Tuesday 10 April 2012

ဈေးရုံ ၂၀ ခန့် လောင်ကျွမ်းပြာကျသွားခဲ့တဲ့ တောင်ဥက္ကလာ ဟေမ၀န်ဈေးမီး

မိုးမခ
ဧပြီ ၁၀၊ ၂၀၁၂

ယနေ့ နံနက် ဧပြီ ၁၀ရက် နံနက် ၁ ကျော်နာရီခန့်အချိန်က တောင်ဥက္ကလာပမြို့နယ် ပဒေသာရပ်ကွက်ရှိ ဟေမ၀န်ဈေးအတွင်း မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဈေးရုံ ၂၄ ရုံရှိသည့်အနက် ၂၀ ခန့် မီးလောင်ကျွမ်းသည့်အထဲ ပါသွားကြောင်း တောင်ဥက္ကလာ မီးသတ်ဌာနအဆိုအရ သိရှိရပါတယ်။

အထည်ဆိုင်တန်း၊ အလှကုန်၊ ရွှေဆိုင်၊ ကုန်စိမ်းတန်း၊ သာငါးတန်းအပါအ၀င် အ၀တ်ဟောင်းများ ရောင်းချတဲ့ဆိုင်ခန်းများ စုစုပေါင်း ဈေးရုံ ၂၀ ခန့် မီးလောင်ကျွမ်းမှုထဲပါသွားတယ်လို့ သိရပါတယ်။ နံနက် ၁ နာကျော်ဝန်းကျင်လောက်က စတင်လောင်ကျွမ်းခဲ့တဲ့မီးဟာ ၃ နာရီဝန်းကျင်မှာတော့ မီးငြိမ်းသွားပါတယ်။ အတည်မပြုနိုင်သေးတဲ့သတင်းများအရ အထည်ဆိုင်မှစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မည်သို့စတင်လောင်ကျွမ်းရခြင်းဖြစ်ကြောင်းကိုလည်း မသိရသေးဘဲ ဆက်လက်စုံစမ်းနေကြောင်း သိရပါတယ်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသည် ပူပြင်းခြောက်သွေ့သည့်ရာသီနှင့်အတူ ဆုံးရှုံးမှုများပြားလှသည့် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပေါ်လျှက်ရှိသည်။

ဟေမ၀န်ဈေးမီးလောင်ကျွမ်းမှု မှတ်တမ်းဓာတ်ပုံများ
(ဓာတ်ပုံများ EMG မှ ကူးယူဖော်ပြပါသည်။)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes