Saturday 7 April 2012

မြန်မာနိုင်ငံ နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂအဖွဲ့ဝင် ဖြစ်ပြီ

IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂက မြန်မာနဲ့ တောင်ဆူဒန်နိုင်ငံတို့ကို အဖွဲ့ဝင်အဖြစ် ကြာသပတေးနေ့က လက်ခံလိုက်ပါတယ်။

အဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၀ ရှိတဲ့ IPU မှာတောင်ဆူဒန်က ၁၆၁ နဲ့ မြန်မာက ၁၆၂ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်သွားကြပါတယ်။

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့မှာ ကျင်းပနေတဲ့ ၆ ရက်ကြာ IPU ညီလာခံ နောက်ဆုံးနေ့မှာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ရာဒီ က- " မြန်မာနဲ့ တောင် ဆူဒန်နိုင်ငံတွေ အသစ်ပါဝင်လာကြလို့ အခုဆိုရင် IPU မှာအဖွဲ့ဝင် ၁၆၂ နိုင်ငံ ရှိသွားပါပြီ။ အခုလို IPU အဖွဲ့ဝင်ဖြစ်လာတာဟာ သက်ဆိုင်ရာ နိုင်ငံတွေအတွက် သူတို့ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှုမှာ စာမျက်နှာသစ် ဖွင့်လိုက်တာပဲဖြစ်ပါတယ်။ နိုင်ငံသစ်တွေကို IPU က ကြိုဆိုပါတယ်။ သူတို့ တိုင်းပြည်တွေမှာ ပါလီမန် ဒီမိုကရေစီစနစ် အခြေခံအုတ်မြစ်တွေ ခိုင်မာလာအောင် တည်ဆောက်တဲ့နေရာမှာ မိမိတို့က ကူညီထောက်ပံ့ အားပေးကြမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

IPU ခေါ် နိုင်ငံတကာ ပါလီမန်လွှတ်တော်များ သမဂ္ဂကို ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပါလီမန်ကိစ္စတွေ ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်ရေး၊ တိုင်းပြည် လူထုတွေကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဒီမိုကရေစီစနစ် ခိုင်မာရေးတို့အတွက် ထူထောင်ခဲ့တာဖြစ်ပါတယ်။

RFA

KNU ငြိမ်းချမ်းရေး လက်မှတ်ထိုး

ဓာတ်ပုံ ASSOCIATED PRESS
မီးရထားဝန်ကြီးဦးအောင်မင်း(ဝဲ)နှင့် KNU အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်(ယာ) ဆွေးနွေးပွဲမှတ်တမ်းလဲလှယ်စဉ်။ (ဧပြီလ ၆ ရက်၊ ၂၀၁၂။)

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ ဒီကနေ့မနက်မှာ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်မှာတွေ့ဆုံပြီး ပြည်သူလူထုနဲ့သက်ဆိုင်တဲ့ အချက် ခြောက်ချက်ကို လက်တွေ့အကောင်အထည် ဖော်ဆောင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ပါတယ်။ ဒီကနေ့ KNU နဲ့ အစိုးရ ကိုယ်စားလှယ်အကြား ဆွေးနွေးပွဲ အခြေအနေကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

ဒီကနေ့ဆွေးနွေးပွဲဟာ KNU ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား ပထမဆုံး ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာတော့  ဒီနှစ် ဇန်န၀ါရီလတုန်း က KNU က တင်ပြထားတဲ့အချက် ၁၁ ချက်ထဲက အဓိက အချက်ခြောက်ချက်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

KNUအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ အဓိက ဆွေးနွေးတဲ့အကြောင်းအရာတွေကို အခုလို ပြောပြပါတယ်။

“အဓိက ကတော့ ပြည်သူလူထုနဲ့ပတ်သက်တဲ့ကိစ္စ၊ monitoring ကိစ္စ၊ Code of Conduct ကိစ္စတွေ၊ အဲဒါ တွေကို ဆွေးနွေးပါတယ်။ အပစ်အခတ်ရပ်စဲရေးကိစ္စပြီးလို့ရှိရင် နှစ်ဘက်လိုက်နာရမယ့်စည်းကမ်းတွေ ဒါကို ကျနော်တို့ ဆွေးနွေးကြမှာပါ။ ဒါပေမယ့် နှစ်ဦးနှစ်ဘက် ညှိနှိုင်းပြီးတော့ သဘောတူညီချက်တွေကို နောက်မှ ပြန်ပြီးတော့ တွေ့ဆုံပြီးတော့ ဆုံးဖြတ်ဖို့ အစီအစဉ်ရှိပါတယ်။ အဓိကအချက်ကတော့ ကြောက်ရွံ့မှု ကင်းတဲ့ ပြည်သူလူထုရဲ့ ဘဝကို ဖန်တီးဖို့၊ နောက်ပြီးတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုရရှိဖို့ အတွက် ပြည်သူလူထုရဲ့ အပစ်အခတ်ရပ်စဲမှုလုပ်တဲ့အခါမှာ လူထုအတွက် အကျိုးရှိမယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့ ဖော်ဆောင်ရမှာကိုး။ ပြည်သူလူထုကို အကျိုးမရှိစေတဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်မှုဟာ ကျနော်တို့ မလိုလားဘူး။ ဒါကိုလည်း ဆုံးဖြတ်ချက်ချတယ်လေ။ ဒါကို လုပ်ဆောင်ဖို့လို့”
ဒီကနေ့ ဆွေးနွေးတဲ့အချက်တွေထဲမှာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ပြီး ဒီအချက်ကိုတော့ တဖြည်းဖြည်း အကောင်အထည်ဖော်ဆောင်သွားဖို့ သဘောတူခဲ့တယ်လို့ ပြောပါတယ်။

KNU နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့မနက် ကိုးနာရီ လောက်မှာ စတင်ဆွေးနွေးပြီး ညနေငါးနာရီကျော် လောက်မှာ ဆွေးနွေးဆုံးဖြတ်ချက်တွေကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ဘက်တွေဆုံဆွေးနွေးပွဲရဲ့သဘောတူညီ ချက်တွေကို   သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကို KNU ငြိမ်းချမ်းရေးအဖွဲ့ဘက် အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တို့က ဦးဆောင်ပြီး ၂၁ ဦး တက်ရောက်ခဲ့သလို မြန်မာအစိုးရ ရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဘက်ကတော့ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ အပါ အ၀င် ပြည်ထောင်စုဝန်ကြီး ၇ ဦး တို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက ဒီကနေ့ ဆွေးနွေးပွဲအပေါ်မှာ အားရကျေနပ်မှုရှိပြီး ယုံကြည်မှုလည်း ပိုမိုရခဲ့ကြတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ဆွေးနွေးမှု တော်တော် အားရပါတယ်။ ကျနော်တို့တင်ပြတဲ့အချက်တွေကို ပြည်ထောင်စု အဆင့် ဆွေးနွေးရေးအဖွဲ့ ကိုယ်စားလှယ်တွေကလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတယ်။ အဖြေရှာကြ တယ်။ ကျနော်တို့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်။ ဒါကို ကျနော်တို့ အားရတယ်လို့ ပြောလို့ ရနိုင်ပါတယ်။ ယုံကြည်မှုပိုမိုရရှိလာတယ်လို့ ပြောလို့ရနိုင်ပါတယ်”

မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဘက်က သဘောထားကို သိနိုင်ဖို့ မီးရထားဝန်ကြီး ဦးအောင်မင်းကို ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းမီဒီယာတွေကို တယ်လီဖုန်းက တဆင့်ဖြေကြားဖို့ အစီအစဉ်မရှိကြောင်း သူ့ရဲ့ကိုယ်ရေးအရာရှိဖြစ်သူက တုံ့ပြန်ပါတယ်။

KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ မနက်ဖြန်မှာ ရန်ကုန်မြို့မှာရှိတဲ့ ကရင်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပြီး တနင်္ဂနွေနေ့မှာတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နောက်ရက်တွေမှာတော့ ပဲခူးတိုင်း၊ ကျောက်ကြီးဘက်ကို သွားရောက်ဖို့ ပြင်ဆင်ထားသလို ပဲခူးတိုင်းဒေသကြီးက အစိုးရအဖွဲ့အပါအ၀င် စစ်တိုင်းမှူးနဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။

KNU ကိုယ်စားလှယ်နဲ့ မြန်မာအစိုးရရဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့တို့ဟာ ဒီလ ၄ ရက် နေ့ကလည်း ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ဒုတိယအကြိမ်တွေ့ဆုံပြီး အပစ်အခတ်ရပ်ဆိုင်းရေးဆိုင်ရာ နှစ်ဘက် လိုက်နာရမယ့် ကျင့်ဝတ်တွေချမှတ်ရေး၊ အပစ်အခတ်ရပ်ဆိုင်းရေးကို စောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး၊ ဆက်ဆံရေးရုံးတွေကို လိုအပ်တဲ့ဒေသတွေမှာ ဖွင့်လှစ်ရေးအပါအ၀င် အပစ်အခတ်ရပ်ဆိုင်းရေး ဆိုင်ရာ အသေးစိတ်အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
KNU အဖွဲ့ဟာ မြန်မာအစိုးရအဆက်ဆက်ကို ၆၃ နှစ်ကြာ တော်လှန်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ အပစ်အခတ်ရပ်စဲဖို့အတွက် ပြည်နယ်အဆင့်နဲ့ လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။
Ref: VOA

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦး NLD ပါတီဝင်ရန် လျှောက်လွှာတင်

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးဦးတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များအဖြစ် ပါဝင်လှုပ်ရှားနိုင်ဖို့ လျှောက်လွှာ တင်သွင်းလာတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက သတင်းထောက်များအား ရှင်းလင်းနေစဉ်။
အဲဒီ NLD ပါတီဝင်အဖြစ် လျှောက်ထားသူတွေအနက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးကြီးမြင့်က NLD ပါတီဝင်အဖြစ် သူအခုလို လျှောက်ထားရတာဟာ စိတ်ပြောင်းလာလို့ မဟုတ်ကြောင်း၊ လာမဲ့ ၂၀၁၅ ခုနှစ်မှာလည်း လွှတ်တော်အမတ် ပြန်လုပ်ဖို့ ရည်ရွယ်ချက်မရှိကြောင်းနဲ့ NLD ပါတီ ပြန်လည်မှတ်ပုံတင်ရင် NLD ကို ပြန်သွားဖို့ စောစောပိုင်းကထဲက ရည်ရွယ်ထားတာကြောင့် ဖြစ်ကြောင်း ပြောပါတယ်။
NLD ပါတီဝင်အဖြစ် လျှောက်ထားသူ လွှတ်တော်ကိုယ်စားလှယ် နောက်ထပ် နှစ်ဦးအနက် ဦးခင်မောင်ဝင်းဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး၊ ဒေါက်တာသန်းဝင်းက မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။
Ref: RFA

Friday 6 April 2012

ရခိုင် ALP အဖွဲ့နှင့် အစိုးရ အပစ်ရပ်ပြီ

ကိုယ်ပိုင် ပြဌာန်းခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၄၀ နီးပါး အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) နှင့် မြန်မာအစိုးရ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးအဖွဲ့ ကိုယ်စားလှယ်များ စစ်တွေမြို့တွင် နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် အပစ်ရပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
ALP အဖွဲ့နှင့် အစိုးရ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ စစ်တွေမြို့ပေါ်တွင် တွေ့ဆုံ ဆွေးနေကြစဉ် (ဓာတ်ပုံ - alpbranchmalaysia.blogspot.com)

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ALP ပါတီ၏ ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ စစ်တွေမြို့တွင် ဗုဒ္ဓဟူးနေ့ကစ၍ နှစ်ရက်ဆက်ဆွေးနွေးခဲ့ကြရာ ယခုလ ဧပြီ ၆ ရက် နေ့မှ စတင်ကာ နှစ်ဖက် အပစ်ရပ်ရေး အပါအဝင် တောင်းဆိုချက် ၅ ချက် သဘောတူ လက်မှတ် ထိုးခဲ့ကြကြောင်း ALP ဒု ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ကပြောသည်။

“ကျနော်တို့ဘက်က တောင်းဆိုချက် ၁၇ ချက် တင်ပြတယ်။ အခု ပြည်နယ်အဆင့်မှာ ၅ ချက်သဘောတူတယ်။ ကျန်တာတွေ ကတော့ ပြည်ထောင်စုအဆင့်မှာထပ်ဆွေးနွေးရဦးမှာပါ” ဟု ဦးခိုင်စိုးနိုင်အောင် က ဧရာဝတီသို့ ပြောသည်။

ပြည်နယ်အဆင့် ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လည်း တက်ရောက်ခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုအဆင့်တွင် ဦးအောင်သောင်း ခေါင်းဆောင်သော အဖွဲ့နှင့် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမည့် နေ့ရက်ကို အန္ဒိယ၊ ထိုင်းနှင့် ဘင်္ဂလားဒေရှ့် နယ်စပ်ဒေသများရှိ ALP တပ်ဖွဲ့များနှင့် ကြိုတင်ဆွေးနွေးပြီးမှ ထုတ်ပြန်အကြောင်း ကြား သွားမည်ဖြစ်ကြောင်း ALP ဘက်ကပြောသည်။

ယခုဆွေးနွေးခဲ့သော ပြည်နယ်အဆင့်တွင် ALP ကတင်ပြတောင်းဆိုသည့် အချက် ၁၇ ချက်အနက် အပစ်ရပ်ရေး အပါအဝင် ပလက်ဝနှင့် ကျောက်တော်တို့တွင် ဆက်ဆံရေး ရုံးများဖွင့်လှစ်ထားရှိရေး၊ ဒေသဖွံ့ဖြိုးရေး၊ ALP ပါတီဝင်များ နိုင်ငံတ၀န်းသို့ လက် နက်မဲ့ လွတ်လပ်စွာသွားလာခွင့်ရရှိရေး၊ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင် ညှိနှိုင်း ဆောင်ရွက်ရန် တို့ သဘောတူညီမှု ရှရှိထားသည်။

ALP နှင့် အစိုးရတပ်တို့အကြား နယ်မြေသတ်မှတ်ရေး၊ အစိုးရတပ်များဆုတ်ခွာပေးရေး၊ မတရားအသင်းကြေညာထားသော ဥပဒေ များရုပ်သိမ်းပေးရေး၊ တပြည်လုံးအပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ရခိုင်ပြည်နယ် ဒေသခံ များရရှိရမည့် အခွင့်အရေးများပါဝင်သည့် အချက် ၁၂ ချက်ကို ပြည်ထောင်စုအဆင့်၌ ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးခိုင်စိုးနိုင် အောင် က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးရန် ALP ပါတီအား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ ညွှန်ကြားချက်ဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး မှတဆင့် ဇန်နဝါရီလပိုင်းက ဆက်သွယ်လာခဲ့ပြီးနောက် ALP နှင့် ၎င်းလက်အောက်ရှိ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် ALA တို့ တလခန့် ဆွေးနွေးခဲ့ကြပြီး သဘောတူဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

ALP အနေဖြင့်ငြိမ်းချမ်းရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန်ကြိုးစားသွား မည်ဖြစ်ကြောင်း၊ တွေ့ဆုံပါ ပြည်တွင်းငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များကို ပါဝင်လုပ်ကိုင်ရန် ဆွေးနွေးသွားမည့် အစီစဉ်များရှိပြီးဖြစ်ကြောင်း ဦးခိုင်စိုးနိုင်အောင် က ပြောသည်။

“ဘာကြောင့်ပြည်တွင်းငြိမ်းချမ်းရေး မရသလဲ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်သလဲ။ အဲဒါတွေဖြစ်ဖို့လိုတယ်။ အဲဒါတွေက ဒေါ်စုလည်း ပါဝင်ပြီးတော့ ဖြေရှင်းဖို့လိုတယ်။ သူပါဝင်ရင် ပိုပြီးတော့ နီးစပ်လိမ့်မယ်ဆိုတာတွေကို ကျနော်တို့မှာ ဆွေးနွေးဖို့ အစီ အစဉ်ရှိပါတယ်”ဟု သူက ပြောသည်။

အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ALP အဖွဲ့ဝင် ကိုယ်စားလှယ်များသည် ထိုင်းနယ်စပ်နှင့်အိန္ဒိယနိုင်ငံတို့မှ တဆင့်ရခိုင် ပြည်နယ် သို့ ဧပြီလ ၂ ရက်နေ့တွင်ရောက် ရှိလာကြရာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ပါတီဝင်များနှင့် ရခိုင်ပြည်သူများက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။

“ALP အဖွဲ့ကို သောင်းချီတဲ့ ရခိုင်ပြည်သူတွေက စစ်တွေမြို့မှာ ကြွေးကြော်သံတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်”ဟု ကြိုဆိုရေး အစီအစဉ်အား ဦးဆောင်ခဲ့သူ ဦးစံကျော်လှက ပြောသည်။
ALP ပါတီကို ၁၉၆၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU) နယ်မြေ၌ စတင်တည်ထောင်ခဲ့ပြီး ၎င်း၏ လက်အောက်တွင် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် (ALA) ရှိသည်။ ALA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၁ ရက် နေ့ တွင် ထူထောင်ခဲ့ပြီး မြန်မာ-အိန္ဒိယ နယ်စပ်၊ ဘင်္ဂလား ဒေ့ရှ်နယ်စပ်၊ ထိုင်းနယ်စပ်တို့တွင် အခြေစိုက် လှုပ်ရှားလျက် ရှိသည်။

ALP တောင်းဆိုချက် (၁၇ ) ချက်
စာလုံး အပြာရောင်ခြယ်ထားသော အချက်များသည် အစိုးရနှင့် ပြည်နယ်အဆင့်တွင် သဘောတူထားချက်များဖြစ်သည်။
၁. မြန်မာအစိုးရတပ်မတော်နှင့် ရခိုင်ပြည်လွတ်မြောက် ရေးတပ်မတော် ALA တို့ နှစ်ဘက်တပ်များအကြား အပစ်ခတ်ရပ်စဲရန်။
၂. အပစ်ခတ်ရပ်စဲထားသည့် ကာလအတွင်း နှစ်ဘက်သဘောတူညီထားသည့် နေရာများမှအပ နယ်မြေကျော်လွန်၍ လက်နက်ကိုင်ဆောင်သွားလာမှုများကို နှစ်ဘက်ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်။
၃. အပစ်ခတ်ရပ်စဲထားသည့်ကာလအတွင်း သတ်မှတ်ထားသော နယ်မြေအတွင်းမှ မြန်မာအစိုးရစစ်တပ်များအားလုံး ဆုတ်ခွာပေးရန်။
၎. နှစ်ဘက်အပြန်အလှန်ဆက်ဆံ၊ ဆွေးနွေးမှုများပြုလုပ်နိုင်ရန်အတွက် နှစ်ဘက်သဘောတူညီသော
 အောက်ဖော်ပြပါ နေ ရာများတွင် (ALP) ပါတီ၏ ဆက်ဆံရေးရုံးများကိုဖွင့်လှစ်ရန်။
(ပလက်ဝ၊ ကျောက်တော်)။
၅. ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တပ်မတော်သားများအား၊ လက်နက်မပါ မြန်မာတပြည်လုံး သွားလာခွင့်ပြုရန်။
၆. ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများအား လွတ်လပ်စွာတွေ့ဆုံခွင့်ပေးရန်။
၇. ရခိုင်ပြည်ရှိ ချောင်း၊ မြောင်းများအား၊ ပြည်နယ်အစိုးရမှ လေလံတင်ရောင်းချပြီး လုပ်ငန်းကန့်သတ်လုပ်ကိုင်နေသည့် စနစ်ကို ဖျက်သိမ်းပေးရန်။
၈. ရခိုင်လယ်သမားများထံမှ သိမ်းယူထားသည့် လယ်မြေ၊ အိမ်ရာ၊ ဥယျာဉ်ခြံမြေများ ပြန်ပေးရန်။
၉. ပြည်ထောင်စုအစိုးရက ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေအဖွဲ့နှင့် ALP ပါတီမှ ဖွဲ့စည်းသည့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များသည် နှစ်ဦးနှစ်ဘက်သဘောတူညီသောနေရာ တူညီသောကာလတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများ ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက် တင်ပြဆွေးနွေးရန်။
၁၀. ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ စာပေယဉ်ကျေးမှုအပြင် လူမှုရေးနယ်ပယ်အသီးသီး၌ လွတ်လပ်စွာ ပါဝင်လုပ်ကိုင်ခွင့်ပေးရန်။
၁၁. ပြည်တွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်တွင်း၌ စီးပွားရေးမြုပ်နှံထားသောပြည်ပ ကုမ္ပဏီများမှ ဝင်ငွေခွန်အဖြစ် ၂ ရာခိုင်နှုန်း ကောက်ခံပိုင်ခွင့်ရှိရန်။
၁၂. နိုင်ငံရေး ပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများကို ပြန်လည်နေရာချပေးရန်။
၁၃. အကျဉ်းကျခံနေကြရသော ရခိုင်နိုင်ငံရေးသမားများနှင့် အခြားသော နိုင်ငံရေးသမားများကို ပြန်လည်လွှတ်ပေးရန်။
၁၄. အဓမ္မလုပ်အားပေးခိုင်းစေမှုများကို ရပ်တံ့စေရန်နှင့် ပုံစံမျိုးစုံဖြင့် မတရားတဖြင့် ငွေကြေးကောက်ခံနေမှုများကို မပြုလုပ်ရန်။
၁၅. ငြိမ်းချမ်းရေးဖြစ်စဉ်တွင် သတင်းမှန်မီဒီယာများမှ ပါဝင်ခွင့်ပြုရန်။
၁၆. မတရားအသင်းကြေညာထားသော ဥပဒေများကိုပြန်လည် ရုပ်သိမ်းပေးရန်။
၁၇. တပြည်လုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို ကြေညာပေးရန်နှင့် အပစ်အခတ်ရပ်စဲသည့် ၄၅ ရက် အတွင်း နိုင်ငံရေးဆွေးနွေးပွဲကို စတင်ရန်။
 Ref:  ဧရာဝတီ

နောက်ထပ် NDF အမတ်နှစ်ဦး NLD သို့ ပြန်လည်ကူးပြောင်းလို

ချင်းမိုင် (မဇ္ဈိမ) ။        ။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ လွှတ်တော်အမတ် နှစ်ဦးဖြစ်သည့် ဒေါက်တာ သန်းဝင်းနှင့် ဦးခင်မောင်ဝင်းတို့သည် NDF ပါတီဝင်အဖြစ်မှ နုတ်ထွက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု ၎င်းတို့က မဇ္ဈိမကို ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြောက်ဥက္ကလာမြို့နယ်မှ NDF ပါတီကိုယ်စားပြု၍ အနိုင်ရခဲ့သူ ဒေါက်တာသန်းဝင်းသည် မတ်လ ၂၇ ရက်နေ့တွင် ပါတီမှ နုတ်ထွက်၍ အဆိုပါနေ့တွင်ပင် NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာတင်ခဲ့သည် ဟု မဇ္ဈိမကို ပြောသည်။

“အရေးကြီးဆုံးအချက်က NLD မရှိလို့ ထောင်ရတာ။ သင်္ဘောကြီး စက်ရပ်သွားလို့ အသက်ကယ်လှေ ထောင်တာ။ လစ်လပ်သွားတဲ့ Political Space ကို ဖြည့်တာခင်ဗျာ့။ Political Space က ဖြည့်စရာ မလိုတော့ဘူးဆိုတော့ ကျနော်တို့က ရှင်းရှင်းပြောရင် NLD မရှိလို့ NDF ထောင်တာ။ သင်္ဘောကြီးကလည်း စက်ပြန်ကောင်းပြီး အရှိန်ကောင်းကောင်းနဲ့ သွားနေတဲ့အခါမှာ အသက်ကယ်လှေ လုပ်စရာ မလိုတော့ဘူး။ သင်္ဘောကြီးဆီပဲ ကျနော်တို့ လုံခြုံစိတ်ချစွာ သွားလို့ရပါပြီ” ဟု မဇ္ဈိမကို ပြောသည်။

ဒေါက်တာသန်းဝင်းသည် မူလ NLD ပါတီဟောင်းတွင် ရန်ကုန်တိုင်း ဒု -က္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း NLD ပါတီ၏ မြောက်ဥက္ကလာပ အမတ်အဖြစ် ရွေးချယ်ခံခဲ့ဖူးသူ ဖြစ်သည်။ NLD သို့ ပြန်လည်မကူးပြောင်းမီ NDF ပါတီတွင် လွှတ်တော်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

NDF ပါတီ၏ လွှတ်တော်လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်း သည်လည်း မတ်လ ၂၇ ရက်နေ့ တွင် ပါတီမှ နုတ်ထွက်ကာ NLD ပါတီဝင်သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။

“ကျနော်ကတော့ ဒီလို တစစီတစီ အစိတ်အပိုင်းတွေ ဖြစ်မယ့်အတူတူ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတရပ်မှာ အားလုံး ညီညွတ်လို့ရှိရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ သူသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လမ်းမတော် မြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူ ဖြစ်သည်။

အဆိုပါ လွှတ်တော်အမတ်နှစ်ဦးလုံး၏ မဲဆန္ဒနယ်များမှ လူထုကလည်း ဤသို့ NLD ပါတီသို့ ကူးပြောင်းဝင်ရောက် သည်ကို သဘောတူညီကြောင်း မှတ်ချက်ပေး ပြောဆိုကြသည်ဟု ဆိုသည်။

ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု၍ လသာမြို့နယ်မှ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် NNLD သို့ ကူးပြောင်းခဲ့သူ လွှတ်တော်အမတ် ဦးကြည်မြင့်သည်လည်း ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း NNLD မှ နုတ်ထွက်ကာ NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးဖြစ်သည်။

ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ
ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။

NLD ပါတီဝင် လက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်တဦးဖြစ်သည့် ဦးအုန်းကြိုင်က ထိုကဲ့သို့ အခြားပါတီများမှ ပါတီဝင်များ၊ လွှတ်တော်အမတ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ “ပါတီဝင်စိစစ်ရေး ကော်မတီကနေ စိစစ်ပြီးတော့ အဲဒီကနေပြီးတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တင်ပါလိမ့်မယ်။ ထုံးစံကတော့ အဲဒီလိုလုပ်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။

NDF ပါတီကိုယ်စားပြု၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ရသူ ဒေါက်တာမြတ်ဉာဏစိုးမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်လာလအတွင်း ပါတီမှနုတ်ထွက်၍ NLD သို့ ဝင်ရောက်ခဲ့ရာ NLD ပါတီက အသိအမှတ်ပြု လက်ခံပြီး ဖြစ်သည်။

NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြတ်ဉာဏစိုးသည် NLD သို့ ကူးပြောင်းလာခြင်းကြောင့် အမျိုးသားလွှတ်တော်အမတ် ၅ ဦး ရှိနေသည်။

NLD ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု ကြံ့ခိုင်ရေး ကန့်ကွက်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ရန်ကုန်တိုင်းအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကိုကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ရန်ကုန်တိုင်း နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း က ဆိုသည်။

ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ ရုံးချုပ်တွင် သောကြာနေ့ နံနက်ပိုင်းက ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် တွေ့ရှိရသည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများကို ကန့်ကွက်သွားမည် ဖြစ်ပြီး ကော်မရှင်အနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများအတိုင်း
ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။
usdp3
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွေ့ရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများကို ကော်မရှင်သို့ တင်ပြ ကန့်ကွက်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူး ဦးအောင်သိန်းလင်း ပြော (ဓါတ်ပုံ မဇ္ဈိမ)

“ကျနော်တို့က ဒီဖြစ်စဉ်တွေ ရှိတယ်လို့ သိရတယ်။ ဖြစ်စဉ် မှန်မမှန်တော့ ကျနော်တို့ မပြောနိုင်ဘူး။ ဖြစ်စဉ်ကိုပဲ ကျနော်တို့ ကန့်ကွက်တာ။ ဖြစ်စဉ်မှန်မမှန် စုံစမ်းဖို့ ကော်မရှင်မှာ တာဝန်ရှိတယ်။ ကော်မရှင်က ဖော်ထုတ်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဆိုသည်။

ကော့မှူးမြို့နယ်မှ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သည့် ဖြစ်စဉ် ၂ ခု၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ဖြစ်စဉ် ၁ ခု၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဖြစ်စဉ် ၁၂ဝ ခု တို့ကို သက်ဆိုင်ရာ ကော်မရှင်များသို့ တင်ပြထားကြောင်း ကျန် ရန်ကုန်တိုင်း ၃ မြို့နယ်တွင်လည်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုများရှိကြောင်း ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးမှူးက ဆိုသည်။

NLD ကို အမှန်ခြစ်၍ မရအောင် ကြံ့ခိုင်ရေးပါတီက မဲစာရွက်များတွင် ဖယောင်း သုတ်ထားသည်ဟု ပြောဆိုမှုများရှိ
ကြောင်း၊ ဖယောင်းသုတ်သည့် ပြဿနာမှာ ၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်က မရှိခဲ့ကြောင်း၊ အဆိုပါ ပြဿနာ အား ကော်မရှင်မှ တာဝန်ယူ စစ်ဆေးပေးရန် လိုလားကြောင်း ရန်ကုန်မြို့တော်ဝန်ဟောင်းက ဆိုသည်။

“ကျနော်တို့က ရှုံးမဲမဲတယ် ဆိုပြီး မိအေးနှစ်ခါ နာရပါတယ်” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။

NLD ပါတီ၏ အထက်လူကြီးများက ထိန်းထိန်းသိမ်းသိမ်းနေရန် ညွှန်ကြား ထားသော်လည်း အောက်ခြေအဆင့်တွင် ထိန်းချုပ်မှု လွတ်ကင်းနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် အပြိုင် ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဝင်ခဲ့သည့်ဒေါက်တာစိုးမင်းက မီဒီယာတွေ့ဆုံပွဲတွင် ပြောဆိုလိုက်သည်။

“ကျနော်တို့ တပ်ဦးလိုမျိုး ဖြစ်နေတဲ့ ရုံးရှေ့မျက်နှာမှာ ခွပ်ဒေါင်းအလံကြီး လာယမ်းပြတယ် ဆိုတဲ့ အဓိပ္ပါယ်က ကျနော်တို့ကို စိန်ခေါ်တယ်လို့ ဆိုနိုင်ပါတယ်။ အဲ့အခါမှာ ကျနော်တို့အထဲက မခံချင်လို့များ၊ တက်ပြီးတော့များ ထွက်ပြီးတော့ ရိုက်တာပြုတာ ဖြစ်ခဲ့ရင် ကျနော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးမလဲ။ ဘယ်သူ့ကို အဆိုးမြင်မလဲ” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီအောင်မြင်မှုအပေါ် တဘက်သား စိတ်အနှောင့်အယှက်ဖြစ်အောင်အောင်ပွဲခံခြင်းမပြုလုပ်ရန် ညွှန်ကြားထားသော်လည်း မြို့နယ်အချို့ရှိ ပါတီဝင်များ၏ အောင်ပွဲခံမှုသည် ကြံ့ခိုင်ရေး ပါတီဝင်များအတွက် စိတ်အနှောင့်အယှက်ဖြစ်ကြောင်း ဦးအောင်သိန်းလင်းက ပြောဆိုသည်။

“တဘက်ကလည်း သူတို့လူ သူတို့ ထိန်းမှာပါပဲ။ ထိန်းတဲ့ကြားက ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒီလို တည်ငြိမ်အေး မှု ထိခိုက်စေနိုင်တဲ့ ပြဿနာတွေ၊ စပ်ဆက် နောက်ဆက်တွဲကိစ္စတွေ မဖြစ်အောင် အေးအေးချမ်းချမ်းဖြစ်အောင် ထိန်းနေတယ်ဆိုတာ ကျနော်တို့ဘက်က ပြချင်တာပါ။ သူတို့ဘက်ကလည်း ထိန်းသိမ်းမယ်လို့ ကျနော် ယုံကြည်ပါ တယ်” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးလည်း ဖြစ်သည့် ဦးအောင်သိန်းလင်းက ယခု ကြားဖြတ်ရွေးကောက်ပွဲမှ အားနည်းချက်၊ အားသာချက်များကို သုံးသပ်မှု ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီး လမ်းပြင်ခြင်း၊ ရေရရှိရေး လုပ်ဆောင်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးကူညီမှု၊ လူမှုဘဝနှင့် စီးပွားရေး အစီအစဉ်များကို ပါတီအနေဖြင့် ဆက်လက်လုပ်သွားမည်ဟု ပြောဆိုသည်။

အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီ မီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းသမားများသာ တက်ရောက်ပြီး နိုင်ငံခြားသား သတင်းထောက်များကို ဖိတ်ကြားခြင်း မပြုရန် ကြံ့ခိုင်ရေးပါတီက မှာကြားခဲ့သော် လည်း ရွေးကောက်ပွဲသတင်း လာရောက်ယူသူ ဂျပန်လူမျိုး သတင်းထောက်တဦး တက်ရောက်သတင်းယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု ဇွန်လမှာ ပေးအပ်မည်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်တရပ်လုံးက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ၂၀၀၈ ခုနှစ် (Congressional Gold Medal) လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Nancy Pelosi ရုံးက ဒီကနေ့ ပြောပါတယ်။

ဒီအခမ်းအနားအတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရုံးက စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအနား တက်ရောက်ဖို့ ရှိမရှိ ဆိုတာကိုတော့ တရားဝင် မထုတ်ပြန်သေးပါဘူး။

ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ကိုယ်စားလှယ်တွေကို ပြည်သူတွေက ရွေးချယ် တင်မြှောက်ခဲ့တာဟာ မြန်မာပြည်ရဲ့အနာဂတ် ပိုပြီးကောင်းမွန်လာဖို့ အဆင့်တစ်ဆင့် တက်လှမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အောက်လွှတ်တော်အမတ် Ms. Nancy Pelosi ရဲ့ မြန်မာ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်က ပြုပြင်ပြောင်းလဲရေးမှာ သမ္မတ အိုဘားမား အစိုးရရဲ့ ၀ိုင်းဝန်း ကြိုးပမ်းအားထုတ်မှုတွေကိုလည်း လွှတ်တော်အနေနဲ့ အသိအမှတ်ပြုကြောင်း ရေးသားထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲ တကယ်လိုလားတယ် ဆိုတာကို ပြသတဲ့အနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ သတင်းမီဒီယာနဲ့ အင်တာနက်သုံးစွဲမှုမှာ အကန့်အသတ်တွေကို အဆုံးသတ်ဖို့နဲ့ တိုင်းရင်းသား ဒေသတွေက လက်နက်ကိုင် တိုက်ပွဲတွေ ရပ်ဆိုင်းဖို့၊ စစ်မှန်တဲ့ ပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ စတဲ့အချက်တွေကို အောက်လွှတ်တော် အမတ် Nancy Pelosi က ကြေညာချက်မှာ တိုက်တွန်းသွားပါတယ်။

Ref: RFA

လျှပ်စစ်မီး အလှည့်ကျ ဖြန့်ဝေမှု အကြောင်းပြချက် ပေးသင့်

ဓာတ်ပုံ ASSOCIATED PRESS

ရန်ကုန်မြို့ လယ်၌ အမျိုးသမီး တစ်ဦး လှေကားမှ ဆင်းသွားပုံ လျှပ်စစ်မီးကို အလှည့်ကျ ဖြန့်ဝေနေတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ တိကျတဲ့အကြောင်းပြချက် တစုံတရာ ပေးသင့်တယ်လို့ ထင်ရှားတဲ့ အနုပညာရှင်တချို့က ပြောလိုက်ပါတယ်။ လျှပ်စစ်မီးဟာ လူထုရဲ့ အဓိကလိုအပ်ချက် တရပ်ဖြစ်တဲ့အတွက် ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးခြင်းအားဖြင့် တာဝန်ရှိသူတွေ အနေနဲ့ လူထုရဲ့ ထောက်ခံမှုကို ရယူသင့် တယ်လို့လည်း ဆိုပါတယ်။
 
မြန်မာနိုင်ငံ မြို့ကြီးအတော်များများမှာ ကြားဖြတ်ရွေးကောက်ပွဲတွေ မကျင်းပခင်ရက်အထိ လျှပ်စစ်မီး ပုံမှန် လာနေရာကနေ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်မှာ လျှော့ချပြီးတော့ အလှည့်ကျ ဖြန့်ဝေ နေတာပါ။ လျှပ်စစ်မီးပေးတဲ့အချိန်ကို လျှော့ချပြီး အလှည့်ကျဖြန့်ဝေမယ်ဆိုတာကို နိုင်ငံပိုင် သတင်း မီဒီယာတွေ ကနေ ကြိုတင် ကြေညာခဲ့ပေမဲ့ ဘာကြောင့်ဆိုတာကို တော့ အတိအကျ မပြောခဲ့ပါဘူး။

ဒါကြောင့်လည်းပဲ ဧပြီလ ၅ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့မှာ ထင်ရှားတဲ့ အနုပညာရှင်တချို့ တွေ့ဆုံကြပြီး ဒီကိစ္စကို ပြောဆို ဆွေးနွေးကြတာဖြစ်ပါတယ်။ လျှပ်စစ်မီး လျှော့ချဖြန့်ဝေ ရတဲ့အကြောင်းရင်း ကို မသိရဘူးလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ တေးရေး အဆိုတော် ကိုဆောင်းဦးလှိုင်က ဆွေးနွေးပွဲမတိုင်ခင် ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ချိန်မှာ ပြောခဲ့ပါတယ်။

“ဒါဘာကြောင့် ဖြတ်တာလဲ ပေါ့ဗျာ။ ကျနော်တို့က တော့ ဘာမှ မကြားဘူးဗျ။ တရားဝင်တော့လေ။ ဘာကြောင့် ပျက်တာလဲပေါ့လေ။ ဒါကို ကျနော်တို့က ပျက်တယ်ဆိုရင် လူထုက တအား ဒုက္ခရောက် ပါတယ်ဆိုတဲ့ ကိစ္စ ကို အဓိက ထားဆွေးနွေး မှာပါ။ သူက ဘာကြောင့် ပျက်တာမှန်း ကို ကျနော်တို့ ကလည်း မသိဘူးခင်ဗျ။ ခြေခြေမြစ်မြစ် ပေါ့လေ။ တာဝန်ရှိတယ်ပေါ့။ နိုင်ငံတကာ အဆင့်မှာ ဆိုရင်တော့ ညွှန်ချုပ်တို့ ဝန်ကြီးတို့ ဘာတို့ က တောင်းပန်ရတယ်။ မရရင် သူတို့ မလုပ်နိုင်ရင် နှုတ်ထွက် ပေးရတာပေါ့ဗျာ။ မြန်မာပြည်မှာ တော့ ဘယ်သူ တာဝန်ယူမှာလဲ ပေါ့နော်။ ဒါလေး တွေ ပြောဆို ဆွေးနွေးသွားမှာပါ။”

လျှပ်စစ်မီးဆိုတာ လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်ပြီး အခုလို ၂၁ ရာစုကာလမှာ ကမ္ဘာပေါ်က တခြားနိုင်ငံ တွေ မှာလိုပဲ မြန်မာ နိုင်ငံမှာလည်း အလုံအလောက်သုံးစွဲနိုင်အောင် လုပ်ပေးသင့်တယ် ဆိုတဲ့အချက်အပါအ၀င် တခြားအချက်တွေကို ပြောဆို ဆွေးနွေးခဲ့ ကြပါတယ်လို့ ဆွေးနွေးပွဲမှာပါဝင်ခဲ့သူ အဆိုတော် အနဂ္ဂက ဗွီအိုအေကိုပြောပါတယ်။

“နောက်ထပ် တစ်ခုကတော့ လျှပ်စစ်မီး ပျက်တဲ့ အချိန်နဲ့ ကြားဖြတ် ရွေးကောက်ပွဲ နိုင် တဲ့ အချိန်နဲ့ က ကွက်တိ နီးပါး ဖြစ်နေတာ လေးကိုလည်း ပြောပြတယ်။ နောက်တစ်ခု က ကျတော့ လျှပ်စစ်မီး ကိစ္စပြောတဲ့ ဟာ တစ်ယောက်နဲ့ တစ်ယောက် အငြင်းပွားဖို့ မဟုတ်၊ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားဖို့ မဟုတ်၊ လုပ်ပေးသင့်တဲ့ ဟာလေးကို အစိုးရ နဲ့ ပြည်သူ နဲ့ ကျနော်တို့က ပြည်သူ့ ကိုယ်စား၊ အဲဒီလို မျိုးလေး ပေးဖို့ ကို ပြန်လည် တောင်းလျှောက်တဲ့ သဘောပေါ့။ အဲဒီလို မျိုးပြောတယ်။ နောက် တစ်ခုကလည်း ဒီဟာတွေ အကုန်လုံးက ကျနော်တို့ ဒီ အခွင့်အရေးတွေ အကုန်လုံးကလည်း ရထားပြီးသား ရှိထားပြီးသား အခွင့်အရေးတွေ အခု လတ်တလော ဆုံးရှုံးသွားတဲ့ ပုံစံမျိုး ကိုလည်း ပြောကြတယ် ခင်ဗျ။”

အခုလက်ရှိ လျှပ်စစ်မီးဖြန့်ဝေတဲ့ပုံစံက တသမတ်ထဲမရှိဘဲ တနေရာနဲ့တနေရာ မတူပါဘူး။ ည ၁၁ နာရီ လာရင် မနက် ၁၁ နာရီ မှာ ပြန်ပျက်တဲ့နေရာတွေရှိသလို ပျက်တဲ့အချိန်ကျ စောပျက်ပြီး လာရမယ့် အချိန်ကျ နောက်ကျလာနေတဲ့ နေရာတွေလည်း ရှိနေ တယ်လို့ အဆိုတော် အနဂ္ဂက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လျှပ်စစ်မီးထုတ်လုပ်မှုက လုံလောက်တဲ့အပြင် ပိုလျှံနေတာကြောင့် နိုင်ငံခြားကိုတောင် ထုတ်ရောင်း နေရတယ် ဆိုပြီး သိပ်မကြာသေးခင်အချိန်ကပဲ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးက ပြောခဲ့ ဖူးပါတယ်။ ရောင်းတာဝယ်တာတွေကို အပြစ်တင်တာ မဟုတ်ဘဲ ပြည်သူလူထု လိုအပ်ချက်ကို အစိုးရတရပ် အနေနဲ့ လုပ်ပေးဖို့ကိုသာ ပြောတာပါလို့ အနဂ္ဂက ပြောပါတယ်။ အစိုးရအဖွဲ့ တရပ် နာမည်ကောင်း ရချင်တယ်၊ သမိုင်းမှာ နာမည်လှချင်တယ်ဆိုရင် ဒီလိုကိစ္စမျိုးဟာ အများဆုံး အလုပ်သင့်ဆုံး ဆိုတာကို လည်း ထောက်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။လျှပ်စစ်မီး အလုံအလောက်မရလို့ လူထု ကြုံတွေ့ နေရတဲ့ ဒုက္ခတွေကို ဆွေးနွေးပွဲတက်တဲ့သူ အသီးသီး ဖော်ပြ ပြောဆိုခဲ့ကြပုံတွေ ကိုတော့ အနဂ္ဂက အခုလို ပြန်ပြောပါတယ်။

“လူထု အနေနဲ့ ပေါ့နော်။ ကျနော်တို့ ရန်ရန်ချမ်း ပြောသွားတဲ့ စကားလေး အရ ပြောမယ် ဆိုရင်တော့ ကွန်ပျုတာ တစ်လုံးကို ချက်ချင်း ရပ်လိုက်စေ ချင်တယ် ဆိုရင်ပေါ့နော်။ Shut down ခလုတ်ကို နှိပ်လိုက်ပါ။ အဲဒီ အခါကျရင် အဲဒီ ကွန်ပျုတာ တစ်လုံး က အလုပ်လုပ်တဲ့ နှုန်းတွေ အကုန်လုံး ချက်ချင်း ရပ်သွားတာ ပေါ့နော်။ အဲဒီလို မျိုး ဘဲ ပြန်ပြီး ယှဉ်ကြည့်မယ် ဆိုရင် ဥပမာ အနေနဲ့ ရန်ကုန်မြို့ ကို ချက်ချင်း ရပ်ချင်တယ် ဆိုရင်၊ ရန်ကုန်မြို့ မှ မဟုတ်ဘူး။ အဲဒီလို မြို့ ပြ တွေကို ချက်ချင်း ရပ်ချင်တယ် ဆိုရင် လျှပ်စစ်မီးကို ချက်ချင်း ပိတ်လိုက် ပါဆိုရင် အဲဒီ မြို့ ပြတွေ က လုံးဝရပ်ဆိုင်းသွားလိမ့်မယ်။ ဆိုတော့ မြို့ ပြတွေ ရပ်ဆိုင်းသွားလို့ ရှိရင် အဲဒီမှာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အကုန်လုံး၊ အကုန်လုံး တောက်လျှောက် ပါလာတယ်။ ပြီးရင် သံသာဝင်း ဖြေထားတဲ့ အထဲမှာ ဆိုရင် အမှောင်ထုကို အားပေးလိုက်တဲ့ အတွက် အမှောင်ထု က ဖြစ်လာမယ့် ရာဇဝတ်မှု တွေ အကုန်လုံးကလည်း အမှောင်ထု က မောင်းနှင်ပေးလိုက်တဲ့ အင်အား တစ်ခု ဖြစ်သွားမယ် လို့ ပြောသွားတယ် ခင်ဗျ။”

လျှပ်စစ်မီး အလုံအလောက်မရတာနဲ့ပတ်သက်ပြီး စုဝေးဆွေးနွေးခဲ့ကြတာမှာ ပါဝင်ခဲ့တဲ့ အဆိုတော် အနဂ္ဂပါ။
မတ်လ ၅ ရက်၊ ကြာသပတေးနေ့က ဆွေးနွေးပွဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ ဆောင်းဦးလှိုင်၊ သျှီ၊ ရန်ရန်ချမ်း၊ သံသာဝင်း၊ အနဂ္ဂတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲရက် ပြီးကတည်းက လျှပ်စစ်မီးကို လျှော့ချခဲ့တာဖြစ်ပေမဲ့ ဘယ်အချိန်မှာ အပြည့်အ၀ ပြန်ပေးမယ်ဆိုတာ ကိုတော့ ဘယ်သူမှ အတိအကျ မသိရသေးပါဘူးခင်ဗျား။

Ref: VOA

Thursday 5 April 2012

ဒဏ်ခပ် ပိတ်ဆို့မှု ကန်ပြန်ရုပ်


မြန်မာအစိုးရကို ဒဏ်ခပ်ပိတ်ဆို့ထားမှုတချို့ကို အမေရိကန်အစိုးရက ရုပ်သိမ်းပေးလိုက်ပြီ။

ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကိုလည်း မြန်မာအစိုးရရဲ့ လုပ်ဆောင်ပုံတွေကိုကြည့်ပြီး တဆင့်ချင်း ရုပ်သိမ်းပေးသွားဖို့ ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြိး ဟီလာရီကလင်တန်က ကြေညာသွားပါတယ်။

မြန်မာနိုင်ငံထဲက ပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကို ဆက်စောင့်ကြည့်နေမှာဖြစ်ပြီး အထဲမှာကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွတ်လာရေး၊လက်ရှိပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်ရှိနေသေးတဲ့ ထောင်ဒဏ်တွေကို ပယ်ဖျက်ပေးဖို့ အပါအ၀င် တခြား လူ့အခွင့်အရေးကိစ္စရပ်တွေမှာ တိုးတက်မှုရှိမရှိကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ပြောပါတယ်။

နောက်တစ်ခါ အထဲမှာ စီးဗီးလ် ဆိုဆိုင်ယက်တီခေါ်တဲ့ လူမူအဖွဲ့အစည်းတွေပေါ်လာဖို့ကို တွန်းအားပေးမှာဖြစ်သလို မြန်မာအစိုးရရဲ့ မြောက်ကိုးရီးယားအစိုးရတို့ စစ်ဘက်ဆက်ဆံရေး ဖြတ်ဖို့ကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ဟီလာရီကလင်တန်က ကြေညာသွားပါတယ်။

ဒဏ်ခပ် ပိတ်ဆို့မှု အတော်များများကို ပြန်ရုပ်သိမ်းလိုက်ပြီဆိုပေမယ့် ခု သမိုင်းဝင်ပြုပြင်ပြောင်းလဲရေး ကြိုးပန်းမှုတွေမှာ သူ့အခေါ် မှားယွင်းတဲ့ ဘက်ကို ရောက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကိုတော့ ဒဏ်ခပ် ပိတ်ဆို့မှုတွေ ဆက်ထားမယ်လို့ ဟီလာရီကလင်တန်က ပြောသွားပါတယ်။

ကလင်တန် ကြေညာတဲ့ အချက် ငါးချက်

အမေရိကန်နဲ့ မြန်မာ အစိုးရတို့ ဆက်ဆံရေး အဆင့် တိုးမြှင့်မှုရဲ့ တစိတ်တဒေသ အဖြစ် ဒဏ်ခပ် ပိတ်ဆို့မှု တချို့ကို ဖယ်ရှားပေးခဲ့တာ ဖြစ်ပြီး မနေ့က ဟီလာရီ ကလင်တန် ကြေညာသွားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမေရိကန် အစိုးရရဲ့ ပေါ်လစီသစ်မှာ ခုပြောမယ့် အချက်တွေ ပါဝင်ပါတယ်။

ပထမတချက်အနေနဲ့ မြန်မာနိုင်ငံမှာ အမေရိကန် သံအမတ် ထားရှိဖို့ ကိစ္စသဘောတူညီမှု ရယူမှာ ဖြစ်ပြီး သဘောတူညီမှု ရပြိး ရက်ပိုင်းအတွင်းမှာ အမေရိကန် သံအမတ်အဖြစ် ဘယ်သူ့ကို ခန့်မလဲဆိုတာ ကြေညာမယ်။

ဒုတိယ တချက်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အမေရိကန်ပြည်ပဖွံ့ဖြိုးရေး အထောက်အပံ့ပေးတဲ့ USAID ရုံးဖွင်လှစ်ဖို့၊ တတိယ တချက်အနေနဲ့ အမေရိကန်နိုင်ငံထဲက ပုဂ္ဂလိက အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံထဲက ဒီမိုကရေစီ တည်ဆောက်ရေးကနေ ကျန်းမာရေး၊ ပညာရေးလို ကဏ္ဍတွေမှာ ၀င်ရောက်လုပ်ဆောင် ပေးနိုင်အောင် ကူညီထောက်ပံ့ဖို့၊ စတုတ္ထတချက် အနေနဲ့ မြန်မာနိုင်ငံထဲက အမေရိကန်သဘောတူတဲ့ လွှတ်တော်အမတ်တွေနဲ့ အစိုးရအဖွဲ့တွေကို အမေရိကန်နိုင်ငံ သွားလာနိုင်အောင် စီစဉ်လုပ်ဆောင်ပေးမှာဖြစ်ပြီး၊ နောက်ဆုံး ပဉ္စမအချက်အနေနဲ့ အစောပိုင်းက မြန်မာနိုင်ငံက ကုန်ပစ္စည်းတင်ပို့မှု ပိတ်ပင်ထားမှုကို တဖြည်းဖြည်းချင်း ပြန်ဖွင့်ပေးဖို့နဲ့  အမေရိကန်က ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှတ်နှံမှု လုပ်ငန်းတွေ မြန်မာနိုင်ငံထဲ ရင်းနှီးမြှတ်နှံမှုတွေ ပိတ်ထားတာ ရုပ်သိမ်းပေးရေးတွေ ပါဝင်ပါတယ်။

ဒါပေမယ့် တချို့ဒဏ်ခပ်ပိတ်ဆို့မှုတွေတော့ ဆက်ဆလက်ထားရှိမှာ ဖြစ်ပြီး ဒီထဲမှာ မြန်မာနိုင်ငံက ကျောက်မျက်တင်ပို့မှုကိုတော့ ဆက်ပိတ်ပင်ထားအုံးမယ်လို့ သတင်းရရှိပါတယ်။

တကယ်တော့ ဧပြီကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်ဒီ အမတ်နေရာ အပြည့်နီးပါး ၀င်ပြိုင်ပြီး ၀င်ပြိုင်တဲ့နေရာအားလုံးနီးပါး အနိုင်ရပြီးနောက်မှာ နိုင်ငံတကာ ဒဏ်ခပ်ပိတ်ဆို့မှုတွေကို အနှေးနဲ့အမြန် ရုပ်သိမ်းတော့မယ်လို့ မြန်မာ့အရေးလော့လာသုံးသပ်သူအားလုံးနီးပါးက ခန့်မှန်းထားကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုတွေကို အမေရိကန်အစိုးရက အပြည့်အ၀ အသိအမှတ်ပြု လက်ခံကြိုဆိုတယ်လို့ ဟီလာရီကလင်တန်က ပြောပါတယ်။

ဒါ့အပြင် မြန်မာအစိုးရခေါင်းဆောင်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး တကယ်နားလည်သဘောပေါက်မှုရှိတာကို ပြသခဲ့သလို နောင်လည်း ဆက်လက်နားလည် သဘောပေါက်နေမယ်လို့ မျှော်လင့်ကြောင်း ဟီလာရီကလင်တန်က ပြောခဲ့ပါတယ်။ 

Ref: BBC

“ဖူးခက်မှ မြန်မာအလုပ်သမားများ ဆန္ဒပြ၊ မြန်မာအလုပ်သမားများ လုပ်ငန်းရှင်နှင့် ညှိနှိုင်း”

20120404a 
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ဈေးဆိုင်ခွဲပေါင်း (၅၀)ကျော်ခန့်ရှိသော စူပါချိ (Super cheap) အမည်ရှိ ဧရာမ စူပါမတ်ကက်ကြီးတွင်အလုပ်လုပ်ကိုင်ကြသော ထောင်ချီသည့် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုခဲ့ရာ လုပ်ငန်းရှင်က လိုက်လျောမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။


ဧပြီလ (၁)ရက်နေ့ နံနက် (၅)နာရီကတည်းက ထောင်ချီသည့် မြန်မာအလုပ်သမားများက ၎င်းတို့ ချိုးဖေါက် ခံနေရသည့် အခွင့်အရေးများအား တင်ပြခဲ့ကြရာ လုပ်ငန်းရှင်က တစ်လအတွင်း အကြောင်းပြန်ကြား မည်ဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် အလုပ်သမားများက ဆန္ဒပြမှုကို ရပ်တန့်ခဲ့ကြသည်။

ဦးဆောင်သူ တစ်ဦးဖြစ်သော ကိုထွန်းမင်းနိုင်က “ကျနော်တို့ ထောင်ချီရှိတဲ့ အလုပ်သမားတွေ မနက် (၅)နာရီ ကတည်းက လူစုလူဝေး လုပ်ကြတယ်။ အလုပ် မဆင်းကြဘူး။ ၀ဏ္ဏတို့ မန်နေဂျာတို့က သူတို့ ဖြေရှင်းပေမယ်လို့ ပြောတယ်။ ကျနော်တို့ လက်မခံဘူး။ သူဌေးနဲ့ စကားပြောရမှ ဆန္ဒပြတာကို ရပ်မယ်လို့ ပြောလိုက်တယ်။ သူဌေး ရောက်လာပြီးတော့ မေးတယ်။ ကျနော်တို့က အခွင့်အရေး ချိုးဖောက်ခံနေရသမျှတွေကို တင်ပြကြတယ်။ နစ်နာနေရသမျှတွေကို တင်ပြကြတယ်။ 

တစ်လအတွင်း ဖြေရှင်းပေမယ်လို့ ပြောလို့ ကျနော်တို့ ဆန္ဒပြပွဲကို ရပ်နား လိုက်ကြတာပါ”ဟု ပြောသည်။
အလုပ်သမားများ တောင်းဆိုချက်များမှာ (၁)ဆေးဝါးကုသမှုနှင့် ကျန်းမာရေး အာမခံချက် မရှိခြင်း။ (၂)အလုပ်သမားများသည် မိမိတို့လစာ မည်မျှ ရသည်။ မည်မျှ ဖြတ်တောက်သည် မည်သည့် အတွက် ဖြတ်တောက်သည်ကို မသိရှိရပဲ ထိုင်းလူမျိုး အလုပ်သမား ကြီးကြပ်သူများ ပေးသမျှသာ ရရှိခြင်း၊ မေးမြန်း စုံစမ်းခွင့် မရှိခြင်း။ (၃)မေးမြန်းမိသော အလုပ်သမား ခုနှစ်ဦးမှာ ထိုင်းလူမျိုး အလုပ်သမား ကြီးကြပ်ရေးမှူး ၀ဏ္ဏတို့၏ ထိုးကြိတ်မှုတို့ကို ခံခဲ့ရသည့်အပြင် အလုပ်မှ ထုတ်ပယ်ခံခဲ့ရခြင်း။ (၄)ပတ်စ်ပို့နှင့် work permit တို့အား မိမိတို့ အစီအစဉ်နှင့် ပြုလုပ်ပါက လုပ်အားခမှ ထပ်မံ ဖြတ်တောက်ခြင်း။ (၅)လူမျိုး ခွဲခြား ဆက်ဆံခံရခြင်းတို့ ဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (FED)မှ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က “အလုပ်သမားတွေ အနေနဲ့ ဘယ်လို အခြေနေမျိုးကြောင့်ပဲဖြစ်ဖြစ် လုပ်ငန်းရှင်တွေဆီမှာ တစ်ခုခု တောင်းဆိုမယ်ဆိုရင် အဓိကတော့ မိမိတို့ အချင်းချင်း စည်းလုံးညီညွတ်ဖို့ လိုပါမယ်။ တစ်ချိန်ထဲမှာဘဲ တိုက်ပွဲကို ဦးဆောင်ဖို့ အလုပ်သမား ကိုယ်စားလှယ်တွေကို ရွေးချယ်ပြီး စနစ်တစ်ကျ တာဝန်ခွဲဖို့ လိုပါမယ်။ ဥပမာအားဖြင့် သတင်းနှင့် ပြန်ကြားရေး၊ ကျန်းမာရေး၊ အစားအသောက်နဲ့ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် ပုံစံမျိုး စနစ်တကျ ဖွဲ့စည်ထားဖို့ လိုပါမယ်”ဟု ပြောသည်။

အဓိက အရေးကြီးဆုံးမှာ လုပ်နိုင်ကိုင်နိုင်ပြီး စည်းရုံးရေး စွမ်းရည်ကောင်းသော ခေါင်းဆောင်များ အားလုံး ဦးဆောင်မှု ကော်မီတီထဲတွင် စုပြုံပြီး မပါဝင်ရန် အရေးကြီးသည်။ 

အရည်အချင်းရှိသော ခေါင်းဆောင်အားလုံး တိုက်ပွဲ၏ တပ်ဦးတွင် ပါနေပါက လုပ်ငန်းရှင်များက နည်းအမျိုးမျိုးဖြင့် ဖြိုခွင်းသည့်အခါ နောက်ထပ် ခေါင်းဆောင်နိုင်မည့် ခေါင်းဆောင်များ မရှိတော့ဘဲ ပြိုပျက်သွားနိုင်သည်။ တိုက်ပွဲစမည့် နေ့ရက်၊ အချိန်နှင့် နေရာများကိုလည်း စနစ်တကျ ရွေးချယ်သင့်သည်။ ထို့မှသာ မိမိတို့၏ ရည်ရွယ်ချက် အထမြောက် အောင်မြင်နိုင်သည်။ အများပြည်သူ ရုံးပိတ်ရက်မျိုးနှင့်  ရုံးချိန်ပြင်ပများတွင် ဆန္ဒပြခြင်းထက်၊ ရုံးချိန်အတွင်းမှာ ဆန္ဒပြခြင်းက ပိုမိုထင်သာမြင်သာ ဖြစ်စေကြောင်း ဦးထူးချစ်က အကြံပြုပြောဆိုသည်။

ဖူးခက်မြို့၏ တစ်ခုတည်းသော အကြီးဆုံး Super cheap စူပါမတ်ကက် ကြီးအား ၁၉၈၄ ခုနှစ်က စတင် တည်ထောင် ဖွင့်လှစ်ခဲ့ကြောင်း အင်တာနက်အွန်လိုင်း အချက်အလက်များအရ သိရှိရသည်။
20120404b
20120404c
  Ref: GHR

ရွေးကောက်ပွဲ မသမာမှုကို အရေးယူပေးရန် ကလင်တန်မှ မြန်မာ အစိုးရသို့ ပန်ကြား

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ကလင်တန်သည် တရားမျှသည့် ရွေးကောက်ပွဲဖြစ်ရန် မဲပေးရာ၌ ဖြစ်ပေါ်ခဲ့သည့် မသမာမှုများကို အရေး ယူရန် လိုအပ်ကြောင်း Istanbul မြို့မှာ ကျင်းပသည့် ဆီးရီးယား အရေး အစည်းအဝေးမှာ မြန်မာ အစိုးရသို့ တိုက်တွန်းကြောင်း သတင်းထောက် များကို ပြောကြား သွားပါသည်။
PNA-101
“လွန်ခဲ့တဲ့ လတွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲတွေကို ကောက်ချက်ချဖို့ အလွန်စောနေသေးပါတယ်။ ဒီတိုးတက် ဖြစ်ထွန်းမှုတွေ ရေရှည် အနေနဲ့ ဆက်လက် တည်တံ့သွားဖို့ ကျွန်မမျှော်လင့်ပါတယ်။ မြန်မာပြည် ကြီး ဘယ်လို အစီအစဉ်တွေ ချမှတ်ပြီး ရှေ့ဆက် သွားနေလဲဆိုတာ တိကျခိုင်မာတဲ့ အာမခံချက် မရှိ သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အောက် လွှတ်တော်မှာ အမတ်တစ်နေရာ ရခဲ့တာကို ကျွန်မတို့ အမေရိ ကန်အနေနဲ့ ကြိုဆို ထောက်ခံပါတယ်။ ရွေးကောက်ပွဲ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မသမာမှုတွေကိုလည်း အစိုးရက နေပြီး ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ အရေးယူ ဆောင်ရွက်ပေးမယ်လို့လည်း ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု သတင်းထောက် များအားပြောကြားသွားပါသည်။

ဧပြီလ တစ်ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း အမေရိကန်နိုင်ငံနှင့် အတူ ကလင်တန် ကိုယ်တိုင်လည်း စိတ်ဝင် တစား စောင့်ကြည့်နေ ခဲ့ကြောင်း ပြောပါသည်။

ဤရွေးကောက်ပွဲနှင့် ပတ်သက်ပြီးသူ ထင်မြင်ချက် ပေးရာ၌ “မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျမ စကား နည်း နည်းပြောချင် ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ လွှတ်တော် ရွေးကောက်ပွဲကို ကျမ စိတ်ဝင်တစား စောင့်ကြည့် နေတာပါ။ ရလဒ်တွေကို တရားဝင် ထုတ်ပြန်မကြေညာ သေးပေမဲ့ ဒီရွေးကောက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ မြန်မာပြည်သူတွေ ဒီလူတွေ အများစုက ပထမဆုံးအကြိမ် ပါဝင်ခဲ့ကြသူတွေပါ၊ နောက်မဲဆွယ် လှုပ်ရှားမှုတွေနဲ့ ရွေးကောက်ပွဲ ဖြစ်စဉ် တလျှောက် ပါဝင်ခဲ့ကြသူ တွေ၊ သူတို့အားလုံးကို ချီးကျူး ဂုဏ်ယူပါတယ်။ ဒီလို ပြုပြင် ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ထောက်ခံ အားပေးသွားဖို့ လည်း ကျမတို့တတွေ အခိုင်အမာ ဆုံးဖြတ်ထား ပါတယ်” ဟု အစည်းအဝေး၌ အတိအလင်း ကြေငြာပြောကြား သွားပါသည်။

ထို့အတူ အမေရိကန်သမ္မတ မစ္စတာ အိုဘားမားလည်း ဤနှစ်မကုန်မှီ မြန်မာနိုင်ငံကို အလည်လာရန်ရှိသည်ဟု အိမ်ဖြူတော်က ယမန်နေ့၌ ထုတ်ပြန်ခဲ့ပါသည်။ မြန်မာအစိုးရအနေနှင့် ဤကဲ့သို့ ပွင့်လင်းမြင်သာသော ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်ခဲ့သည့်အတွက် အမေရိကန်အနေနှင့် မြန်မာကို အထူးဆက်ဆံရေးမျိုး ထားရှိသွား မည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ်ရှယ်က မြန်မာ အစိုးရကိုပြောခဲ့ကြောင်း လွှတ်တော် အမတ်တဦးက ပြောခဲ့ဘူးပါသည်။

သို့သော် မြန်မာအစိုးရမျှော်မှန်းသော စီးပွားရေး ပိတ်ဆို့မှု လျှော့ချရေးနှင့် အမေရိကန်နှင့် ဆက်ဆံရေးကောင်း မွန်ရေး အပေါ်မည်မျှ အကျိုးသက်ရောက် လာမည်ကိုမူ စောင့်ကြည့်ရန်သာ ရှိပါသည်။
Ref: KNG

ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေးပိတ်ဆို့မှုတချို့အမေရိကန်လျှော့မည်

မြန်မာနိုင်ငံရဲ့ စီးပွားရေးခေတ်မီတိုးတက်ဖို့နဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရစေဖို့ရည်ရွယ်ပြီး အမေရိကန်က ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ပေါ့ ပေးမယ်လို့ ပြောလိုက်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် လတ်တလော လတွေထဲမှာဖြစ်ခဲ့တဲ့ တိုးတက်မှုတွေကို အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ အခုလို အရေးယူမှုတချို့ကို လျှော့ပေါ့ပေးတာ အပါအဝင် မြန်မာနိုင်ငံအတွက် ဆောင်ရွက်ပေးမယ့်အချက်တွေကို နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဗုဒ္ဒဟူးနေ့မှာ အထူး ကြေညာချက် ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။ 

မြန်မာနိုင်ငံမှာ တိုးတက်မှုတွေရှိလာတိုင်း အမေရိကန်က တစ်ဆင့်ခြင်း တုံ့ပြန်အသိအမှတ်ပြုသွားမယ်လို့ ပြောထားတဲ့အတိုင်း၊ အမေရိကန် က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ အပြောင်းအလဲကိုလိုလားနေတဲ့ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ စိတ်ဆန္ဒအတိုင်း လက်တွေ့ဖြစ်လာအောင် မြန်မာအစိုးရကရော ပြည်သူတွေကပါ ဒီသတင်းပါတ်ထဲမှာ တဆင့်တိုးဆောင်ရွက်ခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာနိုင်ငံဆိုင်ရာ အထူးထုတ်ပြန် ကြေညာချက်မှာ ပြောကြားသွားခဲ့ပါတယ်။

“အစိုးရထဲမှာ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့ မျိုးဆက်သစ်တွေရောက်ရှိလာဖို့ ပြည်သူတွေတဲ့ ပြင်းပြတဲ့ ဆန္ဒတွေက April လ ၁ ရက်နေ့ လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲရလဒ်တွေအပေါ်မှာ ထင်ဟပ်နေပါ တယ်။ ဒါဟာ အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတခုအတွက် အင်မတန် အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်တုန်းကနဲ့မှမတူအောင် အရေအတွက်အမြောက်အများ ပြန်လွှတ်ပေးခဲ့ တာ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ဥပဒေသစ်တွေထုတ်ပြန်ခဲ့တာ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ လုပ်လာတာ တွေဟာ တိုးတက်မှုတွေဖြစ်တယ်လို့လည်း အမေရိကန်က ယူဆပါတယ်။

ပြုပြင်ပြောင်းလဲရေးနဲ့ တိုးတက်ရေးလမ်းကိုလျှောက်နေတဲ့ မြန်မာ အစိုးရနဲ့ ပြည်သူတွေကို အမြဲအားပေး တုံ့ပြန်မယ်လို့ ကတိပြုထားတဲ့ အတိုင်း မြန်မာနိုင်ငံက လက်တလောတိုးတက်မှုတွေအပေါ် ဘယ်လို တုံ့ပြန်မှု တွေ လုပ်သင့်တယ်ဆိုတာကို အမေရိကန်အစိုးရအနေနဲ့ Congress လွှတ်တော်အပါအဝင် ဥရောပနဲ့ အာရှက မဟာမိတ်နိုင်ငံတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီး Hillary Clinton က သူရဲ့ အထူးကြေညာချက်မှာ ပြောကြားသွားပါတယ်။ ခုလို တိုင်ပင်ဆွေးနွေးမှုတွေကနေ ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးတာပါဝင်တဲ့ အမေရိကန်ရဲ့တုံ့ပြန်ချက်တွေကို ခုလို အသိပေးကြေညာပါတယ်။

“ပထမတစ်ချက်က ရန်ကုန်မှာ အပြည့်အဝ သံအမတ်အဆင့်တာဝန်ထမ်းဆောင်နိုင်မယ့် သံအမတ်ကြီးအဖြစ် ဘယ်သူ့ကို တာဝန်ပေးမယ် ဆိုတာ တရားဝင်ကြေညာပြီးတာနဲ့ ရက်ပိုင်းအတွင်းမှာပဲ ခန့်အပ်နိုင်အောင် ကြိုးစားသွားပါမယ်။ ဒုတိယအချက်အနေနဲ့ကတော့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာအထောက်အကူ ပေးရေးအဖွဲ့ USAID ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံမှာ ပြန်ထားရှိဖို့နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ ပုံမှန်လုပ်ငန်းတွေကို ထောက်ပံ့ပေးသွားပါမယ်။ တတိယအချက်ကတော့ ဒီမိုကရေစီအခြေခံ တည်ဆောက်မှု လုပ်ငန်းတွေကနေ ကျန်းမာရေး၊ ပညာရေး စတဲ့ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ပြည်ထောင်စုထဲက ပုဂ္ဂလိကအဖွဲ့အစည်းတွေကို အားပေးကူညီသွားပါမယ်။ စတုတ္ထအချက် အနေနဲ့ကတော့ အစိုးရတာဝန်ရှိသူတချို့နဲ့ လွှတ်တော်တွင်းက ပုဂ္ဂိုလ်အချို့ အမေရိကန် ပြည်ထောင်စုကို လာရောက်နိုင်ရေး စီစဉ်ပေးမှာရှင်။

နံပါတ်ငါးအချက်အနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုနဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ကန့်သတ်အရေးယူမှုတွေ လျှော့ချဖို့ကိစ္စကို စတင်ဆောင်ရွက်သွားပါမယ်။ ဒါဟာ ခေတ်မီစီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေအရှိန်ရစေဖို့ ကျယ်ပြန့်တဲ့ အားထုတ်မှုရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။ သမိုင်းဝင် ပြုပြင်ပြောင်းလဲရေး အားထုတ်မှုတွေအတွက် အဟန့်အတားဖြစ်စေတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေအပေါ် အရေးယူပိတ်ဆို့မှုတွေ၊ တားမြစ်ချက်တွေကိုတော့ ဆက်ထားသွားပါမယ်”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကြေညာချက်မှာ သမ္မတဦးသိန်းစိန်ရဲ့ ဆောင်ရွက်မှုတွေကိုလည်း အပြည့်အဝလက်ခံ အသိအမှတ် ပြုတယ် ဆိုတာကို တစ်ကြိမ်မက ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင် တော်တော်များများဟာ မြန်မာနိုင်ငံကို သမိုင်းဝင် လမ်းကြောင်းပေါ်ရောက်အောင် လုပ်ဆောင်ပေးခဲ့တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Clinton က ချီးကျူးပါတယ်။

“လုပ်စရာတွေ အများကြီးရှိနေသေးသလို သိသာတဲ့ စိန်ခေါ်မှုတွေရှိနေသေးပေမယ့် သမ္မတနဲ့ သူ့ရဲ့အစိုးရ အဖွဲ့ဝင်တွေကို သူတို့ရဲ့ ရဲရင့်မှု အတွက် ကျွန်မတို့က ချီးကျူးပါတယ်။ လွှတ်တော်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတဲ့အတွက်ရော၊ သူ့ရဲ့ပါတီဝင်တွေ အနိုင်ရခဲ့တဲ့အတွက်ပါ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပါတယ်။”

လုပ်စရာတွေ အများကြီးရှိနေသေးတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အနာဂါတ်ဟာ သဲသဲကွဲကွဲ မရှိသေးသလို မရေမရာဖြစ်နေသေး တယ် ဆိုတာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အထူး ကြေညာချက်မှာ ထောက်ပြသွားပါတယ်။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုအနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားမှာဖြစ်ပြီး သူ မြန်မာနိုင်ငံမှာ ပြောခဲ့သလိုပဲ ဆောင်ရွက်မှုတိုင်းအတွက် တုံ့ပြန်မှုလုပ်သွားမှာဖြစ်တယ်ဆိုတာကိုလည်း ထပ်ပြောသွားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွတ်မြောက်ရေး၊ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေအပေါ် ကန့်သတ်ချက်တွေ ဖယ်ရှားပေးရေးအတွက်ကိုလည်း အမေရိကန်က ဆက်တောင်းဆို သွားမယ်လို့ ဆိုပါတယ်။ စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ လူမှု အသိုင်းအဝိုင်းအတွက်ကို အများကြီး အထောက်အကူပြုနိုင်တဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေ အားကောင်းခိုင်မာလာဖို့ကို အမေရိကန်က ဆက်ပြီး ကူညီအားပေးသွားမဲ့အကြောင်းလဲ ပြောပါတယ်။ ဒါ့အပြင် -

“အမျိုးသားပြန်လည်သင်ြ့မတ်ရေးလုပ်ငန်းစဉ်တွေ တိုးတက်လာစေဖို့ အထူးသဖြင့် လူနည်းစုတိုင်းရင်းသား တွေနဲ့ သင့်မြတ်မှုရရေး ဆောင်ရွက်မှုတွေတိုးတက်ဖို့ ဆက်ပြီး တိုက်တွန်းသွားပါမယ်။ ဒါ့အပြင် မြောက် ကိုရီးယားနဲ့ စစ်ဖက်ဆိုင်ရာဆက်ဆံရေး အဆုံးသပ်ဖို့ အတွက်ကိုလည်း ဆက်ပြီး ဖိအားပေးသွားပါမယ်။”

ခုလို နောက်ထပ်လုပ်စရာကိစ္စတွေအတွက် အမေရိကန်က တိုက်တွန်းနေပေမဲ့လည်း လက်ရှိ မြန်မာနိုင်ငံက တိုးတက်မှုတွေကို အပြည့်အဝ အသိအမှတ်ပြု လက်ခံတယ်။ ထိစပ် ဆက်ဆံရေးမူကိုလည်း ဆက်ပြီး ကျင့်သုံးသွားဆိုတာကိုလဲ ထပ်ပြီး ပြောသွားပါတယ်။

အစိုးရ ခေါင်းဆောင်ပိုင်းက တိုင်းပြည်အနာဂတ်အတွက် ဘာတွေလုပ်ရမယ်ဆိုတာကို နားလည်သလို စိတ်ပိုင်းဖြတ် လုပ်ဆောင်နေတာ တွေဟာ ရေရှည်ဖြစ်ဖို့ အမေရိကန်ပြည်ထောင်စုက မျှော်လင့်သလို နောက်ထပ် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေထွက်ပေါ်လာဖို့ မျှော်လင့်တဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က မြန်မာနိုင်ငံဆိုင်ရာ အထူးကြေညာချက်ထုတ်ပြန်ရာမှာ ပြောကြားသွားပါတယ်ရှင်။
Ref: VOA

Wednesday 4 April 2012

သေနတ်ဖြင့် ပစ်ခံရသူ ဦးသိန်းဇော်အား ပြည်သူ့ဝန်ထမ်းကို မချေမငံ ပြောဆို ဆက်ဆံ မှုဖြင့် အမှုဖွင့် ထား

လှည်းကူးမြို့နယ်တွင် ရာအိမ်မှူးကို ဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ပွား
ရေးသားသူ - ကျော်မြတ်ဇံ

လှည်းကူးမြို့နယ် အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီး တစ်ဦး လှည်းကူးမြို့နယ် ရာအိမ်မှူးနှင့် အချင်းများရာမှ အဆိုပါ ရာအိမ်မှူးကို ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်တစ်ခု ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ သည့် ဧပြီ(၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ် မှာ ယင်းနေ့ ည ၈ နာရီအချိန် ဦးသိန်းဇော် (၃၃)နှစ် ရာ အိမ်မှူး ပန်းတောကုန်းကျေးရွာ ၊ ဖောင်ကြီး အရှေ့ကျေးရွာ အုပ်စု လှည်းကူးမြို့နယ် နေသူသည် ရပ်ကွက် အုပ်ချုပ် ရေးမှူး၏ တာဝန်ပေးချက်အရ လှည်းကူးမြို့နယ် “၀” ဂိတ်သို့
ဆန္ဒမဲပေးပြီး ပြန်သွားသူများ၏ သွားလာရေး အခက်အခဲကို ကြည့်ရှုရန် ဆယ်အိမ်မှူး ဦးကြည်ရှင်း နှင့် အတူ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ရာ ငမိုးရိပ်ဆည် အလယ်ဂိတ် အလွန် တောင်ပေါ် အရောက် မျက်နှာခြင်းဆိုင်မှ မီးထွန်း မောင်းနှင် လာသော ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်လိုက်စဉ်  ဆိုင်ကယ်မောင်းသူမှ ဦးသိန်းဇော်အား “ (-----) ၊ ဘယ်လိုမောင်းတာလဲ” ဟု အမှတ်(၁) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဗိုလ်ကြီးကျော်ဦးက  ဆဲဆိုပြီး   ဆိုင်ကယ်ကို ရပ်လိုက်၍ ဦးသိန်းဇော် ကလည်း ဆိုင်ကယ်ကို ရပ်လိုက်ကာ “ငါ့ကိုဆဲတာ ဘယ်သူလဲ” ဟု ပြောဆိုစဉ် ဗိုလ်ကြီး ကျော်ဦးက “ငါ့ကို ဘာကောင်ထင်လဲ” ဟုပြောဆိုကာ MA-5 ပစ္စတို သေနတ်ဖြင့် ဦးသိန်းဇော်၏ မျက်နှာဝဲဘက်အခြမ်း ၊ ဘယ်ဘက် နားထင် အား တစ်ချက်ရိုက်ကာ သေနတ်ဖြင့် ပစ်သောကြောင့် ဦးသိန်းဇော်၏ ဝဲဘက်ပုခုံးတွင် ပေါက်ထွက် ဒဏ်ရာရရှိခဲ့သည်။

 ဗိုလ်ကြီးကျော်ဦးသည် လှည်းကူးမြို့နယ် စစ်အခြေခံလေ့ကျင့်ရေးတပ် ကြည်း/၂၇၇၆၆ မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သည်။“တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့အရေးကြီးပါတယ် ၊ဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ် ၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒကလည်းဒါပါပဲ” ဟု လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အမတ် ဦးဖြိုးမင်းသိန်း ကပြောသည်။

ဦးသိန်းဇော်သည် အဆိုပါဒဏ်ရာကို  လှည်းကူးဆေးရုံတွင် ကုသနေရာမှ ရန်ကုန်ဆေးရုံကြီးသို့ ဦးနှောက်နှင့်အာရုံကြော အထူးကြပ်မတ် ဆောင်တွင် ယခုအခါ ကုသနေရကြောင်း သိရသည်။ ဦးသိန်းဇော်က လှည်ကူးမြို့နယ် ဖောင်ကြီးရဲစခန်းသို့ တရားလို ပြုလုပ်တိုင်ကြားခဲ့သဖြင့် ယခုအခါ ဗိုလ်ကြီးကျော်ဦးကို စစ်စည်းကမ်းများ အရ အရေးယူထားကာ (ပ)၃၀/၁၂ ပုဒ်မ ၃၂၆/၃၂၅  ဖြင့် အရေးယူ ဆောင်ရွက်နေကြောင်း သိရသည်။

“ဒီအမှုကို ဖောင်ကြီး ရဲစခန်းက အမှုစစ်ဒုရဲအုပ် ဦးလှထွန်းအောင်ကျော်က စစ်ဆေးနေပါတယ်၊ တရားဥပဒေအရ မှန်မှန်ကန်ကန် နဲ့နှစ်ဦး နှစ်ဖက်စလုံး အမှန်အတိုင်းဖြစ်အောင် စစ်ဆေးသွားမှာပါ” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ နောက်ဆုံးကြားရသော သတင်းများအရ ဦးသိန်းဇော်အား ပြည်သူ့ဝန်ထမ်းကို မချေမငံ ပြောဆို ဆက်ဆံ မှုဖြင့် အမှတ်(၁) စစ်အခြေခံလေ့ကျင့်ရေး တပ်မှ ဗိုလ်ကြီး တင်မျိုးထွဋ် က အမှုဖွင့် ထားကြောင်း သိရ သည်။

ရန်ကုန်တိုင်းမ် 
Ref: MNN

မြို့ကြီး ၈ မြို့မှာ ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက်

ဥာဏ်ဥာဏ် (မြစ်မခ)
ဧပြီလ ၄၊ ရန်ကုန်မြို့။

ယခုလ အတွင်းမှာ မိုဘိုင်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက် မှုကြောင့် မြို့ကြီး ၈ မြို့မှာ ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက် သွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ချက် အရ သိရှိရသည်။

ပြတ်တောက် ရာမှာလည်း မိုဘိုင်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း ဆောင်ရွက်မယ့် မြို့ကြီး ၈ မြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ လားရှိုး၊ မကွေး၊ မုံရွာ၊ မူဆယ်နဲ့ မြစ်ကြီးနား တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်ကြောင်းသိရှိရသည်။

“ဒီလို ဆောင်ရွက် သွားရာ မှာလည်း GSM, UMTS မိုဘိုင်းဖုန်း တိုးချဲ့ တပ်ဆင်ရေး စီမံကိန်း၊ ZTE GSM Care Network မှာ စက်အသစ်များ ပြောင်းလဲ ချိတ်ဆက်ခြင်း၊ Cutover လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ကို ပြုလုပ် သွားမှာ ဖြစ်တယ်” ဟု မြန်မာဆက်သွယ်ရေးမှာ တာဝန်ရှိသူတစ်ဦးကပြောသည်။

 အခုလို ဖုန်းခေါ်ဆိုမှု ခေတ္တ ပြတ်တောက်မှု ကိုတော့ ဧပြီလ ၂ ရက်၊ ၃ ရက်နဲ့ ၁၂ ရက်နေ့ တို့မှာ ရန်ကုန်မြို့၌ လည်းကောင်း၊ ၁၀ ရက်နေ့နဲ့  ၁၅ ရက်နေ့တို့မှာ မန္တလေးမြို့ တို့၌ လည်းကောင်း၊ ဧပြီလ ၅ ရက်နေ့ မှာတော့ နေပြည်တော်မှာ လည်းကောင်း မိုဘိုင်းလ်ဖုန်း ခေါ်ဆိုမှုတွေ ခေတ္တ ပြတ်တောက်မှု ဖြစ်ပေါ်မှာ ဖြစ်ကြောင်သိရှိရသည်။

 ဒါ့အပြင် ဧပြီလ ၇ ရက်နေ့ မှာတော့ လားရှိုးမြို့၊ မကွေးမြို့၊ မုံရွာမြို့၊ မူဆယ်မြို့နဲ့ မြစ်ကြီးနား မြို့တို့မှာ ဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် အဆိုပါ နေ့တွေမှာ ည ၁၂ နာရီမှ ည ၁၂ နာရီ ၁၀ မိနစ်အထိ ၁၀ မိနစ်စာ ခေတ္တ ဆိုင်းငံ့ ထားမှာ ဖြစ်သည်။

အဆိုပါ နေ့တွေမှာ နံနက် အစောပိုင်း အချိန်မှာ စက်အသစ်များ ရွှေ့ပြောင်း လဲလှယ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်တဲ့ မြို့တွေမှာ တပ်ဆင် ထားတဲ့ GSM မိုဘိုင်း တယ်လီဖုန်းများ ပြောဆို ဆက်သွယ်ခြင်း ၀န်ဆောင်မှုနဲ့ အချက်အလက် ၀န်ဆောင်မှု များကို အနည်းဆုံး ၁၀ မိနစ်မှ အများဆုံး မိနစ် ၂၀ အထိ ခေတ္တ ဆိုင်းငံ့ထားမှာ ဖြစ်တယ် လိုသိရှိရသည်။ 
Ref: MNN

ရွေးကောက်ပွဲပြီးနောက် တနိုင်ငံလုံး လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေ

လတ်တလော လျှပ်စစ်မီးဆိုးဆိုးရွားရွားပျက်နေတာဟာ ရန်ကုန်တင်မက အခြားမြို့ကြီးတွေနဲ့ တစ်နိုင်ငံလုံးမှာ ပျက်နေတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။ မန္တလေးမြို့မှာဆိုရင် ပြည်သူတွေ မီးမရလို့ မီးစက်၊ အင်ဗာတာ၊ ဖယောင်းတိုင် အသုံးပြုနေရသလို ဆေးရုံလို သတင်းစာတိုက်လိုနေရာတွေကလည်း မီးပျက်နေလို့ အခက်တွေ့ နေကြကြောင်း ပြောပြပါတယ်။ 
လာမယ်လို့ပြောထားတဲ့အချိန်တွေမှာလည်း ၁၅ မိနစ်တစ်ကြိမ်လောက် ပျက်နေတယ်လို့ ဆိုပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မှာဆိုရင်လည်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပျက်နေတဲ့အပြင် မီးလာတဲ့အချိန်မှာလည်း မီးအားအနည်းငယ်ပဲ ရှိလို့ အလင်းရောင်တောင် လုံလောက်အောင်မရဘူးလို့ သိရပါတယ်။ 
အဆိုပါ မြို့ကြီးတွေဟာ ၂၀၁၀ နှစ်လည်ကစ ၂၀၁၁ တစ်နှစ်လုံး လျှပ်စစ်မီး မှန်မှန်ရပြီး အခုမှ ဆိုးဆိုးရွားရွား ပျက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း လျှပ်စစ်ပေးရေးရုံးကတော့ ဂက်စ် မရလို့ ဂက်စ်တာဘိုင်တွေ မလည်နိုင်တာကြောင့် ခုလို လျှပ်စစ်မီး မရတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
DVB 
Ref: MNN

မလေးရှားရောက် ရွှေမြန်မာများ အထူးသတိပြုရန် နှိုးဆော်



Shwemyanmar

ဖော်ပြပါ ဓာတ်ပုံရှင် ကိုဇော် (ခ) ကိုမင်း (ခ) ဇော်မင်းသန်း သည် မလေးရှားနိုင်ငံ၊ ကေအယ်မြို့တွင် “နဒီဧရာ” အမည်ဖြင့် အေးဂျင့် ရုံးခန်း ဖွင့်ကာ 6P အစီ အစဉ်အရ အလုပ်လုပ်ခွင့် ပါမစ် ပြုလုပ်ပေးမည်ဟု ပြောဆိုပြီး လူပေါင်း ၄၇-ယောက်ထံမှ တဦးလျှင် ရင်းဂစ် ၈၀၀၊ ၁၀၀၀၊ ၁၂၀၀၊ ၁၅၀၀၊ ၂၀၀၀ စသည့်နှုန်းထား များဖြင့် စရန်ငွေယူကာ စုစုပေါင်း မလေး ရင်းဂစ် ၄၈၀၀၀ (လေးသောင်း ရှစ်ထောင်) အား လိမ်လည် ထွက်ပြေး သွားသူ ဖြစ်ပါသည်။




အဆိုပါ ဇော်မင်းသန်း (ပတ်စပို့နံပါတ် M-560332) သည် အမိ ဒေါ်သန်းသန်းမြင့်၏ သားဖြစ်ပြီး ဧရာဝတီတိုင်း၊ ရေကြည်မြို့တွင် နေထိုင်သူ ဖြစ်ပါသည်။ သုံးလပိုင်း နှစ်ဆယ် ရက်နေ့တွင် မလေးရှားနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိသွားကြောင်း ကြားသိရပါသည်။

တိုင်းတပါးတွင် ပင်ပန်း ဆင်းရဲစွာ လာရောက်လုပ်ကိုင်နေရသော မိမိနိုင်ငံသား အချင်းချင်း မသမာသော နည်းလမ်းဖြင့် လိမ်လည် သွားသူအား ရှောင်နိုင်ကြစေရန်နှင့် အထက်ပါဖြစ်ရပ်များ ထပ်မံမကြုံတွေ့၊ မဖြစ်ပေါ်ကြစေရန် အတွက် မလေးရှားရောက် မြန်မာ အလုပ်သမားများ အနေနှင့် 6P အစီအစဉ်အရ လက်ဗွေနှိပ်၍ ပါမစ်ပြုလုပ်ကြမည်ဆိုပါက သက်ဆိုင်ရာ အေးဂျင့်များကို သေချာစွာ လေ့လာစုံစမ်းပြီးမှသာ ကျသင့်ငွေများ ပေးချေအပ်နှံကြပါရန် အကျိုးလိုလားစွာဖြင့် သတိပေးအပ်ပါသည်။
Manotehtihaဖော်ပြပါ အကြောင်းအရာ များကို အသေးစိတ် သိရှိလိုပါက ၄င်း ဇော်မင်းသန်း ရုံးခန်းပြုလုပ်ခဲ့ရာ နေရာတွင်လည်းကောင်း၊ ကိုချစ်စမ်းမောင် (ဖုန်း- ၀၁၆ ၆၀၀ ၉၆၅၁) သို့လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
Ref: ရွှေဟင်္သာ

တစ်ရက်လျှင် ၁၂ နာရီအထိ လေးလကြာ လျှပ်စစ်မီးဖြတ်တောက်မှု အစီအစဉ် စတင်နေမှုကြောင့် ရန်ကုန်မြို့ခံများ အပါအ၀င် လူထုလူတန်းစား အလွှာအသီးသီး အခက်တွေ့နေ

511c
မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ အများဆုံးဝယ်ယူသည့် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ညမြင်ကွင်း
ဧပြီလ ၂ ရက်နေ့မှစ၍ တစ်ရက်လျှင် ၁၂ နာရီအထိ လေးလကြာ လျှပ်စစ်မီးဖြတ်တောက်မှု အစီအစဉ် စတင်နေမှုကြောင့် ရန်ကုန်မြို့ခံများ အပါအ၀င် လူထုလူတန်းစားအလွှာ အသီးသီး အခက်တွေ့နေပြီဖြစ်ကြောင်း ကာယကံရှင် အသီးသီးက ထုတ်ဖော် ပြောကြားခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နောက်ပိုင်း အလှည့်ကျ မီးပေးစနစ် ပယ်ဖျက်ကာ ရန်ကုန်မြို့အပါအ၀င် မြို့ကြီး အသီးသီးတွင် ပုံမှန်မီးပေးခဲ့ရာမှ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပြီးဧပြီလ ၂ ရက်နေ့မှစ၍ အလှည့်ကျ မီးပေးစနစ်ကို ပြန်လည်ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။

လျှပ်စစ်မီးဖြတ်တောက်မှုနှင့် ပတ်သက်၍ ပါမောက္ခဦးမော်သန်း (ပါမောက္ခချုပ်-ငြိမ်း၊ စီးပွားရေး တက္ကသိုလ်)က “အခုကြားဖြတ် ရွေးကောက်ပွဲမှာ လူထုမျှော်လင့်ချက် ပြည့်ဝခဲ့တယ်။ နိုင်ငံတကာရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့  အမြင်တွေကောင်းလာတယ်။

 စီးပွားရေးမှာ ငွေလဲနှုန်းပေါင်းစည်းရေးနဲ့ နှုန်းရှင်ထားရှိရေးလို အရေးကြီးတဲ့ ခြေလှမ်းတွေလုပ်နေတဲ့ အချိန်မှာ လျှပ်စစ်မီးပေးတဲ့ပမာဏ ကို လျှော့လိုက်တာ ကောင်းတဲ့ခြေလှမ်းတွေကို တုံ့နှေးစေတဲ့ လုပ်ရပ်တစ်ခုလို့ ယူဆပါတယ်။ လျှပ်စစ်မီးဟာ လူတိုင်း၊ အိမ်ထောင်စုတိုင်းအတွက် အဓိကလိုအပ်တယ်။ အစိုးရလျှပ်စစ်မီး ပျက်တာနဲ့ အိမ်ထောင်စုတိုင်း အဆင်မပြေတာ ကြုံရတယ်။ စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ငန်းချိန်အတွင်း  မီးပျက်တော့ စက်သုံးဆီအသုံးပြုပြီး ဆက်လုပ်ရတဲ့အတွက် ကုန်ကျစရိတ်တက်တယ်။ အဲဒီတော့ ဈေးမြှင့်ပြီး ရောင်းချရတယ်။ ကုန်ဈေးနှုန်းတွေ မြင့်လာနိုင်တယ်။ စီးပွားရေးပိုပြီး တုံ့နှေးသွားနိုင်တဲ့အတွက် အလုပ်အကိုင်နဲ့ ၀င်ငွေဖြန့်ဖြူးမှု ဆုတ်ယုတ်လာနိုင်တယ်။ ပြီးခဲ့တဲ့ မီတာခတက်ချိန်မှာ မီးပိုမှန်လာမယ်လို့ ထင်ခဲ့သေးတယ်။ နောက်စက်သုံးဆီတွေကို အခွန်လျှော့တယ်လို့ ကြားတော့ ဒီဇယ်တို့ ဓာတ်ဆီတို့ ဈေးကျမယ်ထင်ခဲ့တာ၊ မီးလည်း ပိုမမှန်လာဘူး၊ စက်သုံးဆီလည်း ဈေးမကျသေးဘူး။ မီတာခတိုးလို့ မီးပုံမှန်လာရင် အပြစ်မပြောသာဘူး။ အခုမီးက မနှစ်ကလောက်တောင် မမှန်တော့ဘူး။ မီးမမှန်လို့ စက်သုံးဆီဈေးကျရင် ခံသာသေးတယ်။ အခု မီးမလာတဲ့အတွက် ပြင်ပ စက်သုံးဆီဈေးကွက်မှာ ဈေးတောင် ပိုမြင့်လာနိုင်တယ်။ ဒါတွေက အများပြည်သူနဲ့ စီးပွားရေးလုပ်ငန်းကို ၀န် ထုပ်ဝန်ပိုးဖြစ်စေတယ်။ မီးမမှန်တာ က အခြေခံအဆောက်အဦ အရည်အသွေးနိမ့်ကျမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။ မီးမမှန်တာ၊ လမ်းမကောင်းတာ၊ ဆက်သွယ်ရေး ညံ့ဖျင်းတာကြောင့် နိုင်ငံရေးအခြေအနေ ဘယ်လောက်ကောင်းကောင်း မြန်မာနိုင်ငံကို နိုင်ငံခြားလုပ်ငန်းတွေ ၀င်လာချင်မှာမဟုတ် ဘူး”ဟု သုံးသပ်ပါသည်။


မီတာခတိုးလို့ မီးပုံမှန်လာရင် အပြစ်မပြောသာဘူး။ အခုမီးက မနှစ်က လောက်တောင် မမှန်တော့ဘူး။ မီးမမှန်လို့ စက်သုံးဆီဈေးကျရင် ခံသာသေးတယ်။ အခုမီးမလာတဲ့အတွက် ပြင်ပ စက်သုံးဆီ ဈေးကွက်မှာ ဈေးတောင် ပိုမြင့်လာနိုင်တယ်။ ဒါတွေက အများပြည်သူနဲ့ စီးပွားရေးလုပ်ငန်းကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ မီးမမှန်တာက အခြေခံ အဆောက်အဦ အရည်အသွေးနိမ့်ကျမှုရဲ့ ပြယုဂ်တစ်ခုဖြစ်ပါတယ်။

စီးပွားရေးမြို့တော် ရန်ကုန်မြို့အနေဖြင့် စက်မှုလုပ်ငန်းများအပါ အ၀င် မြို့နေလူထု ၇ သန်းကျော် အတွက် လျှပ်စစ်မီးရရှိမှုမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေရာ ယခုကဲ့သို့ အချိန်ကြာမြင့်စွာ မီးဖြတ်တောက်မှုကြောင့် နယ်ပယ်အသီးသီးတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်ဟု မြို့ခံများက ပြောကြားခဲ့ကြသည်။

511b
နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်အတွင်း ညမြင်ကွင်းကို ဧပြီလ ၃ ရက်နေ့က တွေ့ရစဉ်
“ကျန်တာတွေတော့ သိပ်မပြောချင်ဘူးဗျာ။ ကျွန်တော့်အမေ အသက် ၉၀ ရှိပြီ။ ညဘက်တွေမီးဖြတ်ရင် သိပ်ဒုက္ခရောက်တာပဲ။ မီးစက်နှိုးဖို့ ပတ်ဝန်းကျင်အားနာရ။ သက်ကြီး အမေအိုအတွက် စိုးရိမ်ရ။ အခုအချိန် က အပူပြင်းဆုံးကာလ ဧပြီလဗျာ။  ရည်ရွယ်ချက် တစ်ခုခုကြောင့် ဒီစနစ်ကို ကျင့်သုံးလိုက်တာဆိုရင် ပြည်သူ ကို ဒုက္ခပေးတာနဲ့ အတူတူပဲ။ တာဝန်ရှိသူတွေမှာ လူသားအချင်းချင်း စာနာစိတ်ရှိဖို့ ကောင်းပါတယ်။ သေချာတယ်ဗျာ။ ကျွန်တော်အပါအ၀င် အလွှာအသီးသီးက လူတွေအကုန်လုံး ဒီမီးဖြတ်တဲ့ကိစ္စကြောင့် အားလုံးစိတ် အနှောင့်အယှက်ဖြစ်နေကြရတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်ရှိ အိမ်ရာတစ်ခုတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင် အချို့ကလည်း ကာလရှည်မီးဖြတ်မှုကြောင့် နောက်ဆက်တွဲ သက်ရောက်မှုများ အပေါ် ထောက်ပြဝေဖန်ခဲ့ကြသည်။

511a
ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်အတွင်း ညမြင်ကွင်းကို ဧပြီလ ၃ ရက်နေ့ကတွေ့ရစဉ်
“အခုလို မီးကို အချိန်ပိုင်းနဲ့ ပေးလိုက်တာဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေကို သတ်ပစ်လိုက်သလိုပဲ။ မီးစက်နဲ့ အလုပ်လုပ်မယ်ဆိုရင်တောင် အသေးစား အလတ်စားလုပ်ငန်းတွေ အလွန်ဆုံးခံနိုင် ရင်တစ်လပါပဲ။ မီးဖြတ်လိုက်လို့ ဒီဇယ်နဲ့လည်မယ် ဆိုပြန်တော့လည်း ပုဂ္ဂလိက ဒီဇယ်တင်သွင်းတဲ့လူတွေက ဒီဇယ်ဈေးကို လိုသလိုကစားထားတဲ့ နှုန်းနဲ့ ၀ယ်သုံးနေရတယ်။ စက်သုံးဆီတွေ အခွန်အများကြီး လျှော့ပေးတယ် ဆိုပေမယ့် ဈေးတစ်ကျပ်မှမကျဘူး။ တစ်ဖက်က မီးကို အချိန်ပိုင်းနဲ့ပေး၊ တစ်ဖက်က က စားထားတဲ့စက်သုံးဆီဈေးကို ၀ယ်သုံးခိုင်းသလို ဖြစ်နေတယ်။ ဒီနှစ်ခုကြားထဲမှာ ကာလရှည်ကြာ မီးပြတ်မယ်ဆိုရင်တော့ အသေးစား အလတ်စားလုပ်ငန်းတွေကို သတ်သလိုပါပဲ။ မီတာခတွေကို တိုးကောက်လိုက်တုန်းက မီးတော့မှန်ပြီဆိုပြီး ထင်လိုက်သေးတယ်။ အခုတော့ မီးလည်းအချိန် ပိုင်းပဲသုံးရ၊ စက်သုံးဆီကဈေးမကျ၊ မီတာခလည်း ပိုပေးလိုက်ရတဲ့အဖြစ် ကြုံလိုက်ရတာပဲ။ အရင်မီးပေးနိုင်ပြီး မှ အခုမပေးနိုင်ဘူးဆိုတာ တော်တော်အံ့သြဖို့ကောင်းတယ်။ ဘာကြောင့်လည်း ဆိုတာသိချင်ပါတယ်”ဟု ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ ပလတ်စတစ် လုပ်ငန်းရှင်တစ်ဦးက မေးခွန်းထုတ်ခဲ့ပါသည်။

“အရင်မီးလာတုန်းက ငါး တစ်ပိဿာအတွက် ရေခဲ ၁၄ ကျပ်ဖိုးပဲ သုံးရတယ်။ အခုမီးပျက်တဲ့ရက်က စပြီး ငါးတစ်ပိဿာအတွက် ရေခဲ ၃၆ ကျပ်ဖိုး သုံးရတာကြောင့် တစ်ဆကျော် တက်သွားတယ်။ ဒါလတ်တလော ကြုံရတာ။ ရေခဲစက်တွေ အားလုံး မီးစက်နဲ့လည်ရတော့ ဈေးတွေ တက်တဲ့အပြင် ရေခဲတွေကလည်း အလေးချိန်မပြည့်တော့ဘူး။ မီးသာ ရေရှည် ပျက်မယ်ဆိုရင် အခြေခံမွေးမြူရေး လုပ်ငန်းကတော့ ထိခိုက်ဦးမှာပါ”ဟု ဦးဝင်းကြိုင်(ဒုဥက္ကဋ္ဌ-မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်)က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် နှစ်ကုန်ပိုင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရဲရွာရေအား လျှပ်စစ်လုပ်ငန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုနှင့် ရေအား လျှပ်စစ်လုပ်ငန်းအချို့မှ လျှပ်စစ်ဓာတ် အားပုံမှန်အတိုင်း ထုတ်လုပ်နိုင်မှုများ ကြောင့် ၂၀၁၁ ခုနှစ်နှစ်ဆန်းပိုင်းတွင် အလှည့်ကျ မီးပေးစနစ် စတင်မည်မဟုတ်ကြောင်း ပြောကြားထားဖူးပါသည်။ ထိုကဲ့သို့ ပြောကြားခဲ့သည့်အတိုင်း အလှည့်ကျ မီးပေးစနစ် ကျင့်သုံးခဲ့ခြင်း မရှိဘဲ ပုံမှန်အတိုင်း မီးပေးခဲ့သည်။
တစ်နိုင်ငံလုံး လျှပ်စစ်သုံးစွဲမှု၏ တစ်ဝက်နီးပါးမျှရှိပြီး စက်မှုလုပ်ငန်း များနှင့် စက်မှုဇုန်အများဆုံးတည်ရှိ ရာ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား ပေးဝေနိုင်မှုအပေါ် ပုံမှန်အားဖြင့် လုံလောက်မှုရှိကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ပြောကြားထားခဲ့သည်။ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အားသုံးစွဲ မှုသည် ပျမ်းမျှအားဖြင့် ၆၇၀ မဂ္ဂါဝပ် ရှိပြီး ရန်ကုန်မြို့အတွက် National  Grip မှ မဂ္ဂါဝပ် ၄၀၀ ယူကြောင်း၊ ရန်ကုန်ရှိ သဘာဝဓာတ်ငွေ့စက်ရုံ လေးရုံမှ မဂ္ဂါဝပ် ၂၇၀ ခန့်ထုတ်လုပ် သောကြောင့်ပုံမှန်အားဖြင့်လုံလောက်မှု ရှိကြောင်း ထိုစဉ်က ပြောကြားခဲ့ ခြင်းဖြစ်သည်။


မနှစ်ကလည်း မီးမပျက်ဘူးဆိုတော့ မီးမပျက်တော့ဘူးထင်လို့ မီးစက် တွေဘာတွေ ဘာဆိုဘာမှ ပြင်မထားဘူး။ အခုဗြုန်းစားကြီး မီးဖြတ်ချလိုက်တော့ ပြဿနာတက်ရောဗျာ။    ဘယ်လိုဖြစ်တာလဲ။ မြစ်ဆုံကိစ္စတုန်းကတောင် လျှပ်စစ်(၁)၀န်ကြီးက ဓာတ်အားတွေ ပိုလျှံလို့ရောင်းရတာလို့ ပြောသေးတယ်။ ရေအားလျှပ်စစ်စီမံကိန်းတွေ၊ သဘာဝဓာတ်ငွေ့က ရတာတွေ ဘယ်ရောက်ကုန်ပြီလဲ။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးအဖွဲ့ အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် မီဒီယာတွေ့ ဆုံပွဲတွင် အမှတ်(၂)လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက”မြစ်ကြီးနားဘက်မှာ ချီဗွေ ရေအားလျှပ်စစ်စီမံကိန်း ပြီးပါပြီ။ မဂ္ဂါဝပ် ၁၀၀လောက် သယ်ပြီး ကချင်ပြည်နယ်၊ မိုးညင်း၊ မိုးကောင်း၊ မြစ် ကြီးနားဓာတ်အား ရရှိရေးဆောင် ရွက်ပေးမယ်။ ၂၀၁၄- ၂၀၁၅ ကုန်လောက်ဆိုရင် လောက်ကိုင်၊ ကွန်ဟိန်း၊ ပင်းတယတို့မှာ လုပ်တဲ့လုပ်ငန်းတွေက ရှမ်းပြည်နယ်အတွက် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ တောင်ကြီးပတ်ဝန်းကျင်မှာ အင်းဒေသမီးရရှိရေး၊ ဓနုဒေသ မီးရရှိ ရေးစတဲ့ တိုင်းရင်းသားတွေအတွက် ရည်ရွယ်ပြီး ၂၀၁၁-၂၀၁၂မှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။  မော်လမြိုင်မှာ ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်းက သထုံကနေ မော်လမြိုင်ကို ရောက်ပါတော့မယ်။ ၂၀၁၂-၂၀၁၃ မှာပြီး ပါမယ်။ ပြီးရင် ဓာတ်အားရပြီး မွန် ပြည်နယ်၊ကရင်ပြည်နယ်အတွက် ဓာတ်အား လုံလုံလောက်လောက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ရွှေတောင်ကနေ မြောင်းတကာ ဒီမှတစ်ဆင့် ရန်ကုန်ကို ဓာတ်အားလိုင်း ထပ်ထည့်ရပါတယ်။ မြောက်ဘက်ပိုင်းက ထုတ်တဲ့ဓာတ်အားတွေကို ရန်ကုန်ကို သယ်နိုင်ဖို့အတွက် လုပ်ရတာပါ။ ရန်ကုန်မှာ ဓာတ်အားကောင်းလာတာနဲ့ အသုတ်၊ ပုသိမ်တို့ စတဲ့  ဧရာဝတီတိုင်း ဓာတ်အားရရှိရေး ဆောင်ရွက်ပါမယ်”ဟု ပြောကြားခဲ့ ပါသည်။

ထို့ပြင် “၂၀၁၂- ၂၀၁၃ မှာ မဖြစ်မနေ ဆောင်ရွက်မှာက ရွှေတောင်ကနေ တောင်ကုတ်ကို ၂၃၀ ကေဗွီအေ ဓာတ်အားလိုင်း ဆွဲပါမယ်။ တောင်ကုတ်ကနေမအီ၊ မအီကနေအမ်း၊ အမ်းကနေမန်းဆွဲပါမယ်။ ဒါကို အြေငသညွေူမငစ နဲ့ဆက်ထားတာဖြစ် ပါတယ်။ National  Grip ကနေ ထွက်တဲ့ ဓာတ်အားကိုယူပြီး တောင်ကုတ်၊ မအီ၊ အမ်း၊ ကျောက်ဖြူစတဲ့ဒေသတွေကို ၂၀၁၂-၁၃မှာ ဓာတ်အား ရောက်နိုင်အောင် လုပ်ပါမယ်။၂၀၁၂ -၂၀၁၃မှာ မရောက်ရင်၂၀၁၄နောက် အကျဆုံးပြီးအောင် ဓာတ်အားလိုင်း ကိုဆောက်မှာ ဖြစ်ပါတယ်။ ၂၀၁၄မှာ ရခိုင်ပြည်နယ် အမ်းကနေ တောင်ဘက်ခြမ်း တစ်ခြမ်းလုံး၂၄နာရီမီးရပါမယ်။  ဒီအတွက်ပစ္စည်းတွေ အားလုံးဝယ်ယူ နေပြီ။ ရခိုင်မှာ ကျောက်ဖြူကနေ အောက်ပိုင်းအားလုံး ၂၄နာရီ မီးရမယ်။ ၂၀၁၄အကုန်မှာ ရမယ်လို့ခန့် မှန်းပါတယ်။ အမ်းကိုရောက်ပြီးရင် အမ်းကနေ ကျောက်တော်ကို ၂၃၀ ကေဗွီအေဓာတ်အားလိုင်း ဆက်ဆွဲပါမယ်။ ကျောက်တော်-ပုဏ္ဏားကျွန်း- စစ်တွေဆွဲပါမယ်။ ၂၀၁၄-၂၀၁၅ ကုန်ရင်ရခိုင်ပြည်နယ်သည် National  Grip ကနေ မီး ၂၄နာရီရသွားပါမယ်။ ဒါကိုတော့ အာမခံပါတယ်။ ကျွန်တော်ပစ္စည်းတွေကိုလည်း ၀ယ်ပြီးပါပြီ”ဟု အမှတ် (၂) လျှပ်စစ်စွမ်း အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် အလှည့်ကျ မီးပေးစနစ်ကို ၁၉၉၉ခုနှစ်က ကျင့် သုံးခဲ့ပြီး ၂၀၀၇ခုနှစ် နိုဝင်ဘာမှ ဇွန် လအထိလည်းကောင်း၊ ၂၀၀၈ခုနှစ် နိုဝင်ဘာလမှ ၂၀၀၉ခုနှစ် ဇွန်လအထိ လည်းကောင်း၊ ၂၀၀၉ခုနှစ် ဒီဇင်ဘာလ မှ ဇွန်လအထိ လည်းကောင်း အသီးသီး ကျင့်သုံးခဲ့ကြောင်း သိရသည်။

“မီးပျက်တဲ့ကိစ္စကို ပြောရမယ်ဆိုရင်တော့ သမ္မတကြီးကရှေ့ ဆက်သွားမယ်။ နောက်မဆုတ်ဘူးလို့  ပြောထားတာကို အခုတော့ ၂၀၀၆-၂၀၀၇ ကို ပြန်သွားနေသလိုပါပဲ။ ပြီးခဲ့တဲ့နှစ်ကတောင် မပျက်ဘူးလေ။ အခု မီးပျက်တယ်ဆိုတဲ့ ကိစ္စကနောက်ပြန်ဆုတ်နေတဲ့ သဘောလို့ပဲ မြင်ပါတယ်။ ပြည်သူတစ်ယောက် အနေနဲ့တော့ အဲဒီလိုပဲ ခံစားမိပါတယ်”ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

“အခုလို မီးတွေပျက်တော့ အထပ်မြင့် အဆောက်အအုံတွေမှာ နေရတဲ့သူတွေ အတွက်တော့ တော်တော်လေးကို အခက်အခဲ ကြုံရပါတယ်။ မီးကအချိန်ပိုင်းနဲ့ ဖြစ်သွားတဲ့အခါ မီးလာတဲ့ အချိန်လေးကိုပဲ တိုက်ခန်းတွေ အားလုံးဝိုင်းပြီး ရေတင်ကြတာကြောင့် ရေမရတဲ့ အခက်အခဲတွေ အသီးသီး ကြုံရတယ်။ ကိုယ့်ရပ်ကွက်ဘက်ခြမ်းက မီးပျက်နေပေမယ့် ဟိုဘက် ရပ်ကွက်ခြမ်းက မီးလာတဲ့အချိန်ဖြစ် နေတော့အောက်က ရေပိုက်တွေကလည်း ရေဖွင့်သုံးလို့မရဘူး။ ဒီတော့ မီးအခက်အခဲတင် မကဘဲ ရေအခက်အခဲပါ ကြုံရပါတယ်။ ရေ၀ယ်သုံးမယ် ဆိုရင်လည်း ရေသန့်တစ်ဘူးကို ၄၀၀၊ အပေါ်ထပ်ကိုထမ်းတင်ခ ၂၀၀ နဲ့ ရေတစ်စည်ပြည့်အောင် ဖြည့်ဖို့တောင် မိသားစုတစ်စုအတွက် မလွယ်တဲ့ အခြေအနေပါ။ မနှစ်က တစ်နှစ်လုံးတောင်မီးတွေ မှန်အောင်ပေးနေနိုင် သေးတာပါ။ အခုချိန်မှ ရုတ်တရက်ကြီး မပေးနိုင်တော့ဘူး ဆိုတာက တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ အခုလိုသာ မီးဆက်ပျက်နေမယ်ဆိုရင် တိုက်ခန်းတွေများပြီး တိုက်ခန်းတစ်ခန်းမှာတောင် မိသားစု နှစ်စုလောက် ပေါင်းနေတာမျိုး၊ မိန်းကလေးလေး ငါးယောက်စုပြီး အဆောင်သဘော နေတာမျိုးတွေများတဲ့ ကျောက်မြောင်းလို ရပ်ကွက်မှာက အခက်အခဲဒုက္ခတွေ ပိုပြီးကြုံတွေ့ရနိုင်ပါတယ်”ဟု  ရန်ကုန်မြို့တွင် လူနေထူထပ်သော ရပ်ကွက်များအနက် တစ်ခုအပါအ၀င် ဖြစ်သော တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပါ သည်။
“မီးပျက်တဲ့ဒဏ်ကို ကျွန်တော် လည်း ခံစားရတယ်။ ကျွန်တော့် ရပ်ကွက်ထဲက လူတွေလည်း ခံရတာပဲ။ အထူးသဖြင့် အခုလို အရမ်းပူတဲ့ ရာသီမျိုးမှာ မီးပျက်တာ ပိုဆိုးတယ်။ အခုထပ်ပြီး အလှည့်ကျမီးပေးစနစ် နဲ့ဆက်ပေးမယ်ဆိုတော့ ဘယ်သူမှ မကျေနပ်ကြဘူး။၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကတော့ ပြောခဲ့ကြတာတွေ ဖတ်ရတယ်။ ရွေးကောက်ပွဲ ပြီးရင် လျှပ်စစ်မီး အချိန်ပြည့်ပေးနိုင်မယ်။ အကြိမ်ကြိမ်ပြောခဲ့ကြတာတွေ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်မလာတဲ့အတွက် လူထု က ပိုပြီးမကျေမနပ် ဖြစ်လာကြတာပေါ့။ မီးပျက်လို့ မီးစက်တွေနှိုးရ၊ ကြာလာတော့ အဲဒီ မီးစက်သံတွေကြား ရဖန်များတော့ လူကရူးတောင် ရူးချင်လာတယ်။ ကတိတွေကို အလွယ်တကူ မပေးကြပါနဲ့။ လူထုအတွက်၊ ပြည်သူလူထုအတွက် လုပ်ပေး နိုင်တာတွေကို ပြောကြပါ။ လုပ်ပေးနိုင်ပါတယ် ပြောပြီး ဖြစ်မလာရင် ပြည်သူလူထုက ဒေါသထွက်ရပါတယ်။ နောက်တစ်ခုက ပြည်သူ လူထုကို ရှင်းရှင်းလင်းလင်းမြင်အောင် ပြောကြပါ။ ကျွန်တော်တို့လည်း ဖတ်ခဲ့ရတာပဲ။ ရဲရွာကြီး ပြီးသွားရင် ဘယ်လို ဘယ်လို၊ ပေါင်းလောင်းက ဘယ်လို ဘယ်လို။ ကိုယ့်နိုင်ငံမှာတင် မသုံးနိုင်ဘဲ ပိုနေလို့ ရောင်းချရတာကဘယ်လို ဘယ်လို။  တကယ်တမ်း လက်တွေ့မှာ တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မှာတောင် မီးကို လုံလောက်အောင် မပေးနိုင်သေးဘူး။ ထွက်လိုက်တဲ့ ရေအားလျှပ်စစ်တွေ၊ သဘာဝဓာတ်ငွေ့တွေ၊ စွမ်းအင်တွေ ထွက်နေပေမယ့် ရန်ကုန်မြို့မှာတင် လျှပ်စစ်မီးက မလုံလောက်ဘူးဆိုတော့ အဲဒီရေအားလျှပ်စစ်တွေ၊ သဘာဝ ထွက်ငွေ့တွေ၊ စွမ်းအင်တွေက ဘယ် တွေရောက်သွားသွားလဲ။ နားမလည်နိုင်ဘူး။ ပြောနေတာတွေကို အဓိပ္ပာယ် ဖွင့်လို့တောင် မရတော့ဘူး”ဟု ကိုမြအေး (၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး)က သုံးသပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းစုစုပေါင်း ၁၆ ခုရှိပြီး အချို့ မှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် အကျိုးတူ လုပ်ဆောင်သည့် စီမံကိန်းများဖြစ်ကြောင်း သိရသည်။ ယခု အခါတွင် စီမံကိန်းအချို့၌ လျှပ်စစ် ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကိစ္စရပ် အချို့ပေါ်ပေါက်နေကြောင်း စုံစမ်း သိရှိရသည်။ “၂၀၁၀ ပြည့်နှစ်အတွင်း ကမှ စတင်လည်ပတ်ခဲ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ရေအားလျှပ်စစ်စီမံ ကိန်းကြီးတစ်ခုမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုနဲ့ ပတ်သက်ပြီး အဆင်မပြေမှုတွေ ရှိနေတယ်လို့ ကြားပါတယ်။ ကျွန်တော်ထင်တယ်။ မြစ်ဆုံ စီမံကိန်းရပ်ပြီး လပိုင်းအတွင်း ဖြစ်တယ်လို့ ကြားပါတယ်၊ အခုမီးပျက်တာက ‘ဒီအကြောင်းနဲ့ အဓိက ပတ်သက်နေတယ်လို့ သိရတယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိဓာတ် အားစနစ်တွင် လျှပ်စစ်ဓာတ်အား အပြည့်အ၀ပေးနိုင်ရန် လိုအပ်ချက် ပမာဏမှာ ၁၅၅၅ ဒသမ ၂၅ မဂ္ဂါဝပ် ဖြစ်ကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်း လုံးရှိ ဓာတ်အားပေးစက်ရုံ ၃၁ ရုံမှ ၃၀၄၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံး အတွက် နေ့စဉ် လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ မဂ္ဂါဝပ် ၁၁၀၀ မှ ၁၂၀၀ ကြားရှိပြီး လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များမှ အဓိက ထုတ်ယူလျက်ရှိကြောင်း သိရှိရသည်။

ပါမောက္ခဒေါ်လှမြင့်(ပါမောက္ခ ဌာနမှူး-ငြိမ်း၊ စီမံခန့်ခွဲမှုပညာဌာန) က “အိမ်မှာ ဒီနေ့က စပြီး မီးပြတ်ပါတယ်။ လျှပ်စစ် မီးပြတ်တယ်ဆိုရင် ဆင်းရဲချမ်းသာ လူတန်းစားမရွေး ဒုက္ခရောက်ပါတယ်။ တတ်နိုင်တဲ့သူတွေ က မီးစက် သုံးချင်သုံးနိုင်ပေမယ့် မီးစက်မရှိတဲ့ သူတွေဆို ဒုက္ခတော်တော်များပါတယ်။ သက်ကြီးရွယ်အိုတွေ အတွက်ဆို ပိုဆိုးတယ်။ အနည်းဆုံး ပန်ကာလေးလောက်မှ မဖွင့်နိုင်ရင်နေရတာ မသက်မသာဖြစ်ပါတယ်။ အဲယားကွန်းဆိုတာလည်း ဒီနေ့လိုခေတ်မှာ ဇိမ်ခံပစ္စည်း မဟုတ်တော့ပါဘူး။ မီးပျက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ အလုပ်ချိန်ပျက်တယ်။ အလုပ်က မလုပ်မဖြစ်လုပ်ရတော့ စက်သုံးဆီ သုံးရတယ်။  စက်သုံးဆီကုန်ကျစရိတ်ကြောင့် ထုတ်လုပ်မှုစရိတ် တက်တယ်။ ထုတ်လုပ်မှုစရိတ် တက်တာကြောင့် ကုန်စည်ဈေးနှုန်းကို တက်ရတယ်။ ကုန်ပစ္စည်းဈေးတက်တော့ ကုန်ဈေး နှုန်းတက်ပါတယ်။ ဒါက စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုလုပ်ရမှာပါ။ လုပ်ငန်းက ရပ်ထားလို့မှမရတာ။ အများ ပြည်သူကတော့ ကုန်ဈေးနှုန်းတက် တဲ့ဒဏ်ကို ခံစားရတော့မယ်။ ကုန်ဈေးနှုန်း ၀န်ပိတော့မယ်။ ဒီလျှပ်မီးကိစ္စကို အစိုးရက ဒီလိုနည်းနဲ့မှ ဖြေရှင်းလို့ရမှာလား စဉ်းစားသင့်တယ်။ လျှပ်စစ်မီးဆိုတာ နည်းအမျိုးမျိုးနဲ့ ထုတ်လို့ရတယ်။ အခု ရေအားလျှပ် စစ်နဲ့ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတို့လိုမျိုး ဒီဇယ်နဲ့တိုးပြီး မလုပ်နိုင်ဘူးလား။ ကုန်ကျစရိတ်ကို အစိုးရဘတ်ဂျက်မှာ အလွှဲအပြောင်းလုပ်လို့ မရနိုင်ဘူးလား။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်တဲ့ အစိုးတစ်ရပ်မှာဦးစားပေး အစီအစဉ်တွေရှိပါတယ်။ အများပြည်သူရဲ့လိုအပ်ချက်၊ အများပြည်သူရဲ့ ထိခိုက်နစ်နာမှုတွေကို ဖြေရှင်းပေးဖို့ က အစိုးရတစ်ရပ်မှာ ဦးစားပေးအဆင့်မှာ ရှိသင့်ပါတယ်။ အရင်ကလည်း ဖြစ်ခဲ့တာပဲ၊ မီးဖြတ်ခဲ့တာပဲဆိုပြီး အမြဲလုပ်နေကျမို့လို့ လုပ်လိုက်ဦးမယ်ဆိုတဲ့ သဘောမဖြစ်ဖို့ သတိပြုသင့် ပါတယ်။ နောက်ပြီး ဒီအခြေအနေက မြန်မာနိုင်ငံကို ၀င်လာနိုင်တဲ့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို တွန့်ဆုတ်စေတယ်။ အခြေခံအဆောက် အဦမှာ လျှပ်စစ်က အဓိကအရေးပါတဲ့ အရာတစ်ခုဆိုတော့ လျှပ်စစ်မီး ပြတ်တာဟာ နိုင်ငံအတွက်ကောင်းတဲ့ ပုံရိပ်မဟုတ်ဘူး”ဟု ထင်မြင်ချက် ပေးပါသည်။

မြန်မာနိုင်ငံမှ လျှပ်စစ်ဓာတ်အား ၀ယ်ယူမှုအများဆုံး ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် မဂ္ဂါဝပ် ၂၃၉၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ပမာဏသည် မဂ္ဂါဝပ် ၁၅၀၀ ကျော် သာရှိသေးကြောင်း ထို့ပြင် ထိုင်းနိုင်ငံ၌ အရံလျှပ်စစ်ဓာတ်အားအဖြစ် မဂ္ဂါဝပ် ၆၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အရံလျှပ်စစ်ဓာတ်အားအဖြစ် မဂ္ဂါဝပ် ၃၀၀ သာရှိကြောင်း ထုတ်ပြန်ထားချက်များအရ သိရသည်။

“မနှစ်ကလည်း မီးမပျက်ဘူးဆိုတော့ မီးမပျက်တော့ဘူးထင်လို့ မီးစက်တွေဘာတွေ ဘာဆိုဘာမှ ပြင်မထားဘူး။ အခုဗြုန်းစားကြီး မီးဖြတ် ချလိုက်တော့ ပြဿနာတက်ရောဗျာ။ ဘယ်လိုဖြစ်တာလဲ။ မြစ်ဆုံကိစ္စတုန်းကတောင် လျှပ်စစ်(၁)၀န်ကြီးက ဓာတ်အားတွေ ပိုလျှံလို့ရောင်းရတာလို့ ပြောသေးတယ်။ ရေအားလျှပ်စစ်စီမံကိန်း တွေ၊ သဘာဝဓာတ်ငွေ့ကရတာတွေ ဘယ်ရောက်ကုန်ပြီလဲ။ အခုလို ဘာမပြောညာမပြော လုပ်တာကတော့ လက်မခံနိုင်ပါဘူး။ သက်ဆိုင်သူတွေ ကိုယ့်တာဝန်ကိုယ် ယူသင့်ပါပြီ။ ဘာကြောင့် ဆိုတာကို တရားဝင်ရှင်းလင်းပွဲလုပ်ပြီး မီဒီယာကတစ်ဆင့် ပြည်သူတွေ ကို အသိပေးသင့်ပါတယ်”ဟု ဂျာနယ်လစ်တစ်ဦးက ပြောပါသည်။

Ref: EMG

ပြည်ထောင်စုလွှတ်တော်တွင် NLD ကိုယ်စားလှယ် ၆.၄% ရှိမည်

မဇ္ဈိမသတင်းဌာန ။        ။ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရရှိမှု ရလဒ်များအား ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်မှ အင်္ဂါနေ့ညနေတွင် ပြီးသတ်ကြေညာလိုက်ပြီးနောက် တွက်ချက်ရရှိသည့် စာရင်းများအရ နေပြည်တော်ရှိပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ၆.၄ ရာခိုင်နှုန်း ရရှိမည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်၏  အင်္ဂါနေ့ကြေညာချက်အရ အနိုင်ရရှိသူ ငါးဦးတွင် NLD ကိုယ်စားလှယ် သုံးဦး ထပ်မံ ပါဝင်လာသည်။

ပြည်သူ့လွှတ်တော်အတွက် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ဒေါ်တင်တင်ရီနှင့် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှဒေါ်ခင်မွှေးလွင်တို့ အရွေးချယ်ခံရပြီး စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် အမှတ် ၃ အတွက် ဒေါက်တာမြင့်နိုင် က NLD ကိုယ်စားလှယ်များအဖြစ် အရွေးချယ်ခံရခြင်း ဖြစ်သည်။
NLDlist1
တနင်္လာနေ့က ထုတ်ပြန်သည့် ကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ ၃၅ နေရာ၊ အမျိုးသားလွှတ်တော် သုံးနေရာနှင့် တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတို့တွင် NLD က အနိုင်ရရှိထားပြီး ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် NLD ပါတီသည်  ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ်တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်အမတ် ဒေါက်တာမြတ်ဉာဏစိုးမှာ NLD သို့ ကူးပြောင်းလာ၍ NLD အတွက် အမျိုးသားလွှတ်တော် အမတ်နေရာ ၅ နေရာ ရရှိမည် ဖြစ်သည်။

ထို့ကြောင့် NLD ၏ လွှတ်တော်အမတ် စုစုပေါင်းမှာ ၄၄ ယောက်ရှိနေသည်။

ထို NLD လွှတ်တော်ကိုယ်စားလှယ် ၄၄ ဦးအနက် နှစ်ဦးမှာ ပဲခူးနှင့်ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်များတွင် တက်ရောက်ကြမည်ဖြစ်ပြီး ကျန် ၄၂ ဦးသာ နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် တက်ရောက်ကြမည်
ဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေအရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄၄၀ ဦး ရှိရမည် ဖြစ်သော်လည်း လက်တွေ့တွင်မူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၃၂ ဦးသာ ရှိနေမည် ဖြစ်သည်။

လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်အနေဖြင့် ၆၅၆ ဦး ရှိမည် ဖြစ်သည်။

ထို့ကြောင့် အသစ်ခေါ်ယူမည့် ပြည်ထောင်စုလွှတ်တော်တွင် NLD လွှတ်တော် ကိုယ်စားလှယ် ၄၂ ဦးမှာ ၆.၄ ရာခိုင်နှုန်းအဖြစ် ပါဝင်ကိုယ်စားပြုနေမည် ဖြစ်သည်။

ကော်မရှင်၏ အင်္ဂါနေ့ ထုတ်ပြန်ကြေညာချက်အရ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၃ တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းစံမင်း က လည်းကောင်း၊ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၇ တွင် ကြံ့ခိုင်ရေးပါတီမှ ဦးတင်မြ ကလည်းကောင်း အသီးသီး အနိုင်ရရှိသွားကြသည်။

ကာကွယ်ရေးဦးစီးချုပ် ရာထူးတိုး

နယူးဒေလီ (မဇ္ဈိမ) ။       ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့အား ရာထူးတဆင့် တိုးမြှင့် ဖော်ပြထားသည်ကို အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန်
နေပြည်တော် လေဆိပ်မှ ဧပြီလ ၂ ရက်နေ့က ထွက်ခွါသွားသည်ကို လိုက်ပို့သည့် ထိပ်တန်းအရာရှိများ စာရင်းတွင် ကာ/ချုပ်နှင့် ဒု-ကာ/ချုပ်တို့၏ အမည်များလည်း ပါဝင်ရာ ယခုကဲ့သို့ ရာထူးတဆင့်တိုး ဖော်ပြထား
ခြင်း ဖြစ်သည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း”ဟု မြန်မာ့အလင်း သတင်းစာ တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းတို့၏ယခင်ရာထူးများမှာ ဗိုလ်ချုပ်ကြီးနှင့် ဒု-ဗိုလ်ချုပ်ကြီးတို့ဖြစ်ပြီး ယခုကဲ့သို့ တပ်မတော်အတွင်း ရာထူးအဆင့် တိုးမြှင့်လိုက်ခြင်းများကို နိုင်ငံပိုင်သတင်းစာများတွင် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများမှ တဆင့် ဖော်ပြပေးလေ့ရှိသည်။
Ref: VOA

မြန်မာငွေလဲနှုန်း နှုန်းရှင် သတ်မှတ်ခြင်းနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်များ

20120403 New Light of Myanmar
၂၀၁၂ ဧပြီ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ မှ




မြန်မာကျပ်ငွေကို နိုင်ငံခြားငွေနဲ့လဲလှယ်ရာတွင် ဈေးကွက်အတွင်းရှိ ဈေးနှုန်းများအတိုင်း နှုန်းရှင်
 ငွေလဲနှုန်းစနစ် စတင်ကျင့်သုံးခြင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို ၂၀၁၂ ဧပြီ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားပါတယ်။ ထိုသို့ ဖော်ပြရာမှာ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင်ငွေလဲနှုန်းစနစ် (Managed Floating Exchange Rate Regime) ကို စတင် ပြောင်းလဲတဲ့အနေနဲ့ ဧပြီ ၂ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်တဲ့ ပထမအကြိမ် နိုင်ငံခြားငွေများ ဈေးပြိုင်စနစ်ဖြင့် ရောင်းဝယ်ခြင်း (Foreign Exchange Auction) အား စနစ်တကျ ပြုလုပ်ဖို့အတွက် ပထမဆုံး သတ်မှတ်ငွေလဲနှုန်းကို ထုတ်ပြန်ကြောင်း၊ ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေ ငွေဖြစ်လွယ်မှုကို အထောက်အပံ့ပြုရန်နဲ့ ငွေလဲနှုန်း အတက်အကျ လျော့နည်းစေရန် အခါအားလျော်စွာ ပါဝင်ပြီး ကျပ်ငွေတန်ဖိုးကို ငွေကြေးဈေးကွက် အခြေအနေအရ ပါဝင်မှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ သို့သော်လည်း ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲနှုန်း အဆင့်ကို ကြိုတင် သတ်မှတ်မှာ မဟုတ်သလို ရောင်းဝယ်မယ့် ပမာဏကိုလည်း ကန့်သတ်မှာ မဟုတ်ကြောင်း သိရပါတယ်။ လက်ရှိ ပြောင်းလဲလိုက်တဲ့ ငွေလဲနှုန်းစနစ်အရ လက်လီ ငွေဈေးကွက်တွင် ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်းရဲ့ ၀ ဒဿမ ၈ ရာနှုန်းဘောင်အတွင်းမှာ ရောင်းဝယ်မှု ပြုနိုင်မှာ ဖြစ်သလို လက်ကားငွေဈေးကွက်မှာကတော့ ၀ ဒဿမ ၃ ရာနှုန်းဘောင်အတွင်းမှာ ရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။
 အလွယ် ပြောရရင် ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းက အမေရိကန်တဒေါ်လာကို ကျပ် တထောင် ဖြစ်ပါက လက်လီ ငွေဈေးကွက်မှာ တဒေါ်လာကို ၀ယ်ဈေး ၉၁၂ ကျပ်၊ ရောင်းဈေး ၁၀၀၈ ကျပ်၊ လက်ကားငွေဈေးကွက်မှာတော့ တဒေါ်လာကို ၀ယ်ဈေး ၉၁၇ ကျပ်နဲ့ ရောင်းဈေး ၁၀၀၃ ကျပ် ဈေးနှုန်းများနဲ့ ရောင်းဝယ်ကြမှာ ဖြစ်ပါတယ်။ ထိုသို့ ရောင်းဝယ်ကြတဲ့အခါ ဈေးကွက်အတွင်း သိသိသာသာ ပြောင်းလဲမှု ဖြစ်ပါက သိမ်ဖြူဈေးနှုန်း သတ်မှတ်ရေးအဖွဲ့က ငွေလဲနှုန်းကို နေ့လယ်ပိုင်းတွင် ပြင်ဆင် သတ်မှတ်မှာ ဖြစ်ပါတယ်။ ဧပြီ ၂ ရက်နေ့ ငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို မြန်မာကျပ် ၈၁၈ ကျပ် ဖြစ်ပြီး ၀ယ်ယူမှု အမေရိကန်ဒေါ်လာ ၆၄၀,၀၀၀ ရှိပြီး ရောင်းချမှုကတော့ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ဒေါ်လာ ဖြစ်ကာ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ လေးသောင်းကို သတ်မှတ်ဈေးနှုန်း ၈၁၈ ကျပ်နဲ့ ၀ယ်ယူခဲ့ပါတယ်။ ပြောင်းလဲလိုက်တဲ့ ငွေလဲနှုန်းစနစ်အရ မြန်မာပြည်မှာ နိုင်ငံခြားငွေ ရောင်းဝယ်
 ဖောက်ကားမှုတွေ ဖွံ့ဖြိုးလာမှာ ဖြစ်သလို ဗဟိုဘဏ်အနေနဲ့ စနစ်တကျ ထိမ်းချုပ်နိုင်မှု မရှိခဲ့ရင်လည်း ငွေဈေးအတက်အကျ အပြောင်းအလဲ မြန်ဆန်မှုများ ဖြစ်လာနိုင်ခြေ ရှိပါတယ်။
 လက်ရှိ ပြောင်းလဲလိုက်တဲ့စနစ်ကို နိုင်ငံတကာ ငွေကြေးအဖွဲ့တွေက အကူအညီပေးထားသလို ဗဟိုဘဏ်ကလည်း ဈေးကွက်ကို ထိမ်းချုပ်နိုင်တဲ့ အခြေအနေ ရှိနေတဲ့အတွက် ထူးထူးခြားခြား ပြောင်းလဲမှုတွေ၊ ဈေးကွက် ကသောင်းကနင်း ဖြစ်မှုတွေ ဖြစ်လာနိုင်ဘွယ်တော့ မတွေ့ရသေးပါဘူး။ သတ်မှတ်ထားတဲ့ ဈေးဟာ လက်ရှိပေါက်ဈေးနဲ့ လိုက်လျောညီထွေ ဖြစ်နေတဲ့အတွက် ပြည်ပက မြန်မာပြည်တွင်းဆီ ငွေလွှဲပြီး ပေးပို့နေမှုကိုလည်း အထိအခိုက် မရှိတာကို တွေ့နေရပါတယ်။ နိုင်ငံတကာမှာလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ငွေကြေးစနစ်နဲ့ နိုင်ငံတကာ ငွေကြေးစနစ်ကို အခုလိုပဲ သတ်မှတ် ကျင့်သုံးလေ့ ရှိပါတယ်။ ဒီကနေ့ နိုင်ငံတကာ ငွေကြေးဈေးကွက်မှာ အဓိက စံထား လဲလှယ်တဲ့ ငွေကြေးစနစ်ကတော့ အမေရိကန်ဒေါ်လာ ဖြစ်ကာ ယူရို၊ ဗြိတိသျှ စတာလင်ပေါင်နဲ့ ဂျပန် ယန်းငွေ လဲလှယ်နှုန်းကလည်း အဓိကကျနေပါတယ်။
တရုပ်နိုင်ငံကလည်း တရုပ်နိုင်ငံသုံး ယွမ်ငွေကို နိုင်ငံတကာငွေကြေးဈေးကွက်မှာ နေရာရရှိလာအောင် ကြိုးစားနေမှုများလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ငွေလဲနှုန်း နှုန်းရှင် သတ်မှတ်လိုက်တဲ့အတွက် ကမ္ဘာ့ငွေကြေးဈေးကွက် အပြောင်းအလဲက မြန်မာ့ငွေကြေးဈေးကွက်ကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဗဟိုဘဏ်အနေနဲ့ ငွေကြေးဈေးကွက်ကို အောင်အောင်မြင်မြင် ထိန်းကျောင်းပြီး ပြောင်းလဲမှု ပြုလုပ်နိုင်ရင်တော့ မြန်မာကျပ်ငွေဟာ ယခင်က ကမ္ဘာ့ဈေးကွက်အတွင်းမှာ ၀င်ဆန့်ခဲ့သလို နောက်ပိုင်းမှာလည်း မြန်မာကျပ်ငွေကို နိုင်ငံတကာမှာ လဲလှယ်နိုင်တဲ့ အခြေအနေ ပြန်လည် ရောက်ရှိလာနိုင်ပါတယ်။ 
Ref: BurmaToday

Tuesday 3 April 2012

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး ဆတိုးကြိုးပမ်းဖို့ ကုလတိုက်တွန်း

U.N. Secretary-General Ban Ki-moon speaks during a news conference  in Putrajaya outside Kuala Lumpur March 22, 2012.
ဓာတ်ပုံ Reuters
ဧပြီလ ၁ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့  မြန်မာနိုင်ငံ  ကြားဖြတ်ရွေးကောက်ပွဲ  ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံး သွားတဲ့ အတွက် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ချီးကျုးလိုက်သလို  စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို နှစ်ဆတိုးလုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်ပါတယ်။  တချိန်ထဲမှာပဲ  မြန်မာနိုင်ငံ က   ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားစေဖို့  အခုရွေးကောက်ပွဲမှာ အများဆုံး အနိုင်ရခဲ့တဲ့  NLD နဲ့ တခြားဒီမိုကရေစီ အင်အားစုတွေနဲ့  အစိုးရက လက်တွဲဆောင်ရွက်ဖို့ အရေးပါ ကြောင်း  ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဧပြီလ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မမှန်မကန် လုပ်ဆောင်မှုတချို့  ရှိခဲ့တာကို ကုလသမဂ္ဂက သိရှိထားပေမဲ့ အားလုံးကိုခြုံကြည့်ရင်  ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ပြီး အောင်အောင်မြင်မြင် ဖြစ်ခဲ့တာ မို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ကြိုဆိုဂုဏ်ပြုကြောင်း တနင်္လာနေ့မှာ ကြေငြာချက် ထုတ်ပြန် ခဲ့ပါတယ်။  ဒါပေမယ့် မြန်မာနိုင်ငံ မှာ ငြိမ်းချမ်းမှု ရေရှည်ခိုင်မာစေဖို့၊  စစ်မှန်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရဖို့ နှစ်ဆတိုး လုပ်ဖို့ တိုက်တွန်းလိုက်တယ်လို့  အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ  မစ္စ အိရိ ကာနေ ကို (Eri Kaneko) က ဗွီအိုအေကို ပြောပါတယ်။

“တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့  စံနစ်တကျ ရှိခဲ့တာ မို့  ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က  မြန်မာအစိုးရ နဲ့ တကွ နိုင်ငံရေးပါတီတွေကို ချီးကြူးဂုဏ်ပြု ကြောင်း ကြေငြာချက် ထုတ်ပြန် လိုက်တာပါ။  ဒါဟာ မြန်မာနိုင်ငံမှာ  ကောင်းတဲ့ အနာဂတ်ရှိလာစေဖို့ ရှေ့ရှု့ တဲ့ အရေးပါတဲ့ ခြေလှမ်းတရပ်မို့  ဒီလို တိုးတက်မှုမျိုး ဖြစ်လာအောင် လုပ်ဆောင်ရဲတဲ့ အမြင်ရှိတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ လုပ်ဆောင်ချက်ကို  အတွင်းရေးမှုးချုပ်က  အထူးအားဖြင့်  အသိမှတ်ပြုလိုက်ပါတယ်။ ဒါ့ပြင်  ဒီရွေးကောက်ပွဲ အောင်အောင်မြင်မြင် ဖြစ်အောင် လုပ်ဆောင်ခဲ့ကြတဲ့  အစိုးရနဲ့   အဓိကအခန်းကဏ္ဍကနေ ပါဝင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်  ပါတီအဖွဲ့အစည်း တွေကပုဂ္ဂိုလ်တွေ  အားလုံးရဲ့ အပြု သဘောဆောင် လုပ်ရပ်တွေကိုလည်း  မှတ်တမ်းတင်ပါတယ်။  ဒါပေမယ့်  မြန်မာနိုင်ငံ ငြိမ်းချမ်းမှု ရေရှည်  ခိုင်မာ စေဖို့နဲ့  စစ်မှန်တဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အဖွဲ့အစည်းပေါင်းစုံက  နှစ်ဆတိုး ကျိုးစားကြဖို့ပါ တိုက်တွန်းလိုက်ပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံဟေ့ (William Hague) လည်း မြန်မာလူထုနဲ့တကွ  မြန်မာလူထု အားထား ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အောင်မြင်မှု အတွက် ဂုဏ်ပြုလိုက်ပြီး ဒါဟာ သမိုင်းဝင် ရလဒ် တခု ဖြစ်တယ်လို့ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ ဒါပြင် သမ္မတ ဦးသိန်းစိန် ရဲ့ အခုလုပ်ဆောင် နေတဲ့  ပြောင်းလဲမှုတွေအတွက် ကြိုဆိုအားပေး ဂုဏ်ပြုကြောင်း ပြောကြားလိုက်သလို  ဒီပြောင်းလဲမှု ရေရှည် တည်တံ့ နိုင်ဖို့  အစိုးရဟာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ  ဒီမိုကရေစီ အင်အားစုတွေနဲ့  ဆက်ပြီး လက်တွဲ ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။  မြန်မာနိုင်ငံရဲ့ ဒီပြောင်းလဲမှုတွေ အတွက် အကူညီတွေ ပေးဖို့ အသင့်ပဲလို့လည်း ပြောပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူကရော  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကပါ ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ၀ိုင်းဝန်း ကူညီ မဲ ပေးခဲ့တဲ့ ပြည်သူတွေကိုရော၊  မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့   NLD ပါတီရဲ့ အောင်မြင်မှုအတွက်လည်း ချီးကြူးဂုဏ်ယူပါကြောင်းပြောဆိုလိုက်ပါတယ်။

အခုလို ကုလသမဂ္ဂ နဲ့တကွ အနောက်နိုင်ငံတွေက ကြိုဆိုနေချိန်မှာပဲ  မြန်မာ့အရေး စောင့်ကြည့် အကဲခတ် နေသူ တွေကတော့  စောင့် ကြည့်ဖို့လိုနေပါသေးတယ်လို့ ထောက်ပြကြပါတယ်။  Rutgers တက္ကသိုလ်က ပါမောက္ခ  Joseph Silverstein ကတော့ ဒါဟာ ဒီမိုကရေစီရေး တိုးတက်လာတဲ့ ခြေလှမ်း တရပ်ဖြစ်ပေမယ့် စောင့်ကြည့်ဖို့လိုတယ်လို့ ဆိုပါတယ်။

“ရှေ့ ဘာဆက် ဖြစ်လာမယ် ဆိုတာကို ကျွန်တော်တို့ စောင့် ကြည့်ကြရမှာ ဖြစ်ပါတယ်။ တကယ်လို့  ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ NLD အဖွဲ့က  ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ  လူတိုင်း  ကိုယ့်ဆန္ဒ ကိုယ်ထုတ်ဖေါ် ပြောဆိုလာကြဖို့  တွန်းအားပေး လာနိုင်မယ် ဆိုရင်၊ အရင် မပြောရဲ မဆိုရဲ ရှိနေ သူတွေပါ။ တချို့ အရေးပါတဲ့ ပြဿနာတွေ အတွက်  ပါဝင်ပြောင်းလဲ ရပ်တည်လာနိုင်ကြမှာမို့ ဒါဟာ  ဒီမိုကရေစီရေး ပြောင်းလဲမှုမှာ  တိုးတက်လာတဲ့ ခြေလှမ်းတရပ်ဖြစ်ပါတယ်။”

အခုလို ရွေးကောက်ပွဲကျင်းပပေးပြီး  ဒီရွေးကောက်ပွဲအတွက်  နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေကို ပါ လာရောက်ဖို့ ဖိတ်ခေါ်ပြီး   မြန်မာနိုင်ငံက ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲအောင် လုပ်ဆောင်နေမှု တွေဟာ  အမေရိကန်နဲ့  တကွ အနောက်နိုင်ငံတွေက  ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ရုတ်သိမ်းပေး ဖို့ လုပ်ဆောင်နေတာလို့ အများက မြင်နေကြတာပါ။  ဒါပေမယ့် အမေရိကန် နိုင်ငံခြား ဆက်ဆံရေး ကောင်စီက အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ Joshua Kurlantzick  ကတော့ ချက်ချင်း ရုတ်သိမ်းပေးဖို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။

“မြန်မာနိုင်ငံက ဒီကြားဖြတ်ရွေးကောက်ပွဲဟာ  အရေးပါတာမှန်ပေမယ့်  အမေရိကန် ပြည်ထောင်စု အနေနဲ့  မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူထားမှုကို  ချက်ချင်းကြီး ရုတ်သိမ်းပေးလိမ့်မယ် လို့တော့ ကျွန်တော် မထင်ပါဘူး။  NLD နဲ့  လွှတ်တော်အသစ် ကနေ  နောင် လာမယ့် သုံးနှစ်မှာ  ဘာတွေ ဆက်လုပ် လာနိုင် မယ် ဆိုတာကို သူတို့ စောင့်ကြည့်ကြမယ်လို့   ကျွန်တော်ထင်ပါတယ်။”

အိမ်နီးချင်း ဖိလစ်ပိုင် နိုင်ငံရဲ့  သမ္မတ ဘင်နင်နို အကွီနို (Benigno Aquino)  ကတော့  အခုကြားဖြတ် ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာဟာ  မြန်မာနိုင်ငံ  ပြုပြင်ပြောင်းလဲရေး အတွက် လမ်းပွင့်သွားတာတမျိုးလို့ ပြောပါတယ်။

Ref: VOA

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes