Wednesday 11 April 2012

ရန်ကုန်မြို့ လူနေရပ်ကွက် အားလုံးကို ညနေ ၅နာရီမှ မနက် ၅နာရီအထိ လျှပ်စစ်မီးပေးသွားမည်၊ လူနေရပ်ကွက်များကို လျှပ်စစ်မီးပေးထားချိန်တွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများကို လျှပ်စစ်မီးပေးမှု ရပ်ထားမည်ဖြစ်ကြောင်းသိရ


7283
ညပိုင်းတွင် လျှပ်စစ်မီး ပြန်လည်ရရှိသည့် ရန်ကုန်မြို့ လူနေရပ်ကွက်များအား တွေ့ရစဉ်
ရန်ကုန်မြို့တော်ရှိ လူနေရပ်ကွက် အားလုံးကို ညနေ ၅နာရီမှ နံနက်၅နာရီအထိ လျှပ်စစ်မီးပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ဧပြီလ ၆ရက် နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က “ကျွန်တော်တို့ ပြည်သူကိုပေးနိုင်ဖို့ လိုအပ်တဲ့လျှပ်စစ်ကို ရနိုင်တဲ့ဘက်ကရှာမယ်။ ရေအားလျှပ်စစ်စက်ရုံ ရွှေလီကနေ ဓာတ်အားထပ်တိုး တောင်းမယ်။သူတို့ဆီက ၀ယ်ထားတဲ့ စက်နှစ်လုံးကို အပြည့်မောင်းပေးပါဆိုပြီး လုပ်ပါမယ်။ မနေ့က ရွှေလီ ကို ၁၈၀ မဂ္ဂါဝပ်အထိ တိုးထုတ်ခိုင်းပါတယ်။ လက်ရှိရှိနေတဲ့ စက်တွေကို တိုးထုတ်ခိုင်းပါတယ်။ အရန်ရလာတဲ့ မဂ္ဂါဝပ် ၁၀၀ နဲ့ ညဦးပိုင်းမှာ အုပ်စု သုံးအုပ်စုလုံးကို မနေ့ညကစပြီး စမ်းပြီးမီးပေးပါတယ်။ အများပြည်သူကို ပေးနိုင်ပါတယ်။ လက်ရှိအခြေအနေအရ ညပိုင်းကို မီးပေးပါမယ်။ ညပိုင်းမှာ အုပ်စုသုံးအုပ်စုလုံးကို ပေးပါမယ်။ ညနေ ၅နာရီကနေ နောက်တစ် နေ့နံနက်၅နာရီအထိ လူနေရပ်ကွက် အားလုံးကို ညတိုင်းမီးပေးသွားမှာပါ။ နေ့ခင်းပိုင်းမှာ နှစ်အုပ်စုစီခွဲ ပေးပါမယ်။ 

ဒါကလည်း ပြည်သူတွေ ရဲ့ အသံတွေကြောင့်ပါ။ ဒီလောက်ပူတဲ့အချိန် လျှပ်စစ်မီးမရှိဘဲ အိပ်ရတာ ဘယ်လောက်ဆိုးတယ် ဆိုတာ ကျွန်တော်တို့ကြားပါတယ်။ သို့သော် တစ်ချိန်ထဲမှာ စက်မှုဇုန်တွေ၊ စက်မှု လုပ်ငန်းတွေကို မီးပိတ်ထားရပါမယ်”ဟု ပြောကြားခဲ့သည်။


လက်ရှိ အခြေအနေအရ ညပိုင်းကို မီးပေးပါမယ်။ ညပိုင်းမှာ အုပ်စုသုံးအုပ်စုလုံးကို ပေးပါမယ်။ ညနေ ၅နာရီကနေ နောက်တစ်နေ့ နံနက်၅နာရီအထိ လူနေရပ်ကွက် အားလုံးကို ညတိုင်း မီးပေးသွားမှာပါ။ နေ့ခင်းပိုင်းမှာ နှစ်အုပ်စုစီခွဲ ပေးပါမယ်။ ဒါကလည်း ပြည်သူတွေ ရဲ့ အသံတွေကြောင့်ပါ

ထိုသို့ လူနေရပ်ကွက်များကို ညနေ ၅နာရီမှ နံနက် ၅နာရီအထိ လျှပ်စစ်မီးပေးဝေမှုများကို အလှည့်ကျ မီးပေးစနစ်ကျင့်သုံးနေသည့် ကာလ တစ်လျှောက်လုံး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

7283a

နေ့အချိန်များတွင် လျှပ်စစ်မီး ပေးဝေမှုကို အလှည့်ကျမီးပေးစနစ် အတိုင်း မီးပေးသွားမည်ဖြစ်ပြီး နေ့ အချိန်တွင် အုပ်စုနှစ်ခုခွဲကာ တစ်လှည့်စီ မီးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်မီးရထားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၆ ရက်နေ့၌ ရန်ကုန်တွင် ပြောကြားခဲ့သည့် “ရန်ကုန်တွင် ၂၄ နာရီမီးပြန်ပေးရန်ရှိသည်” ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်မရှိကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့တော်၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုပမာဏသည် ယခု နှစ်တွင် ၁၉ရာခိုင်နှုန်းတက်လာခြင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ ယခင်နှစ်အတိုင်း ရှိနေခြင်းနှင့် ဖောက်ခွဲဖျက်ဆီးခံရသည့် လျှပ်စစ်တာဝါ တိုင်များအစားရဲရွာ၊ ရွှေလီနှင့် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား သုံးစွဲခဲ့ရခြင်း တို့ကြောင့် ယခုနှစ်တွင် လျှပ်စစ်မီးပြတ် တောက်ရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ မဂ္ဂါဝပ် ၁၅၀၀ကျော်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးမှ မဂ္ဂါဝပ် ၇၅၀ ၀န်းကျင် ကို သုံးစွဲလျက်ရှိကြောင်း သိရှိရသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes