Thursday 13 October 2011

မြန်မာနှင့်​ ထိုင်း​အလုပ်သမား​ရေး​ဝန်ကြီး​ဌာန ​ဆွေး​နွေး​ညှိနှိုင်း

ထိုင်း​နိုင်ငံ​ရောက် မြန်မာနိုင်ငံသား​ အလုပ်သမား​အား​လုံး​အတွက် ယာယီနိုင်ငံကူး​လက်မှတ် လုပ်​ဆောင်​ပေး​ရေး​ကို ထိုင်း​နဲ့​ မြန်မာ နှစ်ဘက်တာဝန်ရှိသူ​တွေ ​ဆွေး​နွေး​နေတာ ​အောင်မြင်မှုရ​နေပြီလို့​ မြန်မာအလုပ်သမား​ဝန်ကြီး​ဌာန ဒု- ဝန်ကြီး​ ဦး​မြင့်​သိန်း​က ဒီဗွီဘီကို ​ပြောပါတယ်။

အလုပ်သမား​ ဒု- ဝန်ကြီး​ ဦး​ဆောင်တဲ့​အဖွဲ့​ဟာ ထိုင်း​နိုင်ငံ အလုပ်သမား​ရေး​ဝန်ကြီး​ဌာနနဲ့​ ဒီလ ၁၁ ရက်​နေ့​က​နေ ဒီ​နေ့​အထိ ​တွေ့​ဆုံ​ဆွေး​နွေး​အပြီး​မှာ ခုလို​ပြောကြား​တာဖြစ်ပါတယ်။

“ဒီနိုင်ငံထဲမှာ ကျ​နော်တို့​ လာပြီး​တော့​ အလုပ်သမား​ နိုင်ငံသား​ စိစစ်တာတို့​၊​ ယာယီနိုင်ငံကူး​လက်မှတ် ထုတ်​ပေး​တာတို့​ကို ထိုင်း​နိုင်ငံထဲအထိ ဝင်ပြီး​တော့​ လုပ်​ပေး​နိုင်​အောင်လို့​ လာညှိတာပါခင်ဗျာ။ ဗီဇာခတို့​၊​ အလုပ်ရဖို့​ကိစ္စတို့​ ​နောက်ပြီး​တော့​ ​နောက်ဆုံး​အ​ခြေအ​နေအရဆိုရင် အခု ​ရေကြီး​တဲ့​အချိန်မှာ ကျ​နော်တို့​ အလုပ်သမား​တွေ ​ရေ​ဘေး​ဒုက္ခဖြစ်​နေတာ​တွေကိုလည်း​ ထိုင်း​အစိုး​ရ က​နေပြီး​ ကူညီ​ပေး​ဖို့​အထိ သူတို့​ကို ​မေတ္တာရပ်ခံထား​ပါတယ်။ သူတို့​လည်း​ အကူအညီ ​ပေး​မယ်လို့​ ​ပြောပါတယ်။”


ထိုင်း​နိုင်ငံမှာ မြန်မာနိုင်ငံသား​ ၂သန်း​လောက်ရှိပြီး​ အား​လုံး​ကို ယာယီမှတ်ပုံတင်ကတ်ပြား​ ထုတ်​ပေး​နိုင်​အောင် မြန်မာတာဝန်ရှိသူ​တွေက ထိုင်း​နိုင်ငံတွင်း​က မြန်မာလုပ်သား​အများ​စုရှိတဲ့​ ​နေရာ​တွေမှာ ရုံး​ဖွင့်​ပြီး​ ​ဆောင်ရွက်​ပေး​ရေး​အစီအစဉ်ဖြစ်ပါတယ်။

အဲဒီလို ​ဆောင်ရွက်နိုင်​ရေး​အတွက် ရုံး​ခန်း​ဖွင့်​တဲ့​ အ​ခြေအ​နေကိုလည်း​ မြန်မာကိုယ်စား​လှယ်အဖွဲ့​မှာပါတဲ့​ အလုပ်သမား​ရေး​ဌာန ညွန်ကြား​ရေး​မှူး​ချုပ် ဦး​ချစ်ရှိန်က ရှင်း​ပြပါတယ်။

“အခုလက်ရှိအပြင် ၅ ခု ထပ်ခွဲဖို့​ ကျ​နော်တို့​ ဒီမှာ ညှိနှိုင်း​ပါတယ်။ မဟာချိုင်တို့​၊​ စမူစခွန်တို့​ ထား​ဖို့​၊​ ​နောက် ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​တော်နဲ့​ မြို့​တော် ပတ်ဝန်း​ကျင်မှာ ထား​ဖို့​။ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ဘက်နဲ့​ ​တောင်ပိုင်း​မှာ ထား​ဖို့​ ​မျှော်မှန်း​ပါတယ်။”

ထိုင်း​နိုင်ငံမှာ အလုပ်လုပ်​နေကြတဲ့​ မြန်မာအလုပ်သမား​တွေဟာ မြန်မာအစိုး​ရကို ​လော​လောဆယ် အခွန်​ဆောင်ဖို့​ မလို​သေး​ပေမဲ့​ ​နောက်ပိုင်း​မှာ မြန်မာအစိုး​ရက ဘယ်လို စီစဉ်​ဆောင်ရွက်မယ်ဆိုတာကို​တော့​ မသိ​သေး​ဘူး​လို့​လည်း​ ဦး​ချစ်ရှိန်က ​ပြောပါတယ်။

အခု ထိုင်း​ခရီး​စဉ်မှာ ထိုင်း​နိုင်ငံက မြန်မာအလုပ်သမား​တွေ ပိုမို အဆင်​ပြေလာဖို့​အတွက် ထိုင်း​အစိုး​ရနဲ့​ညှိနှိုင်း​ရာမှာ ​အောင်မြင်တယ်လို့​လည်း​ ဆိုပါတယ်။

မြန်မာ အလုပ်သမား​ ဒုဝန်ကြီး​ ဦး​မြင့်​သိန်း​ ဦး​ဆောင်တဲ့​ မြန်မာကိုယ်စား​လှယ် အဖွဲ့​ဟာ ဒီ​နေ့​မှာ မြန်မာအလုပ်သမား​အ​ရေး​ဆောင်ရွက်​နေတဲ့​ ထိုင်း​အ​ခြေစိုက် မြန်မာအလုပ်သမား​ အဖွဲ့​တွေနဲ့​ ဘန်​ကောက်မြို့​အနီး​ စမွတ်စခွန်ခရိုင် မဟာချိုင်​ဒေသက ဝပ်ထစ်ဘုန်း​ကြီး​ကျောင်း​ဆောင်မှာ ​တွေ့​ဆုံပါတယ်။

မြန်မာဒု- ဝန်ကြီး​နဲ့​အဖွဲ့​ကို ​တွေ့​ဆုံခဲ့​တဲ့​ ထိုင်း​နိုင်ငံက မြန်မာအလုပ်သမား​အ​ရေး​ ကူညီ​ဆောင်ရွက်​ရေး​အဖွဲ့​တခုဖြစ်တဲ့​ HRDF လူ့​အခွင့်​အ​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ ​ဖောင်​ဒေး​ရှင်း​က တာဝန်ခံတဦး​ဖြစ်သူ ဦး​စိန်​ဌေး​က နိုင်ငံသား​စိစစ်​ရေး​ရုံး​တွေကို မြန်မာဘက်က လာဖွင့်​ရင် မြန်မာအလုပ်သမား​တွေအတွက် အကျိုး​ရှိမယ်လို့​ပြောပါတယ်။

“အဆင်​ပြေမှု​တွေက​တော့​ ​တော်​တော်ဖြစ်လာမယ်​လေ။ ဟိုး​နယ်စပ်အထိ သွား​စရာ မလိုဘဲနဲ့​ ကြိုက်ရာမှာ လုပ်နိုင်တဲ့​အတွက် စရိတ်​တွေ​တော့​ သက်သာလာမယ်။”

ထိုင်း​ နိုင်ငံတွင်း​ အလုပ်လုပ်​နေတဲ့​ အိမ်နီး​ချင်း​နိုင်ငံသား​တွေကို ထိုင်း​ပိုင်နက်အတွင်း​ လာ​ရောက်ပြီး​ အလုပ်သမား​စိစစ်​ရေး​လုပ်ဖို့​ သက်ဆိုင်ရာ အိမ်နီး​ချင်း​နိုင်ငံ​တွေကို ထိုင်း​အစိုး​ရက ကမ်း​လှမ်း​ခဲ့​ပြီး​နောက် လာအိုနဲ့​ က​မ္ဘောဒီး​ယား​အစိုး​ရတို့​က လက်ခံ​ဆောင်ရွက်​ပေမယ့်​ မြန်မာက မ​ဆောင်ရွက်ဖြစ်ခဲ့​ပါဘူး​။

အောက်တိုဘာ ၁၁ ရက်က​နေ ၁၃ ရက်အထိ မြန်မာအလုပ်သမား​ဝန်ကြီး​ဌာန ဒု-ဝန်ကြီး​နဲ အဖွဲ့​က ထိုင်း​အစိုး​ရနဲ့​တွေ့​ဆုံ​ဆွေး​နွေး​ရာမှာ​တော့​ ထိုင်း​အစိုး​ရရဲ့​အဆိုတင်တဲ့​အတိုင်း​ မြန်မာအလုပ်သမား​ နိုင်ငံသား​စိစစ်​ရေး​ရုံး​တွေကို ထိုင်း​နိုင်ငံမှာ စတင်ဖွင့်​လှစ်ဖို့​သ​ဘောတူညီမှုရသွား​ကြတာဖြစ်ပါတယ်။ 
Source: DVB

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes