Tuesday 3 December 2013

မြန်မာနိုင်ငံ မိုဘိုင်းလ်ဆင်းကတ် ဈေးနှုန်းနှင့် အင်တာနက် မြန်နှုန်း Ooredoo မှ အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်မည်

Tuesday, December 3, 2013

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်ပဆက်သွယ် ရေးကုမ္ပဏီနှစ်ခု အနက်မှ တစ်ခုဖြစ်
သည့် Ooredoo Myanmar အနေဖြင့် မိုဘိုင်းလ် ဆက်သွယ်ရေး လုပ်ငန်းများကို စတင်လုပ်ကိုင်သည့် အချိန်တွင် မြန်မာနိုင်ငံ၌ လက်ရှိ ရောင်းချနေသည့် ဈေးနှုန်းများနှင့် အင်တာနက် မြန်နှုန်းများကို ပြောင်းလဲပစ်မ ည် ဖြစ်ကြောင်း Ooredoo Myanmar ၏ စီးပွားရေးရာများ ဆိုင်ရာ အရာရှိချုပ် အရှေ့တောင်အာရှ ဒေသဆိုင်ရာ ရှေ့နေချုပ်ဖြစ်သူ ScottWeenink က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လာရောက် လုပ်ကိုင်နေကြသည့် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်များ အပြင် မြန်မာနိုင်ငံသားများအနေဖြင့်

 မြန်မာနိုင်ငံတွင် မိုဘိုင်းလ်နှင့် အင်တာနက် ကွန်ရက် မရှိခြင်း၊ အခြေခံ အချက်များဖြစ်သည့် အီးမေးလ်များစစ်ဆေးခြင်းနှင့် နိုင်
ငံခြားသို့ ဖုန်းခေါ် ဆိုခြင်းများ အတွက် အဆင်မပြေ ဖြစ်လျက်ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

''အခုလတ်တလော မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ရတာ အခက်အခဲ ရှိပါတယ်။ အီးမေးလ် တွေ စစ်တဲ့အခါမှာ များသောအားဖြင့် ဟိုတယ်မှာရှိတဲ့ Wifi ကိုပဲ အားကိုးနေရတယ်။ ဖိုင်တစ်ဖိုင်ကို download လုပ်ဖို့ တစ်နေကုန် ကြာရင် ကြာတတ်ပါတယ်။ ဒါပေမဲ့

 မြန်မာ နိုင်ငံမှာ ကျွန်တော်တို့ စပြီးတော့ လုပ်တယ်ဆိုတာနဲ့ ဒါတွေကို ပြောင်းပစ်နိုင်ပါတယ်'' ဟု Scott Weenink က ပြော
ကြားခဲ့သည်။

မြန်မာနိုင်ငံတွင် 3G ကွန်ရက်ဖြင့် လုပ်ဆောင်မည် ဖြစ်ပြီး ၁၅ နှစ် သက်တမ်း လုပ်ကိုင်ခွင့် ရရှိထားသော Ooredoo သည် မိုဘိုင်းလ်ကွန်ရက် လုပ်ကိုင် ဆောင်ရွက်မည့် အပြင် မိုဘိုင်းလ်ဖုန်းဖြင့် ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုနှင့် အချက်အလက်များ ရယူနိုင်သော ဝန်ဆောင်မှု များလည်း လုပ်ကိုင်သွားမည် ဖြစ်သည်။

ကံထူး

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes