျနော်တို့ ပြန်ပြီး သိခွင့်မရတဲ့ အတွက် ဒါဟာ ဘယ်လို အနေအထားလဲ ဆိုတာ ဝေဖန်ဖို့ခက်ပါတယ်။ သို့သော် တခုတော့ ရှိပါတယ်။ တွေ့တာအတွက်ကတော့ ဒါကောင်းတာပေါ့။ ဒီဥစ္စာကတော့ တိုးတက်လာတဲ့လက္ခဏာ ပြောင်းလဲလာတဲ့ လက္ခဏာလို့ ပြောရမယ်။ သို့သော် ကျနော် နည်းနည်းလေး ဖြည့်ချင်တယ်။ အဲ့တာက ဘာလဲဆိုတော့ မတွေ့တာထက် စာရင် တွေ့တာက ကောင်းတာ
ပေါ့။ တွေ့ပြီးတော့ ဘာမှမလုပ်တာထက် စာရင်တော့ မတွေ့ပဲနေတာက ကောင်းလိမ့်မယ်။

အခု ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်တယ်။ ဒီအပေါ်မှာ တချို့က
ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက အသုံးချနေတယ်လို့ ဝေဖန်တာလဲ ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘက်ကလဲ သူ့အနေနဲ့ တကယ်သာ တိုင်းပြည်ကောင်းမယ်ဆိုရင် အသုံးချခံဖို့ အဆင်သင့်ပဲလို့ ပြန်ဖြေထားတာလဲ ရှိပါတယ်။ ကိုဇာဂနာ့ဘက်ကကော အန်တီစု လျှောက်နေတဲ့ လမ်းစဉ်နဲ့ လှုပ်ရှားမှုတွေအပေါ် ဘယ်လိုအမြင်များ ရှိသလဲ။


အဲ့တာကို နှစ်ခုတော့ ကျနော်ခွဲပြောရလိမ့်မယ်
တကယ်လဲ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ လာတယ်လို့ ကျနော်ယုံကြည်တယ်။ ဒါလဲ ကျနော်ယုံကြည်ပါတယ်။ သို့သော် ပြောင်းလဲ လာတယ်လို့ ပိုပိုပြီး ယုံရအောင်၊ ကျနော်တို့
တွေရဲ့ စိတ်ထဲမှာ ပိုပြီး ယုံစေချင်တယ်။ ကျနော်တို့က အခုထိ သံသယတွေ ရှိနေ
တယ်။ ကျနော်တို့ဆီမှာ မယုံကြည်နိုင်သေးတဲ့ စိတ်တွေ ရှိနေတယ်။ မယုံရာကနေ နည်းနည်း၊ နည်းနည်း ယုံလာတယ်။ ပိုပြီးတော့ ယုံရအောင် ဆိုရင် အစိုးရအနေနဲ့ လုပ်ပြဖို့လိုမယ်။
ထင်တယ်။ တစ်က အသုံးချခံနေရတယ်တို့ အသုံးချနေ တယ်တို့ ဆို
တဲ့ စကားအပေါ်မှာ ကျနော့်အနေနဲ့ ချက်ချင်း တုံ့ပြန်ချင်
တဲ့ စကား တခွန်းရှိတယ်။ အဲ့တာက ဘာလဲဆိုတော့ ကျ
နော် တို့က မျောက်လက်ထဲကို ရွှေထည့်လိုက်ရင် မျောက် က ရွှေတန်ဖိုးကို ဘာနားလည် မှာလဲ၊ ပန်းထိမ်ဆရာလက် ထဲကို ထည့်မှ လက်စွပ်တွေ၊ လက်ကောက်တွေ ဖြစ်လာ
မှာ ပေါ့။ အဲ့တော့ အန်တီက အဲ့လို အသုံးချခံရမယ့် လူ
လား။ ရွှေတုံးကြီးကို မျောက်လက်ထဲ ထည့် လိုက်လို့လား။ အဲ့လိုတော့ ကျနော်မထင်ဘူး လေ။ တန်ဖိုးရှိတဲ့ ပန်းထိမ် ဆရာ လက်ထဲ ရောက်သွားတယ် ဆိုရင်တော့ ဒါကို
အသုံးချ ခံရတယ်လို့ မယူဆရပါဘူး။ အန်တီက အဲ့လောက် ညံ့တဲ့ လူမျိုး မဟုတ်ပါဘူး။ ဒါက တပိုင်းပေါ့။

နောက် ဒုတိယတပိုင်း အနေနဲ့ ပြောရမယ် ဆိုရင်တော့ သမ္မတကြီးဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တဲ့ဆုံတဲ့
ကိစ္စက ဘယ်လိုနည်းနဲ့မဆို ကန့်ကွက်စရာ တစက်မှ မရှိတဲ့ကိစ္စ။ မတွေ့တော့ ဘာလုပ်နေရမလဲ။
သမ္မတကြီး ဦးသိန်းစိန်နဲ့ အန်တီနဲ့ တွေ့တော့ကော ဘာဖြစ်လို့လဲ၊ ဘယ်သူတွေ အကျိုး ယုတ်လျော့လို့လဲ။ တိုးတက်ဖို့ လမ်းကြောင်းပဲရှိတာ။ ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊ ၈၈ မျိုးဆက် ကျောင်းသား
တွေနဲ့ ဦးခွန်ထွန်းဦးတို့လို လူတွေနဲ့ ဒီလူတွေအကုန်လုံး ဝန်းဝိုင်းပြီးတော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်းကြီးကို ကျနော်ဆွဲနေခဲ့တာ ကြာပါပြီ။

သမ္မတ ဖိတ်ခေါ်ချက်အရ ပြည်ပကနေ ပြည်တွင်း ပြန်ဝင်တယ်။ အဲ့ဒီမှာ ကိုဇာဂနာရဲ့… သီးလေးသီးလေ… (ကိုဇာဂနာမှ ဝင်ထောက်ပေးသည်) ဟုတ်ကဲ့။ သူတို့က ပြည်တွင်း ပြန်ရောက် ပြီးတဲ့ အချိန်မှာ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းတွေကို ဝေဖန်တာလုပ်တယ်။ အဲ့တာတွေက ဟိုဘက်ဒီဘက် ပြောစရာဖြစ်လာတဲ့ အနေအထားမှာ ရှိနေတယ်။ အဲ့ဒီအပေါ်မှာ အကို့အမြင်က။

ကျနော် အဲ့ဒီဥစ္စာက မနေ့ကလဲ သူတို့ကို တရားဝင် ကျနော်ပြောခဲ့ပြီးပါပြီ။ ကျနော်က လက်မခံဘူး။ ကျနော့် အနေနဲ့ကတော့။ ကျနော့်ညီတွေလို့ သတ်မှတ်ထားတဲ့ သီးလေးသီး၊ ဂေါ်ဇီလာ စသည်ဖြင့် အခုတော့ သီးလေးသီးမဟုတ်ဘူး ဒီမှာရောက်နေတာ သီးနှစ်သီးပေါ့။ ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်
နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြောတယ်ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ်ဆိုရင်လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့။

အခု ၂၉ ရက်နေ့မှာ သူတို့ ကမယ်ဆိုတဲ့ ပွဲမှာလဲ  ကျနော်တရားဝင် ပြောပြီးသား။ မကနဲ့လို့ ကျနော် မတား ပါဘူး။ သီးလေးသီးဆိုတဲ့ နာမည်ကို အသုံးပြုခွင့် ကျနော်တားတယ်။ သီးနှစ်သီးပဲ လုပ်ချင်လုပ်။ မြပုဏ္ဏမာ ဆိုတဲ့ နာမည်ကိုလဲ ကျနော်တားတယ်။ ကျနော်လုံးဝ ခွင့်မပြုနိုင်ဘူး။ သို့သော် အသီးလေးသီး ဆုံတယ် ဆိုရင်တော့ သီးလေးသီးကပါ။ သို့သော် ထပ်ပြီးတော့ ကျနော်ပြောချင်တာက ပြည်ပရောက်နေတဲ့ နိုင်ငံ
ရေး အဖွဲ့အစည်းတွေကို ပုတ်ပုတ်ခတ်ခတ်လုပ်တဲ့ စကားလုံး၊ ပုတ်ပုတ်ခတ်ခတ် လုပ်တဲ့ ပြက်လုံးတွေ
ပြောလာ မယ် ဆိုခဲ့ရင်တော့ ရပြီ၊ ကျနော့် ရာဇဝင်နဲ့ ကျနော့်သမိုင်းမှာ အဲ့ဒီနာမည်သုံးခု မရှိတော့ဘူး။ ကျနော်ဖျက်ပြီးသား ဖြစ်သွားပြီ။ ကျနော် တရားဝင် ပြောပြီးသားဖြစ်တယ်။ ဒီစကားကို ကမ္ဘာသိကျနော်
ကြေငြာလိုက်တာပဲ။

ပြည်ပမှာ ကျန်နေခဲ့တဲ့ ကျန်တဲ့ နှစ်သီးက ကိုဇာဂနာ လွတ်တဲ့ အချိန်အထိ စောင့်မယ်လို့ အင်တာဗျူးတွေ မှာ ဖြေထားပါတယ်။ အခု ကိုဇာဂနာလွတ်လာပြီဆိုတော့ သူတို့ကိုကော ဘာပြောချင်ပါသလဲ။

မနက်ကတင် သူတို့နဲ့ ကျနော်တွေ့ပြီးပါပြီ။ ပန်းသီးနဲ့
ကျနော် ပြောဖူးတယ် အန်တီနဲ့၊ ဦးသိန်းစိန်နဲ့၊
၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဦးခွန်ထွန်းဦး
တို့လို လူတွေနဲ့ ဒီလူတွေအကုန်လုံး ဝန်းဝိုင်းပြီး
တော့ လီလီပန်းခင်းကြီးထဲမှာ ပြုံးပြီးတော့ ရပ်နေကြတာကြီးများ တွေ့လိုက်ရမယ့် မြင်ကွင်း
ကြီးကို ကျနော်ဆွဲနေခဲ့တာ ကြာပါပြီ။
ရော၊ကြယ်သီးနဲ့ရော၊ မြစပယ်ငုံနဲ့ရော မနက်ကတင် ကျနော်တော်တော်ကြာကြာလဲ စကားပြောပြီးပါပြီ။ သီချင်းတွေဘာတွေ သူတို့ ဆိုပြတာလဲ ကျနော် နား
ထောင်ပြီးပြီ။ သူတို့အနေနဲ့က ကျနော်
ခေါ်မယ်ဆိုရင် ဒီနေ့ခေါ် ဒီနေ့လာပါမယ်လို့ သူတို့
ပြောတယ်။ တကယ်လို့ ကျနော်က ကျနော့် သူငယ်
ချင်းတွေ ဖြစ်တဲ့ ကိုမေတ္တာတို့၊ ကိုအရိုင်းတို့၊ ကိုကင်းကောင်တို့ ကိုငှက်ပျောကြော်တို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ကသာ ပွဲတပွဲ ကမယ်ဆိုရင်၊ ကျနော်တို့ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် သူတို့ ပြန်လာပါ့မယ်လို့
ပြောထားပါတယ်။ အဲ့တော့ ကျနော်က ပွဲကနိုင်မယ့် အခြေအနေ ရောက်ရင်တော့ ဒီကလေးတွေကို
ပြန်ခေါ်မှာပါ။ လောလောဆယ်တော့ ဘာအစီအစဉ်မှ မရှိပဲနဲ့တော့ သူတို့ကို သက်သက်မဲ့ကြီး ကျနော် မခေါ်ချင်သေးဘူး။

ပြည်ပခရီးစဉ်တွေကော သွားဖို့ အစီအစဉ်ရှိလား။ ကိုဇာဂနာ့ မိသားစုတွေ အကုန်လုံး ပြည်ပမှာ
ရောက်နေကြတော့ သွားလည်ဖို့ကော အစီအစဉ်ရှိလား။


ပတ်စပို့တ်ကို မရှိတာ။ ပြီးခဲ့တဲ့ အစိုးရလက်ထက် တောက်လျှောက် ကျနော် ပတ်စပို့တ် လျှောက်လွှာ တင်ခဲ့တိုင်း
ကျနော့်ကို ပယ်ချပြီး ပတ်စပို့တ် လုံးဝ ထုတ်မပေးခဲ့တဲ့ အတွက် ကျနော့်မှာ ပတ်စပို့တ်ကို မရှိဘူး။ ကျနော် လော
လောဆယ် နိုင်ငံခြားသွားဖို့ဆိုတာ ပတ်စပို့တ်ရှိမှ ဖြစ်မှာကိုး။ အဲ့တော့ ကျနော် ပတ်စပို့တ်တော့ လျှောက်ချင် တယ်။ ကျနော့်မိသားစုကို တွေ့ဖို့ဆိုတာက ဒုတိယ ဦးစားပေးပေါ့။ ပထမ ဦးစားပေးကတော့ ကျနော် လေ့လာ ချင်တာလေးတွေ ရှိတယ်။ အဲ့တာလေးတွေကိုတော့ ကျနော် သွားလေ့လာချင်သေးတယ်။ အဲ့အတွက်က နှစ်လ သုံးလလောက် ဖြစ်စေပေါ့။ ကျနော့်သူငယ်ချင်းတွေကိုလဲ ကျနော်မေးပြီးပါပြီ။ နိုင်ငံခြားရောက်နေတဲ့ သူငယ်ချင်း
တွေကိုပေါ့။ စာရေးဆရာ၊ ဆရာမတွေလဲရှိတယ် သူတို့တွေကို ကျနော်လေ့လာနိုင်တဲ့ ဟာလေးတွေပေါ့။ ဥပမာ မီဒီယာနဲ့ ပတ်သတ်တာမျိုးတွေ လေ့လာ ချင်တယ်။ ကျနော်ဝါသနာ ပါတာပေါ့နော်။ နောက်တော့ Public Relation နဲ့ ပတ်သတ်တာတွေ ကျနော် လေ့လာချင်တယ်။ အဲ့ဒီ ကျနော်လေ့လာချင်တာလေးတွေကို တလ တန်သည် နှစ်လတန်သည် လေ့လာလို့ ရတယ်လို့ သူတို့ကပြောတော့ အဲ့လိုလေး သင်တန်းလေး သဘော၊ Workshop လေး သဘောတော့ ကျနော်သွားလေ့လာချင်တယ်။ ကျနော်ဘယ်နိုင်ငံမှ မရောက်ဖူးသေးတဲ့ အတွက် သွားချင်တာလဲ ပါတယ်။ ကျနော်တို့ တိုင်းပြည်အတွက် အကျိုးရှိနိုင်မယ်လို့ ထင်တဲ့ သင်တန်းမျိုး
ပေါ့နော်။ ကြာကြာကြီးတော့ မဖြစ်ဘူး။ ကျနော်ဒီမှာ အလုပ်တွေပျက်မယ်။ အဲ့လို နှစ်လတန်သည် သုံးလတန် သည် သွားလေ့လာပြီး သင်တန်းလေး ဘာလေး တက်ရမယ်ဆို တက်ချင်တယ်။
Zaganar3

ဒီမိုကရေစီအစိုးရလို့လဲ ပြောထားတဲ့ အနေအထားတွေရှိတော့ ဒီတခေါက် ပတ်စပို့တ်တင်ရင် ခွင့်ပြုမယ်လို့ ထင်လား။

ကျနော်ကတော့ ထင်ပါတယ်။ ကျနော်ပြောလဲ ပြောထားတယ်။ ဘာကိစ္စနဲ့မှလဲ ကျနော့်ကို မပိတ်ထားသင့်
တော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက မသွားစေချင်လို့ ပိတ်ထားပေမယ့် အခုတော့ ပေးပြီးတော့ သွားမယ်လို့ ထင်ပါတယ်။ ကိုယ်မှ လျှောက်လွှာ မတင်ရသေးတော့ မသိဘူးပေါ့။ သို့သော် ပေးမယ်လို့ ယုံကြည်ပါတယ်။ ကျနော် လျှောက်ကြည့်ဦးမယ်။

တက်ကြွတဲ့ လှုပ်ရှားမှုတွေ မလုပ်ဖို့ တားမြစ်ခံရတာတို့၊ လာပြီး အသိပေးတာမျိုးတို့ မလုပ်ဖို့ တိုက်တွန်းတာမျိုးတို့ အဲ့ဒီလိုမျိုးတွေ အကို ကြုံခဲ့ဖူးလား မသိဘူး။

မကြုံပါဘူး။ မကြုံဘူးဆိုတာက အဲ့လိုပြောလဲ နားထောင်မယ့်သူ မဟုတ်ဘူးလို့ သူတို့ ထင်ပုံရပါတယ်။ (ရယ်လျက်) မကြုံဖူးပါဘူး။ ပြောလဲမပြောပါဘူး။

၂ဝဝ၈ မှာ စီရင်ချက် ချခံရတော့ အင်တာနက်
ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်
နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြော တယ် ဆိုတာကို ကျနော် ပြင်းပြင်းထန်ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ် ဆိုရင် လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့။
အီးမေးလ်နဲ့ ပြည်ပရောက်တွေကို ဆက်သွယ်တဲ့ ပုဒ်မတွေပါတယ်။ အခု အင်တာနက် ပြန်သုံးမယ်
ဆိုတော့ ဒီဥပဒေတွေအပေါ်မှာ အကို့အနေနဲ့ ဘယ်လိုများ မြင်သလဲဗျ။


တခုတော့ရှိတယ်။ ကျနော်ကတော့ ဒီဟာက သုံးရမှာပဲ။
ဒီဟာကြောင့် အဖမ်းခံရတယ်ပဲ ဆိုဆို ဒီဟာကို ကျနော်
သုံးရမှာပဲ။ နောက်တခုက ဒါမှမသုံးရင် ကျနော် ဘာသွားသုံးရမှာလဲ။  ကျနော့်မိတ်ဆွေတွေ၊ ကျနော့် သူငယ်ချင်းတွေ၊ နိုင်ငံခြားရောက်နေတဲ့ သူတွေနဲ့ ကျနော့် ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ် ပြည်တွင်းက လူတွေနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်ဖြစ်၊ ဒီဟာမှ မရှိရင် ကျနော် ဘယ်လိုသွားပြီး ဆက်သွယ်ရမလဲ။ ဒီ့အတွက်ကြောင့် ကျနော်ကတော့ သုံးရမှာပဲ။ ဒီအပေါ်မှာ အပြစ်တွေ အကျဲတွေ လာလုပ်နေရင်လဲ ကျနော်ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။

အခုက Facebook လို Social Networking Sites တွေ အရမ်းဖွံ့ဖြိုးလာတယ်။ ပြည်တွင်းက လူတွေက သတင်းအချက်အလက် ပေးတဲ့နေရာမှာကော၊ နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ လှုပ်ရှားမှုတွေ အကြောင်း အသိပေးတဲ့ နေရာမှာကော ဒီဆိုက်တွေကို သုံးလာတယ်။ ကိုဇာဂနာကော အဲ့လိုဆိုက်တွေ သုံးဖို့
အစီအစဉ် ရှိလားမသိဘူး။


ကျနော် မနက်ကမှ ဖေ့စ်ဘွတ်ခ် မြင်ဖူးတာ။ အဲ့တော့ ကျနော် နည်းနည်း လေ့လာချင်သေးတယ်။ သုံးဖို့ အစီအစဉ် ရှိသလားဆိုတော့ ဖေ့စ်ဘွတ်ခ်ကို ကျနော်သေသေချာချာ မလေ့လာနိုင်သေးဘူး။ ဂျီမေးလ် ကတော့ တောက်လျှောက်သုံးလာတဲ့ လူဖြစ်တဲ့အတွက် ဒါကတော့ ပြဿနာ မရှိဘူး။ နောက်ပြီးတော့
ထောင်ထဲမှာ ကျနော် Social Network ဆိုတဲ့ ရုပ်ရှင်ကား ကြည့်လိုက်ရတယ်။ အဲ့လို ကြည့်လိုက်ရတော့
ဖေ့စ်ဘွတ်ခ်ကို ကျနော် တော်တော်စိတ်ဝင်စားတယ်။ သို့သော် ဖေ့စ်ဘွတ်ခ်ရဲ့ အားနည်းချက် အားသာချက် ကို ကျနော်မလေ့လာရသေးတဲ့အတွက် သုံးဖြစ်မယ် မသုံးဖြစ်ဘူးတော့ ကျနော်အတိအကျ မပြောနိုင်သေး
ဘူး။ သို့သော် အခုဖတ်ကြည့်လိုက်တော့ နည်းနည်းကြောက်နေတယ်။ (ရယ်လျက်) ဘာလို့လဲဆိုတော့ ညစ်တီးညစ်စုတ်တွေ လျှောက်ရေးထားတယ်။ ဆဲဆဲဆိုဆိုတွေ။ အဲ့တာတွေ တွေ့တော့ သြော် ဒါမျိုးလဲ ရှိနေတာပါလားလို့ ထင်တယ်။ သို့သော် အတိအကျ ကျနော်မလေ့လာရသေးဘူးလို့ပဲ ပြောမှာပေါ့။

ကိုဇာဂနာသာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အဲ့ဒီနယ်မှာတော့ ပြိုင်ရဲမယ့်သူ ရှိမှာ မဟုတ်ဘူး ထင်တယ်။ အဲ့ဒီလို ရွေးကောက်ပွဲ ဝင်ဖို့အစီအစဉ်တွေ ဘာတွေများ ရှိမလားခင်ဗျ။

လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီအစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို လွှတ်တော်ထဲ သွားနိုင် မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့်သူတွေပေါ့။ နောင်တော့လဲ ကြုံလာရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုးနိုင်တဲ့သူတွေကို လိုက်လံရှာဖွေဖို့။ ဘယ်လိုခေါ်မလဲဗျာ ဘောလုံး စကားနဲ့ ပြော ရင် အာဆင်နယ်မှာ ကင်းထောက်ထားတယ်မဟုတ်လား။ အဲ့လိုပေါ့ ကျနော်ကလဲ နိုင်ငံရေးသမား ကင်းထောက်
လုပ်ချင်တာ။ ကျနော် အဲ့ဒီလွှတ်တော်ထဲဝင်ပြီး အမတ်လုပ်ချင်တဲ့သူ မဟုတ်ဘူး။ ဘောလုံးသမားတွေလိုက်ရှာ
တဲ့ ကင်းထောက်သမားတွေလို ကျနော်က နိုင်ငံရေးသမားတွေ လိုက်ရှာတဲ့ ကင်းထောက် ကျနော်လုပ်ချင်တယ်။

ကိုဇာဂနာတော့ လွတ်ပြီ။ ထောင်ထဲမှာတော့ နိုင်ငံရေးယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေ အများကြီး ကျန်သေးတယ်။ သူတို့ကိုကော အကိုဘာများ ပြောချင်မလဲ။

ထောင်ထဲက သူတွေကိုတော့ စိတ်ဓါတ်မကျ
လောလောဆယ် အခြေအနေမှာတော့ အဲ့ဒီ အစီအစဉ် ကျနော့်မှာ မရှိပါဘူး။ တကယ်ကို
လွှတ်တော်ထဲ သွားနိုင်မယ့် ရွေးကောက်ပွဲ ဝင်နိုင်မယ့်သူတွေပေါ့။ နောင်တော့လဲ ကြုံလာ ရဦးမှာပါ။ အဲ့ဒီလူတွေကို လွှတ်တော်ထဲ ပို့ဖို့။ တကယ့် ပြည်သူ့အကျိုး သယ်ပိုးနိုင်တဲ့ သူတွေ ကို လိုက်လံရှာဖွေဖို့။
ကြပါနဲ့ဦး၊ အလဲမလှဲ ကြပါနဲ့ဦးလို့။ ကျနော်တို့ သူတို့ကို ဘယ်
တော့မှ မေ့သွားမယ့်သူတွေမှ မဟုတ်တာ။ သူတို့လဲ
မကြာခင် အတောအတွင်းမှာ ဧကန်မုချ မိသားစု ရင်ခွင်ထဲကို ပြန်ရောက် လာကြမှာလို့ ကျနော်
ယုံကြည် တယ်။ သူတို့ ကိုလဲ ယုံကြည်စေ့ ချင်တယ်။
အလွန်ဆုံး ဒီနှစ် မကုန်စေ ရဘူးလို့ ကျနော်ပြောချင်
တယ်။ ဒီဟာကိုလဲ ဖြစ်အောင် ကျနော်တို့ ကိုယ်စွမ်း
ဥာဏ်စွမ်း ရှိသမျှ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်။

ကိုဇာဂနာကို အနုပညာလုပ်ငန်းတွေ မလုပ်ဖို့ တားမြစ်ထားတာ ရှိသေးလား။

ကျနော် ထောင်ထဲ မရောက်ခင် ၂ဝဝ၆ ခုနှစ်ကတည်းက ကျနော့်ကို အနုပညာ လုပ်ငန်း လုပ်ခွင့် ပိတ်ကို ပိတ်ထားတယ်။ တရားဝင် ပိတ်ထားတယ်။ သူတို့ စာထုတ်ပြီး ပိတ်ထားတာ။ ကျနော့်ကို အဲ့ဒီတုန်း
ကတည်းက နာမည်တောင် သုံးခွင့်မပြုဘူး။ ဘယ်ဂျာနယ်၊ ဘယ်စာစောင်မှာမှ မထည့်ရဘူး။ ကျနော့် အသံတောင် မသုံးရဘူးလို့ ဆိုပြီးတော့ သူတို့ အမိန့်ထုတ်ထားတယ်။ အခုကျနော် ထောင်ကထွက်လာတော့ ကျနော်ပုံတွေ ဂျာနယ်တွေတိုင်းမှာ မျက်နှာဖုံးအနေနဲ့ ပါလာတဲ့ အခါကျတော့ ဒါတွေက ပြီးသွားပြီလား မပြီးသေးဘူးလား ကျနော်မသိဘူး။ ခွင့်ပြုလိုက်ပြီလား၊ ခွင့်မပြုသေးဘူးလား ဆိုတာလဲ ကျနော် မမေးရသေး ဘူး။ ကျနော့်ကိုလဲ ဘာမှ အကြောင်းမကြားသေးတဲ့ အတွက် တိတိကျကျ ကျနော် မသိရသေးပါဘူး။ သို့သော် ကျနော့်အနေနဲ့ကတော့ ကျနော့်ရဲ့ အနုပညာကို ဘယ်သူခွင့်ပြုပြု မပြုပြု ဘာမှဖြစ်မသွားဘူးလို့ ထင်တယ်။ ကျနော့်အနုပညာက ကျနော်အသက်ရှင်နေသလောက် သူလဲ ရှင်သန်နေမှာပဲ။

ရှေ့လျှောက် အနုပညာရယ်၊ လူမှုရေးလုပ်ငန်းတွေရယ်၊ နိုင်ငံရေးရယ် ဘယ်ဟာကို ဦးစားပေး လုပ်သွားမလဲ ခင်ဗျ။

လတ်တလော အခြေအနေမှာ၊ လောလောဆယ် ဒီစကားကို ပြောနေတဲ့ အချိန်မှာတော့ ပထမ ဦးစားပေးက
နိုင်ငံရေးပဲ။ နိုင်ငံရေးပြီးရင်တော့ ဒုတိယ ဦးစားပေးက အနုပညာပဲ။ လူမှုရေးဆိုတာကတော့ သူ့ဘာသာသူ တွဲပါသွားပါလိမ့်မယ် ဒီထဲမှာပဲ။

ကိုဇာဂနာကို လွှတ်ပေးလိုက်တဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အိန္ဒိယနိုင်ငံကို ရောက်နေ ပါတယ်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ အခြေစိုက်တဲ့ မဇ္ဈိမသတင်းဌာနကတဆင့် ကိုဇာဂနာ ဘာများ ပြောချင်မလဲ။

သမ္မတကြီး… လို့ ။ အိန္ဒိယ ရောက်ရင် ချာပါတီ စားပါလို့။ အာလူးပူရီ မစားပါနဲ့…လို့ ကျနော်ပြောချင်ပါတယ်။

ဘာဖြစ်လို့များလဲ။

ပါသွားပြီလေ။ ဟဲ…ဟဲ…ဟဲ… (ရယ်မောလျက်)



Source: မဇ္ဈိမ

အယုဒ္ဓယမြို့မှ ရေဘေးသင့် မြန်မာအလုပ်သမားများ အကူအညီ လိုအပ်နေ

ထိုင်းနိုင်ငံ မြောက်ပိုင်း အယုဒ္ဓမြို့ နယ်မြေအတွင်း ရေဘေးဒုက္ခ ကြုံနေရသည့် မြန်မာ အလုပ်သမားများ သောက်ရေ၊ ဆေးဝါးနှင့် အမျိုးသမီး အသုံးအဆောင်များ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။


20111014aအယုဒ္ဓမြို့ ဘန်ဘေးအင် လမ်းမကြီးဘေးရှိ အင်ဒိုရပ်ကွက်ရှိ ROCK WORKK ပရိဘောက အလုပ်ရုံတွင် အလုပ်သမား (၄၀)ကျော်၊ လုံဖရံ ဘန်လဌာနီ စွယ်နောင်ဒဲန်းရှိ အတောင့် ကုမ္ပ္ပဏီမှ အလုပ်သမား (၁၅၀)ကျော်၊ အယုဒ္ဓမြို့ မူဘန့်ဒီဒီ အရပ်ရှိ သံထည် အလုပ်ရုံမှ အလုပ်သမား (၃၇)ဦး၊ တလာ ကျောက်ဖုန်း အနောက်ဘက် လမ်းသွယ်(၁) ရှိ တရုတ် ဘုံကျောင်းတွင် (၁၀၀)ကျော်၊ ၀န်ခမ်းရပ်ကွက် သုခ၀တီ အဆောင်နံပါတ် နန်းထိစောင်  တိုက်အစိမ်းတွင် အလုပ်သမား (၅၀၀)ကျော် (စုစုပေါင်း အလုပ်သမား တစ်ထောင်ကျော်) အရေးပေါ်  အကူအညီ လိုအပ်နေကြောင်း ယနေ့ သွားရောက် အကူအညီ ပေးနေသည့် ဘန်ကောက်မြို့ ဘန်ဘော် ငါးသေတ္တာရုံ အနီးရှိ ယာယီစံကျောင်းမှ မြန်မာ ဘုန်းတော်ကြီး နှစ်ပါးက မိန့်သည်။
သွားရောက် အကူအညီပေးနေသည့် ဘုန်းတော်ကြီး နှစ်ပါးနှင့် အလုပ်ရုံမှ အလုပ်သမားများ ပြောပြချက်အရ  သောက်ရေ၊ ဖျားနာ ကိုက်ခဲဆေးဝါး၊ အစာခြောက်၊ ဖယောင်းတိုင်နှင့် အမျိုးသမီး အသုံးအဆောင်များ အပူတပြင်း လိုအပ်နေကြောင်း သိရသည်။
ဘန်ကောက်မြို့ ဘန်ဘော်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များအပြင် ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖေါင်ဒေးရှင်းတို့ ကလည်း ကူညီရန် ပြင်ဆင်နေကြောင်း သိရှိရသည်။

Source: GHR

ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး လည်ပင်ကို ဓါးဖြင့် လှီးဖြတ်ခံရ

20111012aဘန်ကောက်မြို့ ဖက်ကဆင် (၇၁)လမ်းရှိ NAN YANG KNITTING အထည်ချုပ်စက်ရုံမှ ကိုယ်ဝန်ဆောင် မိခင်လောင်း အလုပ်သမား တစ်ဦး Big C ကုန်တိုက် အပေါ်ထပ်တွင် သော့ရွေးနေစဉ် အမည်မသိ ထိုင်းလူငယ် တစ်ဦးက လည်ပင်းကို ဓါးဖြင့် လှီးဖြတ်သွားခဲ့သဖြင့် ဒဏ်ရာ ပြင်ထန်စွာ ရရှိသွားခဲ့သည်။ စက်တင်ဘာလ (၂၁)ရက်နေ့ ညနေ (၆)နာရီ (၄၅)ခန့်က ဖက်ကဆင်လမ်း ၇၃/၁ မျက်နှာချင်းဆိုင်ရှိ Big Cကုန်တိုက် အပေါ်ထပ်တွင် သော့ဝယ်နေစဉ် နောက်ကြောမှ အမည်မသိ လူတစ်ဦးက ဖမ်းချုပ်လိုက်ပြီး  မခိုင်ခိုင်ဦး၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။

မခိုင်ခိုင်ဦးက ကြောက်လန့် တကြားဖြစ်ပြီး  ခေါင်းငုံ့နေသဖြင့် လက်ယာဘက် လည်ပင်း အလယ်မှ စ၍ယာဘက် ပါးအောက်ခြေနှင့် ယာဘက် နားရွက်အောက်စ ပြတ်ခါနီးအထိ ပြတ်ရှပြီး နားရွက်နောက်နား ဦးခေါင်းခွံတွင် နှစ်လက်မခန့် ပြတ်ရှသွားခဲ့သည်။
သူမက  အော်ဟစ် အကူအညီ တောင်းခံရာ ကုန်တိုက်မှ ၀န်ထမ်းများက လိုက်လံဖမ်းဆီးသဖြင့် လူဆိုးကို ဖမ်းမိခဲ့သည်။ လူဆိုး၏ မိခင်က သူမ၏ သားဖြစ်သူမှာ စိတ်မူမမှန်ကြောင်း၊ စစ်သားတစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
လူနာ အရေးပေါ် ရောက်ရှိနေသည့် လပ်ဖိဖ ဆေးရုံသို့ ဖက်ကဆင် လမ်းနံပါတ် (၁၁၀)အတွင်းရှိ စောနောနောင်  ကာဖိုးရဲစခန်းမှ ရဲအရာရှိ ချို့အမ်နွယ်ဆိုသူ ရောက်ရှိခဲ့သည်။
စခန်းမှူးက အဆိုပါ လူဆိုးမှာ နောင်ခိုင်မြို့နယ်တွင် နေထိုင်သူဖြစ်သည်။ လုဘူလီမြို့နယ်တွင် စစ်သားအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း ပြောပြသည်။ ခွင့် (၁၅)ရက်ယူပြီး ညီမ ဖြစ်သူ နေထိုင်သည့် ဖက်ကဆင်လမ်းတွင် ခေတ္တ လာရောက် နေခြင်းဖြစ်ကြောင်း ပြောသည်။
မခိုင်ခိုင်ဦးက “ကျမ သော့ရွေးနေတာ နောက်ကလာပြီး လည်ပင်းချုပ်ကိုင်ပြီး ဓါးနဲ့လှီးတာ၊ ကျမ လည်ပင်းက သွေးတွေ ရေပိုက်က ထွက်နေသလိုပဲ။ ကျမ အသက်ရှင်မယ်လို့တောင် မထင်ခဲ့တော့ဘူး။ အခု ခေါင်းတခြမ်း ကိုက်ခဲနေပြီး ပါးစပ်ကို နဂိုလောက် မဟနိုင်သေးဘူး။ အစာလည်း ကောင်းကောင်း မမြိုနိုင်သေးဘူး” ဟုပြောသည်။
ဓါးမှာ အဆိုပါ ကုန်တိုက်မှ ဓါးဖြစ်ကြောင်း ထိုင်းရဲ၊ ဆေးရုံနှင့် ၀ိုင်းကြည့်နေသူများက ပြောကြသည်။
နီစပ်သည့် လပ်ဖိဖ ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့သည်။ မိမိသွေးစစ်ထားသည့် ဘန်ကောက်မြို့ အယ်ကချိုင်လမ်းရှိ ဘန်မကောက်(၈) ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ပေးခဲ့သည်။ သွေးလေးအိတ် သွင်းပြီးမှ ဒဏ်ရာများကို ချုပ်ခဲ့ရကြောင်း ဆေးရုံမှ ဆရာမက ပြောသည်။
ခွဲစိပ်ခန်းမှ ထွက်လာပြီးနောက်ထပ် သွေးတစ်အိပ် သွင်းခဲ့ရသည်။ စက်တင်ဘာ (၂၇)ရက်နေ့တွင် ဆေးရုံမှ ဆင်းလာခဲ့ရသည်။ (၂၉)ရက်နေ့တွင် ချုပ်ရိုးဖြုတ်ရန် ဆေးရုံသို့ လာခဲ့ရသည်။ အောက်တိုဘာ (၆)ရက်နေ့က တစ်ကြိမ် ထပ်မံ၍ ဆေးရုံသို့ သွားခဲ့ရသည်။
ယခု နောက်ဆုံး အခြေအနေမှာ မခိုင်ခိုင်ဦးသည် လူစိမ်း တစ်ဦးဦးအား မြင်သည်နှင့် မိမိအား တစုံတခု လုပ်မည်ကို အမြဲ စိုးရိမ် ထိပ်လန့်နေပြီး ဗိုက်ထဲမှ ကလေးအတွက် အထူး စိုးရိမ်နေကြောင်း ပြောသည်။ သူမတွင် သားနှစ်ဦးရှိပြီး ယခု ကိုယ်ဝန် (၅)လရှိပြီး ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံ မော်လမြိုင်မြို့မှ လာရောက် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။
Source: GHR

Friday 14 October 2011

ထောင်တကာလှည့်ပြီး နိုင်ငံရေးအကျဉ်းသား အားပေးမည့်အလုပ် ဒီနေ့စလုပ်ပြီဟု ဇာဂနာပြော


အကျဉ်းထောင်အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား မိတ်ဆွေတွေကို လိုက်လံအားပေးတဲ့ အလုပ်ကို ဒီနေ့ဘဲ စလုပ်နေပြီလို့ ကိုဇာဂနာက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြစ်ကြီးနားထောင်က ပြန်လွတ်လာတဲ့ နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာက ထောင်ကလွတ်ပြီးတဲ့နောက် အခုလို ထောင်အသီးသီးကို လှည့်လည်ပြီး အားပေးတာလုပ်မယ့် အကြောင်းနဲ့ အခုပစ္စည်းတွေ လာရောက်လှူဒါန်းထားတာတွေ ရှိနေပြီလို့ ပြောပါတယ်။

“ကျနော်ကိုယ်တိုင် လှူမယ့်ပစ္စည်းတွေယူပြီး လားရှိုး၊ တောင်ကြီး စသည့်ဖြင့် သွားပါမယ်။ ထောင်ဝင်စာ ကတော့ တွေ့လို့မရပေမယ့် ပါဆယ်ပေးလို့ရပါတယ်။ သူတို့ကို အားပေးတဲ့သဘောပါ။ သူတို့နောက်မှာ အမြဲရှိတယ်ဆိုတာ သိစေချင်လို့ အားပေးတဲ့သဘောပါ။ သူတို့ စိတ်အားငယ်သွားတာ စိုးတာလဲပါတယ်။”
သူစည်းရုံးဦးဆောင်လုပ်မယ့်အလုပ်မှာ အနုပညာရှင်တချို့ ပါဝယ်တယ်လို့ ပြောပါတယ်။

“အခုလည်း ကျနော့်အနားမှာ ကိုအရိုင်း၊ ကိုမုန်းခက်၊ ကိုဇင်ဝိုင်း၊ မင်းမော်ကွန်းလေးတို့လည်း ပြောထားပါ တယ်။ စိုင်းစိုင်းခန်းလှိုင် တို့ကိုလည်း ညာက ကျနော် ပြောထားပါတယ်။ သူလည်းသဘောတူထားတယ်။ အခုကျနော်က အင်တာဗျုးတွေလဲ အများကြီးဖြေနေရတော့ အချို့တွေကို အကြောင်းမကြားနိုင်သေးဘူး။ အကြောင်းကြားရင်တော့ ကျန်တဲ့အနုပညာရှင်တွေလည်း ကျနော်နဲ့အတူ ၀ိုင်းဝန်းပါဝယ်မယ်လို့ ယုံကြည်ပါတယ်။”

အောက်တိုဘာ ၁၈ ရက် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့အပြီးမှာ ထောင်တွေ မှာ လှည့်လည်အားပေးမယ့် အစီအစဉ်ကို စတင်မှာ ဖြစ်တဲ့အကြောင်း ပထမဆုံး တောင်ကြီးထောင်ကို သွား မယ်လို့ ပြောပါတယ်။
အခုလို အကျဉ်းထောင်တွေလှည့်လည်ပြီး လိုက်လံ အားပေးတဲ့အလုပ်ကို ဇောက်ချလုပ်နိုင်ဖို့အတွက် အနုပညာအလုပ်တွေလုပ်ဖို့ အချိန်မပေးနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ 

Source: DVB

မြို့တော်ဘန်ကောက်ရေလွှမ်းမှာကို ထိတ်လန့်တုန်လှုပ်နေကြ

ပထုမ်ဌာနီ၊ ဆမ်ခေါ့ခရိုင်က ခလုန်ဘန်ဖရောက်ရပ်ကွက်က တူးမြောင်းဂိတ်တံခါးကို ပြင်ဆင်ဖို့ အာဏာပိုင်တွေ
ကြိုးပမ်း နေစဉ်။
သိပ္ပံနဲ့နည်းပညာဝန်ကြီး ဖလော့ဖရာဆော့ပ်ဆူရာ့ဆ၀ါဒီးက ရေဘေးကင်းလွတ်တဲ့နေရာရွှေ့ပြောင်းရေး သတိပေး နှိုး ဆော်ချက်ကို မှားယွင်းတဲ့ ဘေးအန္တရာယ်သတိပေးမှုအဖြစ် ထုတ်ပြန်လိုက်ပြီးနောက်မှာ ဘန်ကောက် မြောက်ပိုင်းနဲ့ မြို့ တော်အတွင်းပိုင်ဒေသတွေမှာ နေသူတွေဟာ ထိတ်လန့်တုန်လှုပ် ကုန်ကြပါတယ်။
မနေ့ ညနေ ၆ နာရီ ၃၀ မီးနစ်ဝန်းကျင်လောက်က ဒွန်မောင်းလေဆိပ်မှာ ဖွင့်ထားတဲ့ ရေဘေးကယ်ဆယ်မှု စစ်ဆင်ရေး ဌာနမှာ ရွှေ့ပြောင်းရေးနဲ့ရေဘေးကယ်ဆယ်ရေး စစ်ဆင်ရေးအကြီးအကဲ၊ ဖလော့ဖရားဆော့ပ်က ဘန်ကောက်မြောက် ပိုင်းနဲ့ပထုမ်ဌာနီမှာနေတဲ့သူတွေအတွက် ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ မစ္စတာ ဖလော့ ဖရားဆော့ပ်က ပထုမ်ဌာနီ၊ ဆမ်ခေါ့ခရိုင်က မြောက်ဖက်က စီးလာတဲ့ရေအဟုန်က ခလုန်ဘန်ဖရောက်ရပ် ကွက်က တူး မြောင်းဂိတ်တံခါးကို ချိုးဖျက်ပစ်လိုက်ပြီ လို့ ကြေညာခဲ့တယ်။
လန်စစ်မြောက်ပိုင်းနေသူတွေ၊ ပထုမ်ဌာနီ၊ ခလုန်လူအန်းနဲ့လမ်လပ်ခါခရိုင်မှာ နေသူတွေ၊ ထမ္မာဆတ်တက္ကသိုလ်နဲ့ လန် စစ် တက္ကသိုလ်ဝင်းထဲ နေသူတွေ၊ ဘန်ကောက်၊ ဆိုင်းမိုင်ခရိုင်မှာနေသူတွေအကုန်လုံး ဘေးကင်းတဲ့နေရာကို ရွှေ့ကြဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီနေရာတွေမှာ ရေတမီတာလောက် လွှမ်းသွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ဖလော့ဖရား ဆော့ပ် က ပြောပါတယ်။ “ဒါကြောင့် ဒွန်မောင်းလေဆိပ်ကို ချက်ချင်းပြောင်းကြဖို့၊ နာရီဘယ်လောက်ပဲ ကျန်တော့မလဲ ဆိုတာ အစိုးရအနေနဲ့ မပြောနိုင်ကြောင်း” ဖလော့ဖရားဆော့ပ်က ပြောပါတယ်။ ဒါပေမဲ့ ဒီလိုပြောအပြီး မကြာခင်မှာပဲ ရေဘေးကယ်ဆယ်ရေးဌာန၊ အကြီးအကဲ၊ တရားရေးဝန်ကြီး ဖရားချာဖရွမ်နော့က အေးအေးဆေးဆေး နေကြဖို့ ပြည် သူတွေကို ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ဒီဌာနအနေနဲ့ ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို မထုတ်ပြန် ကြောင်း၊ အစိုးရက ဘန်ကောက်က ရေကြီးတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ရဲဗိုလ်ချုပ်ကြီး ဖရားချာ က ပြောပါတယ်။ ထိတ်လန့်တုန်လှုပ်စရာ မရှိပါဘူးလို့ ရဲဗိုလ်ချုပ်ကြီးဖရားချာက ပြောပါတယ်။

 ပြည်သူတွေအနေနဲ့ ဒီ ဌာနက ထုတ်ပြန်တဲ့ နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်သင့်ပါတယ်လို့ သူက ထပ် ပြောပါတယ်။
မစ္စတာ ဖလော့ဖရားဆော့ပ်ရဲ့ မှားယွင်းထုတ်ပြန်ခဲ့တဲ့ ရွှေ့ပြောင်းရေးသတိပေးနှိုးဆော်ချက်ကို ၀န်ကြီးချုပ်ခွန်ယင်လပ်နဲ့ အစိုးရအဖွဲ့ဝင်တွေအနေနဲ့အကြီးအကျယ် စိတ်ပျက်မိကြောင်း  ရဘေးကယ်ဆယ်ရေးဌာန သတင်းရပ်ကွက်က ပြောပါ တယ်။ ဘန်ကောက်အတွင်းပိုင်းဒေသတွေနဲ့ ရေဘေးအတားအဆီးတွေလုပ်ထားတဲ့ ဒေသတွေက ရေလွှမ်းတာတွေကို ကာကွယ်နိုင်မှာဖြစ်တယ်ဆိုတာ သူယုံကြည်တဲ့အကြောင်း  ၀န်ကြီးချုပ်က ပြောပါတယ်။
အောက်တိုဘာ ၁၄၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source: နေ့သစ်

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ ရေကြီးနေသော ဓာတ်ပုံမြင်ကွင်းများ



ရေဘေးဒုက္ခသည်များအတွက် ကူညီရေးပစ္စည်းများ (ဧရာဝတီ)
အသက်ကြီးရွယ်အိုများအား ရေဘေးလွတ်ရာသို့ အရေးပေါ်ကယ်ဆည်။ (ဧရာဝတီ)

ရေကြီးလို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလည်း ထိခိုက် (BBC)

ကားလမ်းမတွေဟာ မြစ်ချောင်းပုံစံဖြစ်နေ (BBC)

လူတွေရွှေ့ပြောင်းနေကြရ (BBC)

ဗင်းနစ်မြို့လား ၊ အယုဒ္ဓယလား (BBC)

ဟွန်ဒါကားစက်ရုံဝင်းအတွင်း ရေတွေဝင် (BBC)

ကားလမ်းတွေပေါ် ရေတွေတက် (BBC)

အယုဒ္ဓယမြို့က လမ်းမများ (BBC)

ရှေးဟောင်းဘုရားဝင်းအတွင်းလည်း ရေတွေလွှမ်း (BBC)

အိန္ဒိယက မြန်မာကို သန်း ၅ဝဝ ချေးငွေ ခွင့်ပြု

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြန်မာကို အိန္ဒိယက ဒေါ်လာသန်း ၅၀၀ ချေးငွေယူခွင့်ပြုလိုက်ပြီး လုံခြုံရေးကိစ္စရပ်များလည်း တိုးချဲ့ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

သောကြာနေ့ နေ့လည်ပိုင်းက နယူးဒေလီမြို့တွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းတို့ တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့အပြီး  ဆည်မြောင်းလုပ်ငန်း အပါအဝင် မြောက်များလှသော ပရောဂျက်များ အတွက် ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း IANS သတင်းဌာန အင်တာနက် စာမျက်နှာ တွင် ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီး ၁၃ ဦး ပါဝင်သည့်  ဦးသိန်းစိန်၏ လေးရက်ကြာ အိန္ဒိယ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေး၊ စွမ်းအင်နှင့် လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်ရေး အပါအဝင် ကိစ္စရပ် အတော်များများဆွေးနွေးဖြစ်ခဲ့ကြသည်။
manmohan-singh-thein-sein-meet
အိန္ဒိယက မြန်မာကို ဒေါ်လာသန်း ၅၀၀ ချေးငွေယူခွင့်ပြုလိုက်ပြီး လုံခြုံရေးကိစ္စရပ်များလည်း တိုးချဲ့ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သိရ (Photo:AFP)
“နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် တဖက်အား ဘေးအန္တရာယ်ဖြစ်စေမည့် မည်သည့် လှုပ်ရှားမှုကိုမျှ နှစ်ဖက်နယ်မြေတွင် ခွင့်မပြုရန်နှင့် အကြမ်းဖက်သမားများ၊ လက်နက်ကိုင် သူပုန်အဖွဲ့များ ခိုလှုံခြင်း၊ သင်တန်းပေးခြင်းနှင့် အခြား လှုပ်ရှားမှုများ ပြုခြင်းကို နှစ်နိုင်ငံ မည်သည့် နယ်နိမိတ်အတွင်းမှာမှ ခွင့်မပြုရန် ပိုင်းဖြတ်ကြောင်း ထပ်လောင်းပြောဆိုသည်” ဟု နှစ်နိုင်ငံခေါင်းဆောင်များပူးတွဲကြေညာချက် တွင် ဖော်ပြ ပါရှိသည်။

စက်တင်္ဘာလအတွင်းက မြန်မာကုန်သွယ်ရေး ဝန်ကြီး ဦးဝင်းမြင့် လာရောက်စဉ်ကလည်း ၂ဝ၁၅ တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏအား ဒေါ်လာသန်း သုံးထောင်အထိ နှစ်ဆ တိုးမြှင့်သွားရန် သဘောတူညီခဲ့ကြသေးသည်။

နက်ဇယ်လိုက် Naxalites ခေါ် အိန္ဒိယ မော်ဝါဒီသူပုန်များ အနေဖြင့် မြန်မာ့မြေပိုင်နက်ထဲတွင် မကြာမီ ရက်သတ္တပါတ် များ အတွင်း စစ်သင်တန်း စခန်းများ ဖွင့်ရန် စီစဉ်နေသည့် အထောက်အထားများ တွေ့ရှိ ရကြောင်း အောက်တိုဘာ ၁ဝ ရက်နေ့ထုတ် Times of India သတင်းစာကြီးတွင် ရေးသားထားသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာပိုင်နက်ထဲတွင် အိန္ဒိယ လက်နက်ကိုင်သူပုန် ရှစ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်းသတင်းစာများ တွင် ရေးသားထားသည်။

မြန်မာ စက်မှု (၂ ) ဝန်ကြီး ဦးစိုးသိန်းနှင့် အိန္ဒိယ အကြီးစား စက်မှုဝန်ကြီး  Shri Praful Patel တို့လည်း
နှစ်နိုင်ငံ ကုမ္ပဏီများနှင့်စက်မှုလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြ
ကြောင်း အိန္ဒိယအစိုးရ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကလေးလုပ်သားအသုံးပြုမှုတွင် အာရှနိုင်ငံများက ထိပ်ဆုံးတွင်ရပ်တည်

ကမ္ဘာပေါ်တွင် ကလေးလုပ်သားသုံးစွဲမှု၌ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ဦးဆောင်နေကြောင်း  ကမ္ဘာတစ်ဝန်းကလေး လုပ်သားအသုံးပြုမှုအချက်အလက်များကို အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာဖရိက၊ အာရှနှင့် လက်တင် အမေရိကရှိနိုင်ငံ ၇၁ နိုင်ငံမှ ကလေးလုပ်သားများသည် အုတ်၊ ဘောလုံး ထုတ်လုပ်ရေးလုပ်ငန်းမှသည် ဖုန်းများတွင်အသုံးပြုသော ရှားပါးသတ္တုပစ္စည်းများ ရှာဖွေရေးအထိ လုပ်ငန်းအမျိုးအစား ၁၃၀ ခန့်တွင် လုပ်ကိုင်နေရကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  ကလေး ၂၁၅ သန်းကျော်သည် ကလေးလုပ်သားများအဖြစ် အသုံးပြုခံနေရကြောင်းကိုလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ (ILO)က ခန့်မှန်းထုတ်ပြန်ခဲ့သည်။
အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများလုပ် ကိုင်မှုကို တားမြစ်သည့်နိုင်ငံများမှာ အနည်းငယ်သာရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံအချို့တွင် ကလေးလုပ်သားများ စေခိုင်းမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်မှုနည်းပါးပြီး အန္တရာယ်ရှိသောလုပ်ငန်းများ အတွက် အနိမ့်ဆုံးအသက် ကန့်သတ်ချက်မရှိကြောင်း အဆိုပါအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးငယ်များကို စာသင်ကျောင်းများတွင်ရှိခြင်းထက် လုပ်ငန်းခွင်ဝင်ရန် ဖိအားပေးမှုများရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကလေးလုပ်သားများကို ခိုင်းစေမှု အများဆုံးနိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံတွင် အမျိုးအစား ၂၀ ထက်မနည်းသော လုပ်ငန်းများတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် လုပ်ငန်းအမျိုးအစား ၁၄ ခုခန့်၊ ဖိလစ်ပိုင်နိုင်ငံတွင် လုပ်ငန်း ၁၀ ခု ကျော်တွင် ကလေးလုပ်သားများကို အသုံးပြုနေကြောင်း (ILO) ၏ အစီရင်ခံစာအရ သိရှိရသည်။
Source: EMG

၁၂ နှစ်တာကာလတွင်း မြန်မာ ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့် ရှိပြီး နှစ်သန်းနီးပါးမှာ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူများ ဖြစ်ကြ

4286
ထိုင်းသံရုံးရှေ့၊ ကိုယ်ပိုင်အစီအစဥြ်ဖင့် ထွက်ခွာမည့်သူများ ဗီဇာရရန် စောင့်ဆိုင်းနေကြစဉ်

၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းအထိ ၁၂ နှစ်တာကာလ အတွင်း ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား သုံးသန်းခန့် ရှိရာ ထိုအထဲတွင်နှစ်သန်းနီးပါး သည် မိမိအစီအစဉ်ဖြင့် ထွက်ခွာသွားသူများ ဖြစ်ကြသည်ဟု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းများနှင့် ပတ်သက်၍ ကိုအလုပ်သမားရေးရာ ကျွမ်းကျင်သူအချို့က ပြန်လည်ပြောပြခဲ့ကြသည်။
မိမိအစီအစဉ်ဖြင့် ထွက်ခွာကြသော အလုပ်သမားဦးရေ နှစ်သန်း နီးပါးသည်ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေနှင့်အညီ အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေကြသူများ မဟုတ်ကြကြောင်း နှင့် အများစုမှာ ကြားခံပွဲစားများကို အားကိုးကာ ဒေသတွင်းနိုင်ငံများသို့ အများဆုံး ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“ကျွန်တော်တို့အနေနဲ့ အခုဆို အလုပ်သမား ၀န်ကြီးဌာနကနေ အလုပ်သမားပို့ရတာကို ပိုသဘောကျတယ်။ အေးဂျင့်ဆိုတာက ကိုယ်တစ်ယောက်တည်း မဟုတ်တော့ ဟိုဘက်က အေးဂျင့်လိမ်ရင် ကိုယ့်ဘက်က အလုပ်သမားတွေ နစ်နာတယ်။ ကိုယ်လည်း နာမည်ပျက်တယ်”ဟု တာမွေမြို့နယ်ရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူက ပြောပြခဲ့ပါ သည်။
ယခုအခါ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာအလုပ်သမား ခေါ်ယူနေကြသည့် ဂျီတူဂျီ အသွင်ဆောင်သော နိုင်ငံများထဲတွင် လက်ရှိ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ သည် မြန်မာအလုပ်သမား အများဆုံး သွားရောက်နေကြသော နိုင်ငံများဖြစ်ကြသည်။ ထို့ပြင် မလေးရှားနိုင်ငံသည်လည်း နယ်မြို့အများစုမှ မြန်မာအလုပ်သမားအများ ဆုံးသွားရောက်သော နိုင်ငံဖြစ်ရာ ဂျီတူဂျီမဟုတ်ဘဲ ပွဲစားများဖြင့် သာ သွားရောက်နေကြရသည် ကိုသိရှိရသည်။
ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရန် ၁၉၉၉ ခုနှစ် တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမား ၀န်ကြီးဌာနမှတစ်ဆင့် ပြည်ပ နိုင်ငံ ၁၅ နိုင်ငံသို့ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ ဥပဒေနှင့်အညီ ထွက်ခွာခဲ့သူမှာ ၆၀၇၂၂၅ ဦး ရှိခဲ့ ပြီဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ၏ ဖြေကြားချက်အရ သိရသည်။
Source: EMG

မဟာချူလာလောင်ကွန်းတက္ကသိုလ် ရေးကြီးနေသောဓာတ်ပုံမြင်ကွင်း

တက္ကသိုလ် စာကြည့်တိုက်အဆောင်

တက္ကသိုလ်အ၀င်လမ်းနှင့် ပါမောက္ခချုပ်အဆောင်

ကျောင်းသားများအား စစ်ကားများဖြင့် ကယ်တင်ပေးနေပုံ

ဘွဲ့နှင်းသဘင်ခန်းမ ရှေ့မျက်နှာစာမြင်ကွင်း

စာသင်ဆောင်

စာသင်သားသံဃာများ သီတင်းသုံးဆောင် (ယနေ့ကြားသိရသည်မှာ အခန်းတစ်ဝက်ထိ ရေမြင့်တက်နေပြီဟုသိရသည်)

ဘွဲ့နှင်းသဘင်ခန်းမ

ဘွဲ့နှင်းသဘင်မြင်ကွင်း

စာသင်သားသံဃာများ သီတင်းသုံးဆောင် (ယနေ့ကြားသိရသည်မှာ အခန်းတစ်ဝက်ထိ ရေမြင့်တက်နေပြီဟုသိရသည်)

သင်ကြားရေးအဆောင်များသို့သွားရာလမ်း

သံဃာတစ်ပါး လှေဖြင့် ဆွမ်းစားဆောင်သို့ ဆွမ်းစားကြွနေစဉ်မြင်ကွင်း

စာသင်သားသံဃာများ သီတင်းသုံးဆောင် (ယနေ့ကြားသိရသည်မှာ အခန်းတစ်ဝက်ထိ ရေမြင့်တက်နေပြီဟုသိရသည်)

ရေလွတ်ရာသို့ ပစ္စည်းအချို့သည်ထုတ်နေကြစဉ်မြင်ကွင်း

စာသင်သားသံဃာများ သီတင်းသုံးဆောင် ရှေ့မျက်နှာစာမြင်ကွင်း

ရေလွတ်ရာသို့ ပစ္စည်းအချို့သည်ထုတ်နေကြစဉ်မြင်ကွင်း

တက္ကသိုလ်မုခ်ဦးမြင်ကွင်း

ဘွဲ့နှင်းသဘင် အနီးကပ်မြင်ကွင်း

ကျောင်းသားသံဃာတော်များ သီတင်းသုံးရာအဆောင်

ကျောင်းသားသံဃာတော်များ သီတင်းသုံးရာ အတွင်းပိုင်းမြင်ကွင်း

ကျောင်းသားအဆောင်အနီးကပ်မြင်ကွင်း

တက္ကသိုလ် အ၀င်လမ်းမြင်ကွင်း

စာသင်ဆောင်တနေရာမြင်ကွင်း

ဆွမ်းစားဆောင်နှင့် စာသင်ဆောင်အချို့

မြန်မာရဟန်းတော်အများစု ကြွရောက်ပညာသင်ကြားလျှက်ရှိသော ထိုင်းနိုင်ငံ အယုဒ်ဓယမြို့အနီး မဟာချူလာလောင်ကွန်းတက္ကသိုလ် ရေဘေးကြုံနေရသော ဓာတ်ပုံများဖြစ်ပါသည်။ ၄င်းတက္ကသိုလ်တွင် မြန်မာသံဃာတော် အပါး ၁၀၀ နီးပါး တက်ရောက်ပညာသင်ကြားနေကြပြီး လောလော ဆည်တွင် သင်ကြားမှုအားလုံး ယာယီရပ်ဆိုင်းထားရသည်။ တက္ကသိုလ်အဆောင်သီတင်းသုံးသံဃာတော် များအားလုံးကိုလည်း ရေဘေးလွတ်ရာ အရပ်များသို့ပြောင်းရွှေ့သီတင်းသုံးရန် တက္ကသိုလ်မှ ပန်ကြားထားကြောင်း သိရသည်။ ယနေ့ ကြားသိရသောအချက်အလက်အများအရ အခြေအနေသည် ယခုပုံပါ အခြေအနေများထက်များစွာပိုမို ဆိုးရွားလာကြောင်း ကျောင်းသားသံဃာတော်များ၏မိန့်ကြားချက် အရ သိရသည်။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes