Tuesday 3 December 2013

ပြည်နယ်နှင့်တိုင်းလေးခုတွင် ကွန်ပျူတာပညာရှင် အသင်းအသိအမှတ်ပြုစာမေးပွဲ ကျင်းပမည်

ယုဝေ| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 

မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင် အသင်း (MCPA) အသိအမှတ်ပြု Network စာမေးပွဲများကို တစ်ပြိုင်နက်ကျင်းပမည်ဖြစ်သည်ဟု မြန် မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။ 

အဆိုပါစာမေးပွဲမှာ အိုင်တီပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသည့် ကျောင်းသား၊ ကျောင်း သူများ၏ အရည်အချင်းကို အသိအမှတ်ပြုခံနိုင်စေရန် ဦးတည်သောစာမေးပွဲဖြစ်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။

ဖြေဆိုနိုင်သည့် စာမေးပွဲအမျိုးအစားများမှာ Network Associate Examination (NA), Network Professional Examination (NP) တို့ဖြစ်ကာ စာမေးပွဲအောင်မြင်သူများအနေဖြင့် ပညာရှင်နယ်ပယ် တွင် စတင်ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သည်။ စာမေးပွဲဖြေဆိုလိုသူများအနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် နောက်ဆုံးစာရင်းပေးသွင်းရမည်ဖြစ်ပြီး စာမေးပွဲကြေးမှာ Network Associate Examination အတွက် ကျပ် ၅၀၀၀၊ Network Professional Examination အတွက် ကျပ် ၁၀,၀၀၀ သတ်မှတ်ထားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များအတွက် ၁၀ ရာခိုင်နှုန်းလျှော့ဈေး ဖြင့် ဖြေဆိုနိုင်မည်ဖြစ်သည်။

အသေးစိတ်သိရှိလိုသူများအနေဖြင့် ဖုန်း- ၆၅၂၂၇၆ နှင့် ၀၉-၇၃၀၈၈၃၀၀ တို့သို့ ဆက်သွယ်စုံစမ်းနိုင်သည်



Mizzima - News in Burmese

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes