Saturday 14 April 2012

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ပြောကြား


cam1
နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံနေစဉ်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းသည် မြန်မာနိုင်ငံသို့ ဧပြီလ ၁၃ ရက်နေ့က တစ်ရက်ကြာခရီး လာရောက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် နေ ပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ သီးခြားစီတွေ့ဆုံဆွေးနွေးပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့်အရေးယူပိတ်ဆို့ထားမှုများအနက် အချို့ကို ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့သည်။

ဧပြီလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လူကြီးမင်း၏ လာရောက် လည်ပတ်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးပါရုံသာမက သမိုင်းဝင်လည်း ဖြစ်ပါကြောင်း၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးများ တိုးတက်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လူကြီးမင်း၏အသိအမှတ် ပြုမှုအတွက်အလွန်အားတက် ကျေးဇူးတင်ပါကြောင်း ပြောကြားခဲ့သည်ဟု
 နိုင်ငံတကာသတင်းများတွင်  ဖော်ပြထားချက်အရ သိရသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ အားပေးသင့်သည်မှာ မှန်ကန်သည်ဟု မိမိထင်မြင်ပါကြောင်း၊ သွားရမည့်လမ်းမှာ ရှည်လျားသည်ဆိုသည်မှာလည်း အထင်မှားစရာ မရှိပါကြောင်းထည်သွင်းပြောကြားခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖေါ်ပြထားပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
cam2
ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ တွေ့ဆုံနေစဉ်

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြန်မာနိုင်ငံတွင် အပြောင်းအလဲအတွက် အလားအလာများ ရှိနေသည်ဟု မိမိထင်မြင်ယူဆပါကြောင်း၊ အဆိုပါအပြောင်းအလဲများကို တုံ့ပြန်ရေးသည် ကျန်ရှိ သည့်ကမ္ဘာကြီးအတွက်မှန်ကန်သည် ဟု မိမိထင်မြင်ယူဆပါကြောင်း၊ မိမိတို့အနေဖြင့် ဂရုတစိုက် သတိရှိ စွာဖြင့် တုံ့ပြန်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမြဲတမ်း သံသယ ရှိစွာဖြင့် မေးခွန်းထုတ်နေရမည် ဖြစ် ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အဆိုပါပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်မလှည့်ဘူး ဆိုသည်ကို သိရှိနိုင်ရန်အတွက် ဖြစ်ကြောင်း၊ လက်နက်ဝယ်ယူမှု ပိတ်ပင်မှုမှအပ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဆိုင်းငံ့မှု သည် မှန်ကန်သည်ဟု မိမိထင်မြင် ယူဆသည်ဆိုသည်ကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါကြောင်း အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု အပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများ နှင့်တွေ့ဆုံရာတွင်ပြောကြားခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒေါ်အောင်ဆန်းစု ကြည်၏ သတ္တိရှိစွာ၊ ရဲရင့်စွာနှင့် ရုန်းကန်မှုများက ကမ္ဘာတစ်ဝန်းက ပြည်သူများကို စိတ်ဓာတ်တက်<က စေပါကြောင်းနှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် ယခုကဲ့သို့ အတူယှဉ်တွဲ ရပ်နေခွင့်ရသည့်အတွက်လည်း အ လွန်ဂုဏ်ယူပါကြောင်း မီဒီယာများ သို့ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ''အရေးယူပိတ်ဆို့တာတွေ ကို ရုပ်သိမ်းတာထက် အရေးယူပိတ် ဆို့မှုတွေကို ဆိုင်းငံ့သင့်တယ်ဆိုတဲ့ စိတ်ကူးကို ထောက်ခံပါတယ်။ ဘာ ကြောင့်လည်းဆိုတော့ ဒါက သမ္မတ နဲ့တခြားပြုပြင်ပြောင်းလဲရေးသမား တွေရဲ့ အခန်းကဏ္ဍကို အသိအမှတ် ပြုရာရောက်လို့ပါပဲ''ဟု မီဒီယာများ သို့ ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း က ဗြိတိန်နိုင်ငံသို့ ဇွန်လတွင် လာ ရောက်လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း တို့၏ ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်း စုကြည်နေအိမ်တွင် နှစ်ဦးတည်း သီးသန့်တွေ့ဆုံဆွေးနွေးမှုသည် ည နေ ၄ နာရီ မိနစ် ၂၀ ခန့်တွင် စ တင်ခဲ့ပြီး ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ ကြောင်းနှင့် ထို့နောက် ဗြိတိန်ဝန် ကြီးချုပ်နှင့် အတူလိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် တွေ့ ဆုံဆွေးနွေးမှုမှာ အဆိုပါတွေ့ဆုံ ဆွေးနွေးမှုအပါအ၀င် တစ်နာရီ ၀န်း ကျင်ခန့် ကြာမြင့်ခဲ့ကြောင်း သိရ သည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင် မရွန်းက မြန်မာနိုင်ငံအနေဖြင့် ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းတွင် ရှိနေ စေရေးအတွက် အရေးယူပိတ်ဆို့မှု များကို ရုပ်သိမ်းသွားရေးထက် ဆိုင်း ငံ့ရေးကို ပိုမိုလိုလားကြောင်း ပြော ကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ အ နေဖြင့် လာမည့်ဧပြီလ ၂၃ ရက်နေ့ တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့်အရေးယူပိတ်ဆို့မှုများကို ပြန် လည်သုံးသပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထား သည့်အရေးယူပိတ်ဆို့မှုများကို ဖယ် ရှားလိုက်ပါက နိုင်ငံတကာအကူအ ညီများ အလုံးအရင်းနှင့် ၀င်ရောက် လာနိုင်ရုံသာမက နိုင်ငံတကာမှ ရင်း နှီးမြှုပ်နှံမှုများလည်း ၀င်ရောက်လာ နိုင်ကြောင်း လေ့လာသူများက သုံး သပ်ခဲ့ကြသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင် မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်သည် အနောက်နိုင်ငံထိပ်တန်းခေါင်းဆောင် တစ်ဦးအနေဖြင့် ဆယ်စုနှစ်များအ တွင်း ပထမဆုံးခရီးစဉ်ဖြစ်ကြောင်း နှင့် ၁၉၅၅ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံသို့ လာရောက်သည့် ဗြိတိန်ဝန် ကြီးချုပ်တစ်ဦး၏ပထမဆုံးခရီးစဉ် ဖြစ်ကြောင်းလည်း သိရသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျသည်လည်း မြန်မာနိုင်ငံ သို့ ပြီးခဲ့သည့် ဇန်န၀ါရီလက နှစ် ရက်ကြာ လာရောက်ခဲ့ပြီး ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်း စိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ နှင့်သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့ပြင် ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန၀န်ကြီး အင် ဒရူးမစ်ချယ်လ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်နိုဝင်ဘာလက သုံးရက် ကြာလာရောက်ခဲ့သည်။
 
Ref: EMG

မြောက်ကိုရီးယား ဂြိုဟ်တုလွှတ်မှု နိုင်ငံတကာရှုတ်ချ

မြောက်ကိုရီးယားနိုင်ငံက တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှု မအောင်မမြင် ပျက်ကျခဲ့ပေမယ့် ဒီလို ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကရော နိုင်ငံတကာ
 ခေါင်းဆောင်အများအပြားကပါ ရှုတ်ချပစ်တင်လိုက်ပါတယ်။ မြောက်ကိုရီးယားက လွှတ်တင်လိုက်တဲ့ ဒုံးပျံဟာ လွှတ်ပြီးပြီးချင်း တစ်မိနစ် အတွင်းမှာပဲ ပင်လယ်ထဲကို ထိုးကျသွားခဲ့တာပါ။

မြောက်ကိုရီးယားအစိုးရသတင်းဌာနကတော့ ဒုံးပျံက အပိုင်းပိုင်းကွဲပြတ်သွားတာမို့ ကမ္ဘာပတ်လမ်းထဲ မသွားရောက်နိုင်ဘူးလို့ ဆိုပါတယ်။ သူတို့လွှတ်တင်တာဟာ မိုးလေဝသတိုင်းထွာရေး ဂြိုဟ်တုလို့လည်း ပြောပါတယ်။

နိုင်ငံတကာကတော့ မြောက်ကိုရီးယားမှာ စစ်လက်နက်ထိပ်ဖူး တပ်ဆင်လို့ရတဲ့ တာဝေးပစ်ဒုံးကျည်ကို မိုးလေဝသဂြိုဟ်တုတွေလို လွယ်လွယ်ကူကူ ပစ်လွှတ်လို့ရအောင် အခုလို စမ်းသပ်ပစ်လွှတ်တာလို့ ယုံကြည်ကြပါတယ်။

အဆင့်သုံးဆင့် ပစ်လွှတ်ရတဲ့ ရော့ကက်ဒုံးပျံဟာ ပဏာမအဆင့်မှာတင် ချို့ယွင်းမှုရှိပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ ပျက်ကျတဲ့အပိုင်းအစတွေက မြေပြင်ကို မထိသလို နိုင်ငံတကာရေပြင်ပိုင်နက် ပင်လယ် အတွင်းမှာ သွားလာနေတဲ့ သင်္ဘောအများအပြားကိုလည်း မထိဘဲ ပင်လယ်ဝါထဲမှာ ထိုးကျခဲ့တာပါ။

ဒီသီတင်းပတ်ထဲမှာ မြောက်ကိုရီးယားရဲ့ ဒုံးပျံပစ်လွှတ်မယ့်နေရာကို နိုင်ငံတကာသတင်းထောက်တွေ သွားရောက်ခွင့် ရခဲ့ပေမယ့် အခုလို ပစ်လွှတ်ခဲ့တာနဲ့ပတ်သက်ပြီး သေသေချာချာ သိခွင့်မပေးသလို ပစ်လွှတ်ပြီးနောက်မှာလည်း ဘာမှ တိတိကျကျမသိရဘူးလို့ ပြုံယမ်းမှာရှိတဲ့ ဗွီအိုအေ သတင်းထောက်က ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အခုလုပ်ရပ်ဟာ နိုင်ငံတကာက တညီတညွတ်တည်း ဆုံးဖြတ်ထားချက်ကို ဆန့်ကျငလိုက်တာဖြစ်ပြီး ကုလသမ္မဂဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တယ်လို့ ကုလသမ္မဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောသလို အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း မြောက်ကိုရီးယားရဲ့ အခုလုပ်ရပ်ဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားအတွက် စားနပ်ရိက္ခာ ထောက်ထပ်ပို့ပေးမယ့် အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ ပြောကြားပါတယ်။
Ref: VOA

Friday 13 April 2012

ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံ ၀န်ကြီးချုပ် ပြောဆို

မိုးမခအထောက်တော် အမှတ် ဝဝ၁
ဧပြီ ၁၃၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ ရောက်ရှိလာသော ဒေးဗစ်ကင်မရွန်း [ဓာတ်ပုံများ - ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ရုံး ၀က်ဆိုက်]

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ဥရောပနိုင်ငံတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆိုင်းငံ့သင့်ကြောင်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ယနေ့ နေ့ခင်းပိုင်း ရန်ကုန်တွင် ရောက်စဉ် ပြောကြားလိုက်သည်။
နံနက်ခင်းပိုင်းက နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ ထို့နောက် ရန်ကုန်တွင် ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားစီ တွေ့ဆုံအပြီး ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့တာတွေကို ဆိုင်းငံ့ဖို့အချိန်ရောက်ပြီလို့ ကျနော်ယူဆပါတယ် … ဆိုင်းငံ့ဖို့ ပြောတာနော်၊ အဆုံးသတ်ဖို့ပြောတာ မဟုတ်ပါဘူး” ဟု ဆိုသည်။
စစ်လက်နက်ပစ္စည်း ၀ယ်ယူမှု ပိတ်ပင်ခြင်းမှ အပ ကျန် ပိတ်ဆို့မှုများအား ဆိုင်းငံ့ထားသင့်သည်ဟု ဒေးဗစ်ကင်မရွန်းက ဆိုသည်။

“လက်ရှိအချိန်နဲ့ (ဦးသိန်းစိန်အစိုးရသက်တမ်းကုန်ဆုံးမယ့်) ၂၀၁၅ ကြားထဲမှာ ခရီးဆက်ရမှာ အရှည်ကြီး ကျန်နေသေးတယ်။ ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ လုပ်စရာတွေ အများကြီး အများကြီး ကျန်နေပါသေးတယ်” ဟု ဒေးဗစ်ကင်မရွန်းက ပြောဆိုကြောင်း သူ၏ မြန်မာ ခရီးစဉ် အကြောင်း တိုက်ရိုက် ရေးသား တင်ဆက်လျက် ရှိသည့် The Guardian သတင်းစာ အင်တာနက်စာမျက်နှာတွင် ရေးထားသည်။

နိုင်ငံတကာကလည်း မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးအခြေအနေများနှင့် ပတ်သက်ပြီး တုံ့ပြန်ဆောင်ရွက်ရန် အချိန်ကောင်းဖြစ်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများကို တုန့်ဆိုင်းခြင်း မရှိဘဲ အားပေးထောက်ခံသင့်သည်ဟု မြန်မာပြည် မရောက်ခင်ကပင် ဒေးဗစ်ကင်မရွန်းက ပြောဆိုခဲ့ပြီး ဖြစ်သည်။

သူ၏ ခရီးစဉ်အတွင်းမှာပင် ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က ကြေညာချက် ထုတ်ပြန်ရာ မြန်မာအစိုးရ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ အားနည်းနေတာသည်ဟု ဆိုထားသည်။ ဒဏ်ခတ်ပိတ်ဆို့မှုများအား ရုပ်သိမ်းရန် အချိန်မတန်သေးကြောင်း တိုက်တွန်း ပြောကြားထားသည်။

သူ၏ မြန်မာပြည် အပါအ၀င် အာရှ ငါးနိုင်ငံခရီးစဉ်တွင် ကုန်သွယ် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ လိုက်ပါသွားကြောင်း သိရသည်။
နံနက် အစောပိုင်း နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။


Ref: မိုးမခ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်များ လွှတ်တော်တက်မယ့်ကိစ္စ အခက်အခဲကို ဖြေရှင်းနိုင်ရန် သက်ဆိုင်ရာများ ကြိုးပမ်း ဆောင်ရွက် နေ

NLD Flag



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော် အစည်းအဝေးများကို ဧပြီ ၂၃ ရက်နေ့မှ စတင် တက်ရောက်နိုင်ရန် မြန်မာအာဏာပိုင်များက ပြောကြားခဲ့သော်လည်း တကယ်တမ်း လွှတ်တော်အစည်းအဝေးများ တက်ရောက်တဲ့အခါမှာ ရွတ်ဆိုရမယ့် ကျမ်းသစ္စာနဲ့ ပတ်သက်ပြီး အခက်အခဲများ ရှိနေကြောင်း၊ ထိုကိစ္စနဲ့ ပတ်သက်ပြီး မကြာမီတွင် ပြေလည်သွားနိုင်ကြောင်း ထို ဖြစ်ရပ်များနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ယနေ့မြန်မာကို ၂၀၁၂ ဧပြီ ၁၃ ရက်နေ့ ဒေသစံတော်ချိန် နေ့လည်ပိုင်းတွင် ပြောကြားလိုက်ပါတယ်။
 
 ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ လွှတ်တော် အစည်းအဝေးကို တက်ရောက်ကြတဲ့အခါ ရွတ်ဆိုကြရမယ့် ကျမ်းသစ္စာထဲတွင် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပါမယ် လို့ ပါရှိနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များကတော့ ကာကွယ် စောင့်ရှောက်မယ်ဆိုတဲ့ စကားရပ်နေရာမှာ လေးစား လိုက်နာပါမယ်ဆိုတဲ့ စကားလုံးကို ပြောင်းလဲဖို့စေလိုကြတယ်လို့ သိရပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်မီကလည်း အာဏာပိုင်များဘက်က အလားတူ စကားလုံး အသုံးအနှုန်းတွေ ပြင်ဆင်ပေးခဲ့သလို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း တရားဝင် ထုတ်ဖော် ပြောကြားပေးခဲ့ပါတယ်။
 
 လွှတ်တော်အစည်းအဝေးတွင် ကျမ်းသစ္စာ ကျိန်ဆိုကြမယ့်ကိစ္စနဲ့ ပတ်သက်ပြီး “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခက်အခဲကို ကြပ်ပြေးနေပြည်တော်၌ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၂ ဧပြီ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီ တွေ့ဆုံခဲ့စဉ်က ဆွေးနွေးခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ထိုကိစ္စနဲ့ ပတ်သက်တဲ့ အကြံပြုမှုများကို မြန်မာအာဏာပိုင်များဆီ တင်ပြထားကြောင်း၊ ဒါ့ကြောင့် မကြာမီအချိန်အတွင်း ပြေလည်မှု ရနိုင်မယ်လို့ မျှော်လင့်ကြောင်း“ မြန်မာအစိုးရ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့နဲ့ နီးစပ်သူတဦးက ယနေ့မြန်မာကို ပြောပြပါတယ်။
 
 စောင့်ကြည့်လေ့လာသူ အသိုင်းအ၀ိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော် အစည်းအဝေးများကို တက်ရောက်ကာ တိုင်းပြည်အရေး ဆွေးနွေးနိုင်ကြဖို့ကို မြန်မာအာဏာပိုင်များနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အထူး မျှော်လင့်နေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အား မြန်မာအစိုးရအဖွဲ့အတွင်း ပါဝင် တာဝန် ထမ်းဆောင်စေလိုကြသလို လွှတ်တော်ကလည်း ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူ လုပ်ကိုင်မယ်ဆိုရင် ၀မ်းသာအားရ ကမ်းလင့်မယ့် လုပ်ငန်းတွေ ရှိနေကြောင်း၊ သို့သော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို အခန်းကဏ္ဍက ပါဝင် ဆောင်ရွက်မယ်ဆိုတာကတော့ ဘယ်သူမှ အတိအကျ မသိကြသေးကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။
 
 မြန်မာအစိုးရနဲ့ မြန်မာလွှတ်တော်အသိုင်းအ၀ိုင်းအတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အစည်းအဝေးများကို တက်ရောက်ပြီး မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အမြန်ဆုံး ပါဝင် ဆောင်ရွက်စေလိုတဲ့ ဆန္ဒတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ကြားသိနေရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ အခက်တွေ့နေတဲ့ ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စဟာ အမြန်ဆုံး ပြေလည်သွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ 
Ref: BurmaToday

လေပြင်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ လူနေအိမ် ရာ ချီ ပျက်စီး

ချင်းပြည်နယ် ထန်တလန် နှင့် တီးတိန်မြို့နယ်တွင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူနေ အိမ် နှင့် ကျောင်းဆောင် များ ရာနှင့်ချီ အပျက်အစီးရှိကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့ညက တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်းဒဏ်ကြောင့် ထန်တလန်မြို့နယ် ကျေးရွာပေါင်း ၅ ရွာတွင်  လူနေအိမ်ခြေ ၁၀၀ ခန့် အပျက်အစီးရှိခဲ့ကြောင်း ချင်းပြည်နယ်အတွက် လူမှုအကူအညီ များ ထောက်ပံ့ပေးနေသော Country Agency for Rural Development (CAD) ဒါရိုက်တာ ဂျိုဆက် ကုန် ဇ မှူန် ကပြောသည်။

“ ကျနော်တို့ရုံးစိုက်ရာ ထန်တလန်မြို့နယ်မှာက တရွာကို အိမ်ခြေ ၁၅ အိမ် နဲ့ ၂၀ ကြားမှာရှိတယ် အတော်လေးအပျက်အ စီးများတယ်’’ ဟုသူကပြောသည်။

လေပြင်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျေးရွာများမှာ CAD ရုံးခွဲစိုက်ရာ Hnaring ကျေးရွာ နှင့် Khuahrang, Fanthen, Hriangpi , Tisen ကျေးရွာတို့ဖြစ်ပြီး၊ Hnaring ကျေးရွာမှ ပျက်စီးသွားသော အိမ်များကို ရွာသားများက ပြန် လည်ဆောက်လုပ်ပေးကြပြီဟု ကိုဂျိုးဆက်ကပြောသည်။

“ရွာသားတွေက လိုအပ်တဲ့ သက်ကယ်၊ သစ် ၀ါးတွေ ခုတ်ပေးပြီးတော့  ပြန်ပြင်ပေးကြတယ် ယမန်နေ့ အထိတော့ နှာရိန်ရွာ မှာ သက်ကယ် အိမ်တွေတော့အကုန်လုံးပြန်ဆောက်ပြီးပြီ၊ တခြားဘာသာ ရေး အဆောက်အဦးတွေ၊ သွပ်မိုးအိမ်တွေ ကျတော့ ချက်ချင်းလုပ်လို့မရသေးဘူးတဲ့၊ ကျန်တဲ့ရွာတွေရဲ့ အခြေအနေ ကိုတော့ မသိဘူး’’ ဟုသူကပြောသည်။

လေပြင်းမုန်တိုင်းဒါဏ် ထိသည့်  ရွာသားများကို ကူညီရန် အလှူရှင်များထံ ပြောဆိုခဲ့သော်လည်း အလှူရှင် များက အကူအညီပေးရန် စိတ်ဆန္ဒမရှိကြကြောင်း CAD ဒါရိုက်တာကပြောသည်။

“ ကျနော်တို့အလှူရှင်တွေကို ဆက်သွယ်တဲ့ခါမှာ အဲဒီဟာကို အကူအညီပေးချင်တဲ့စိတ်ဆန္ဒ မတွေ့ ဘူး၊ ချင်းတောင် ဆိုတော့ သူတို့မသွားနိုင်တဲ့နေရာလည်းဖြစ်တယ်၊ နောက်ပြီးတော့ သူတို့ မဟာ ဗျူဟာမှာ ချင်းတောင်ဟာ မပါ ဘူးဆိုတဲ့ဟာတွေ ကျနော်တို့အလှူရှင်တွေမှာဖြစ်နေတဲ့အခါမှာ ဥပမာ အခုမတူပီမြို့ နယ်မှာလည်း Food Crisis ဖြစ်နေ တယ် ဒါပေမယ့် ကျနောတို့ရဲ့အလှူရှင်တွေက မကူညီချင်ကြဘူး၊ ၂၈ ကျေးရွာမှာ အကူအညီလိုအပ်နေတဲ့ မတူပီမြို့နယ် မှာတောင်မှ အလှူရှင်ရှာ လို့မတွေ့ဘူးဖြစ်နေတယ်’’ ဟု ပြောသည်။

အလားတူ ချင်းပြည်နယ်အထက်ပိုင်း တီးတိန်မြို့နယ်မှာလည်း ဧပြီလ ၆ ရက်နေ့က လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့်  အိမ်ခြေ ၃၀ ကျော် နှင့် စာသင်ကျောင်း ၅ ဆောင် သွပ်မိုးများ လေလွင့်ပျက်စီး ခဲ့သည်ဟု Tedim Youth Fellowship  ဥက္ကဌ ကိုနူမ်ရှမ်းသွမ်က ပြောသည်။

လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တီးတိန် နဲ့ ထန်တလန်မြို့နယ်မှာ လူအသေအပျောက်မရှိ သော်လည်း ဧပြီလဆန်း ပိုင်းက အိန္ဒိယ-မြန်မာနယ်စပ်တွင် တိုက်ခတ်ခဲ့သော လေပြင်းမုန်တိုင်း ကြောင့် ရိဒ်ခေါ်ဒါရ် မြို့နယ်ခွဲ၊ Liana ရွာသား ဦးပါကပ် အသက်(၄၀) သည် သစ်ပင်တပင် လဲသွားရာမှ သစ်ပင်ဖိ သေဆုံး ခဲ့သည်ဟု သိရသည်။

လေပြင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ချင်းခရစ်ယာန်ဘုရားကျောင်း ၃ ခုနှင့်လူနေအိမ် ၁၄၀ ခန့် ပျက်စီးခဲ့ကြောင်း Chinland guardian တွင်ဖေါ်ပြထားသည်။
Ref: Chin News Group

မြန်မာအပေါ် ဒဏ်ခတ်မှု ဗြိတိန် ရုပ်သိမ်းဖွယ်ရှိ

 ဗြိတိန်နိုင်ငံက မကြာခင်မှာပဲ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ထားမှုတွေကို လျှော့ပေါ့ပေးဖို့ ဖြစ်လာနိုင် တယ်လို့ မြန်မာနိုင်ငံကို သောကြာနေ့မှာ လာရောက်မယ့် ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း (David Cameron) က ပြောကြားလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲလုပ်ဆောင်နေမှုတွေအတွက် လျှင်လျှင်မြန်မြန်ပဲ တုံ့ပြန်ဖို့ ရှိနေပေမယ့် ဆုံးဖြတ်ချက် တစုံတရာ မချမှတ်ခင်မှာ မြန်မာနိုင်ငံက အပြောင်းအလဲတွေကို လက်တွေ့ ကြည့်ချင်သေးတယ်လို့ ဆိုပါတယ်။

မစ္စတာကင်မရွန်းဟာ သောကြာနေ့မှာ မြန်မာနိုင်ငံကို စတင်လာရောက်မှာဖြစ်ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိသလို ရန်ကုန်မှာလည်း ဧပြီလတစ်ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

လက်ရှိအစိုးရအနေနဲ့ နေရာအတော်များများမှာ NLD ပါတီ အနိုင်ရမယ်လို့ ခန့်မှန်းထားပေမယ့် အခုလို အပြတ်အသတ်နိုင်မယ်လို့တော့ မျှော်လင့်မထားဘူးလို့ ၀ါရှင်တန် ဒီစီကိုရောက်နေတဲ့ သမ္မတရဲ့အကြံပေး ဦးကိုကိုလှိုင်က ကြာသာပတေးနေ့ VOA မြန်မာပိုင်းရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ပါ တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့အတွင်း ပါဝင်မှုအခန်းကဏ္ဍကို မသိရသေးပေမယ့် သူ့မှာ ရွေးစရာလမ်းတွေ ရှိနေပြီး လွှတ်တော်အဖွဲ့ဝင်တဦးအနေနဲ့ သူ့အယူအဆတွေကို တင်ပြနိုင်တော့မှာ ဖြစ်တဲ့အပြင် အစိုးရအဖွဲ့ကို အကြံပေးနိုင်မယ့် အခွင့်အလမ်းတွေ ရလာတော့မှာ ဖြစ်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို တဖြည်းဖြည်း ဖြေလျှော့ပေး သွားဖို့လည်း သူတို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရက ပြီးခဲ့တဲ့ အပတ်ကပဲ ခရီးသွားကန့်သတ်ထားမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတချို့ အပါ အ၀င် မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ထားမှု တချို့ကို လျှော့ချပေးမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကတော့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး တွေ့နေရမယ်ဆိုရင် အရေးယူ ထားတာတွေကို လျှော့ပေးသင့်တယ် ဆိုတဲ့ သဘောမျိုး မြန်မာနိုင်ငံကို မလာခင် သွားရောက်တဲ့ မလေးရှားနိုင်ငံခရီးစဉ်အတွင်းမှာ ရည်ညွှန်းပြောဆိုခဲ့ပါတယ်။  ဥရောပသမဂ္ဂ ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး မပေးကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ဧပြီလ ၂၃ ရက် နေ့မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
Ref: VOA

Thursday 12 April 2012

“V&K နာနတ်သီးစက်ရုံ အလုပ်သမား တစ်သောင်းကျော် ဆန္ဒပြ”

20120412a 

ထိုင်းနိုင်ငံအနောက် မြောက်ပိုင်း ကန်ချနဘူရီခရိုင် ထာမကန်မြို့နယ်၊ ဆင်တော်ရပ်ကွက် တွင်ရှိသော V&K PINE APPLE CANNING Co, Ltd  နာနာသီး အလုပ်ရုံမှ သောင်းချီသည့် မြန်မာအလုပ်သမားများက ယနေ့ နံက်ပိုင်းတွင် ၎င်းတို့ အခွင့်အရေး ချိုးဖောက်ခံရမှုများအား တောင်းဆို ဆန္ဒပြခဲ့ကြသည်။
အခွင့်အရေး ချိုးဖောက်ခံနေရမှုများမှာ အလုပ်သမားတစ်ဦးစီ အလုပ်ဝင်သည့်အချိန်နှင့် အလုပ်ထွက်သည့် အချိန်စုစုပေါင်း နေ့စဉ် တစ်နာရီခန့် ခေါင်းပုံဖြတ်နေကြောင်း ဦးဆောင်သည့် အလုပ်သမား ကိုထွန်းထွန်းနိုင်က ပြောသည်။

“ကျနော်တို့ကို နေ့စားခ တစ်နေ့ (၂၅၂)ဘတ်၊ အချိန်ပို တစ်နာရီ (၄၇)ဘတ် ပေးမယ်လို့ ပြောထားပါတယ်။ ခုကကျနော်တို့ ယာယီပတ်စ်ပို့နဲ့ ဘတ်ရှိသူတွေကို တစ်နေ့ (၂၃၀)ဘတ် ပေးတယ်။ ဘတ်မရှိသူတွေကို တစ်နေ့ (၂၂၀)ဘတ် ပေးမယ်။ အချိန်ပို တစ်နာရီကို ဘတ် (၃၀)ပေးမယ်လို့ ပြောင်းပြီးတော့ စာကပ်လာတယ်။  ဒါကြောင့် ကျနော်တို့ ဆန္ဒပြကြတာဖြစ်တယ်”ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ တရားဝင် သတ်မှတ်ထားသော အလုပ်ပိတ်ရက်များတွင် ခိုင်းစေပါက နေ့တွက် ၂ ဆစီ ပေးမည်ဟု ပြောထားသော်လည်း  အကြောင်းအမျိုးမျိုးပြ၍ မပေးပဲနေကြောင်း အလုပ်သမားများက ပြောသည်။

နံနက် ခြောက်နာရီကျော်ခန့် ကတည်းက စက်ရုံရှေ့တွင် အော်ဟစ် ဆန္ဒပြခဲ့ကြသော သောင်းချီသည့် မြန်မာ အလုပ်သမားများအား နယ်မြေခံရဲ (၂၀)ကျော်ခန့်တို့ ရောက်ရှိလာခဲ့ကြပြီး အလုပ်ရုံ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ကြပြီး မူလ သတ်မှတ်ထားသည့် လုပ်အားခအတိုင်း ပေးချေမည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိခဲ့သဖြင့် ဆန္ဒပြပွဲအား နံနက် (၉)နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။

အလုပ်သမားများအား မနိုင်မနင်းဖြစ်အောင် အော်ဟစ်ကြိမ်းမောင်း ခိုင်းစေလေ့ရှိကြောင်းလည်း အလုပ်သမားများက ပြောသည်။ ဤစက်ရုံတွင် ယခုကဲ့သို့ ခေါင်းပုံဖြတ်မှုများရှိသဖြင့် ဆန္ဒပြမှုများ မကြာမကြာ ပေါ်ပေါက်ခဲ့ဖူးသည်။ ထို့နောက် ဦးဆောင် ဦးရွက်ပြုသူတို့အား နယ်မြေခံရဲများနှင့် ဖမ်းဆီးချုပ်နှောင်ပြီး နယ်စပ်သို့ပြန်လည် ပို့ဆောင်ခြင်း၊ အလုပ် ထုတ်ပယ်ခြင်းများ ဖြစ်ခဲ့ဖူးသည်။

ထို့အပြင် ဤအလုပ်ရုံသည် ဘုရားသုံးဆူ နယ်စပ်နှင့် နီးသဖြင့် လူကုန်ကူးသူများက တရားမ၀င် အလုပ်သမားများအား ပိတ်လှောင် ခိုင်းစေလေ့ရှိသဖြင့် များမကြာမီက လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က ၀င်ရောက်ဖမ်းဆီး ခဲ့ဖူးသည့် အလုပ်ရုံ ဖြစ်သည်။

Ref: GHR

နယ်စပ်ဖြတ်ကျော် အကူအညီများ ဆက်လက် ပံ့ပိုးသင့်

နိုင်ငံတကာ အလှူရှင်များအနေနှင့် ပြည်တွင်းထဲသို့ ပံ့ပိုးကူညီမူများ တိုးမြှင့်ပြုလုပ်နေချိန်တွင် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မူများကို လျှော့ချ၊ ဖြတ်တောက်ခြင်းများအပေါ် စိုးရိမ်သည်ဟု နယ်စပ်ဒေသတလျှောက် လှုပ်ရှားနေသည့် လူမူကူညီရေးအဖွဲ့ ၃၆ ဖွဲ့က ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည်စခန်းတခုမှ ကရင်တိုင်းရင်းသား ကလေးငယ်များ (ဓာတ်ပုံ - Reuters)

ကရင်ပြည်နယ်အတွင်း နယ်လှည့် ဆေးကုပေးနေသည့် ကျောပိုးအိတ်အဖွဲ့မှ ကိုမန်းမန်းက “အထူးသဖြင့် နော်ဝေအစိုးရက ချမှတ်ပေးတဲ့ အကူအညီတွေပေါ့။ လက်ရှိငြိမ်းချမ်းရေး ရန်ပုံငွေကိုပဲ ဦးစားပေးပြီး နယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ဖြတ်တောက်မယ်လို့ သိနေရတယ်။ ကျနော်တို့အဖွဲ့ ရန်ပုံငွေ တချို့လည်း ရပ်သွားတာမျိုးရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးချိန်မှ စ၍ နိုင်ငံတကာအလှူရှင်များက ပံ့ပိုးမူများ လျှော့ချမည်ဟု သတင်းထွက်ပေါ်ခဲ့ကြောင်း၊ ထို့နောက် သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံရေးပါတီများနှင့် ပတ်သက်ပြီး ဖြေလျှော့ပေးခြင်းများ ပြုလုပ်ပြီးနောက်ပိုင်းတွင် နယ်စပ်ဒေသများအတွက် နိုင်ငံတကာ အကူအညီများ စတင်လျှော့ချလာခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ပြုလုပ်ပြီးသည့်နောက်တွင် လျှော့ချမူများ ပိုမိုသိသာလာသည်ဟု ဆိုသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲများသည် အပေါ်ယံသာဖြစ်ပြီး တိုင်းရင်းသားဒေသများသို့ သက်ရောက်မှု မရှိသေးသဖြင့် အမှန်တကယ် ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်ကြောင်း တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးအဖွဲ့မှ ကိုစိုင်းခေးဆိုင်က ဆိုသည်။

“ကျနော်တို့ စာရင်းကောက်ထားတာ နဂိုရှိပြီးသား ဒုက္ခသည်တွေအပြင် အခုလတ်တလော တိုက်ပွဲတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် ထပ်ပြေးလာတဲ့လူတွေ ရှိနေတုန်းပဲခင်ဗျ။ အရေးကြီးတဲ့အချိန်မှာ အလှူတွေကို ချက်ချင်းဖြတ်ပစ်လိုက်ရင်တော့ အဲဒီလူတွေ တော်တော်ဒုက္ခရောက်နိုင်ပါတယ်” ဟု ကိုစိုင်းခေးဆိုင်က ပြောသည်။

အလှူရှင်များအနေဖြင့် တဖက်ကို ပံ့ပိုးပေးသည့် ရန်ပုံငွေများကို ရပ်တန့်လိုက်ပြီး အခြားတဖက်သို့ ပေါင်းပေးလိုက်ခြင်းဖြင့် နယ်စပ်ဒေသမှ အဖွဲ့များနှင့် ပြည်တွင်းမှ အဖွဲ့များ၏ ပူးပေါင်းလုပ်ကိုင်နိုင်စွမ်းကိုလည်း အကန့်အသတ် ဖြစ်စေနိုင်ကြောင်း ကိုမန်းမန်းက ပြောသည်။

“ရန်ပုံငွေကို တဖက်တည်း ဇောင်းပေးမယ့်အစား တဖွဲ့နဲ့တဖွဲ့ ပူးပေါင်းလုပ်နိုင်မယ့်လမ်းတွေကို ရှာစေချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ကြေညာချက် ထုတ်ပြန်ရာတွင် ပါဝင်ခဲ့သည့် အဖွဲ့အများစုသည် ပြည်တွင်း တိုင်းရင်းသားဒေသများတွင် အဓိကလုပ်ကိုင်ခြင်းဖြစ်ပြီး နယ်စပ်ဒေသများတွင်လည်း ဆက်ဆံရေးရုံး ထားရှိကြကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည် ၁ သိန်းခွဲကျော်ရှိသည်။

လက်ရှိ ကချင်ပြည်နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် နေရပ်စွန့်ခွာပြေးရသူ ၆၅၀၀၀ အထိ ရှိနေပြီး ယင်းဒုက္ခသည်များမှာ ပြည်တွင်း၊ ပြည်ပမှ ထိရောက်သည့် အကူအညီများ မရရှိကြဘဲ ဖြစ်နေဆဲဟု သိရှိရသည်။

Ref: ဧရာဝတီ

ဗိုလ်ချုပ် အောင်ဆန်းကို အကြည်ညိုဆုံးဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြော

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ အကြည်ညိုဆုံးပုဂ္ဂိုလ်မှာ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ် အောင်ဆန်းသာဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က ထုတ်ဖော် ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ဆေးမှင်ထိုးထားသူတဦး (ဓာတ်ပုံ - Reuters)

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင်ဖြစ်သော်လည်း ယူနီဖောင်းသုံးစုံသာရှိကြောင်း၊ သက်တမ်းတိုတောင်းသော်လည်း တိုင်းပြည်အတွက် အလုပ်များစွာလုပ်သွားကြောင်း၊ ထိုသို့ခေါင်းဆောင်မျိုး ရှားပါးကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ထုတ်ဖော်ချီးကျူးခဲ့သည်ဟု ဦးခင်အောင်မြင့်က ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်။

“မှန်တဲ့သစ္စာစကားပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကျနော့်ကို လုပ်ငန်းကိစ္စပြောရင်း တခါပြောဖူးတယ်၊ ဟေ့ … ဒီနိုင်ငံမှာ အကြည်ညိုဆုံးက ဗိုလ်ချုပ် အောင်ဆန်းပဲရှိတယ်၊ ဒီလို ခေါင်းဆောင်မျိုးရှာကြည့် လုံးဝမရှိဘူး” ဟု ပြောဆိုကြောင်း ဦးခင်အောင်မြင့်က ပြောသည်။

ဦးသန်းရွှေသည် ယမန်နှစ် မတ်လက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူခဲ့သည်။ ယခုအခါ ကျန်းမာရေးဆိုးရွား နေကြောင်း၊ သို့သော် တပ်မတော်အပေါ်တွင်လည်း ဆက်လက်ပြီး သြဇာလွှမ်းမိုးနေသေးကြောင်းလည်း သတင်းများလည်း ထွက်ပေါ်နေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမ္မတဦးသိန်းစိန်အား အာဏာလွှဲပြောင်းပေးစဉ်က“ငါခင်းပေးသော လမ်းကြောင်းအတိုင်း မင်းတို့ အချင်းချင်း ညှိနှိုင်းပြီးလုပ်ကြ။ ဒါပေမယ့် ငါနဲ့ ကိုအေးတို့ရဲ့ မိသားစုကိုတော့ လာပြီးမထိနဲ့” ဟု ပြောဆိုဖူးကြောင်း တပ်မတော် ထောက်လှမ်းဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ် အဆိုအရ သိရသည်။

ယခုရက်ပိုင်းက ဘန်ကောက်ပို့စ် သတင်းစာပါ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒီပဲယင်း အကြမ်းဖက်မှုအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်ခဲ့ရသည်ဆိုသော ပြောဆိုမှုသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ထိခိုက်နိုင်ပြီး နိုင်ငံရေးတွင် ပြန်လည် စွက်ဖက်လာမည်ကို နေပြည်တော် အစိုးရအဖွဲ့ဝင်များအကြား စိုးရိမ်နေကြကြောင်း သိရှိရသည်။

လက်ရှိတပ်မတော်အတွင်း ဗိုလ်ချုပ် အောင်ဆန်းအပေါ် ကြည်ညိုသော စိတ်ဓာတ်များ ဆက်၍ရှိမရှိ ဧရာဝတီက မေးမြန်းရာ  မိမိအနေဖြင့်ဖြင့် မခန့်မှန်းနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တပ်မတော်နှင့် ကင်းကွာခဲ့သည်မှာ ၆ နှစ်ခန့်ရှိပြီး မျိုးဆက်လည်း ကွာဟသွားပြီဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောသည်။
ထို့အပြင် ဦးခင်အောင်မြင့်က မိမိသည်လည်း ဗိုလ်ချုပ်အောင်ဆန်းကို ဖခင်ကဲ့သို့ သဘောထားပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင်လည်း မောင်နှမရင်းချာကဲ့သို့ လေးစားသဘော ထားကြောင်း ဆက်လက်ပြောသည်။

“ငယ်ငယ်လေးကတည်းက အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်တို့နဲ့ ကြီးလာတာပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ဆောင်းပါး အကုန်ဖတ်တယ်၊ အကုန်သိမ်းထားတယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ၎င်းအနေဖြင့် တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးတာဝန် ထမ်းဆောင်စဉ်က တပ်တပ်မတော်သားများ မျိုးချစ်စိတ်ဓာတ်ရှင်သန်စေရန် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ဟောပြောကြောင်းလည်း ပြောသည်။

မြန်မာတပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်ဝင်များသည် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၈၈ ခုနှစ် တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကသို့ ၀င်ရောက်လာသောအခါတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ပတ်သက်သည့် အခမ်းအနားများ၊ စာအုပ်စာပေများကို တင်းကျပ်စွာစိစစ် တားမြစ်ခဲ့သည့်အပြင် တပ်မတော်ဖခင်ဆိုသည့် အခန်းကဏ္ဍကိုပါ မှေးမှိန်စေခဲ့သည်။

အစိုးရ ရုံးဌာနများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို ဖြုတ်ပယ်ခြင်း၊ ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်၏ ပုံများကို တဖြည်းဖြည်းဖယ်ရှားခြင်းများ စစ်အစိုးရလက်ထက်တွင် လုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း လွတ်မြောက်လာခဲ့သည့် နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်အား ၀တ်ဆင်မှုကြောင့် ထောင်တွင်းတရားရုံးတွင် တရားစွဲဆိုခြင်း ခံခဲ့ရသေးသည်။

ယခုအခါ ဗိုလ်ချုပ် အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်အင်္ကျီများကို လူထုက လွတ်လပ်စွာ ဝတ်ဆင်နေကြပြီး ရုပ်ပုံကားချပ်များ၊ ပိုစတာများကိုလည်း လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း၊ လူငယ်တချို့က ဗိုလ်ချုပ်ပုံ ဆေးမှင်များ ထိုးနှံမှုလည်း ခေတ်စားနေကြောင်းလည်း သိရှိရသည်။

ဆက်စပ်သည့် အင်တာဗျူး

ရုပ်သံကြည့်ရှုရန်





Ref: ဧရာဝတီ

မြောက်ကိုရီးယား အာကာသဒုံးပျံ လောင်စာဖြည့်ပြီ

မကြာခင်ပစ်လွှတ်တော့မယ့် ဒုံးပျံထဲကို လောင်စာဆီတွေ စပြီး ဖြည့်နေပြီလို့ မြောက်ကိုရီးယား အရာရှိတွေက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။ ဒါဟာ ဒုံးပျံကို မဖြစ်မနေ ပစ်လွှတ်မယ် ဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ မြောက်ကိုရီးယားရဲ့ ဒီလုပ်ဆောင်ချက်ဟာ အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား တင်းမာမှုတွေကို ပိုပြီး တိုးလာစေပါတယ်။

မြောက်ကိုရီးယား အာကာသဌာန အကြီးအကဲ ပစ်ချန်ဟိုး (Paek Chang Ho) က နိုင်ငံတကာက သတင်းထောက်တွေကို ဗုဒ္ဓဟူးနေ့က ခေါ်ယူတွေ့ဆုံပြီး အဲဒီသတင်းထောက်တွေကို သူစကားပြောနေတဲ့အချိန်မှာ ဒုံးပျံထဲ လောင်စာတွေထည့်တယ်လို့ ပြောကြားလိုက်တာပါ။

အဲဒီနိုင်ငံတကာ သတင်းထောက်တွေဟာ ဒုံးပျံပစ်လွှတ်မယ့်နေရာကို တနင်္ဂနွေနေ့က သွားရောက် ကြည့်ရှုခဲ့ကြပြီး အဲဒီ ဒုံးပျံ ပစ်လွှတ်ဖို့ ကြိုတင် ပြင်ဆင်နေတာတွေကို တိုက်ရိုက် ပြသခဲ့တာပါ။ ရာသီဥတု အခြေအနေပေါ် မူတည်ပြီး ကြာသာပတေးနေ့ကနေ တနင်္လာနေ့အကြား တချိန်ချိန်မှာ လွှတ်တင်မယ့် အဲဒီ ဒုံးပျံမှာ မိုးလေဝသ ဂြိုဟ်တု တပ်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ပစ်ချန်ဟိုးက ပြောပါတယ်။

ဗွီဒီယိုထဲမှာတော့ ဒုံးပျံထိပ်မှာ တာပေါ်လင်နဲ့ အုပ်ထားတဲ့အရာတစ်ခုကို ပြသထားပေမယ့် ဒီ အရာဝတ္ထုဟာ ဆက်သွယ်ရေး ဂြိုဟ်တု ဟုတ်မဟုတ်ကိုတော့ အတည်ပြုလို့ မရနိုင်ဘဲ ဖြစ်နေပါသေးတယ်။
Ref: VOA

ဆူနာမီ သတိပေးချက် မြန်မာအလုပ်သမားများကို ရိုက်ခတ်

ထိုင်းနိုင်ငံ တောင်ပိုင်း ပင်လယ်ကမ်းခြေနှင့် ထိစပ်လျက်ရှိသော ရနောင်းမြို့တွင် ယနေ့မွန်းလွဲပိုင်းက အရေးပေါ် ဆူနာမီ သတိပေးချက် ထုတ်ပြန်လိုက်သဖြင့် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ရန် ရောက်ရှိနေသည့် ထောင်နှင့်ချီသော မြန်မာ အလုပ်သမားများ အခက်အခဲ ဒုက္ခ ဖြစ်ကြရကြောင်း သတင်းရရှိသည်။
ဆူနာမီ သတိပေးချက်ကြောင့် ပြေးလွှားနေကြသည့် မြန်မာ နိုင်ငံသားများ (ဓာတ်ပုံ - ဧရာဝတီ)

ရနောင်းမြို့ ပေါက်ခေါင်းရပ်ကွက် ယာယီနိုင်ငံကူးလက်မှတ်ရုံးတွင် မြန်မာအလုပ်သမားများက နေထိုင်ခွင့် သက်တမ်း တိုးမြှင့်ခြင်း လုပ်ကိုင်နေစဉ် ဖြစ်သည်ဟု ရနောင်းဒေသခံများက ပြောသည်။

“ဆူနာမီ သတိပေးချက်ကြေညာလိုက်တော့ အဲဒီရုံးမှာရှိတဲ့ ထိုင်း-မြန်မာ အစိုးရ ဝန်ထမ်းတွေက ဆက်လုပ်မပေးတော့ဘဲ ရုံးပိတ်ပြီးပြေးသွားတယ်။ အလုပ်သမားတွေက ဘယ်သွားလို့ ဘာလုပ်ရမလဲ မသိဘူး။ ရေတက်လာမယ်ဆိုတော့ သူတို့လဲ မြို့ထဲလမ်း တွေမှာ ခြေဦးတည့်ရာသွားကြတာပဲ”ဟု ရနောင်း မြို့တွင်နေထိုင်သူ ကိုထိုက်ထိုက် က ဧရာဝတီသို့ပြောသည်။

သက်တမ်းတိုးရန်ရောက်ရှိလာကြသော မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံတွင်း အနယ်နယ်အရပ်ရပ်၌ ပန်းရံ၊ စားသောက် ဆိုင်၊ အိမ်အကူလုပ်ငန်း၊ ခြံလုပ်ငန်း၊ ဈေးရောင်းခြင်းလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းများတွင် လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးမြှင့်ကြခြင်းဖြစ်သည် ဟု အလုပ်သမားများက ပြောသည်။

အဆိုပါ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးရေးရုံးတွင် ထိုင်းအစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်းများနှင့် မြန်မာအစိုးရ ပြည် ထဲရေးဌာန လက်အောက်ဝန်ထမ်းများ က တာဝန်ယူလုပ်ကိုင်ပေးနေခြင်းဖြစ်ပြီး ဆူနာမီသတိပေးချက်ထုတ်ပြန်ချိန်တွင် ရုံးပိတ် ကာ ပြန်သွားကြသဖြင့် အလုပ်သမားအများစုက သက်တမ်းတိုးမြှင့်ခြင်းရှေ့ဆက်လုပ်ဆောင်ရမည့် အစီအစဉ်ကို မသိရှိဘဲ ဖြစ်နေ သည်။

“ဒီကိုတကူးတက လာရတာ။ စာအုပ် နေထိုင်ခွင့်သက်တမ်းက မနက်ဖြန်ဆိုကုန်ပြီ ဘာဆက်လုပ်ရမယ်ဆိုတာလဲ မသိဘူး။ ဒီည လည်း ဘယ်မှာတည်းခိုရမလဲ မသိဘူး။ ထိုင်းရောမြန်မာအစိုးရရောက သူတို့ပဲ လွတ်အောင်ပြေးသွားတာ အခုဘာဆက်လုပ် ရ မလဲမသိဘူး၊ လမ်းဘေးမှာပဲ ထိုင်စောင့်ရတော့မယ်”ဟု အလုပ်သမ တဦးက ပြောသည်။

အလုပ်သမားတချို့က ဆူနာမီသတိပေးချက်ကြောင့် စိုးရိမ်စိတ်ဖြင့် စာအုပ်သက်တမ်းတိုးမြှင့်ခြင်းမပြုတော့ဘဲ လာရင်းနေရပ်များသို့ ပြန်သွားခဲ့ကြပြီးအများစုမှာ ရနောင်းမြို့ပေါ်လမ်းမကြီးများဘေးနှင့် နားခိုနိုင်မည့်နေရာများကိုရှာဖွေနေကြောင်း မြို့ခံများကပြော သည်။

“မြို့ထဲလမ်းမကြီးပေါ်မှာ မြန်မာတွေချည်းပဲ လမ်းလျှောက်သွားနေကြတာ၊ တချို့ကလည်း ကလေးတွဲလောင်းနဲ့ ပြေးလွှား ကြရင်းနဲ့ ယာဉ်တိုက်မှုတွေပါဖြစ်ကုန်တယ်လေ။ ဒီအချိန်က အစိုးရတွေကလည်း ဘာအာမခံချက်မှမရှိဘူး”ဟု ကိုထိုက်ထိုက် က ပြောသည်။

မြို့ခံထိုင်းလူမျိုးများက အသင့်အနေအထားဖြင့် ထိုင်းအစိုးရက ထပ်မံ ထုတ်လွှင့်မည့် ဆူနာမီသတိပေးချက် အခြေအနေများကို သတိဖြင့် စောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။ ဆူနာမီစောင့်ကြည့်ရေးဌာနများ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း မရှိတော့ဟု သိရသည်။

ဆူနာမီစောင့်ကြည့်ရေး ဗဟိုဌာနများ၏ ယနေ့ ထုတ်ပြန်ချက်အရ မြန်မာစံတော်ချိန် ၃ နာရီခန့်က အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြား ကျွန်း၏ အနောက်တောင်ဘက် ၂၆၈ မိုင်အကွာ ပင်လယ်အောက် မြေပြင်တွင် အင်အား ရစ်ခ်ျစ်တာစကေး ၈.၉ ရှိ အင်အားပြင်း ရေအောက်ငလျင် လှုပ်ခတ်ခဲ့ကြောင်းကြေညာအပြီး ထိုင်း-မြန်မာ ကမ်းရိုးတန်းဒေသများကို ဆူနာမီလှိုင်းများ ရောက်ရှိလာနိုင် ကြောင်း သက်ဆိုင်ရာအစိုးရတွေက ထုတ်ပြန်ကြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလကလည်း ရစ်ခ်ျစ်တာစကေး ၉.၀ အဆင့်ရှိ ရေအောက်ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်းများဖြစ်ပေါ်ကာ ထိုင်းနိုင်ငံကမ်းရိုးတန်းဒေသတချို့တွင် လူအသေပျောက်များခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသား အလုပ်သမား အများစု လည်းပါဝင်ပြီး သေဆုံးမှုများရှိကြောင်း၊ ပိုင်ရှင်မရှိသဖြင့် ပြည်ပရောက် လူထုအခြေပြု အဖွဲ့များက သွားရောက်ရှာဖွေ သင်္ဂြိုဟ် ပေးခဲ့ရသည်။

Ref: ဧရာဝတီ

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ ဆန္ဒပြ

RFA
၂၀၁၁ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ မြန်မာရွေ့ပြောင်းအလုပ်သမား မှတ်ပုံတင်ကိစ္စကို ဆောင်ရွက်ပေးနေသည့် ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ဌာနတခုတွင် အလုပ်သမားမှတ်ပုံတင် စာရင်းသွင်းနေသော မြန်မာရွေ့ပြောင်းအလုပ်သမားတဦး။

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ထမကာမြို့နယ်မှာရှိတဲ့ Vita food နာနတ်သီးစက်ရုံမှာ မြန်မာအလုပ်သမား ၆၀၀ ခန့်က လုပ်အားခ အပြည့်အဝရရှိရေးအတွက် ဒီကနေ့မနက် ဆန္ဒပြကြရာ တောင်းဆိုတဲ့ လုပ်အားခကို အလုပ်ရှင်ကပေးမယ်လို့ သဘောတူညီလိုက်တဲ့အတွက် ဆန္ဒပြပွဲ ပြီးဆုံးသွားတယ်လို့ သိရပါတယ်၊
မြန်မာပြည်သား ရွှေ့ပြောင်းအလုပ်သမား ဦးရေ ၄၀၀၀ လောက်ရှိတဲ့ ဒီစက်ရုံမှာ တစ်နေ့လုပ်အားခ ၂၃၀ ဘတ်ပဲ ဆက်လက်ပေးနေတာကို ထိုင်းနိုင်ငံက ခရိုင်အလိုက် သတ်မှတ်ထားတဲ့ ၂၅၂ ဘတ်ရရှိဖို့ မြန်မာအလုပ်သမားတွေက ဆန္ဒပြ တောင်းဆိုကြတာပါလို့ အဆိုပါစက်ရုံက လေ့လာစောင့်ကြည့်သူ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“မနက် ၆ နာရီလောက်ကစတယ်။ ပြီးသွားတဲ့အချိန်ကတော့ ၈ နာရီခွဲ ၉ နာရီခွဲ ပြီးသွားတယ်။ အတိအကျတော့ ပြောမရဘူးပေါ့။ လူဦးရေများတယ်။ အစိုးရ ရဲတပ်ဖွဲ့လာတာပေါ့။ သူတို့ဘာမှမရှုပ်ဘူး။ ကျွန်တော်တို့ ဒီလစာတိုးတဲ့အချိန်မှာလေ။ ဒီမှတ်ပုံတင်ရှိတဲ့သူတွေက အကုန်လုံး ၂၅၂ ဘတ် မဟုတ်လား။ သူတို့က အဲလိုသတ်မှတ်ထားပြီးတော့ ၂၃၀ ပဲပေးတော့ အဲလိုမျိုး ဖြစ်သွားတဲ့ကိစ္စပဲ။ ဘယ်သူကဦးဆောင် ဦးရွက်တယ် မရှိဘူးပေါ့။ အကုန်လုံး သဘောတူညီချက်အရ ကျွန်တော်တို့ ဖြစ်သွားတဲ့ကိစ္စ"
ဒီလိုတောင်းဆိုတဲ့အတွက် အလုပ်ရှင်က တရားဝင် အထောက်အထားရှိသူတွေကို သတ်မှတ်နှုန်းထား အတိုင်းပေးပြီး ကျန်သူတွေကိုတော့ ၂၃၀ ဘတ်ပဲပေးမယ်လို့ ပြောတယ်လို့ ဆိုပါတယ်။

အဲဒီ စက်ရုံမှာ အလုပ်သမားတွေကို လုပ်ငန်းရှင်သူဌေးက တိုက်ရိုက်ငှားတာတင်မကပဲ စက်ရုံမှ အလုပ်ကြပ်များကိုလည်း အလုပ်သမားရှာဖွေ ငှားရမ်းစေပြီး အဆိုပါ အလုပ်သမားတွေကို အလုပ်ကြပ်များက လခတိုးမပေးတဲ့အတွက် လုပ်ငန်းရှင်က တိုက်ရိုက်ငှားရမ်းတဲ့ အလုပ်သမားနဲ့ အလုပ်ကြပ်တွေက တစ်ဆင့်ခံငှားရမ်းတဲ့ အလုပ်သမားတွေကြား လုပ်အားခ ကွာဟရာက အခုလိုဆန္ဒပြမှု ဖြစ်ပွားခဲ့တာလို့ စက်ရုံက အလုပ်ကြီးကြပ်သူတွေနဲ့ နီးစပ်သူ ကိုကျော်က အခုလိုပြောပါတယ်။

“လစာတိုးဖို့အတွက်ကို အလုပ်သမားတွေက တောင်းတော့ အခုဟာက သူဌေးနဲ့ မဆိုင်ဘူး။ သူဌေးဆီက တစ်ဆင့်ခံ ပြန်ယူတဲ့ ရှမ်းဝဏ္ဍပေါ့နော်။ အလုပ်ကို ပုတ်ပြတ်ယူတဲ့ ရှမ်းတွေကနေပြီးတော့ အဲဒီအလုပ်သမား ပြန်ငှားတာကို အဲဒီ အလုပ်သမားကြေးကို အဲဒီသူဌေးတွေက တိုးမပေးတာ”
Vita food နာနတ်သီးစက်ရုံကို ၁၉၈၉ ခုနှစ်ကတည်း စတင်လည်ပတ်ခဲ့ပြီး နှစ်စဉ် သစ်သီးဗူး ၆ သန်းခန့် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
Ref: RFA

Wednesday 11 April 2012

တရုတ်များက ရေအားလျှပ်စစ်ကို အကြောင်းပြပြီး လေးမြို့မြစ်တွင် ရွှေတူးရန်စီစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်ရှိ ပိုးဖြူကျွန်းတွင် ရေအားလျှပ်စစ် တည်ဆောက်မည်ဟု အကြောင်းပြကာ ရွှေတူးရန် တရုတ်နိုင်ငံသားများ စီစဉ်နေကြောင်း သတင်း ရရှိသည်။

လေးမြို့မြစ်၏ သာယာဖွယ် ရှု့ခင်းအလှ
လေးမြို့မြစ်၏ သာယာဖွယ် ရှု့ခင်းအလှ

ပိုးဖြူကျွန်း ရေအားလျှပ်စစ် စီမံကိန်း အတွက် ရောက်ရှိလာသော တရုတ်နိုင်ငံမှ ပစ္စည်းများမှာ များသောအားဖြင့် ရွှေတူးရာတွင် အသုံးပြုသော ပစ္စည်းများ ဖြစ်သည်ဟု မြောက်ဦးသို့ ကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့သူ စစ်တွေမှ လူငယ် တစ်ဦးက ပြောသည်။

" အခု ကျွန်တော်တို့ ကြားရတာက ပိုးဖြူကျွန်းမှာ တရုတ်တွေ ရွှေတူးမယ်လို့ ကြားရပါတယ်။ အခု တရုတ်တွေ ယူလာတဲ့ ပစ္စည်းတွေကလည်း ရွှေတူးရာမှာ အသုံးပြုတဲ့ စက်ကရိယာတွေ၊ ပိုက်လုံး တွေနဲ့ ပလစတစ် ခြင်းတောင်းတွေ ဖြစ်နေတယ်။ ဒါကြောင့် တရုတ်တွေ လေးမြို့မြစ် ရေးအား လျှပ် စစ်ကို အကြောင်းပြပြီး ရွှေတူးဖို့ လုပ်နေတယ်ဆိုပြီး ဒေသခံတွေက သံသယ ဖြစ်နေကြပါတယ်" ဟု သူက ပြောသည်။

တရုတ်များများ ရွှေတူးမည်ဟု သတင်း ဖြစ်နေသော ပိုးဖြူကျွန်းမှာလေးမြို့မြစ်တွင် တည်ရှိပြီး ရှေးခေတ်ကတည်းက ရွှေထွက်ကြောင်း သိရသည်။

ပိုးဖြူကျွန်းတွင် ရှေးယခင်ကတည်းက ရွှေထွက်ခဲ့သော မှတ်တမ်း ရှိသဖြင့် ရခိုင်သမိုင်းတွင် ထင်ရှားသည့် ကျွန်းတခုဖြစ်ကြောင်း ရှေ့ဟောင်းယဉ်ကျေးမှူး သုတေသန လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးကျော်ထွန်း အောင်က ယခုကဲ့သို့ပြောသည်။

" ပိုးဖြူကျွန်းဆိုတာ ရခိုင်သမိုင်း လေးမြို့ခေတ်မှာ နန်းကျကြီးဘုရင်လက်ထက်က ထင်ရှားတဲ့ နေရာ တခုပါ။ အဲဒီခေတ်က စိတ္တနာရဒ ညီနောင် ပုံပြင် တစ်ခုရှိတယ်။ အဲဒီ ညီနှောင် နှစ်ဦးရဲ့အမေက ပိုးဖြူ အဖေအမည်က မောင်ညို ဖြစ်တယ်။ သူတို့ညီနောင်နှစ်ဦး အရွယ်ရောက်လာတဲ့ခါ ရသေ့တပါးဆီက ရုပ်ပြောင်း ပညာတွေကို သင်ပြီး နန်းတွင်းမှာ ဆိုးသွမ်းခဲ့တယ်။ အဲဒီလို ဆိုးသွမ်းတဲ့အတွက် ဘုရင်း မင်းထီး လက်ထက်ကတည်းက ထုတ်ခဲ့တဲ့ သားသမီး မကောင်း မိဘ၊ တပည့်မကောင်းဆရာဆိုတဲ့ ဥပေအတိုင်း သူတို့ ညီနောင်ကို အပြစ်ပေးတဲ့အနေနဲ့ အဖေဖြစ် တဲ့ မောင်ညိုကို တကျွန်းပို့ခဲ့တယ်။ မိခင်ဖြစ်တဲ့ ပိုးဖြူကိုလည်း တစ်ကျွန်းပို့ခဲ့တယ်။ အခုထက်ထိ အဖေဖြစ်သူကို ပို့တဲ့ မောင်ညိုကျွန်းနဲ့ အမေဖြစ်သူကို ပို့ခဲ့တဲ့ ပိုးဖြူးကျွန်းကို မြင်တွေ့နိုင်ပါတယ်။ ပိုးဖြူကျွန်းက ရှေးခေတ်ကတည်းက ရွှေထွက်တဲ့ နေရာ ဖြစ်ပါတယ်" ဟု ပြောသည်။

ရွှေတူးဖော်ရန် စက်များမြောက်ဦးတွင်ရောက်ရှိနေပြီ ဖြစ်ကြောင်း မြောက်ဦးမြို့ ခံတဦးက ယခုကဲ့သို့ ပြောသည်။

"ဟုတ်ပါတယ်။ စက်ကြိယာတွေက အများကြီး ရောက်နေပါတယ်။ ရေအားလျှပ်စစ်အတွက် အသုံးပြုမယ့် စက်တွေထက် ဆန်းပြားတဲ့ စက်တွေပါ တယ်။ ဘယ်လို စက်အမျိုးစားတွေဆိုတာတော့ ကျွန်တော်တို့လည်း မသိဘူး။ အခုတော့ အဲဒီစက်တွေကို သျှစ်သောင်းဘုရားအနီးက ကွင်းမှာ ခြံခတ်ပြီး အဲဒီစက်တွေကို ထိန်းသိမ်း ထားတာတွေ့ရပါတယ်။ သူတို့ ရောက်နေတာ တလခန့် ရှိနေပြီဖြစ်ပါတယ်" ဟု ပြောသည်။

ယခုကဲ့သို့ လေးမြို့မြစ်တွင် ရွှေတူးဖော်သည်ဖြစ်စေ ရေအားလျှပ်စစ်တည်ဆောက်သည်ဖြစ်စေ စီမံကိန်း တခု ခုပြုလုပ်ပါက သဘာဝပတ်ဝန်းကျင်ကို များစွာ ထိခိုက်နိုင်ပြီး ဒေသခံ ပြည်သူများ ကိုလည်း ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ကြောင်း မြောက်ဦးမြို့မှ လူငယ်တဦး က ယခုကဲ့သို့ပြောသည်။

"တကယ်လို့ မြစ်ထဲမှာ စီမံကိန်းတခုခုလုပ်မယ်ဆိုရင်။ ကမ်းပါးပြိုတာတွေဖြစ်လာမယ်၊ နောက်ပြီး မြစ်တ လျှောက်မှာရှိတဲ့ ဥယာဉ်ခြံမြေတွေ ပျက်စီးသွားမယ်။ ငါးမျိုးတွေ ပျောက်ကွယ်သွားမယ်။ လေးမြို့မြစ်တလျှောက် မှာ ဒေသခံတွေက ဥယာဉ်ခြံမြေအလုပ်ကို အဓိကထားစိုက်ပျိုးကြတဲ့အတွက် အဲဒီခြံမြေတွေလည်း ပျက်စီးသွား နိုင်ပါတယ်။"

ယခု ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မည့် လေးမြို့မြစ် တလျှောက်တွင် ကျေးရွာပေါင်း ၆၀ ကျော်ရှိပြီး ဒေသခံများ အနေဖြင့် စိုက်ပျိုးရေးနှင့် သောက်ရေ သုံးရေ အတွက် လေးမြို့ မြစ်ရေကိုသာ အဓိက အားကိုးနေကြရသည်။

လေးမြို့မြစ်မှာ ရခိုင်ပြည်နယ်ရှိ မြစ်ကြီးလေးမြစ်ထဲတွင် တစ်ခု အပါအ၀င်ဖြစ်ပြီး သဘာဝရှုခင်းများမှာ သာယာလှ ပပြီး နိုင်ငံခြား ဧည့်သည်များကို ဆွဲဆောင်နိုင်သဖြင့် လွန်ခဲ့သည့် ခရီးသွားနှစ်တွင် နိုင်ငံခြားသား ကမ္ဘာ့လှည့် ခရီး သည် အများအပြား လာရောက် လည်ပတ်ခဲ့ကြသည်ဟု သိရသည်။
 
Ref: ရွှေဟင်္သာ

လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေး သမ္မတနှင့် ဒေါ်စုတွေ့ဆုံ

ချင်းမိုင်(မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းတို့ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံး ဧည့်ခန်းမတွင် တနာရီကျော်ကြာတွေ့ဆုံဆွေးနွေးခဲ့သည်ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောသည်။

အဆိုပါတွေ့ဆုံမှုမှာ ဗုဒ္ဓဟူးနေ့ နံနက် ၁၁ နာရီမှ ၁၂ နာရီခွဲထိ တနာရီခွဲ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့တို့ လွှတ်တော်အတွင်း မည်သို့ ပူးပေါင်း
ဆောင်ရွက်မည့်အစီအစဉ်များကို သွားရောက် ဆွေးနွေးရန် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်ဟု 
 ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောသည်။
Suu-Kyi-meeting-with-President-Thein-Sein
သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်အတွက် တည်းခိုရာဟိုတယ်မှ ထွက်ခွါလာသော ဒေါ်အောင်ဆန်းစုကြည်အား ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။ (Photo::AFP)
“အကြမ်းမျဉ်းပဲ သိတယ်။ NLD အနေနဲ့ လွှတ်တော်ထဲဝင်တဲ့အခါမှာ လွှတ်တော်ထဲမှာ အဆင်ပြေပြေနဲ့ နိုင်ငံတော် သမ္မတ၏ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ဘာတွေ လုပ်နိုင်မလဲ၊ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးကြဖို့ တွေ့တာပါ။ အဲတော့ အဲဒါတွေပဲ ဆွေးနွေးမှာပါ”ဟု မဇ္စျိမကို ပြောသည်။ ပါတီအတွင်း ကြိုတင် ဆွေးနွေးညှိနှိုင်းခဲ့သဖြင့် ယင်းကိစ္စ များသာ ဆွေးနွေးမည်ဟု သူက ဆိုသည်။

NLD ပါတီမှာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ကိုယ်စားလှယ်များ အနေဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်အသီးသီးသို့ တက်ရောက်ရမည် ဖြစ်သည်။

ယခုတွေ့ဆုံမှုသည် အလွန်အရေးကြီးသည့် တွေ့ဆုံမှုဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးကိစ္စအပြင် ပါလီမန်ရေးရာ ကိစ္စများလည်း ဆွေးနွေးဖွယ်ရှိကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းအား ကိုးကား၍ CBC သတင်းဌာန အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

သြစတြေးလျ အသံလွှင့်ဌာန ABC ကမူ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမှုအတွင်း ဆွေးနွေးသည့် အသေးစိတ် အကြောင်းအရာများဖော်ထုတ်ပြောဆိုခြင်း မရှိသေးသော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအစိုးရတွင်း ဝန်ကြီးရာထူး လက်ခံ ရယူလိမ့်မည် မဟုတ်ဘဲ အကြံပေးအဆင့်နေရာကိုမူ လက်ခံ စဉ်းစားနိုင်ဖွယ်ရှိကြောင်း ထုတ်ဖော် ပြောကြား ဖူးသည်ဟု မှတ်ချက်ပေး ရေးသားထားသည်။

ယခုနေပြည်တော် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးခွန်သာမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဒေါက်တာ တင်မာအောင်တို့ လိုက်ပါသွားခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဇနီးဒေါ်ခင်ခင်ဝင်းတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အား နေ့လည်စာ တည်ခင်း ဧည့်ခံခဲ့ သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၂ နာရီ ၄ဝ တွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်
 ရောက်ရှိလာခဲ့သည်။

၂ဝ၁၁ ခုနှစ် သြဂုတ်လတွင်းက ပထမဆုံးအကြိမ်အဖြစ် သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ဖူးသော်လည်း ထိုစဉ်က NLD ပါတီမှာ တည်ဆဲဥပဒေ ပြင်ပတွင် ရှိနေခဲ့သည်။

ဦးခင်ညွန့်အကြောင်း ဘန်ကောက်ပို့စ် ဖော်ပြချက် မှားယွင်းဟု ဆို

၂၀၀၃ ခုနှစ် ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်ကြီး ခင်ညွှန့် ဦးဆောင်သော ထောက်လှမ်းရေး အဖွဲ့က ကယ်ဆယ် လိုက်သည်ဆိုသောဘန်ကောက်ပို့စ် သတင်းစာပါ ဖော်ပြချက်မှာ မမှန်ကန်ကြောင်း ရဲသတင်းတပ်ဖွဲ့နှင့် ဦးခင်ညွန့်၏ တပည့်တို့က ငြင်းဆိုလိုက်သည်။

ဦးခင်ညွန့်အကြောင်း ဆောင်းပါးပါ ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာ

ရန်ကုန်မြို့ရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံး အဆောက်အအုံတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယ သတင်းတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ တပည့်တဦးဖြစ်သူ ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်တို့က အထက်ပါအတိုင်း ငြင်းဆိုခြင်းဖြစ်သည်။

“ဘန်ကောက်ပို့စ်မှာ ထောက်လှမ်းရေးတပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို ဒီပဲယင်းအရေးအခင်းမှာ ကယ်လိုက်တယ် ဆိုတာမျိုးပါလာတော့ ကျနော်ကိုယ်တိုင် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို သွားမေးပါတယ်။ ဦးခင်ညွန့်က သင်္ကန်းစည်းနေတာနဲ့ တိုက်ဆိုင်တော့ ကျနော်လည်း အဲဒီကိစ္စကို အကျိုးအကြောင်း လျှောက်ထားပြီး မေးကြည့်တယ်။ ဦးခင်ညွန့်က သူဘယ်တုန်းကမှ ပြည်ပမီဒီယာတွေကို မဖြေပါဘူး၊ အဲဒီကိစ္စ မဟုတ်ပါဘူးလို့ ပြောတယ်” ဟု ရဲမှူးကြီး ၀င်းနိုင်ထွန်းက သတင်းထောက်များကို ပြောသည်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တွင် စည်းရုံးရေးခရီးထွက်နေသော ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ကို အာဏာပိုင်များက ၀ိုင်းဝန်းရိုက်နှက်ခဲ့ပြီး လူအများအပြား သေကြေဒဏ်ရာရရှိခဲ့သော်လည်း ယခုအချိန်အထိ အာဏာပိုင်များက အဖြစ်မှန်ကို ဖော်ထုတ်ခြင်းမရှိသေးပေ။

ဘန်ကောက်ပို့စ် သတင်းစာ ဆောင်းပါးပါ အချက်အလက်များကြောင့် ယခုကဲ့သို့ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး အတွက် ညီညွတ်မှု ရှိနေချိန်တွင် အနှောင့်အယှက်ဖြစ်နိုင်ကြောင်း ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ဆိုသည်။

၎င်းကပင် ဦးခင်ညွန့်သည် ပြည်ပမီဒီယာများကို အင်တာဗျူးဖြေကြားမည် မဟုတ်ဘဲ ပြည်တွင်း သတင်းမီဒီယာများကိုသာ တိုင်းကျိုးပြည်ပြု ပြောဆိုမည်ဟု ပြောဆိုထားပြီးဖြစ်ကြောင်း၊ ဘန်ကောက်ပို့စ် သတင်းစာပါ ရေးသားချက်များမှာ ကနေဒါနိုင်ငံမှ ဦးမြင့်ရွှေဆိုသူက လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နှင့် အွန်လိုင်းအယ်ဒီတာ ၀ဏ္ဏတို့၏ အကူအညီဖြင့် ဦးခင်ညွှန့်ကို တွေ့ဆုံခွင့်တောင်းခဲ့ကြောင်း၊ ယင်းသို့တောင်းခံရာတွင် သာမန်လူကြီးတဦးကို ဂါဝရ ပြုလိုပါသည်ဟု ပြောဆိုပြီး သတင်းထောက်တဦးအနေနှင့် တွေ့ဆုံခြင်း မဟုတ်ကြောင်း၊ ထို့အပြင် တွေ့ဆုံခြင်းနှင့် ပတ်သက်ပြီး သတင်းနှင့် ဆောင်းပါး ရေးသားမည်ဆိုပါက ဦးခင်ညွန့်၏ ခွင့်ပြုချက်ရယူရန် သဘောတူညီခဲ့ကြောင်း၊ သို့သော် ခွင့်ပြုချက်မယူဘဲ ဘန်ကောက်ပို့စ်တွင် မြင့်ရွှေအမည်ဖြင့် ဆောင်းပါးတပုဒ်နှင့် သတင်းတပုဒ်ကို ရေးသားခဲ့ကြောင်း ပြောသည်။

“ဦးခင်ညွန့်နဲ့ မြင့်ရွှေတို့က ၁ နာရီနဲ့ ၅၅ မိနစ်တွေ့ခဲ့ကြတယ်။ တွေ့တုန်းက မပြောတဲ့ဟာတွေကို ထည့်ရေးတယ်။ အဲဒီတော့ မြင့်ရွှေက သဘောတူညီချက်ကို ချိုးဖောက်ပြီး ကာယကံရှင်ရဲ့ ခွင့်ပြုချက် မယူဘဲ ဘန်ကောက်ပို့စ်မှာ ရေးတယ်။ နောက်ထပ်လည်း အဲဒီလို ထပ်ပြီး ထင်ယောင်ထင်မှားဖြစ်စေ နိုင်တာတွေရှိလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တွေ့ခဲ့ကြတာ ၁ နာရီနဲ့ ၅၅ မိနစ်ရှိတယ်။ အခု ဘန်ကောက်ပို့စ်မှာ ပါသွားတဲ့အကြောင်းအရာတွေက A 4 စာရွက်နဲ့ သုံးမျက်နှာ၊ အသံဖိုင်နဲ့ဆို နာရီဝက် စာလောက်ပဲရှိသေးတယ်” ဟု ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ဆိုသည်။
ရဲမှူးကြီး ၀င်းနိုင်ထွန်းနှင့် ဗိုလ်မှူးဟောင်း ၀င်းမောင်မောင် (ဓာတ်ပုံ - ဧရာဝတီ)

ဦးခင်ညွန့်အနေနှင့် မည်သည့် ပြည်ပမီဒီယာကိုမျှ သတင်းပြောဆို ဖြေကြားခြင်း ပြုလုပ်မည် မဟုတ်ကြောင်း၊ ဘန်ကောက်ပို့စ် သတင်းစာသို့ ကန့်ကွက်ရန် ရှိ မရှိလည်း မိမိမသိကြောင်း၊ မိမိသည် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်း မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယနေ့သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ မီဒီယာအများအပြား တက်ရောက်သတင်းယူခဲ့ကြသည်။
“၁ နာရီ ၅၅ မိနစ် အင်တာဗျူးခံပြီး ဟိုဘက် သတင်းရေးတော့မှ ဒီသတင်းစာရှင်းလင်းပွဲ ထလုပ်တာ။ သူတို့ဘက်က ဘာတွေပြောခဲ့ကြသလဲ ဆိုတာကို တိတိကျကျ ထုတ်ဖော်မပြောဘူး။ အသံဖိုင်လည်း မပေးဘူး။ ဒါပေမယ့် ဘန်ကောက်ပို့စ်က သတင်းက မှားပါတယ်ပဲ အတင်းငြင်းတယ်။ သတင်းမီဒီယာတွေကို ခေါ်တွေ့တာကလည်း ဘန်ကောက်ပို့စ်က မှားပါတယ်ဆိုတာကို ရေးစေချင်လို့ ခေါ်တွေ့တဲ့ပုံစံပဲ။ ဘာမှ အသေးစိတ်အချက်အလက် သက်သေအထောက်အထား ပေးတာမျိုးမရှိဘူး” ဟု ပြည်တွင်းသတင်းထောက် တဦးက ပြောသည်။

ပြည်တွင်း သတင်းအယ်ဒီတာတဦးကမူ ဦးခင်ညွန့်၏ ပြောကြားချက်ကြောင့် နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်များအကြား ဂယက်ရိုက်မှု အကြီးအကျယ်ဖြစ်ပေါ်ခဲ့ပြီး အကြမ်းဖက်မှုတွင် ပတ်သက်ခဲ့သူများက ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကို တားဆီးရန် သမ္မတနှင့် အစိုးရအဖွဲ့ကို ဖိအားပေးခဲ့သည်ဟု ကြားသိရကြောင်း ဆိုသည်။

နေပြည်တော်မှ သတင်းများအရမူ ယခုကိစ္စတွင် ဒီပဲယင်း အကြမ်းဖက်မှုကဲ့သို့သော ကိစ္စများ ပါဝင်လာသဖြင့် အငြိမ်းစားယူပြီဆိုသော ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ ပါဝင်စွက်ဖက်မှုများရှိကြောင်း စုံစမ်းသိရှိရသည်။

၁၉၈၈ ခုနှစ်မှစတင်၍ စစ်အစိုးရနှင့် တပ်မတော်မှ ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခြစားမှုများကို ယခုကဲ့သို့သော အသွင်ကူးပြောင်းရေးကာလတွင် ရေးသားဖော်ပြရန် မဖြစ်နိုင်ကြောင်း အစိုးရထိပ်ပိုင်း အရာရှိကြီးက ဧရာဝတီသို့ ပြောသည်။

သတင်းထောက်တဦးက “အချိန်အကြာကြီး ပြောခဲ့တဲ့အထဲမှာ သေချာပေါက် အတွင်းရေးတွေပါမှာပဲ။ ဖြေပြီးတော့မှ ပြန်ပိတ်ချင်လို့ ဒီလိုလုပ်တယ်လို့ပဲ ယူဆတယ်။ တကယ်တမ်း အရေးကြီးဆုံးက မီဒီယာတွေက မျှမျှတတ ဆုံးဖြတ်ရေးရမှာရယ်၊ သေသေချာချာ သက်သေအထောက်အထား ရှာရေးသင့်တယ်။ မဟုတ်ရင်တော့ သတင်းမီဒီယာက ပြည်ထဲရေးက ရေးစေချင်တာကို ရေးပေးရမလို၊ ပြည်ထဲရေးအာဘော်ဖြစ်သွားမှာ” ဟု ပြောသည်။

ယခု ရုတ်တရက် စီစဉ်ကျင်းပသော သတင်းစာရှင်းလင်းပွဲသည် ယခင် စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့သော တဖက်သတ်ဆန်သည့် သတင်းစာရှင်းလင်းပွဲကဲ့သို့ပင် ဝါဒဖြန့်ချိရေး ဆန်နေသည်ဟု ပြည်တွင်းပြည်ပ မီဒီယာသမားများက သုံးသပ်သည်။

ဘန်ကောက်ပို့စ် သတင်းစာသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့က ဦးခင်ညွန့်နှင့် အမှန်တကယ် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့သည့်အပြင် သတင်းရေးသားသူ ကိုမြင့်ရွှေ ကိုယ်တိုင် ဦးခင်ညွန့်နှင့်အတူတွဲ၍ ဓာတ်ပုံ ရိုက်ခဲ့သေးကြောင်း ဧရာဝတီသို့ အခိုင်အမာ ပြောဆိုသည်။
သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်းမှာပင် Facebook လူမှုကွန်ရက် ပေါ်၌ ဦးခင်ညွန့်နှင့် ကိုမြင့်ရွှေတို့ အတူတွဲရိုက်ထားသည့် ဓာတ်ပုံလည်း ထွက်ပေါ်လာခဲ့သည်။

Ref: ဧရာဝတီ

အဆိုတော်အချို့ သင်္ကြန်မဏ္ဍပ်များတွင် သီဆိုရန်ချုပ်ဆိုထားသော စာချုပ်များ ဖျက်သိမ်းခံရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီအစိုးရနှင့် သက်ဆိုင်ခြင်းမရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ရှင်းလင်း

1111a
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ

လာမည့် သင်္ကြန်တွင် နေပြည်တော်နှင့် ရန်ကုန်ရှိ မဏ္ဍပ်အချို့၌ ဖျော်ဖြေရန် စာချုပ်ချုပ်ဆိုထားသော အဆိုတော်နှင့် သရုပ်ဆောင်အချို့ စာချုပ်ဖျက်သိမ်းခံရခြင်းမှာ မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၁၁ ရက်နေ့ ည ၇နာရီတွင် ပြည်သူ့လွှတ်တော် အဆောက်အအုံရှိ ၀န်ကြီးချုပ် အစည်းအဝေးခန်းမတွင် ပြောကြားခဲ့သည်။
"အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ အဆိုတော်နှင့် သရုပ်ဆောင်အချို့ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ 

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးခဲ့လို့ အခုလို ဖျော်ဖြေခွင့် ပိတ်ပင်ခံရတယ်ဆိုတာကလည်း လုံးဝမဟုတ်ပါဘူး။ ဒီအဆိုတော်နဲ့ သရုပ်ဆောင်တွေ အနေနဲ့ သဘောတူညီမှုရပြီးမှ စာချုပ် ဖျက်လိုက်တဲ့ ကုမ္ပဏီ အမည်ကိုသာ ပြောမယ်ဆိုရင် သဘောတူညီခွင့် ပြန်ရအောင်  ကျွန်တော်ကိုယ်တိုင် မေတ္တာရပ်ခံပေးပါ့မယ်။" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။ 

တစ်နာရီခန့် ကြာမြင့်ခဲ့သော အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီး အစိုးရအပြင် ပြည်ထောင်စု အစိုးရအနေဖြင့်လည်း အနုပညာရှင်များ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင် စည်းရုံးလှုံ့ဆော်ခဲ့မှုနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အပြစ်ပေးအရေးယူရန် ညွှန်ကြားခဲ့ခြင်း မရှိဟု အတိအလင်း ငြင်းဆိုသွားခဲ့သည်။ တိုင်းဒေသကြီး ၀န်ကြီးချုပ်က ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းကြောင့် မိမိတို့ တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စုအစိုးရအပေါ် အထင်အမြင် လွဲမှားစေနိုင်သဖြင့် ယခုကဲ့သို့ ရှင်းလင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သက်ဆိုင်ရ ကုမ္ပဏီများထံ လူမှုရေးအရ မေတ္တာရပ်ခံပေးလိုသည်ဟု ပြောကြားခဲ့သည်။ 

Ref: EMG

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်း ပင်လယ်ပြင်ကိုဗဟိုပြု၍ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခုဖြစ်ပေါ် ဆူနာမီသက်ရောက်နိုင်ခြေရှိသည့်အတွက် မြန်မာအပါအ၀င် နိုင်ငံအချို့၌ သတိပေးချက်များထုတ်ပြန်ခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ဖြစ်ပွားခဲ့ကာ အဆိုပါ ငလျင်ကြောင့် ဆူနာမီ သက်ရောက်နိုင်ခြေရှိသည့်အတွက် မြန်မာအပါအ၀င် နိုင်ငံအချို့၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်ဘက် မိုင် ၁၀၀၀ ခန့်အကွာ မြန်မာနိုင်ငံပြင်ပ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ဘက် ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၈ ဒသမ ၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သော ငလျင်ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ငလျင်၏ သက်ရောက်မှုများကို မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံ ခဲ့ရပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးစသည်တို့၌ သိရှိခံစားခဲ့ရသည်ဟု သိရှိရသည်။
အဆိုပါ ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၈ ဒသမ ၇ ထက် ကျော်လွန်သော ရေအောက်ငလျင် ဖြစ်သည့်အတွက် ဆူနာမီရေလှိုင်းများ သက်ရောက်နိုင်ခြေရှိ၍ ဆူနာမီ သတိပေးချက်များကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့တွင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
''ဆူနာမီသတိပေးချက်တွေကို  ကမ်းရိုးတန်းဒေသတွေမှာ ပြုလုပ်ထားပါတယ်။ ဆူနာမီဖြစ်ခဲ့ရင် ဆူနာမီလှိုင်းတွေက အခုသတင်း ထုတ်ပြန်တဲ့အချိန်ကနေ နောက်နှစ်နာရီ အတွင်းမှာ ရောက်ရှိနိုင်ပါတယ်။ ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အ စည်းတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ သတင်းထုတ်ပြန်ထားတာပါ''ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ပြောကြားခဲ့သည်။
လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ သြစတြေးလျ၊ မြန်မာ၊ ထိုင်း၊ မော် လ်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆို မာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလား ဒေ့ရှ်၊ ကင်ညာ၊ တောင်အာဖရိကနှင့် စင်ကာပူတို့သည် ဆူနာမီသက် ရောက်မှုများဖြစ်နိုင်ကြောင်း ဟာဝိုင်ရီအခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးရေးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပတ်ဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်နိုင်ခြေမှာ နည်းပါးကြောင်း ညနေ ၆ နာရီ ၀န်းကျင်တွင် ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အက်ဒမန်ကမ်းခြေသို့မူ ဆူနာမီလှိုင်း အသေးစားတစ်ခု ရိုက်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှု များအရ သိရှိရသည်။
မြန်မာနိုင်ငံတွင် ကမ်းခြေဒေသများ၌ ဆူနာမီသတိပေးချက်များ ပြုလုပ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေအချို့တွင် သင်္ကြန်ပိတ်ရက်၌ သွားရောက်လည်ပတ်နေကြသော ခရီးသွားများ ကမ်းခြေမှ ပြန်လည်ထွက်ခွာမှုများလည်း ရှိခဲ့သည်။
''ကမ်းခြေမှာ ဆူနာမီသတိပေးချက် ထုတ်ထားတယ်။ ရေထဲကို မဆင်းခိုင်းတော့ဘူး။ တချို့လည်း ပြန်နေကြပြီ''ဟု ချောင်းသာကမ်းခြေမှ ပြန်ရန်ပြင်ဆင်နေသော ခရီးသွားတစ်ဦးက ညနေ ၅ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူနာမီနှင့် ပတ်သက်၍ သတိပေးချက်များ လိုက်လံကြေညာခဲ့ကာ စစ်တွေ ကမ်းရိုးတန်းတစ်လျောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ကမ်းနီးငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောပြခဲ့သည်။
''ငပလီကမ်းခြေမှာတော့ ည ၇ နာရီအထိ လာရောက်လည်ပတ်သူတွေနဲ့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဆူနာမီနဲ့ ပတ်သက်လို့တော့ ထူးခြားမှုမရှိပါဘူး'' ဟု ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရောက် ခရီးသွားတစ်ဦးက ပြောပါသည်။
၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လှုပ်ခတ်ခဲ့သော ဆူမားတြားငလျင်သည် အင်အားရစ်ခ်ျတာ စကေး ၉ အဆင့်ရှိ ရေအောက်ငလျင်တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံပေါင်းကိုးနိုင်ငံကို ထိခိုက်ခဲ့ရာ လူနှစ်သိန်းသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။
''မြန်မာနိုင်ငံမှာ အဲဒီတုန်းက ကော့သောင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ထိခိုက်ခဲ့တယ်။ လူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ လှိုင်းရောက်ဖို့ကြာချိန် သုံးနာရီခွဲလောက်ရှိတယ်။ ဆူနာမီရေလှိုင်းအမြင့်က ၁၁ ပေလောက်ရှိ ခဲ့တယ်''ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။
၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖြစ်ပေါ်သော ငလျင်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများသို့ ဆူနာမီသက်ရောက်နိုင်ခြေမရှိတော့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၆ နာရီ ၃၆ မိနစ် တွင် ပြောကြားခဲ့သည်။
ဆူနာမီနှင့် ပတ်သက်သော သတိပေးချက်ကို နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။
tsunami
ငလျင် လှုပ်ခတ်ခဲ့သော နေရာနှင့် ကမ်းခြေများကို တွေ့ရစဉ် Photo: CNN



အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ပိုင်း ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ဖြစ်ပွားခဲ့ကာ အဆိုပါ ငလျင်ကြောင့် ဆူနာမီ သက်ရောက်နိုင်ခြေရှိသည့်အတွက် မြန်မာအပါအ၀င် နိုင်ငံအချို့၌ ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၂ မိနစ်တွင် ကမ္ဘာအေးမြေငလျင် စခန်းမှ တောင်ဘက် မိုင် ၁၀၀၀ ခန့်အကွာ မြန်မာနိုင်ငံပြင်ပ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်း မြောက်ဘက် ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၈ ဒသမ ၇ အဆင့်ရှိ အင်အားအလွန် ပြင်းထန်သော ငလျင်ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။  

ငလျင်၏ သက်ရောက်မှုများကို မြန်မာနိုင်ငံတွင်လည်း တွေ့ကြုံ ခဲ့ရပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးစသည်တို့၌ သိရှိခံစားခဲ့ရသည်ဟု သိရှိရသည်။  
အဆိုပါ ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၈ ဒသမ ၇ ထက် ကျော်လွန်သော ရေအောက်ငလျင် ဖြစ်သည့်အတွက် ဆူနာမီရေလှိုင်းများ သက်ရောက်နိုင်ခြေရှိ၍ ဆူနာမီ သတိပေးချက်များကို မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံအချို့တွင် သတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။
''ဆူနာမီသတိပေးချက်တွေကို  ကမ်းရိုးတန်းဒေသတွေမှာ ပြုလုပ်ထားပါတယ်။ ဆူနာမီဖြစ်ခဲ့ရင် ဆူနာမီလှိုင်းတွေက အခုသတင်း ထုတ်ပြန်တဲ့အချိန်ကနေ နောက်နှစ်နာရီ အတွင်းမှာ ရောက်ရှိနိုင်ပါတယ်။ ဆူနာမီ သဘာဝဘေးဆိုင်ရာ အဖွဲ့အ စည်းတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ သတင်းထုတ်ပြန်ထားတာပါ''ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် ပြောကြားခဲ့သည်။ 

လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ၊ သြစတြေးလျ၊ မြန်မာ၊ ထိုင်း၊ မော် လ်ဒိုက်၊ မလေးရှား၊ ပါကစ္စတန်၊ ဆို မာလီယား၊ အိုမန်၊ အီရန်၊ ဘင်္ဂလား ဒေ့ရှ်၊ ကင်ညာ၊ တောင်အာဖရိကနှင့် စင်ကာပူတို့သည် ဆူနာမီသက် ရောက်မှုများဖြစ်နိုင်ကြောင်း ဟာဝိုင်ရီအခြေစိုက် ပစိဖိတ်ဆူနာမီ သတိပေးရေးဌာနမှ သတင်းထုတ်ပြန်ခဲ့ သည်။

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြား ကျွန်းပတ်ဝန်းကျင်တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီဖြစ်ပေါ်နိုင်ခြေမှာ နည်းပါးကြောင်း ညနေ ၆ နာရီ ၀န်းကျင်တွင် ဗြိတိန်ဘူမိဗေဒလေ့လာရေးအဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ အက်ဒမန်ကမ်းခြေသို့မူ ဆူနာမီလှိုင်း အသေးစားတစ်ခု ရိုက်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်မှု များအရ သိရှိရသည်။ 

မြန်မာနိုင်ငံတွင် ကမ်းခြေဒေသများ၌ ဆူနာမီသတိပေးချက်များ ပြုလုပ်ခဲ့ကာ ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေအချို့တွင် သင်္ကြန်ပိတ်ရက်၌ သွားရောက်လည်ပတ်နေကြသော ခရီးသွားများ ကမ်းခြေမှ ပြန်လည်ထွက်ခွာမှုများလည်း ရှိခဲ့သည်။

''ကမ်းခြေမှာ ဆူနာမီသတိပေးချက် ထုတ်ထားတယ်။ ရေထဲကို မဆင်းခိုင်းတော့ဘူး။ တချို့လည်း ပြန်နေကြပြီ''ဟု ချောင်းသာကမ်းခြေမှ ပြန်ရန်ပြင်ဆင်နေသော ခရီးသွားတစ်ဦးက ညနေ ၅ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။ 

ထို့အတူ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူနာမီနှင့် ပတ်သက်၍ သတိပေးချက်များ လိုက်လံကြေညာခဲ့ကာ စစ်တွေ ကမ်းရိုးတန်းတစ်လျောက်တွင် ကမ်းဝေးငါးဖမ်းလှေများ ပြန်လည်ဝင်ရောက်လျက်ရှိပြီး ကမ်းနီးငါးဖမ်းလှေများမှာ ၀င်ရောက်လာခြင်း မရှိသေးကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောပြခဲ့သည်။

''ငပလီကမ်းခြေမှာတော့ ည ၇ နာရီအထိ လာရောက်လည်ပတ်သူတွေနဲ့ အေးအေးချမ်းချမ်း ရှိနေပါတယ်။ ဆူနာမီနဲ့ ပတ်သက်လို့တော့ ထူးခြားမှုမရှိပါဘူး'' ဟု ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေရောက် ခရီးသွားတစ်ဦးက ပြောပါသည်။   ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့က လှုပ်ခတ်ခဲ့သော ဆူမားတြားငလျင်သည် အင်အားရစ်ခ်ျတာ စကေး ၉ အဆင့်ရှိ ရေအောက်ငလျင်တစ်ခုဖြစ်ခဲ့ပြီး နိုင်ငံပေါင်းကိုးနိုင်ငံကို ထိခိုက်ခဲ့ရာ လူနှစ်သိန်းသုံးသောင်းကျော် အသက်ဆုံးရှုံးခဲ့ရသည်။ 

''မြန်မာနိုင်ငံမှာ အဲဒီတုန်းက ကော့သောင်း၊ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ ထိခိုက်ခဲ့တယ်။ လူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ လှိုင်းရောက်ဖို့ကြာချိန် သုံးနာရီခွဲလောက်ရှိတယ်။ ဆူနာမီရေလှိုင်းအမြင့်က ၁၁ ပေလောက်ရှိ ခဲ့တယ်''ဟု Myanmar Climate Change Watch မှ ဒေါက်တာ ထွန်းလွင်က ပြောကြားသည်။ 

၂၀၁၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ဖြစ်ပေါ်သော ငလျင်ကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများသို့ ဆူနာမီသက်ရောက်နိုင်ခြေမရှိတော့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ညနေ ၆ နာရီ ၃၆ မိနစ် တွင် ပြောကြားခဲ့သည်။ 

ဆူနာမီနှင့် ပတ်သက်သော သတိပေးချက်ကို နိုင်ငံပိုင်ရုပ်သံများမှ တစ်ဆင့် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ပြန်လည် ရုပ်သိမ်းခဲ့သည်။

Ref: EMG

မြန်မာနိုင်ငံရှိကမ်းခြေများတွင် ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီ

ယနေ့ညနေ လှူပ်ခတ်ခဲ့သည့် အင်ဒိုနီးရှား ငလျင်ကြောင့် မြန်မာနိုင်ငံရှိကမ်းခြေများတွင်
ဆူနာမီကာကွယ်ရန်ပြင်ဆင်မှူများ ပြုလုပ်နေပြီဖြစ်ကြောင်း သက်ဆိုင်ရာကမ်းခြေများမှ စုံစမ်းသိရှိရသည်။

ချောင်းသာကမ်းခြေတွင်ရောက်ရှိနေ
သည့် ဧည့်သည်များအား ငလျင်လှုပ်ခတ်အပြီးတွင် သက်ဆိုင်ရာဟိုတယ်များ အလိုက် သတိပေးချက်ထုတ်ပြန်မှုကြောင့် ယခုအချိန်တွင် ကမ်းခြေမှာရှင်းလင်းသွား ပြီး ပင်လယ်အတွင် ရောက်ရှိနေသည့် စက်လှေများလည်း ကမ်းခြေသို့ပြန်လည်ဆိုက်ကပ်ထားကြကြောင်း ချောင်းသာ ဟိုတယ်များမှ စုံစမ်းသိရှိရသည်။

"၃နာရီလောက်မှာ ငလျင်လှူပ်တော့ CNN မှာသတိပေးချက်တွေ့တာနဲ့အကုန်လုံးကမ်းပေါ်ပြန်တက်ကြဖို့ခေါ်တယ်။ တစ်ချို့ဧည့်သည်တွေကတော့ မယုံကြဘူး" ဟု ချောင်းသာကမ်းခြေ bell resort ဧည့်ကြိုကောင်တာမှတာဝန်ကျ ၀န်ထမ်းတစ်ဦးကပြောသည်။

အလားတူ ငပလီကမ်းခြေတွင်လည်း ညနေ ၃ နာရီအချိန်ခန့်က ပင်လယ်ဘက်မှမီးတောက်အချို့ထွက်ပေါ်လာသည်ကိုမြင်တွေ့ရသဖြင့် ယင်းကမ်းခြေမှ ဟိုတယ်များအားလုံး ပိတ်ထားကြပြီး ဧည့်သည်များအား အရေးပေါ်ရွှေ့ပြောင်းရန် စီစဉ်လျက်ရှိကြောင်း ငပလီ ဟိုတယ်ဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

" ခု Amazing ဟိုတယ်ကတော့သူတို့ဟိုတယ်က ဧည့်သည် ၉၂ ယောက်ကို ရွှေ့ဖို့ ချက်ချင်းလုပ်နေကြတယ်။ တခြားဟိုတယ်တွေကိုလည်းသက်ဆိုင်ရာက သတိပေးနေတယ်" ဟုငပလီကမ်းခြေသို့ဆက်သွယ်မေးမြန်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
ဟိုတယ်တွေအားလုံးတော့ပိတ်လိုက်ပြီ "ဟု ငပလီကမ်းခြေသို့ ဆက်သွယ်စုံစမ်းထားသည့် 7day news သတင်းထောက်က သတင်းပေးပို့သည်။
 
 7Day News Journal
Ref: MNN

ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း



ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်ရှင်းလင်းပြောကြားနေစဉ်(ဓါတ်ပုံ-Popular Myanmar News Journal)
"Bangkok Post သတင်းစာတွင် ဖေါ်ပြသော ဦးခင်ညွန့်သတင်း မှားယွင်းကြောင်း စာနယ်ဇင်းရှင်းလင်း"

ယခုလ ကိုးရက်နေ့ထုတ် Bangkok Post သတင်းစာတွင်ဖေါ်ပြာထားပြီး၊ အင်တာနက်တွင်ပြန့်နှံ့နေသော ဦးခင်ညွန့်နှင့်ပတ်သက်သည့်သတင်းမှာ မှားယွင်းနေပြီး၊ ယခုလ ရှစ်ရက်နေ့ထုတ် Bangkok Post သတင်းစာနှင့် အင်တာနက်တွင် ဖေါ်ပြထားသည့် တွေ့ဆုံမေးမြန်းခြင်း သတင်းဆောင်းပါးပါ အချက်အလက် အချို့မှာလည်း မှားယွင်းနေကြောင်း ဦးခင်ညွှန့်နှင့် ရင်းနှီးကာ သူ၏ သတင်းကိစ္စများကို ကူညီဆောင်ရွက်ပေးနေသည့် ဗိုလ်မှူးဟောင်း ၀င်းမောင်မောင်က ယနေ့ပြောကြားသည်။

ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံး(ယခင် ပြည်ထဲရေးဝန်ကြီးရုံး) အပေါ်ဆုံးထပ်တွင်ကျင်းပသော စာနယ်ဇင်းရှင်းလင်းပွဲတွင် ယခုကဲ့သို့ သူကပြောကြားခြင်းဖြစ်သည်။

"အဲဒီ သတင်းတွေကို အင်တာနက်မှာ တွေ့ရတော့ ကျွန်တော်က နယ်ကိုခရီးထွက်နေပါတယ်။ ဒါနဲ့ အဘ ဦးခင်ညွန့်ကို မေးမြန်းကြည့်တော့ ငါ ဘယ်နိုင်ငံခြားသတင်းထောက်နဲ့မှ မတွေ့ဘူးလို့ မင်းကို ပြောထားပြီးသားပဲ လို့သူကပြန်ပြောပါတယ်။ နိုင်ငံခြား သတင်းထောက်ဆိုတာ အထူးသဖြင့် နိုင်ငံခြားသားသတင်းထောက်တွေကိုပြောတာပါ။
 ဒါပေမယ့် ကနေဒါကိုရောက်နေတဲ့ မြန်မာတစ်ယောက်ဖြစ်တဲ့ ဦးမြင့်ရွှေနဲ့တော့ သူမြန်မာနိုင်ငံကိုရောက်လာတုန်းမှာ စာနယ်ဇင်းသမားတစ်ယောက်က မိတ်ဆက်ပေးတာကြောင့် တွေ့ဆုံမေးမြန်းမှုလုပ်ခဲ့ဖူးပါတယ်။ ဒါတွေကို လောလောဆယ်အားဖြင့် မရေးဖို့လဲ သူနဲ့ သဘောတူညီထားပါတယ်။ ခုတော့ Bangkok Post သတင်းစာမှာ သူကရေးထားတွေ တွေ့ရပါတယ်။ အဲဒီရေးသားချက်တွေထဲမှာ အဘမပြောခဲ့တာတွေ ပါနေတာကို တွေ့ရပါတယ်။ အဲဒီ ဦးမြင့်ရွှေကို အီးမေလ်းကနေ ဆက်သွယ်မေးမြန်းတော့လဲ အကြောင်းမပြန်ပါဘူး"ဟုဦးဝင်းမောင်မောင်ကပြောသည်။


ယင်း သတင်းစာတွင် သတင်းတစ်ပုဒ်အဖြစ် ဖေါ်ပြထားသည့် "Myanmar EX-PM claims he saved suu kyi's life" ဆိုသည့်သတင်းမှာလည်း ဦးခင်ညွန့်လုံးဝမဖြေကြားခဲ့သည်များကိုသာ ရေးသားထားခြင်းဖြစ်ကြောင်း ဦးဝင်းမောင်မောင်ကပြောပါသည်။


"ဒီတော့ကာ ခုလို မပြောပဲနဲ့ ပြောတယ်ဆိုတဲ့သတင်းမျိုးတွေ နောက်ထပ်ပေါ်ရင် ပေါ်လာနိုင်တတ်တာကြောင့် စာနယ်ဇင်းဆရာများကို ခုလိုရှင်းလင်းပြောကြားရခြင်းဖြစ်ပါတယ်"ဟု ဦးဝင်းမောင်မောင်က ပြောပါသည်။

အဆိုပါစာနယ်ဇင်းရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသတင်းတပ်ဖွဲ့ ဒု-တပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားပြီးနောက် ဦးဝင်းမောင်မောင်က စာနယ်ဇင်းသမားများအား ရှင်းလင်းတင်ပြခြင်းဖြစ်သည်။ ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားငါးဆယ်ခန့်တက်ရောက်ကြသည်။

Popular Myanmar News Journal

ရဲမှူးကြီး ၀င်းနိုင်ထွန်းက မိတ်ဆက်အမှာစကားပြောကြားနေစဉ်(ဓါတ်ပုံ-Popular Myanmar News Journal)
တက်ရောက်လာကြသော ပြည်တွင်းပြည်ပ စာနယ်ဇင်းဆရာများ

Ref: MNN

ဦးခင်ညွန့်ကို ပြန်ဖမ်းနိုင်

ဒီပဲယင်း လုပ်ကြံမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်တင်ခဲ့သည်ဟု ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က ပြောဆိုခဲ့မှုအပေါ် နေပြည်တော်အစိုးရ အဖွဲ့အတွင်းစိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး ၎င်းအား ပြန်လည် ဖမ်းဆီးနိုင်သည်ဟူသော သတင်းများလည်း ထွက်ပေါ်နေကြောင်း ဧရာဝတီက စုံစမ်းသိရှိရသည်။
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်

စစ်အစိုးရဟောင်း လက်ထက် အမိန့်ဖီဆန်မှု၊ အကျင့်ပျက်ချစားမှုတို့ဖြင့် စွပ်စွဲခံရ၍ ဆိုင်းငံ့ ထောင်ဒဏ် ၄၄ နှစ်ဖြင့် နေအိမ် အကျယ်ချုပ် ချထားရာက လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့ က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးခင်ညွန့်ကို ကောင်းမွန်စွာနေရန် ပြောဆို၍ ပြန်လွှတ်ပေးခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းသည် နိုင်ငံရေး တိုးတက်မှုအပေါ် အကျိုးသက်ရောက်မှု တစုံတရာဖြစ်သွားနိုင်ကြောင်း နေပြည်တော် အသိုင်းအ၀ိုင်းတွင် ပြောနေကြသည်။

နိုင်ငံရေးမှ အငြိမ်းစား ယူသွားပြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအား ပြန်လည် ၀င်ရောက် စွက်ဖက် လာနိုင် သည့် အခြေအနေကို ဖိတ်ခေါ်လိုက်သကဲ့သို့ အခြေအနေများ ရှုပ်ထွေးသွားမည်ကို နေပြည်တော် အကြီးအကဲများကြား စိုးရိမ်နေကြခြင်း ဖြစ်သည်။
“အိပ်နေတဲ့ ကျားကို နှိုးလိုက်သလို ဖြစ်သွားမှာ စိုးရိမ်တယ်”ဟု နေပြည်တော်ရှိ အမည်မဖော်လိုသူ အုပ်ချုပ်ရေး အရာရှိတဦး က ပြောသည်။

ဧပြီလ ၈ ရက်နေ့က ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ အင်တာဗျူးတခုတွင်“လူအုပ်ကြီး ကြားထဲက သူ့ကို(ဒေါ်အောင်ဆန်းစုကြည်ကို)ဆွဲထုတ်ဖို့ ကျနော့် လူတွေကို အဲဒီညမှာ လွှတ်လိုက်ပါတယ်။ သူတို့က အဲဒီနားက လုံခြုံရာ စစ်တပ် စခန်းထဲရောက်အောင် စီစဉ်ပေးလိုက်တာပါ”ဟု ဦးခင်ညွန့်က ပြောဆိုခဲ့သည်။

ယင်း ပြောဆိုမှုသည် အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ်များ ပေါ်တွင် ပျံ့နှံ့သွားပြီး ရေဒီယို သတင်းဌာနများကလည်း ဒီပဲယင်း အရေးအခင်းတွင် ပါဝင်သူများနှင့် ဆက်သွယ်မေးမြန်းပြီး သတင်းပို့ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ဦးခင်ညွန့်က ကယ်တင်ခဲ့သည်ဟု ယခု ထုတ်ဖော်ပြောဆိုသော်လည်း ထိုစဉ်က ဒီပဲ ယင်း အရေးအခင်းတွင် ကိုယ်တိုင် ရိုက်နှက်ညဉ်းပန်း ခံခဲ့ရသူများကမူ ဒေါ်အောင်ဆန်းစုကြည်၏ကားမောင်းသူ မန္တလေးမြို့နေ ကိုကျော်စိုးလင်းက မောင်းထွက်ပြေးသည့်အတွက်သာ ဒေါ်အောင်ဆန်းစုကြည် အသက်ချမ်းသာရာရခဲ့ကြောင်း ပြောဆိုကြ သည်။

တပ်မတော်တွင်း၌ ရှိစဉ်က ဦးခင်ညွန့်နှင့် သူငယ်ချင်းလည်းဖြစ်သူ ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ခေါင်း ဆောင် တဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ အပါအ၀င် အားလုံးရဲ့ နစ်နာမှု များကို ပြည်ဖုံးကားချပြီး အနာဂတ်အတွက် လုပ်ဆောင်နေချိန်မှာ ယခု ဦးခင်ညွန့်၏ စကား ပေါ်လာသည့်အတွက် အလွန် စိတ် မကောင်းဖြစ်မိကြောင်း ဧရာဝတီကို ပြောသည်။

“သူ ပြောတာ မှန်ကောင်းလည်း မှန်မယ်။ မမှန်ကောင်းလည်း မမှန်ဘူး။ ကျနော် ကိုယ်တိုင်လည်း အဲဒီအချိန်တုန်းက ထောင် ထဲရောက်နေချိန်ဆိုတော့ မဝေဖန်တတ်ဘူး။ သူ ဘာရည်ရွယ်ချက်နဲ့ ပြောလဲဆိုတာတော့ စဉ်းစားစရာရှိတယ်”ဟု ဦးဝင်းထိန် က ဆိုသည်။
ဦးခင်ညွန့် ပြန်လည်လွတ်မြောက်ပြီးနောက်ပိုင်း နေအိမ်သို့ သွား၍ စကားပြော ဖြစ်ကြောင်း၊ နိုင်ငံရေး စီးပွားရေး မလုပ်တော့ ဟု သူ့ကို ပြောဆိုခဲ့ကြောင်း၊ သို့သော်ယခုပြောဆိုမှုသည် ယခင်က ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဗုံးခွဲမှုအား တဦးကို တဦး လက်ညှိုးထိုးခဲ့သည့်ဖြစ်စဉ်မျိုးဟု ထင်မြင်ကြောင်း ဦးဝင်းထိန်က ဆက်ပြောသည်။

“အခု သူပြောတဲ့ စကားက အရင်ပြောတဲ့ စကားနဲ့ ဆန့်ကျင်တယ်။ ဒီဥစ္စာက နိုင်ငံရေး စကားဗျ။ ဒီကိစ္စနဲ့ပတ်သက်လို့ သူ ကိုယ်လွတ်ရုန်းချင်တာလား။ အဲဒါလည်း မစဉ်းစားဘဲ နေလို့ မရတဲ့ အချက်ပဲ”ဟု ဦးဝင်းထိန်က ဆိုသည်။

ဦးခင်ညွန့်လက်ထက်က ဖမ်းဆီး နှိပ်စက် အကျဉ်းချခံခဲ့ရသူ ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သည့် ကိုဇော်မင်း ကလည်း “ဒီလိုပြောလိုက်ခြင်းဟာ ဒီနေ့ သွားနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ ဖြစ်စေချင်တာလား၊ အနှောင့် အယှက်ဖြစ်စေချင်တာလား ဆိုတာ မေးခွန်းထုတ်ဖို့ ရှိတယ်”ဟု ဆိုသည်။

အကယ်၍ ဦးခင်ညွန့်အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက် ကောင်း ထားရှိသည်ဆိုပါက ပိုမိုပွင့်လင်းရန် လိုအပ်ကြောင်း၊ မကောင်းသည့် ရည်ရွယ်ချက်မျိုးဖြင့် မလုပ်သင့်ကြောင်း ကိုဇော်မင်းက ဆက်ပြောသည်။

နောက်ဆုံးရရှိသော သတင်းများ အရ ဦးခင်ညွန့်သည် တနင်္လာနေ့က ရန်ကုန် တာမွေမြို့နယ်ရှိ အလိုတော်ပြည့် ကျောင်းတွင် သား၂ ဦး၊ မြေးဖြစ်သူတို့နှင့်အတူ သာသနာ့ဘောင်သို့ ၇ ရက်တာ ဒုလ္လဘ ရဟန်းအဖြစ် ခံယူသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ရဟန်းခံသွားခြင်း အပေါ် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဝေဖန်မှုများ ပို၍ ကျယ်လောင်လာပြီး တချို့က ပြဿနာ ဖြစ် ဖွယ်၊ အငြင်းပွားဖွယ် စကားကို ဆိုသောကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရှောင်ရှားရန် ရဟန်းဝတ်သွားခြင်း ဖြစ် သည်ဟု ပြောဆိုနေကြသည်။

Ref: ဧရာဝတီ

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းမှုကြောင့် အပြောင်းအလဲများ ဖြစ်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော သမိုင်းဝင် အပြောင်းအလဲများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နှစ်ဦး၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသော မစ္စတာ ဂျင်မ်ဝက်ဘ် (ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ဒီအပြောင်းအလဲတွေက လူနှစ်ဦးက အဓိက မောင်းနှင်ရွှေ့လျားစေခဲ့တယ်လို့ ကျနော်မြင်ပါတယ်။ အဲဒီသူနှစ်ဦးကတော့ သိပ်ပြီးခြားနားမှုမရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်ပါပဲ။ အပြောင်းအလဲတွေကို သူတို့နှစ်ဦးက စတင်ခဲ့ကြတယ်၊ သူတို့နှစ်ဦးက ကွဲပြားခြားနားတဲ့ ဘ၀ခရီးတွေရှိပေမယ့် လူ့အဖွဲ့အစည်းကောင်းမွန်ဖို့ အရေး မတူတာတွေ ဘေးဖယ်ထားပြီး ပူးပေါင်းခဲ့ကြတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ပြောသည်။

ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာပြည်သူအများစု နှစ်ပေါင်းများစွာ တောင့်တလိုလားနေသော အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာကြောင်း၊ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် အလွန်အရေးကြီးသောကာလသို့ ရောက်ရှိနေကြောင်း ၄င်းက ဆက်လက်ပြောသည်။

“အခု အခြေအနေက မြန်မာနိုင်ငံအတွက် သမိုင်းမှာ အရမ်းကို လေးနက်အရေးကြီး အချိန်အခါလို့ ကျနော် ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ကိုးလတုန်းက အခြေအနေတွေနဲ့ စာလို့ရှိရင် အခုဖြစ်ပျက်နေတာတွေက အံ့သြဖို့ ကောင်းတယ်ဆိုတာထက် ပိုပါတယ်” ဟု မစ္စတာ ဂျင်မ်ဝက်ဘ်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နံနက်က နေပြည်တော်တွင် သီးသန့်တွေ့ဆုံဆွေးနွေးကြပြီး နေ့လည်စာ စားခဲ့ကြသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်အနေဖြင့် အမေရိကန်ပြည်ထောင်စုသို့ ပြန်လည်ရောက်ရှိပါက မြန်မာနိုင်ငံနှင့် အမေရိကန် ဆက်ဆံရေးအတွက် လွှတ်တော်အမတ်များ၊ အုပ်ချုပ်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရှိရသည်။

“ကျနော် ၀ါရှင်တန်ပြန်ရောက်ရင် တခြားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းမယ်။ အုပ်ချုပ်ရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးမယ်။ ပေါ်လစီတွေပြောင်းလဲဖို့ စစ်မှန်တဲ့ လမ်းကြောင်းမှန်ပေါ်ရောက်ဖို့ ကျနော်တို့အနေနဲ့ အပြုသဘော ပြောင်းလဲမှုတွေအတွက် ဆုပေးရမယ်။ ပြီးတော့ နောက်ဖြစ်မယ့် အနာဂတ် အပြောင်းအလဲတွေအတွက် ဘယ်လိုမက်လုံးတွေနဲ့ တုံ့ပြန်ဆောင်ရွက်မယ်ဆိုတာလည်း ဆွေးနွေးပါမယ်။ ကျနော့်အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ထုတ်ပြန်ချက်ကိုလည်း ချီးကျူးကြိုဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက စီးပွားရေးပိုင်းမှာရော၊ သံတမန်ပိုင်းမှာရော တိုးတက်ပြောင်းလဲလာတွေကို မြင်ချင်ပါတယ်” ဟု ၄င်းက ပြောသည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် ၄င်း၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ မီဒီယာသမားများ၊ စီးပွားရေးသမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

Ref: ဧရာဝတီ

အစိုးရနှင့်ဆွေးနွေးမှု အရေးကြီးအဆင့် ရောက်နေကြောင်း KNU ပြော

နယူးဒေလီ (မဇ္ဈိမ)။     ။ စစ်မှန်သည့် ငြိမ်းချမ်းရေးအား အကောင်အထည် ဖော်နိုင်ရန်အတွက် အစိုးရနှင့် ကရင် အမျိုးသား အစည်းအရုံး KNU တို့အကြား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လာခဲ့ရာတွင် အရေးကြီးသော အဆင့်တွင် ရောက်ရှိနေကြောင်း KNU က ဆိုသည်။

“နောက်တဆင့် တက်နိုင်ဖို့ဆိုတာ ကျမတို့ အပစ်အခတ် ရပ်စဲရေး ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲဆိုတာ အပေါ်မှာ မူတည်ပါတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှသာ ကရင်ပြည်သူလူထုကို အစစ်အမှန် ကိုယ်စားပြုတဲ့ နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်နိုင်မှာဖြစ်ပါတယ်” ဟု KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးမူတြော် က မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက် ရရှိထားပြီးဖြစ်သည့် KNU အနေနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိအတွက် အဆင့် လေးဆင့် ချမှတ် ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်းလည်း “အခုအဆင့်ဟာ ခိုင်မာတဲ့အပစ်အခတ်ရပ်စဲရေး ရရှိဖို့၊ စနစ်တကျ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကျမတို့ ဆွေးနွေးနေတာ ဖြစ်ပါတယ်” ဟု နော်မေဦးမူတြော် က ဆက်လက်ပြောဆိုသည်။

အင်္ဂါနေ့က ပဲခူးမြို့ ရွှေဝါထွန်း ဟိုတယ်တွင် မီးရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ပြည်နယ်/တိုင်းအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြသည်။

“နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေအားလုံး လိုက်နာရမယ့် ကျင့်ဝတ်တွေကို ဆွေးနွေးဖြစ်ကြပါတယ်။ ဒီကျင့်ဝတ်တွေ လိုက်နာမှပဲ ပြည်သူလူထုဘဝ လုံခြုံမှုကို အာမခံနိုင်မယ့်၊ အနှစ်သာရရှိတဲ့ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်နိုင်မယ်” ဟု KNU ကိုယ်စားလှယ်က ပြောသည်။

ဆွေးနွေးပွဲတွင် ပဏာမ သဘောတူညီချက်ပါ အချက် ငါးချက်အနက် နှစ်ဖက်ပစ်ခတ်မှုများ ရပ်စဲရေး၊ သတ်မှတ်နေရာများမှအပ အခြားနေရာများသို့ လက်နက်ကိုင်ဆောင်င မသွားရန်၊ နှစ်ဖက်သဘောတူထားသည့် သတ်မှတ်နေရာများတွင်သာ နေထိုင်ရန်နှင့် ဆက်ဆံရေးရုံးများ နှစ်ဖက်သဘောတူ သတ်မှတ်ဖွင့်လှစ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း KNU ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့ကလည်း ရထားဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ်/တိုင်းအဆင့် ဆွေးနွေးပွဲတကြိမ်ကို ဘားအံမြို့တွင် ပြုလုပ်ခဲ့ပြီး ဧပြီလ ၆ ရက်နေ့ကလည်း ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတခုကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြသေးသည်။

“ပြည်ထောင်စု အဆင့်မှာပဲဖြစ်ဖြစ်၊ ပြည်နယ်အဆင့်မှာပဲဖြစ်ဖြစ် ဆွေးနွေးတဲ့အခါမှာ သမ္မတ က ခန့်ထားတဲ့ ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ကတော့ အမြဲတမ်း ပါနေမှာပဲ။ ပြည်နယ်အဆင့် ဆွေးနွေးတယ်ဆိုတာက လက်တွေ့အကောင်အထည်ဖော်ဖို့၊ လက်တွေ့ အလုပ်လုပ်ဖို့၊ စနစ်တကျရှိဖို့အတွက် တိုင်းမှူးတွေ၊ ပြည်နယ်/တိုင်းအဆင့် အုပ်ချုပ်ရေးမှူးတွေရဲ့တာဝန်ကလည်း အများကြီးရှိတယ်။ သူတို့ကနေ ချမှတ်ပြီး ကြီးမှူးလုပ်ဆောင်သွားရမယ့်အလုပ်တွေ အများကြီးရှိတာကို။ ဒါပေမယ့် ဦးဆောင်မှု ပေးတာကတော့ ပြည်ထောင်စုအဆင့်အဖွဲ့က ပေးတယ်လို့ နားလည်ရပါတယ်” ဟု KNU ပြောခွင့်ရ နော်မေဦးမူတြော် က မဇ္ဈိမကို ပြောသည်။

ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန်အတွက် ပြည်နယ်အဆင့် ဆွေးနွေးပွဲများတွင် အပစ်ရပ်ကာလအတွင်း နှစ်ဘက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်များကို နှစ်ဖက်ညှိနှိုင်းရေးဆွဲရန် သဘောတူခဲ့ကြသည်ဟု သိရသည်။

KNU မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေးအတွက် အဆင့်များမှာ “ပထမအဆင့်က မဏာမ အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့်က ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး၊ တတိအဆင့်က နိုင်ငံရေးဆွေးနွေးရေးနဲ့ စတုတ္ထအဆင့်က နိုင်ငံရေးမှာ ပါဝင်လာဖို့ပဲ ဖြစ်ပါတယ်” ဟု KNU ကိုယ်စားလှယ်က ပြောသည်။

သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအနေဖြင့် ဦးစွာအားဖြင့် အပစ်အခတ်ရပ်စဲပြီး နိုင်ငံရေးပါတီများ ထူထောင်ကာ လွှတ်တော်တွင်း နိုင်ငံရေးဆွေးနွေးရန် တင်ပြထားသည်။

KNU အနေဖြင့် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးများကို တဆင့်ပြီးတဆင့် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အင်္ဂါနေ့ထုတ် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရာစုနှစ် တဝက်ကျော်ကြာ ဗဟိုအစိုးရအား လက်နက်ကိုင် တော်လှန်ခဲ့သည့် KNU သည် ဦးသိန်းစိန် အစိုးရ လက်ထက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေးအဖွဲ့ နှင့် ကရင်ပြည်နယ် ဘားအံမြို့တွင် ဇန်နဝါရီလ ၁၂ ရက်နေ့က ပထမဆုံး ပြည်နယ်အဆင့် တရားဝင်တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီမှု စတင်ရရှိခဲ့သည်။

ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံခဲ့ရာ ဦးသိန်းစိန်သည် စစ်မှန်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဆန္ဒရှိပြီး ငြိမ်းချမ်းရေးအတွက် ကြိုးစားလုပ်ဆောင်နေသည်ကို မြင်ခဲ့ရကြောင်း KNU ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်ဇီဖိုးရာစိန် က ပြောဆိုသွားခဲ့သည်။

တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရာတွင် KNU ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်း အသိပေး ဆွေးနွေးခဲ့သည်ဟု နော်ဇီဖိုးရာစိန် က ပြောသည်။

 ကိုပေါက်

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes