Showing posts with label ၀၅။ ဓာတ်ပုံ. Show all posts
Showing posts with label ၀၅။ ဓာတ်ပုံ. Show all posts

Monday, 2 April 2012

အပျော်ဆုံးနေ့.......အပျော်ဆုံးနေ့.......အပျော်ဆုံးနေ့........

ရဟန်းတော်တစ်ပါးနှင့် NLD ထောက်ခံသူပြည်သူများ ရွှေဂုံတိုင် NLD ရုံးရှေ့ ရွေးကောက်ပွဲမဲရလတ် တိုက်ရိုက်ကြော်ငြာဖန်သားပြင်ဘုတ်ကိုကြည့်ပြီး ပါတီရဲ့အောင်မြင်မှုအတွက် ပျော်ရွှင်နေကြပုံဖြစ်ပါသည်။ BBC သတင်းထောက်တစ်ယောက်ရဲ့ ရိုက်ချက်ပါ။ MWRN မှ ဒီဓာတ်ပုံကို အပျော်ဆုံးနေ့လို့ အမည်ပေးမျှဝေလိုက်ပါသည်။  Photograph: Damir Sagolj/Reuters

Saturday, 24 December 2011

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်တွင်တွေ့

NLD ခေါင်းဆောင်များ ဖြစ်သော ဦးဉာဏ်ဝင်း၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် ၎င်း၏ အဖွဲ့ဝင်များ (ဓာတ်ပုံ – Getty Images)
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ နေပြည်တော်ခရီး ဓာတ်ပုံများ ဖြစ်သည်။
ခရီးစဉ်အတွင်း အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သည့် ဗိုလ်ချုပ်ဟောင်း ၃ ဦးနှင့် တွေ့ဆုံခဲ့သည်။


NLD ခေါင်းဆောင်များ အဖွဲ့ဝင်များ နေပြည်တော် ရွေးကော်မရှင် ရုံးမှ အပြန် (ဓာတ်ပုံ – Getty Images)
ဒေါ်အောင်ဆန်းစုကြည် နှင့် သူရဦးရွှေမန်း (ဓာတ်ပုံ – Getty Images)
(ဓာတ်ပုံ – Getty Images)
ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (ဓာတ်ပုံ – Getty Images)


(ဓာတ်ပုံ – Reuters)

(ဓာတ်ပုံ – Reuters)
(ဓာတ်ပုံ – MNA)
(ဓာတ်ပုံ – MNA)
(ဓာတ်ပုံ – AP)
(ဓာတ်ပုံ – Reuters)

(ဓာတ်ပုံ – AP)

Monday, 28 November 2011

ရေဘေးကူညီနေပုံ

27.11.2011 ထိုင်းနိုင်ငံ ပိုင်အလုပ်သမားးသမဂ္ဂများအဖွဲ့နှင့် ရွှေ့ပြောင်းအလုပ်သမားအတွက်အခွင့်အရေးကွန်ယက် MWRN
တို့ပူးပေါင်းကာ ရေဘေးသက်နေသော မြန်မာအလုပ်သမားများထံဆန် ဆီ စသော ပစ္စည်းများအာ သွားရောက် လှူဒါန်းနေသော ဓါန်ပုံများ
ဒီလိုလှေကလေးနှင့်ပျော်စရာလေးနော်
Add caption

ဗုဒ္ဓစွယ်တော်ကို ဖူးမြော်ရန် တန်းစီနေသူများ

 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။

 ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
ရန်ကုန်မြို့ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် အပူဇော်ခံထားသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်အား ဖူးမြော်ရန် တန်းစီစောင့်ဆိုင်းနေသူများကို နိုဝင်ဘာလ ၂၇ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်သို့ ကြွရောက်လာသည့် ဗုဒ္ဓစွယ်တော်သည် ဒီဇင်ဘာ ခုနှစ်ရက်နေ့အထိ အပူဇော်ခံ ထားရှိမည် ဖြစ်သည်။
Ref: မဇ္ဈိမ

Tuesday, 8 November 2011

2011, November 7 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ကားလေးတွေနှင့် မော်တောင်ဆိုင်ကယ်တွေ မောင်းလို့မရတော့တဲ့အတွက် ဆိုင်ကယ်တက္ကစီသားမားတွေဟာ ပုံစံပြောင်းပြီး သူတို့ရဲ့နေ့စဉ်ဝင်ငွေကို ရှာနေတဲ့ပုံဖြစ်ပါတယ်။
Bang Phlat မှာရှိတဲ့ Wat Sing ကားရန်နားစခန်း ရေလွှမ်းနေပုံဖြစ်ပါတယ်။
  တစ်ချို့ဘန်ကောက်သားတွေအတွက်တော့ ရေဘေးက သူတို့ရဲ့ညနေစာအတွက် လက်ဆောင်တွေ သယ်လာပေးပါတယ်။
  Lat Phraoနယ်ထဲမှာ အမှိုကားမလာတဲ့အတွက် အမှိုက်အိပ်တွေကို အများပြည်သူသုံး တယ်ဖုန်းအိမ်တွေထဲ ထိုးသိပ်ထားတဲ့ပုံပါ။ ဖြတ်သွားဖြတ်လာတွေဟာ အဲလိုတယ်ဖုန်းအိမ်တွေနားရောက်တိုင်း အနံ့ဆိုးကြောင့် နှာခေါင်းကိုလက်နှင့်ပိတ်ပြီး ခရီးဆက်ကြရတယ်လို့ဆိုပါတယ်။
  Ayutthaya ရှေးဟောင်းပုထိုးဇုံထဲမှာ ၃၀ စင်တီမီတာလောက်အထိ ရေကျသွားပြီလို့ဆိုပါတယ်။ မြင်ရတဲ့ပုံကတော့ ၎င်းဇုံထဲက ကမ္ဘာလှည့်ခရီသွားတို့အတွက် ဆွဲဆောင်မှုရှိတဲ့ ဘုရားဦးခေါင်းတော်တစ်ခု ညောင်မြစ်ခနေပုံဖြစ်ပါတယ်။ ထိုင်းတွေကတော့ ဒီ Ayutthaya မြို့တော်နှင့် ကျောင်းကန် စေတီပုထိုးတွေဟာ စစ်အတွင်း မြန်မာတွေရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရတယ်လို့ သမိုင်းစာမျက်နှာမှာကော ရောက်လာသမျှကမ္ဘာလှည့်တွေကိုပါ အမြဲတစေ ပြောလေ့ရှိပါတယ်။ သို့သော်လည်း အမြင်ကျယ်ပြီး ခေတ်ပညာတတ်တဲ့ ထိုင်းတွေကတော့ မြန်မာတွေဖျက်ဆီးတာထက် ခေတ်အဆက်ဆက် အခုလို ရေကြီးခဲ့တာတွေနှင့် လူသူမနေတော့တဲ့မြို့မို့ သူ့အလိုလိုပျက်စီးကုန်တာက ပိုများတယ်လို့ ဆိုပါတယ်။
  စနေ တနင်္ဂနွေမှာရောင်းလေ့ရှိတဲ့ Chatuchat ဈေးဟာ ရေဘေးကြောင့် ပိတ်ထားရပုံပါ။
အရေးပေါ်ပြောင်းရွှေ့ကယ်ဆယ်ရေးအဖွဲ့ကတော့  Chatuchak, Phahon Yothin, Ratchadaphisek နှင့်  Lat Phrao မှာရှိတဲ့ မြေအောင်ရထားလိုင်းတွေကို အသင့်ပြင်ဆင်ထားဖို့ နှိုးဆော်ထားပါတယ်။
  နိုင်ငံခြားသူနှင့် ထိုင်းကျောင်းသူ စေတာနာ့ဝန်ထမ်းများ ရေဘေးအတွက် ရန်ပုံငွေ လိုက်လံ အလှူခံနေပုံဖြစ်ပါတယ်။ Nakhon Sawan, Ayutthaya နှင့် Pathum Thani နယ်တွေမှာ ရေကျနေပြီဆိုပေမယ့် ဘန်ကောက်မြို့တော်ရဲ့ မြို့နယ် ၁၈ ခုကိုတော့ ပြောင်းရွှေ့ရမယ့် အရေးပေါ်ဒေသတွေအဖြစ် ကြေငြာထာားခြင်းခံထားရပါတယ်။
Bang Na နယ်ထဲက လှောက်တက်အသုံးပြုလှေတွေရောင်းနေကြတဲ့ပုံပါ။ တစ်စင်းကို ဘတ် ၂၅၀၀ ကနေ့ ၃၆၀၀ အထိရှိပြီး လောလောဆယ် အစင်းရေ သုံး လေးသောင်းလောက် ရောင်းပြီးပြီလို့ဆိုပါတယ်။ 
Ref: Bangkok Post

Saturday, 5 November 2011

2011, November 4 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့ နှင် ဗွီဒီယိုဖိုင်


ရေဘေးကြုံရပြီး နေထိုင်စရာရှာဖွေနေတဲ့ ဘန်ကောက်မြို့သူ မြို့သားများအနေဖြင့် မြို့အပြင် အရှေ့ဘက်ပိုင်း မြို့နယ် ၆ ခုရှိ ဟော်တယ်တွေကို ဈေးပေါပေါနှင့် ရေရှည်နေထိုင်စရာအဖြစ် ရွေးချယ်သင့်ကြောင်း ထိုင်း ခရီးသွားလုပ်ငန်းအာဏာပိုင်များက အကြံပြုထားပါတယ်။


ဘန်ကောက်ရဲ့ လမ်းပေါင်း ၄၇ ခုကို ရေများ အဆမတန်များပြားလာတဲ့အတွက် ယာဉ်ထိန်းရဲများ ယာဉ်အသွားအလာ ယာယီပိတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ဘဏ်ခွဲပေါင်း ၅၅၆ ခုဟာလည်း ရေဘေးကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရပါတယ်။

 
Rangsit Muang Ek လမ်းပေါ်က ခြောက်မီတာအရှည်ရှိတဲ့ရေတားတမံဟာ ယနေ့ပြီးစီးမယ်လို့မျှော်လင့်ရကြောင်းနှင့် ၎င်းရေကာတာပြီးစီးသွားပါက ဒိုမောင်း၊ လက်ဆီ နှင့် ဘန်ခယ် နယ်တွေကို ရေစီနှုန်းကို များစွာလျှော့ချနိုင်လိမ့်မယ်လို့ ပို့ဆောင်ရေးဝန်ကြီး Sukampol Suwannathat ကပြောပါတယ်။

 
ရေဘေးကြုံနေရသော်လည်း မြေအောက်ရထားလိုင်းများအား ရပ်နားခြင်းမရှိဘဲ ပုံမှန်ပြေးဆွဲပေးနေပါတယ်။ အဓိကအန္တရာယ်ရှိတဲ့နေရာတွေကိုတော့ ရေမ၀င်နိုင်အောင် ရေတားတမံတွေနှင့်ကာကွယ်ထားကြောင်းသိရပါတယ်။


Lat Phrao ဘက်ရေစတင်လွှမ်းလာပုံဖြစ်ပါတယ်။

 အခုမြင်နေရာတဲ့ အိမ်ယာအဆောက်အဦးတွေဟာ ရေထဲမှာ မြောပါလာတဲ့ ဗေဒါဒိုက်တွေ အမှိုက်သရိုက်နှင့်ပြည့်နှက်သွားပါတယ်။ ဘန်ကောက်မြို့တော်ဝန်ကတော့ အမှိုက်ကား အစီး ၆၀ နှင့် လှေတွေကိုအသုံးပြုပြီး ၂၄ နာရီ ရေပေါ်အမှိုက်တွေလိုက်ရှင်းဖို့ ထုတ်ပြန်ထားပါတယ်။


 အစိုးရအနေနှင့်အများပြည်သူအကျိုးပြုလုပ်ငန်းတွေအတွက် နှစ်စဉ်ဘန်ဂျက်ခွဲဝေသုံးစွဲမှုကို
ရေဘေးပြန်လည်ထူးထောင်ရေးအတွက် ပြန်လည်ပြုပြင်စဉ်းစားဖို့ Pheu Thai MPက အစိုးရကို အကြံပြုမယ်လို့ သိရပါတယ်။
 

ချပ်တူချပ် ဒေသထဲမှာရှိတဲ့ Lat Yao, Sena Nikhom, Chatuchak နှင့် Chankasem ထဲက ဒေသခံတွေကို ရေဘေးလွတ်ရာအမြန်ပြောင်းရွှေ့ကြဖို့ Bangkok Metropolitan Administration (BMA) က ရေးပေါ်အကြောင်းကြားထားပါတယ်။ တစ်ချိန်ထဲမှာဘဲ Nong Khaen ကဒေသခံတွေကို အဆင်သင့်ပြင်ထားဖို့ နှိုးဆော်ထားပါတယ်။
 

 
စုဝဏ္ဏဘုံမိလေယာဉ်ကွင်းအား ၃.၅ မီတာအမြင့်ရှိတဲ့ ရေကာတာတွေနှင့် ကာကွယ်ထားနိုင်သော်လည်း ဒေသာခံတွေက ၎င်းတို့ရဲ့နယ်မြေတွေမှာ ရေလျော့လိုဇောနဲ့ လေယာဉ်ကွင်း ရေကာတာတွေကို လာရောက်မဖျက်ဆီးအောင် အနီးကပ် စောင့်ကြပ်နေရကြောင်းထိုင်းနိုင်ငံနိုင်ရဲ့ လယာဉ်ကွင်းဆိုင်းရာ အာဏာပိုင်တွေက ပြောပါတယ်။


Lat Krabang အရှေ့ပိုင်း စက်မှုဇုံ ရေ၀ိုင်းနေပုံဖြစ်ပါတယ်။ တာဝန်ရှိသူတွေရဲ့အဆိုရတော့ ၂.၅ မီတာအထိ ရေလွှမ်းခဲ့တယ်လို့ဆိုပါတယ်။ 
ဗဟိုအစိုးရနှင့် ဘန်ကန်အုပ်ချုပ်ရေးအာဏာပိုင်တွေအကြား ပဋိပက္ခဟာ တနေ့တခြား ပိုမိုကြီးထွားလာနေပြီး မနေ့ကပြုလုပ်တဲ့ ဘန်ကောက်ထဲဝင်လာနေတဲ့ရေတွေကို ထိမ်းချုပ်ဖို့အတွက် ဆည်မြောင်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆွေးနွေးပွဲမှာ တဖက်နှင့်တစ်ဖက် အပြန်အလှန် စကားစစ်ထိုးတဲ့အဆင့်အထိရောက်ခဲ့ပြီး ပဋိပက္ခဟာအမြင့်ဆုံးအခြေအနေထိ
ရောက်ခဲ့တယ်လို့ သိရပါတယ်။ (The nation) 
Ref: Bangkok Post


Ref: The Nation

Friday, 4 November 2011

2011, November 3 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ရေဘေးသင့်ဒေသတွေမှာ မြွေအန္တရာယ်ဟာ သတိထားစရာဖြစ်လာနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ အလွန်အဆိပ်ပြင်းတဲ့ အာဖရိကန် အမျိုးအစား အစိမ်းရောင် မြွေ ၁၅ ကောင်လွတ်သွားကြောင်း အရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားပါတယ်။
 


ထိုင်းကြက်ခြေနီအဖွဲ့ဟာ ရေဘေးဒုက္ခကြုံလူနာများအတွက် သွေးအလှူရှင် အရေးတကြီးလိုအပ်နေပါတယ်။ ယနေ့အချိန်အထိ သေဆုံးသူဟာ ၄၃၇ ယောက်အထိ ရှိလာပြီဖြစ်ပြီး ၂ ယောက်ပျောက်ဆုံးနေပါတယ်။



Phahon Yothin လမ်းပေါ်ရှိ Major Cineplex Ratchayothin ရေ၀ိုင်းနေပုံဖြစ်ပါတယ်။ ၃၀ စင်တီမီတာအထိရေတက်ခဲ့ပြီး အပန်းဖြေ ဖျော်ဖြေရေးစင်တာတွေလည်း ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။


Wat Samian Vari ကနေ Ngam Wong အထိစီးဆင်းနေတဲ့ Vibhavadi Rangsit လမ်းပေါ် တစ်နေရာက မြင်ကွင်းတစ်ခုပါ။ ၎င်းလမ်းတစ်လျောက် ၁.၅ မီတာအထိမြင့်တက်ခဲ့ပြီး ထောင်သားအချို့ကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။


ပို့ဆောင်ရေးကုမ္ဗဏီတစ်ခုရဲ့ မန်နေဂျာ  Wutichart Kanlayanamit ရဲ့ ပြောကြားချက်အရတော့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ဘတ်စ်ကားဝင်းဖြစ်တဲ့ မော်ချစ်ကို ရေကြီးလမယ်ဆိုရင် စုဝဏ္ဏဘုံမိ လေယာဉ်ကွင်းဘက်ကိုရွှေ့ရလိမ့်မယ်လို့ သိရပါတယ်။ တောင်ပိုင်းသွားတဲ့ စိုင်သိုက်မိုင်အဝေးပြေးကားဝင်းကတော့ Rama II ဘက်ကို ရွှေ့ပြောင်းထားရပြီးဖြစ်ပါတယ်။



ညစ်ညမ်းတဲ့ရေကို သန့်စင်စေနိုင်တဲ့ အစွမ်းထက် အနုဇီဝလုံးများကို အများပြည်သူ ၀ိုင်းဝန်း လုပ်အားပေးနေကြပုံဖြစ်ပါတယ်။ ဘန်ကောက်အရှေ့ဘက်ပိုင်းစက်ရုံတွေ အားလုံး ၂၀၁၂ နှစ်ဆန်းတာနဲ့ ပြန်လည်စတင်နိုင်ဖို့မျှော်လင့်ထားကြောင်းလဲ သိရပါတယ်။



Khlong Mahasawat နယ်ထဲကရေဟာ ပိုမိုမြင့်တက်လာတဲ့အတွက် Bang Khae ဒေသတစ်ခုံလုံး ရေဘေးလွတ်ရာ ပြောင်းရွှေ့ရမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။


မြောက်ပိုင်းကရေတွေဟာ မြို့တော်ဆီကို ဆင်းလာနေပြီဖြစ်တဲ့အတွက် ဘန်ကောက်မြို့တော်ရှိ နယ်မြေဒေသအားလုံး သတိအပြည့်ရှိနေဖို့ ရေဘေးကယ်ဆယ်ရေးစင်တာကနေ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။

Phahon Yothin လမ်းရေမြုပ်နေပုံဖြစ်ပါတယ်။ Bang Khen ဈေးရှိ ပျံကျဈေးသည်တွေကိုတော့ ရေလွတ်ရာ ရွှေ့ပြောင်းပြီးပြီလို့ဆိုပါတယ်။

Chatuchak ဒေသတစ်ဝက်ရေလွမ်းခဲ့ပြီး ရေဘေးဒုက္ခသည် ၃၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေဆီကို ရွှေ့ပြောင်းလိုက်ရတယ်လို့သိရပါတယ်။ 
Ref: Bangkok Post 
  
မြန်မာသံဃာတော်များ သီတင်းသုံးရာ Bang Khen ဒေသထဲက ၀ပ်တလုံကျောင်းရဲ့ မနေ့က မြင်ကွင်းဖြစ်ပါတယ်။

ကျောင်းဝင်း အလည်ဗဟိုကို ဘုရားဆောင် ရေလွှမ်းနေပုံဖြစ်ပါတယ်။

  
MWRN ရုံးမှ စေတနာ့ဝန်ထမ်းအချို့ ကျောင်းထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့သံဃာတွေကို ကယ်ဆယ်ရေးကားအကူအညီနှင့်သွားရောက်ပင့်ဆောင်ခဲ့ကြပါတယ်။ သံဃာ ၇ ပါးခန့်ကတော့ ရေလွတ်ရာ သိမ်ကြောင်းဆောင်ပေါ်ထပ်မှာ သီတင်းသုံးနေရစ်သဖြင့် ဆွမ်းအတွက် လှူဖွယ်များ လှူထားခဲ့ကြောင်း သိရပါတယ်။

ရေဘေးကယ်ဆယ်ကားက ဗုဒ္ဓမွန်ထွန် စိုင်နိမ် လမ်းထိပ်အထိရောက်အောင် အကူအညီအပေးခဲ့ပြီး မဟာချိုင် MWRN ရုံအထိကိုတော့ ကိုယ့်အစီအစဉ်နှင့်ကို အဆင့်ဆင့် ကြိုးစားခဲ့ပါတယ်။

ဝပ်တလုံးမှ ရေဘေးလွတ်ရာ ပင့်ဆောင်လာခဲ့သော သံဃာအချို့နှင့် MWRN ဥက္ကဌ ဦးအောင်ကျော်တို့ ကားမရသဖြင့် ခြေလျင်ခြောက်ကြရပုံ။

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes