Friday 7 October 2011

ပြည်နယ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် ရေးချောင်းဖျား ဒေသတွင် အခြေစိုက်သည့် အင်အား သုံးထောင်ရှိ မွန်ပြည်သစ်ပါတီ (NMSP) က ကြာသပတေးနေ့တွင် ပြည်နယ် အစိုးရနှင့် ရေးမြို့ အခြေစိုက် အစိုးရ စစ်တပ်ဝင်းတွင် ငြိမ်းချမ်းရေးအတွက် ပဏာမဆွေးနွေးခဲ့ကြောင်း မွန်အဖွဲ့၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံနိုင်ဟံသာပိန်ခိုင်းက ပြောသည်။

မွန်ပြည်နယ် အစိုးရဘက်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဦးဆောင်၍ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ထွန်းထွန်းညီ၊ ပြည်နယ် စည်ပင်သာယာရေး အရာရှိ ကိုယ်စားလှယ်များ ပါဝင်ပြီး NMSP ဘက်မှ ဗဟိုအလုပ်အမှုဆောင် နိုင်တလညီ ဦးဆောင်ကာ ဗဟိုကော်မီတီဝင် နိုင်ဗညားလယ်၊ ဒုဗိုလ်မှူးကြီး ဟံသာတို့ ခြေလျင်တပ်ရင်း ၆၁ ဆွေးနွေးကြခြင်ဟု ဆိုသည်။

တနာရီခန့်ကြာ ဆွေးနွေးပွဲတွင် NMSP ဘက်မှ ယင်းတို့၏ ယခင်ရပ်တည်ခဲ့သည့် မူအတိုင်း ဆွေးနွေးတင်ပြခဲ့
သည်ဟု NMSP အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

“ကျနော်တို့ဘက်က တပြည်လုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ် ရပ်စဲရေး ကြေညာဖို့နဲ့ နိုင်ငံရေး ပြဿနာကို UNFC (ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကော်မတီ) နဲ့ ဆွေးနွေးဖို့ တင်ပြတယ်။ ကျနော် ပါတီအနေနဲ့ သီခြားတောင်းဆိုတာ ဘာမှမလုပ်ပါဘူး။ သူတို့ဘက်ကလည်း ကျနော်တို့ တင်ပြတာကို အထက်ကို
ပြန်တင်ပြမယ်လို့ ပြောတယ်” ဟု နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ယခုဆွေးနွေးမှုသည် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးသည့်နောက် ပထမဆုံးအကြိမ် ဆွေးနွေးခြင်းဖြစ်သည်။

NMSP သည် ၁၉၉၄ ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင်
ဆွေးနွေး ခဲ့ပြီးနောက် ၁၉၉၅ နှစ်လယ်ခန့်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရရှိခဲ့ကာ နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ကြိုးစားရာက ၁၅ နှစ်ကျော် ရယူထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူချက် ပျက်ပြယ်ခဲ့သည်။

NMSP နှင့် ဆွေးနွေးရန်အတွက် မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးအုန်းမြင့်က ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ  ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို စက်တင်ဘာလတွင် ဖွဲ့စည်းပြီး နေပြည်တော် ဗဟိုအစိုးရသို့ တင်ပြခဲ့သော်လည်း မွန်ပြည်သစ်ပါတီဝင်ဟောင်း အများစုပါဝင်သည့်အတွက် ပယ်ချခံရကြောင်း ပြည်နယ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

NMSP နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မွန်ပြည်နယ်အစိုးရက ပြင်ဆင်နေသည်ကို ရည်ညွှန်း၍ နိုင်ငံတကာရောက် မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (OMCC) ကလည်း UNFC  အဖွဲ့ဝင်များ ပါဝင်ခြင်း မရှိဘဲ မွန်ပြည်နယ် အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှု မပြုလုပ်ရန် NMSP ကို အောက်တိုဘာလ ၃ ရက် နေ့စွဲဖြင့်ကြေညာချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။

NMSP က အဖွဲ့ဝင်အဖြစ်ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ပဏာမ ဆွေးနွေးခြင်းကို မိမိအဖွဲ့ဝင်များအား ခွင့်ပြုထားသော်လည်း
အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးကိုဆွေးနွေးပါက တပ်ပေါင်းစုအနေနှင့်သာ ဆွေးနွေးမည်ဟု ဆိုသည်။

သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် အစိုးရက “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် ပဏာမအဆင့် အနေဖြင့် တဖွဲ့ချင်းအလိုက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ရန်” ဖေါ်ပြထားသည်။

စက်တင်ဘာလ နှောင်းပိုင်းတွင်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကရင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးအောင်လွင် ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံခဲ့ပြီး KNU က ပြည်နယ်အစိုးရနှင့် မဆွေးနွေးလိုဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးလိုကြောင်း  အကြောင်းပြန်ထားသည်ဟု သိရသည်။

ယင်းအပြင် UNFC တွင် မပါဝင်ခြင်း မရှိသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) ကလည်း စက်တင်ဘာ လကုန်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ဆွေးနွေးမည့်နေရာနှင့် အချိန်တို့ကိုမူ မသတ်မှတ်ရသေးကြောင်း SSA-S ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်က မဇ္ဈိမကို ပြောသည်။

ယခုလ ၁ ရက်နေ့က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌ ကြံ့ဖွံ့ အတွင်းရေးမှူး ၂ ဦးသိန်းဇော် ဦးဆောင်သော အဖွဲ့နှင့် ဝ ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင်များ
တွေ့ဆုံဆွေးနွေးခဲ့ရာ ယင်းတို့၏ တောင်းဆိုချက်အချို့ကို သဘောတူညီမှု မရခဲ့သေးကြောင်း သိရသည်။

အလားတူ မြန်မာ အစိုးရနှင့် မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ NDAA နှင့်လည်း ပြီးခဲ့သည့် လဆန်းပိုင်း ပဏာမ တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးရန် မကြာမီရက်ပိုင်းအတွင်း ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။

UNFC ကို ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့မှ အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့အဖြစ် ဖွဲ့စည်းထားပြီး အစိုးရမှ စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။


တနင်္သာရီ ၀န်ကြီးချုပ် ပြင်းထန်စွာ သတိပေးခံရ

တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်နှင့် အစိုးရအဖွဲ့သည် အဂတိလိုက်စားမှု ကိစ္စများနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း၌ သမ္မတ ဦးသိန်းစိန် ၏ ပြင်းထန်စွာ သတိပေးခြင်း ခံရကြောင်း သိရသည်။

Khin-Zaw
တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးခင်ဇော် (ဓာတ်ပုံ - အားကစားဝန်ကြီးဌာန)
တနင်္သာရီတိုင်း အတွင်း ဆန်တင်သွင်းခွင့် ချုပ်ကိုင်ထားမှုနှင့် ပတ်သက်သည့် ဦးခင်ဇော် ၏ အဂတိ လိုက်စားမှုများကို ပြီးခဲ့ သည့် လများအတွင်း ဧရာဝတီက နှစ်ကြိမ်တိုင် ထုတ်ဖော် ရေးသား ခဲ့သည်။

ဦးခင်ဇော်အား ဒေသခံ ပြည်သူများ နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးခန့် စုပေါင်း၍ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ဗဟို) သို့ တိုင်ကြားသောကြောင့် ယခုကဲ့သို့ သတိပေးခံရခြင်းဖြစ်သည်ဟု ဒေသခံ လွှတ်တော် ကိုယ်စား လှယ်များက ပြောဆိုကြသည်။

တိုင်းဝန်ကြီးချုပ်သည် ၎င်း၏ လုပ်ပိုင်ခွင့် အာဏာအသုံးပြုကာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်နေပြီး ဒေသခံပြည်သူများ၏ အကျိုးအတွက် လုပ်ဆောင်ခြင်းမရှိ၍ ယင်းသို့တိုင်ကြားခံရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦး က ဆိုသည်။

ဦးခင်ဇော် သည် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်ကန့်သတ်ထားကာ ၎င်းနှင့်နီးစပ်သည့် မန္တလေး၊ မြိတ် စသည့် ဒေသများမှ စီးပွားရေးလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်အများအပြားချပေးခဲ့ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင် တစ် ဦး ကလည်း ပြောပြသည်။

တနင်္သာရီတိုင်းအတွင်းသို့ ဆန် တင်သွင်းခွင့်ကို ဦးခင်ဇော်က မန္တလေးအခြေစိုက် အောင်မြင်သူကုမ္ပဏီသို့ တစ်ဦးတည်း လုပ်ပိုင်ခွင့်ပေးခဲ့သည်ဟူသော သက်ဆိုင်ရာသို့ တိုင်ကြားမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ဦးခင်ဇော်သည် ထားဝယ်မြို့ရှိ အစိုးရဧည့်ဂေဟာအား ဟိုတယ်ဆောက်လုပ်ရန်အတွက် သတ္တုတူးဖော်ရေး လုပ် ငန်းများ လုပ်ကိုင်သည့် ကြယ်နီလာ ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးထားမှုနှင့် ထားဝယ်မြို့ အမှတ်၂ အထက်ကျောင်း ၏ ဘော လုံးကွင်းနေရာကို သိမ်းယူ၍ ဟိုတယ်ဆောက်ရန် စီစဉ်မှုများကိုလည်း ဒေသခံများက ကန့်ကွက်ခံထားကြကြောင်း သိရသည်။

ထားဝယ်ဒေသတွင် လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များအနေဖြင့် ဦးခင်ဇော်နှင့် တွေ့ဆုံဆွေးနွေးလိုပါက အနည်းဆုံး ကျပ် သိန်း ၂၀ နှင့် ညီမျှသော ‘ရွှေ’ ပေးရကြောင်း၊ တိုင်းအစိုးရ အဖွဲ့ဝန်ကြီးများကို လုပ်ပိုင်ခွင့်မပေးဘဲ ဦးခင်ဇော် တဦးတည်း က ချုပ်ကိုင်ထားကြောင်း အထက်ပါ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် က ရှင်းပြသည်။

တိုင်းအဆင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် ဦးဆောင်၍ တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာ ၅၃ ရွာ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်နေသော မလေးရှားနိုင်ငံ Petronas  ရေနံ ကုမ္ပဏီ၏ ရဲတံခွန် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဦးခင်ဇော်က ၎င်း၏ အမိန့်ဖြင့် ဇွန်လက ရပ်နားခိုင်းခဲ့ကြောင်း သိရသည်။

“အခုတော့ ဒီလုပ်ငန်းတွေကို ဗဟိုအစိုးရ ရဲ့ ညွန်ကြားချက်နဲ့ ဆက်လုပ်နေကြပြီ”ဟု လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် ထားဝယ် ဒေသခံတဦးက ပြောသည်။

ဦးခင်ဇော်သည်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖြိုးရေးပါတီ ကိုယ်စားပြု၍ မြိတ်ဒေသ မဲဆန္ဒနယ်မှ ရွေးချယ်ခြင်းခံခဲ့ရကာ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ်မှ ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။
Source: ဧရာဝတီ

မြန်မာအစိုးရ ဆီးရီးယားနှင့် မတူ၊ သဘောထားကြီးဟု အမေရိကန်ပြော

လုပ်ဆောင်စရာများစွာ ရှိနေသေးသည့်တိုင် မြန်မာအစိုးရ အဖွဲ့သည် ပြုပြင်ပြောင်းလဲရေး သမားများနှင့် သဘောထားကြီးသူများ ဖြစ်ကြောင်း အမေရိကန် သမ္မတ အိုဘားမား အစိုးရက အသိအမှတ်ပြု ပြောဆိုလိုက်သည်။

NewGov-is-reformist-and-open-minded-Bur
စက်တင်ဘာလ ၃ ရက်နေ့က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာ ရှင်းလင်းပွဲ လုပ်နေစဉ် (ဓာတ်ပုံ - AP)

“မြန်မာအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ စိတ်သဘောထား ကြီးကြီးထားသူတွေ ပိုမိုပါဝင်လာပြီး ကျမတို့နဲ့ အလုပ်တွဲလုပ်နိုင်တဲ့အတွက် ကျေနပ်ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ တကယ်လို့သာ ဆီးရီးယားနိုင်ငံလို အခြေအနေမျိုးသာဆိုရင် တမျိုးတမည်ဖြစ်ကုန်မှာပါ” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဆီးရီးယားနိုင်ငံတွင် သမ္မတ ဘာရှားအာဆတ်က လူထုအုံကြွမှုကို အကြမ်းဖက်နှိမ်နင်းနေပြီး သေဆုံးသူပေါင်း ၂၆၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း၊ သမ္မတ ဘာရှားအာဆတ်အစိုးရက နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများကို လျစ်လျူရှုလျက်ရှိကြောင်း သတင်းများအရ သိရသည်။

“မြန်မာပြည်မှာ ပြောင်းလဲလာတဲ့ ပထမဆုံးတချက်ကတော့ အတိုက်အခံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနေတဲ့ အစိုးရခေါင်းဆောင်တွေ တက်လာတာပါပဲ” ဟု ဗစ်တိုးရီးယား နုလန်းက သတင်းထောက်များ၏ အမေးကို ဖြေကြားသည်။

သို့သော် မြန်မာပြည်တွင် ဆက်လက်လုပ်ဆောင်စရာ များစွာ ကျန်နေဆဲဖြစ်ကြောင်း၊ အစိုးရသစ်သည် ယခင်စစ်အစိုးနှင့်စာလျှင် ဒေါ်အောင်ဆန်းစုကြည်၊ လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့လုပ်ဆောင်ရန် ပိုမိုအခြေအနေ ပေးလာကြောင်း၊ ပြည်သူများက သဘောမတူသောကြောင့် မြစ်ဆုံဆည် စီမံကိန်း ဆိုင်းငံ့ထားလိုက်ခြင်းကဲ့သို့သော အစိုးရ၏ လုပ်ဆောင်မှုကို အားပေးကြောင်း ဆက်လက်ပြောသည်။

နယူးယောက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်းနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ခရစ်ရှနာတို့နှင့်လည်း မြန်မာ့အရေး ပြောဆိုဆွေးနွေးခဲ့ကြောင်းလည်း ဗစ်တိုးရီးယား နုလန်းကဆိုသည်။

ရပ်ဆိုင်းလိုက်သော မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ မကြာသေးမီကလည်း အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာအစိုးရကို ချီးကျူးပြောဆိုခဲ့သေးသည်။

မြန်မာပြည်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက် မစ်ချယ်က နယူးယောက်တိုင်းမ်သတင်းစာသို့ “မြန်မာအစိုးရက လုပ်ကိုင်ဆောင်ရွက်လာရင် ကျနော်တို့ဘက်ကလည်း ပြန်လည် တုန့်ပြန် လုပ်ဆောင်မှာပါ။ ပြုပြင်ပြောင်းလဲရေးကို သူတို့က ခြေတလှမ်းလှမ်းရင် ကျနော်တို့ဘက်ကလည်း ထောက်ခံအားပေးပါမယ်” ပြောထားသည်။

မစ္စတာ ဒဲရက် မစ်ချယ်သည် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၅ ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း နယူးယောက်တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သေးသည်။
Source: ဧရာဝတီ

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဆွေးနွေး

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝါထရာသည် သမ္မတ ဦးသိန်းစိန် အပါအဝင်
ထိပ်တန်း ဝန်ကြီးများနှင့် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး ကိစ္စများကို အဓိကထား တွေ့ဆုံ
ဆွေးနွေးပြီးနောက် ဗုဒ္ဓဟူးနေ့ ခရီးစဉ်ကို အဆုံးသတ် လိုက်သည်။

ဇူလိုင်လရွေးကောက်ပွဲမှ ရွေးချယ်ခံရကာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်အဖြစ် စတင်တာဝန် ထမ်းဆောင်အပြီးနှစ်လခန့် အကြာတွင် ယခုခရီးစဉ်ဖြစ်ပေါ်လာသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ စတင်နေသည့် မြန်မာခရီးစဉ် အတွင်း အစိုးရဘက် တဘက်တည်းနှင့်သာ တွေခဲ့ပြီး အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ခြင်း မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုမရှိခဲ့ခြင်းသည် မြန်မာနိုင်ငံ ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို မှေးမှိန်ပျောက်ကွယ်စေသည်ဟု ထိုင်းနိုင်ငံ ကြာသာပတေးထုတ် နေရှင်းသတင်းစာတွင်ဆောင်းပါးရှင် Supalak Ganjanakhundee သုံးသပ်ထားသည်။
yingluck1
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ် ရှင်နာဝါထရာနှင့် သမ္မတ ဦးသိန်းစိန် အားတွေ့မြင်ရစဉ် (Photo::provided by Thai Government House)

“ဝန်ကြီးချုပ် (မစ္စယင်လတ်) က ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခဲ့တဲ့အတွက် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကနေတဆင့် ဒေသဆိုင်ရာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအထိ ထိုင်းနိုင်ငံက ဦးဆောင်နိုင်ဖို့ဆိုတဲ့ တန်ဘိုးကြီးတဲ့ အခွင့်အလမ်းတခုကို လက်လွတ်လိုက်ရတာပါပဲ” ဟု သုံးသပ်ထားသည်။

မိတ်ဆက်ခရီးစဉ်ဟု ထိုင်းဘက်က ရည်ညွှန်းပြီး မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိခဲ့သည့်
မစ္စယင်လပ်ကို သမ္မတဦးသိန်းစိန်က နေပြည်တော် သူ၏ ရုံးတွင် အခန်းအနားဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြောင်း ကြာသပတေးထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြကြသည်။

ဦးသိန်းစိန် ဦးဆောင်သည့် ဆောက်လုပ်ရေး၊ ကာကွယ်ရေး၊ စီမံ/စီးပွား၊ ပို့ဆောင်ရေး၊ စွမ်းအင်၊ စီးပွား/ ကူးသန်းပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် မစ္စယင်းလပ်ဦးဆောင်သည့် ထိုင်း ကိုယ်စားလှယ်အဖွဲ့တို့ ညနေ ၄ နာရီ မိနစ် ၅ဝတွင် တွေ့ဆုံကြစဉ် နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံမှု၊ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ ကိစ္စ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးကြသည်။

မစ္စယင်လပ်သည် ထိုင်းအစိုးရကိုယ်စား မိုးလေဝါသနှင့် ဇလဗေဒဆိုင်ရာ ကိရိယာများကို လွှဲပြောင်းသည့် အထိမ်း အမှတ် ဆိုင်းဘုတ်ပေးအပ်ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများအကြား ကရင်ပြည်နယ် သင်္ကန်းညီနောင်မှကော့ကရိတ်အထိ လမ်းဖောက်လုပ်ရန် သဘောတူခဲ့ကြသည်။

နေးရှင်းသတင်းစာ ဆောင်းပါးရှင် Supalak Ganjanakhundee ကမူ ဒေသတွင်းအင်အားကြီး အိန္ဒိယ၊ တရုတ်နိုင်ငံနှစ်နိုင်ငံအကြား နယ်စပ်ချင်း ဆက်စပ်နေပြီး ကမ္ဘာ့မဟာဗျူဟာ ပထဝီအနေအထားတွင် တည်ရှိနေသည့် မြန်မာနိုင်ငံကို စီးပွားရေး အကျိုးအမြတ်တခုထဲဖြင့် စဉ်းစားမဆက်ဆံသင့်ကြောင်း ဆောင်းပါးရှင်က ဝေဖန်ထားသည်။

မြန်မာနိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ရေးလုပ်ငန်းစဉ်များကို နိုင်ငံတကာအသိုင်းအဝန်းမှ သတိထား စောင့်ကြည့်နေကြပြီး ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂ တို့ကလည်း သူတို့၏ ထိပ်တန်း ကိုယ်စားလှယ်များကိုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး အနာဂတ်ပုံစံသစ်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြသည်ကိုလည်း သတိချပ်မိစေရန် ထောက်ပြထားသေးသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခဲ့သည့် မစ္စယင်လပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘောလုံးပွဲ အတူ
ကြည့်ခဲ့သော ဗိုလ်ချုပ်များနှင့် နီးစပ်သူ ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်နှင့်မူ တွေ့ဆုံခဲ့သည်။

စီမံ/ စီးပွားရေး ဝန်ကြီးဌာန၏ ၂ဝ၁၁ ဇွန်လ စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ တရုတ်နိုင်ငံက ၁၃ ဘီလီယံဖြင့် အများဆုံးဖြစ်သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝဓာတ်ငွေ့များကို ၁၉၉၈ ခုမှစ၍ ဝယ်ယူနေသည်။ အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များတင်သွင်း ရန် ရည်ရွယ်ပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းကို BOT စာချုပ်အရ ထိုင်းက နှစ်ပေါင်း ၆ဝ စီမံ ခွင့်ရမည်ဖြစ်သည်။

အပြန်အလှန်အားဖြင့် ထိုင်းနိုင်ငံက ၂ဝ၁၄ တွင် မြန်မာနိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာ ရယူရေး
ထောက်ခံထားသော်လည်း လက်ရှိ အလှည့်ကျ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ Marty Natalegawa ကမူ မကြာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ပြီး သဘောထားမေးမြန်းမည်ဟု သိရသည်။

၂ဝ၁၁ ခု ဇူလိုင် ၃ ရက် အောက်လွှတ် တော် ရွေးကောက်ပွဲတွင် ဖူးရာ့ထိုင်းပါတီခေါင်းဆောင် မစ္စ ယင်လပ် ရှင်နာဝါထရာသည် ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ အဖိဆစ် ဝေ့ခ်ျချာချီဝကို မဲ ၁ဝဝ ကျော်ဖြင့် အနိုင်ရခဲ့သည်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ဇာတိ အသက် ၄၄ နှစ်အရွယ် မစ္စယင်လပ်သည် အမေရိကန် ကင်တပ် ကီပြည်နယ် တက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့၊ ချင်းမိုင် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘွဲ့များ ရရှိထားသော်လည်း သူ၏ အကို ဝန်ကြီးချုပ်ဟောင်း မစ္စတာတပ်ဆင် ၏ အရှိန်ဖြင့် ဝန်ကြီးချုပ်ဖြစ်လာသည်ဟု စွပ်စွဲခံရပြီးနိုင်ငံရေးအတွေ့အကြုံနည်းသည်ဟု ဝေဖန်မှုများ ရှိနေသည်။

မြန်မာ့အရေးဆောင်ရွက်သည့် အာဆီယံ ပါလီမန် အမတ်များအဖွဲ့ AIPMC အင်ဒိုနီးရှားရုံးမှ ဦးဆောင်ညွှန်ကြာရေးမှူး အာဂွန်း ပူထရီက မြန်မာပြုပြင်ပြောင်းလဲရေး ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ထိုင်းနိုင်ငံက မစ္စယင်းလပ် သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသင့် ကြောင်းပြောသည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ကျဆင်းစေမှာဖြစ်ပြီး ထိုင်းအစိုးရနဲ့ မြန်မာ လူထုအကြားပိုပြီး ကင်းကွာစေမှာဖြစ်ပါတယ်” ဟု သုံးသပ်ပြောဆိုသည်။

မြန်မာ- ထိုင်းနှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့သည့် ကရင်ပြည်နယ် သင်္ကန်းညီနောင်- ကော့ကရိတ် လမ်းသည် ၂ဝဝ၂ ခုတွင် အိန္ဒိယ၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံ သဘောတူထားသည့် အိန္ဒိယ အရှေ့မြောက် မိုးရေးမှ
မြန်မာနိုင်ငံ ပုဂံမြို့ကိုဖြတ်၍ ထိုင်းနိုင်ငံ မဲဆောက်သို့ သွယ်တန်းမည့် အမြန်လမ်းမကြီး၏ အစိတ်အပိုင်းတခု
ဖြစ်သည်။

Thursday 6 October 2011

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း


http://api.ning.com/files/mW8NxfD7D-PkZDttT4TXT3W23trJG-EqInIv*PTlWH0RyybPIRllYUtJvSYcaqbFGYpeZF1lTmAGwPbFxDo4qt9AXF7GScJL/name1.gif

ဆရာမျိုးဟန်ကို - 2011, October လ အတွက် ဗေဒင် ဟောစတမ်း

၁။ တနင်္ဂနွေသားသမီးများ အတွက်

ဒီလတွင်း အလုပ်အကိုင် ကိစ္စများ အဆင်ပြေပါသည်။ အလုပ်ကိစ္စများ အဆင်ပြေသော်လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း စကားပြောဆိုမှု အဆင်မပြေပါ။ အလုပ်သစ် နေရာအသစ် ရရှိလာမည်။ သူငယ်ချင်းအသစ် မိတ်ဆွေအသစ်များ ရရှိမည်။ စက်ပစ္စည်းဝင်မည်။ ရွှေဝင်မည်။

ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ကြွေးတင်မည်။ ညီအသစ်ကိုမောင်နှမများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ ခရီးယာယီထွက်ရမည်။ အဝတ်အထည်များဝင်မည်။ သူငယ်ချင်းများနဲ့ ပျော်စရာကောင်းသော ခရီးသို့ ထွက်ရမည်။

ပညာရေး အဆင်ပြေလာမည်။ သူငယ်ချင်းများထံမှ အကူအညီ ရမည်။

ဒီလအတွင်း အချစ်ရေးကိစ္စများ ချစ်သူဟောင်းထံမှ ဆက်သွယ်လာမည်။ ချစ်သူနှစ်ဦး အတွက်နဲ့ အဆင်မပြေပဲ ဖြစ်နေမည်။ အိမ်ထောင်ရေးမှာ သာယာ စကားများနေရသော အချိန်လေးပါ။

ဒီလအတွက် ကျန်းမာရေး ညံ့မည်။ စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်း ဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် မိမိနေအိမ်ဘုရားတွင် ပန်းအနီရောင် ၇ ပွင့်ကို လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်း ။ ။ 0 5 6 2

၂။ တနင်္လာ သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေလာမည်။ ရပ်တန့်နေသော စီးပွားရေး လုပ်ငန်းများ ပုံမှန်လည်ပတ်လာမည်။ အလုပ်အသစ်တွေ လုပ်ဆောင်ရမည်။ သူငယ်ချင်းမိတ်တွေများထံမှ ကူညီပေးမှု ရမည်။ လုပ်ငန်းဆောင်တာ ကိစ္စများ အကြံညဏ်ပေးသူ ကူညီပေးသူများ ရှိလာမည်။

ငွေကြေးကိစ္စများ အဆင်ပြေမည်။ ချေးဌားထားသော ငွေကြေးများ ပြန်ရမည်။ ငွေဝင်သော် အနည်းငယ် ကုန်ကျမှု ရှိနေပါသည်။ စက်ပစ္စည်း အဟောင်းဝင်ပါက မကောင်းပါ။ဘာသာရေး လုပ်ငန်းများ ကိစ္စများ ပြုလုပ်ရမည်။ ရွှေထွက်မည်။ ခရီးယာယီများ မကြာခဏ သွားရမည်။ လူမှုရေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။

ပညာရေး ကံကောင်းနေသော ပုံမှန်ကံကောင်းလာမည်။ အကူအညီပေးသူ ပေါ်မည်။

ယခုလတွင်း အချစ်ရေးကိစ္စများ အဆင်ပြေပါသည်။ အချစ်ရေးကြားလူ ဝင်နှောက်ယှက်ခံရမည်။ အိမ်ထောင်ရေးကိစ္စများ မကြာခဏ စကားများနေမည်။

ယခုလ အတွင်း ကျန်းမာရေးမှာ ခါးနာ ၊ ဒူးနာ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် တနင်္လာနေ့တွင် အဖြူုရောင် ပန်း ၁၅ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍
ဆုတောင်းလိုက်ပါ။

ဒီလ အတွက် ကံကောင်း အကျိုးပေး သောဂဏန်းများ ။ ။ 4 7 1 4

၃။ အင်္ဂါ သားသမီးများ အတွက်

ယခုလ အတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလိုလို နဲ့ အချိန်နေမည်။ လက်အောက်ငယ်သားများထံမှ အကူအညီ ရရှိမည်။ လူမှုဆက်ဆံရေးများ အနည်းငယ် လွဲချော်နေမည်။

ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အဖတ်မတင်သေးပါ။ ရွှေဝင်မည် လူဝင်မည်။ အဝတ်အထည်များ ဝင်မည်။
အမွေကိစ္စများ ငွေကြေးကိစ္စများ အတွက်နဲ့ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ရမည်။ ခရီးဝေးလို့ ထွက်ရမည်။ နေအိမ်သို့ ပန်းပင် ပန်းအိုးများ ရောက်လာပါက ကံကောင်းလာမည်။

ပညာရေး ကြိုးစားနေမည် သင်တန်းကိစ္စများ အဆင်ပြေပါသည်။

ဒီလအတွင်း အချစ်ရေးမှာ ချစ်သူနှင့်အတူ ပျော်စရာကောင်းသော အချိန်လေးပါ။ ဒီလအတွင်း အိမ်ထောင်ရေး ကိစ္စများတွင် ညီအစ်ကို မောင်နှမများ အတွက်နဲ့ စကားများနေရမည်။

ဒီလအတွင်း ကျန်းမာရေးမှာ မျက်စီအားနည်းခြင်း ၊ အိပ်ရေးပျက်ခြင်း ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက အင်္ဂါနေ့ နံနက်တွင် စံပယ်ပန်း ၈ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ဂဏန်းများမှာ ။ ။ 5 2 0 5

၎။ ဗုဒ္ဓ္ဓဟူး သားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေနေမည်။ အထက်လူကြီးများနဲ့ ပူးတွဲလုပ်ကိုင်ရမည်။ စမ်တူလုပ်ငန်းများ အဆင်ပြေနေ အချိန်လေး ဖြစ်ပါသည်။ မိသားစု အတွင်း အလုပ်အကိုင် ကိစ္စများ တိုးတက်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေနေမည်။ အဖက်ဖက်က ငွေဝင်ကိန်းရှိပါသည်။ ငွေဝင်နေသော်လည်း မစုမိသေးပါ။ မိသားစု အတွင်း ခရီးထွက်ရမည်။ စနေနံ ပစ္စည်းများ ဝင်မည်။ အလှူအတန်းကိစ္စများ ဘာသာရေးကိစ္စများ ပြုလုပ်ရမည်။ အပူလောင် ခံရတတ်သည်။ သတိထား၍ လုပ်ကိုင်ပါ။

ပညာရေး ကံကောင်းနေသော အချိန်လေးဖြစ်ပါသည်။

အချစ်ရေးမှာ အသဲကွဲခံရမည်။ မိမိ ဂရုစိုက်တတ်သော ချစ်သူနှင့် တွေ့မည်။ အိမ်ထောင်ရေး အဆင်ပြေနေသော အချိန်လေးပါ။

ယခုလ ခေါင်းမူး ခေါင်းကိုက် ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ဗုဒ္ဓ္ဓဟူးနေ့ နံနက်တွင် အဝါရောင်ပန်း ၁၇ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 1 2 5 2

၅။ ကြာသပတေး သားသမီးများ အတွက်

ဒီလအတွင်း အလုပ်အကိုင်များ အဆင်မပြေသေးပါ။ အလုပ်ထဲ စိတ်ပျော်ရွှင်မှု မရှိပဲ ဖြစ်နေမည်။ ဆုံးဖြတ်ရ ခက်သောကိစ္စများ ပြသာနာများကို အနည်းငယ် ရင်ဆိုင်နေရမည်။ စိတ်ပူစရာ မရှိပါ။ အဆင်ပြေလာမည်။ လက်အောက်ငယ်သားများ ထံမှ အကြံပေးသူ ပေါ်လာမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေလာမည်။ ကိုယ်ပိုင်ငွေများ သာမက သူတစ်ပါး ငွေများ ပစ္စည်းများ
လက်ခံ ရရှိမည်။ ရုတ်တစ်ရက် ငွေဝင်သလို ရုတ်တစ်ရက် ငွေကုန်ကျမှု ကိစ္စများ ဖြစ်ပေါ်နေမည်။ စက်ပစ္စည်း ဝင်လာမည်။ အိမ်မက်ကောင်း မက်မည်။

ယခုလအတွင်း အဆင်ပြေပါသည်။ အကူညီပေးသူ ပေါ်လာမည်။

ဒီလအတွင်း အချစ်ရေး ကိစ္စများ အဆင်ပြေပါသည်။ အိမ်ထောင်ရေးကိစ္စများ စကားပြောဆိုမှု အဆင်ပြေပါသည်။

ဒီလအတွင်း အိပ်ရေးပျက်ခြင်း ၊ သွေးအားနည်းခြင်းများ ဖြစ်မည်။

ယတြာ = ကံကောင်းစေရန်အတွက် ကြာသပတေးနေ့ နံနက်တွင် အဖြူရောင်ပန်း ၁၉ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်းများမှာ ။ ။ 2 1 6 4

၆။ သောကြာသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင်ကိစ္စများ အဆင်ပြေမည့် လမ်းစများ ပေါ်ပေါက်လာမည်။ အကူအညီပေးသူများ ပေါ်မည်။ စမ်တူကိစ္စများ လုပ်ကိုင်ရာတွင် အနည်းငယ် စိတ်ညစ်နေရမည်။

ငွေကြေး ကိစ္စများ အဆင်ပြေလာမည်။ ချေးဌားထားသော ငွေကြေးများ အကြွေးများ ပြန်ရမည်။ ငွေဝင်နေမည်။ ယခုလအတွင်း ငွေကြေးများ ချေးဌားခြင်းများ ခဏရှောင်လိုက်ပါ။ မိသားစုအတွင်း စီးပွားရေး လုပ်ငန်းများ အဆင်ပြေလာမည်။ မိတ်ဆွေ သူငယ်ချင်းများ အတွက်နဲ့ အနည်းငယ် စိတ်ညစ်ရမည်။ အဝတ်အထည် ဝင်မည်။ စနေနံဝင်ပါက နိမိတ်ကောင်းပါသည်။ ခရီးယာယီ ကိစ္စများသွားရမည်။

ယခုလအတွင်း ပညာရေးကိစ္စများ အဆင်ပြေလာမည်။

ယခုလအတွင်း အချစ်ရေး ချစ်သူနဲ့ ပျော်စရာကောင်းသော နေ့ရက်များကို ဖြတ်သန်းရမည်။ ယခုလအတွင်း အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေပါသည်။

ယခုလအတွင်း ကျန်းမာရေးမှာ လက်နာမည်။ အိပ်ရေးပျက်မည်။

ယတြာ = ကံကောင်းစေရန်အတွက် သောကြာနေ့ နံနက်တွင် သရက်ညွှန့် ၂၁ ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသောဂဏန်း ။ ။ 9 0 5 2

၇။ စနေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်ကိစ္စများ အဆင်ပြေပါသည်။ တွဲဖက် လုပ်ငန်းများ စမ်တူကိစ္စလုပ်ငန်းများ တိုးတက်လာမည်။ မိမိ နှင့် ပူးတွဲလုပ်ကိုင်နေသူများကို ဂရုစိုက်ပါ။ အတိုက်အခံ ဖြစ်နေရမည်။ လက်အောက်ငယ်များ ထံမှ အကူအညီ ရမည်။

ယခုလအတွင်း ငွေကြေးကိစ္စများ အဆင်ပြေပါသည်။ ရှာသလောက် ရမည် ။ ငွေဝင်မည်။ ခရီးထွက်ရမည်။ ရွှေဝင်မည်။ လူဝင်မည်။ စာအုပ်ဝင်မည်။ မိသားစု အတွင်း အတိုက်အခံ စကားများရမည်။ ကြာသပတေးနံပစ္စည်းများ ဝင်လာမည်။

ယခုလအတွင်း ပညာရေး အဆင်ပြေပါသည်။ သင်တန်းကိစ္စများ အကူအညီရလာမည်။

အချစ်ရေးမှာ ချစ်သူနဲ့ စကားများနေရမည်။ ယခုလ အိမ်ထောင်ရေး ကိစ္စများ သားသမီးအတွက်နဲ့ အနည်းငယ် စကားများ ရန်ဖြစ်နေရမည်။

အခုလအတွင်း စိတ်ပင်ပန်း ၊ ကိုယ်ပင်ပန်းဖြစ်နေမည်။

ယတြာ = ကံကောင်းစေရန်အတွက် စနေနေ့ နံနက်တွင် နှင်းဆီနီ ၇ ပွင့်ကို နေအိမ်ဘုရားတွင် လှူဒါန်း၍ ဆုတောင်းလိုက်ပါ။

ဒီလအတွက် အကျိုးပေးသော ကံကောင်းသော ဂဏန်းများ ။ ။ 1 4 9 8


http://api.ning.com/files/rAZgvFF8RoW7*I345Vs-LHUU6PytDMShHl00XaAh5XbWDhIM-JxuA7BCxNSCqZ2gj5eZEcEyCjIHDTK7SnDpCXtl*G9RFqxG/name12.gif
2011, October လ လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။

စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ ......

ဆရာမျိုးဟန်ကို

October လ တွင် မိမိရဲ့ဘဝလေး များလည်း (၁၁) မီးငြိမ်း၍ အေးချမ်းပါစေ။ ဆက်သွယ်ရန် - ဆရာကြီး မင်းသိင်္ခ ၏ တပည့် - ဆရာမျိုးဟန်ကို - NO. 314 , Block P/B , Jin Cheras Taman Cheras ,56100 Kuala Lumpur Malaysia - http://www.myohanko.br.ms - myohankonew@gmail.com - Ph; 016 , 606 1917 , 017, 226 0715 ... စေတနာ မှန်၍ စိတ်ကောင်း ထားတတ် သူတိုင်း ကံကောင်း ကြပါစေ။
 

တပြည်လုံး လုပ်ခ ဘတ် ၃၀၀ ရဖို့ အလုပ်သမားတွေ ဆန္ဒပြမယ်


တရက်လုပ်ခ ဘတ် ၃၀၀ ကို တနိုင်ငံလုံးမှာ တပြိုက်နက်တည်းတိုးပေးဖို့ဆိုတဲ့ သူတို့တောင်းဆိုချက်တွေကို ဗဟိုလုပ်ခ သတ်မှတ်ရေးကော်မတီက ဖြည့်ဆည်းမပေးဘူးဆိုရင် ကွန်ယက်အဖွဲ့အသီးသီးက အလုပ်သမားထောင်ပေါင်းများစွာ ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ အစိုးရအိမ်တော်ရှေ့မှာ စုရုံးကြမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ခေါင်း ဆောင် ၀ီလိုင်ဝမ်က ပြောပါတယ်။
ဗဟိုလုပ်ခသတ်မှတ်ရေးကော်မတီ၊ ဥက္ကဋ္ဌနဲ့အလုပ်သမားအရေးအမြဲတန်းအတွင်းရေးမှူးဖြစ်တဲ့ ဆုမ်ခီယတ်ချာရာဆရီ ဝေါင်းကို စာတင်ပြီးနောက်မှာမှ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ မစ္စ၀ီလိုင်ဝမ်က ဒီ ဟာကို ပြောတာ ဖြစ်ပါတယ်။ ဘန်ကောက်၊ ဆမွတ်ဆခုန်၊ ပထုမ်ဌာနီ၊ နခုန်ပထုမ်၊ နုံဌာဘူရီ၊ ဆမွတ်ဖရားခန်နဲ့ ဖူးခက် စတဲ့  ပြည်နယ် (၇) ပြည်နယ်အတွင်းမှာ တရက်လုပ်ခ ၃၀၀ တိုးပေးဖို့ ကော်မတီက အရင်ဆုံး အဆိုပြုမှာဖြစ်တယ်။ ဆို တဲ့ ဒီကိစ္စကို စဉ်းစားဖို့ ဒီကနေ့ကျင်းပမယ့် လုပ်ခကော်မတီအစည်းအဝေးမတက်ခင်မှာ မစ္စတာ ဆုမ်ခီယတ်က ပြောပါ တယ်။ နောက်နှစ် ဇန်န၀ါရီလ ၁ ရက်စပြီး ကျန်တဲ့ ပြည်နယ် ၇၀မှာ လုပ်ခ ၄၀% တိုးပေးဖို့ ကော်မတီက အဆိုပြုမှာ ဖြစ် ပါတယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source: နေ့သစ်

ဝန်ကြီးချုပ် ခွန်ယင်လပ်ရဲ့ တွစ်တာအကောင့်ကို ဖောက်ထွင်းမှုနဲ့ ချူလာကျောင်းသားကို ဖမ်းဆီး

ဝန်ကြီးချုပ်ခွန်ယင်လပ်ရဲ့တွစ်တာအကောင့်မှာ သတင်းမှားတွေတင်တယ်လို့ စွပ်စွဲခံရတဲ့ ကျောင်းသားတဦးကို စုံစမ်း စစ်ဆေးရေးသမားတွေက ဖမ်းဆီးလိုက်ပါတယ်။ ဒါပေမဲ့ ၀န်ကြီးချုပ်ရဲ့ စကားဝှက် (password) ကို ရဖို့ ကွန်ပြူတာ စနစ်ထဲကို ဖောက်ထွင်းဝင်ရောက်တဲ့ သူဘယ်သူလဲဆိုတဲ့ အထာက်အထား ကိုယ်ပိုင်အမှတ်အသား(identity) ကတော့ သဲသဲကွဲကွဲ မသိရသေးဘဲ ပဟေဠိ ဆန်နေတုန်းပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မစ္စယင်လပ်ရဲ့အကောင့်အကိုသုံးပြီး သတင်းတွေတင်နေတဲ့သူရဲ အိုင်ဒီကို သူတို့ ရှာဖွေတွေ့ရှိခဲ့ တယ်လို့ နည်းပညာအရာရှိတွေက တနေ့က ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာ ၀န်ကြီးဌာနက စုံစမ်းစစ်ဆေးရေးမှူးတွေက ခွန်ယင်လပ်ရဲ့ စကားဝှက်ကိုရဖို့ ကုဒ်ကို မူလချိုးဖောက်ဝင်ရောက် ဖောက် ထွင်းသူရဲ့အိုင်ဒီကိုတော့ အခိုင်အမာ သက်သေပြလို့မရသေးဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အေးခါဝစ် ထုံဒီးဗိုရာခူးလ် (Aekawit Thongdeevorakul) ဟာ ချုလာလောင်ကောန်တက္ကသိုလ်က စတုတ္ထနှစ် ပိသုကာ ကျောင်းသားတဦး ဖြစ်ပါတယ်။ သူက သတင်းတွေတင်ခဲ့ကြောင်း ၀န်ခံတယ်လို့ သတင်းနဲ့ဆက်သွယ်ရေး နည်းပညာ ၀န်ကြီး အနုဒစ်သ်နာကောန်ထဲ့ပ်က ပြောပါတယ်။ ဒီလုပ်ရပ်ဟာ ၂၀၀၇ ခုနှစ် ပြစ်မှုဆိုင်ရာ ရာဇ၀တ်မှုအက်ဥပဒေအရ ရာဇ၀တ်မှု ဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ ဒီကျောင်းသားကို တရားရုံးက ပြစ်ဒဏ်လျှော့လျှော့ပေါ့ပေါ့ ချမယ်လို့ သ တင်းနဲ့ဆက်သွယ်ရေး နည်းပညာဝန်ကြီးဌာနက မျှော်လင့်နေပါတယ်။ ဒီဥပဒေအရ ပြစ်မှုကို ထောင်ဒဏ် ၂ နှစ်အထိနဲ့ ဒဏ်ငွေ ဘတ် ၄၀,၀၀၀ ထိ ချမှတ်နိုင်ပါတယ်။
အောက်တိုဘာ ၆၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source: နေ့သစ်

CPI တရားစွဲလျှင် စာချုပ်ပါအချက်များ အများပြည်သူကို ထုတ်ပြန်ရန်လို

ချင်းမိုင် (မဇ္ဈိမ) ။       ။ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်သဖြင့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း
CPIမှ တရားစွဲလာပါက မြန်မာအစိုးရအနေဖြင့် စီမံကိန်းစာချုပ်ပါ အချက်များကို အများပြည်သူသိအောင် ထုတ်
ပြန်ရန် လိုလိမ့်မည်ဟု တရားလွှတ်တော်ရှေ့နေကြီးတဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုသည်။

တရားလွှတ်တော်ချုပ်တွင် ၂၅ နှစ်ခန့် တာဝန်ထမ်းနေဆဲဖြစ်သည့် ရှေ့နေကြီး ဦးရန်နောင်က တရုတ်ဘက်မှ တရားစွဲဆိုလာပါက အသင်းအဖွဲ့ (သို့မဟုတ်) ပုဂ္ဂိုလ်ရေးအရ ဝိုင်းဝန်းဖြေရှင်းပေး နိုင်ရန်အတွက် ကိုယ်တိုင် သိရှိထားရန် လိုအပ်သည်ဟု ဆိုသည်။

“အဲဒီလိုပြောတော့မှ ကျနော်တို့က ဝိုင်းဝန်းဝေဖန်နိုင်မယ်။ အကြံဉာာဏ်ပေးနိုင်မယ်ပေါ့။ တကယ်လို့ ဟိုဘက်က
နေပြီးတော့ အရေးဆိုလာမယ်ဆိုရင်လည်း ကျနော်တို့က ဝိုင်းကူဖို့ဆိုတာ ကျနော် တို့ ကိုယ်တိုင်က သိတော့မှ ကျနော်တို့ နိုင်ငံတော်ဘက်ကနေပြီး ဝိုင်းကူလို့ရမှာပေါ့” ဦးရန်နောင်က မဇ္ဈိမကို ပြောသည်။
earq
စစ်ကိုင်းပြတ်ရွေ့ငလျင်လမ်းကြောင်း ပြပုံ (ဓါတ်ပုံ http://tintlwinswe.blogspot.com)
မုတ္တမပင်လယ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် အင်းတော်ကြီးအထိ တောင်-မြောက် တန်းနေပြီး မိုင်ပေါင်း ၇၅ဝ ကျော်ရှည်သည့် စစ်ကိုင်းပြတ်ရွေ့ ရှင်သည် သုံးခွ၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ ရမည်းသင်း၊ မန္တလေး၊ စစ်ကိုင်းမြို့တို့ကို ပဲခူးရိုးမအရှေ့ဘက်ခြမ်းမှ ဖြတ်သွားသည်။ အင်းတော်ကြီးကန်၏ မြောက်ဘက် အနီးတွင် အရှေ့ဘက်သို့ ဖြာထွက်သွားသည့် ပြတ်ရွေ့
လေးခု အနက် တခုသည် ကူမွန်တောင်တန်းအရှေ့ဘက် မေခမြစ်နှင့် အပြိုင် ပူတာအိုဘက်သို့ တက် သွားပြီး အိန္ဒိယနှင့် တိဘက်မြေထုချင်းတိုက်သည့် နေရာနှင့် သွားဆုံသည်။ အင်းတော်ကြီး
ကန် သည်ပင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်လာသည့် ဂျိုမ့်ကြီးဖြစ်သည်ဟုဆိုသည်။ အင်းတော် ကြီး မြောက်ဘက် တဆက်တည်းတွင် ရှိသည့် စစ်ကိုင်းပြတ်ရွေ့၏ ပင်မလမ်းကြောင်း main segment နှင့် မြစ်ဆုံဆည်သည် မိုင် ၃ဝ ကျော်သာဝေးသည်ဟု သိရသည်။ စစ်ကိုင်းပြတ်ရွေ့
ကြောင့် ၁၉၃ဝ ခုတွင် ပမာဏ ရစ်ခ်ျတာစကေး ၇.၃ ရှိသည့် သမိုင်းဝင် ငလျင်ကြီးတခု ပဲခူးမြို့တွင် လှုပ်ခဲ့သည်။ မြို့နေအိမ်အမြောက်များပျက်စီးခဲ့ပြီး လူ ၅ဝဝ ခန့် သေဆုံးခဲ့ သည်။

သမ္မတဦးသိန်းစိန်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများကို သူ၏ သက်တမ်းတွင် ရပ်ဆိုင်း ထားမည်ဟု ကြေညာသဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ရမည်ဟု ရင်းနှီးငွေအများစု ထည့်ဝင်ထားသည့် CPI က တနင်္လာနေ့တွင် ပြောဆိုထားသည်။

အမေရိကန်ဒေါ်လာ သန်း ၃,၆ဝဝ တန် စီမံကိန်း၏ ၁ဝ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဟု မြန်မာအစိုးရ တရားဝင်
ပြောဆိုထားပြီး CPI ကလည်း ဧရိယာအတွင်းမှ ကျေးရွာအချို့ ရွှေ့ပြောင်း နေရာချထားခြင်း၊ ဧရိယာအတွင်း လမ်းဖောက်ခြင်း၊ သောက်သုံးရေ ဖြန့်ဖြူးရေး၊ လုပ်ငန်းခွင် လျှပ်စစ်ရရှိရေး၊ ဆက်သွယ်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးလုဖြစ်နေပြီး မြစ်ကူးတံတား၊ လောင်ဆာဆီ သိုလှောင်ရေး လုပ်ငန်းများ စတင်နေပြီဟု ဆိုသည်။

CPI နှင့် မြန်မာအမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနတို့ ဒီဇင်ဘာ ၂ဝဝ၆ ခုနှစ်တွင် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး
မတ်လ ၂ဝဝ၉ ခုနှစ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး သဘောတူညီချက်များပါ နှစ်နိုင်ငံအကြား ရေးထိုးခဲ့ကြ
သည်။

စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရပါက မူလရင်းနှီးမြှုတ်နှံမှု တန်ဖိုးထက် အကုန်အကျ ပိုလာမည်ဖြစ်ပြီး မြန်မာအစိုးရက စီမံကိန်းမှရရှိမည့်ငွေဖြင့် ပြန်ဆပ်ရန် ရည်ရွယ်ထားသော ၂ဝ၁၁ ခု နှစ်ဆန်းပိုင်း တရုတ်နိုင်ငံထံမှ ချေးငွေ သဘောတူညီချက်ကို ထိခိုက်မည်ဟု CPI ဥက္ကဋ္ဌက တနင်္လာနေ့တွင် ထည့်သွင်း ပြောဆို
ထားသည်။

မြစ်ဆုံစီမံကိန်းဆိုင်ရာ အချက်အလက်များကို နိုင်ငံတော် စီးပွားရေးလုံခြုံမှုအဆင့် ‘Trade Secret’ အဖြစ် လျို့ဝှက် ထားသည်ဟု အမှတ် (၁) လျှပ်စစ်စွမ်းအား ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက စက်တင်ဘာလအတွင်းက သတင်းထောက်များကို နေပြည်တော်၌ ပြောကြားခဲ့သည်။

ရှေ့နေကြီး ဦးရန်နောင်ကလည်း မြန်မာအစိုးရဌာနနှင့် တဘက်ကုမ္ပဏီ၊ နှစ်ဘက် အစိုးရတို့ ချုပ်ဆိုထားခြင်း
ဖြစ်သောကြောင့် အစိုးရသဘောမတူလျင် နိုင်ငံတော်လုံခြုံရေး အက်ဥပဒေ Official Secret Act နှင့် ငြိစွန်းနိုင်
ကြောင်း ပြောသည်။

“အဲဒီဝန်ကြီးက သူ့ဟာသူပဲ လျော်မယ်ဆိုရင်တော့ ချမပြနဲ့ပေါ့။ ပြည်သူ့ပိုက်ဆံနဲ့ လျော်မယ်ဆိုရင်တော့ ချပြရမယ်
လေ။ မချပြဘူးဆိုရင် ကျနော်တို့ ငွေတွေကို miss-use ပေါ့ဗျာ။ မှန်မှန်ကန်ကန် အသုံးမပြုဘူးဆိုရင် နောင် သူ့မှာ တာဝန်ရှိလိမ့်မယ်” ဟု ဆိုသည်။

မြစ်ဆုံဆည်စီမံကိန်းကို ကိုယ်တိုင်လည်း ဆန့်ကျင်နေသူ ဦးရန်နောင်က အငြင်းပွားနေသည့် နှစ်ဘက်အကြား ဥပဒေကြောင်းအရ ဆက်သွားလျင် နှစ်နိုင်ငံချစ်ကြည်ရေးကို ထိခိုက်နိုင်သဖြင့် ညှိနှိုင်းပြီး ဖြေရှင်းသင့်သည်ဟု ယူဆသည်။

နှစ်ဘက်အစိုးရများအကြား အပြန်အလှန် လိုအပ်မှုများရှိနေသဖြင့် ညှိနှိုင်းသည့်နည်းဖြင့်သာ ဖြေရှင်းကြလိမ့်မည်ဟု  တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောသည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံများက နိုင်ငံရေး၊ စီးပွားရေးပိတ်ဆို့ထားသဖြင့် မြန်မာအစိုးရသည် တရုတ်ကို ပိုမှီခိုလာရသကဲ့သို့ တရုတ်ကလည်း ယူနန်ပြည်နယ်မှ ရခိုင်ပြည်နယ် စစ်တွေကိုဖြတ်၍ အိန္ဒိယ သမုဒ္ဒရာဘက်သို့ စီးပွားရေး၊ စစ်ရေး လမ်းကြောင်းသစ် ဖောက်လိုမှုကို ထောက်ပြသည်။

“တရုတ်မှာလည်း အမေရိကန်၊ အိန္ဒိယနဲ့ အပြိုင်ဖြစ်နေတော့ ဘယ်လိုဖြစ်ဖြစ် သိပ်ပြီးတော့ ပစ်ပယ်ရဲမယ် မထင်ဘူး။
ပြင်းပြင်းထန်ထန် လုပ်ရဲလိမ့်မယ်လို့ မထင်ဘူး။ နှစ်ဘက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားလိမ့်မယ်လို့ ယူဆပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝများကို ထိခိုက်မည့် အန္တရာယ်အပြင် မြစ်ဆုံအနောက်ဘက် မိုင် ၃ဝ ကျော် အကွာ တွင်ရှိသည့် စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်မည့် ငလျင်ဘေးကိုလည်း စိုးရိမ်မှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူးဟောင်း ဘူမိအင်ဂျင်နီယာ ဦးတင့်လွင်ဆွေက ပြောသည်။

CIP ဥက္ကဋ္ဌ LU Qizhou က ဆင်ဝှာသတင်းဌာနသို့ ပြောကြားမှုတခုတွင်  တရုတ်နိုင်ငံ စီချွမ်ပြည်နယ်အတွင်း ဝမ်ချွမ်ငလျင်လှုပ်စဉ်က မပျက်စီးဘဲ ကျန်ခဲ့ သည့် Zipingbu ရေအားလျှပ်စစ်စက်ရုံသည် Intensity အရှိန်ပြင်းအား
၇ အထိသာ ခံနိုင်ရှိပြီး မြစ်ဆုံဆည်မှာ အရှိန်ပြင်းအား ၉  အထိ ကာကွယ်နိုင်သည်ဟု ဆိုထားသည်။

ဦးတင့်လွင်ဆွေ ကမူ Intensity အရှိန်ပြင်းအားဆိုသည်မှာ ငလျင်ဗဟိုနှင့် အကွာအဝေးပေါ်မူတည်၍ အနည်း အများရှိပြီး CPI က မည်သည့် ငလျင်ဗဟိုကို တည်ပြီး တွက်ချက်ကြောင်း မသိဟု ပြောသည်။

“ငလျင်အရွယ်အစားပမာဏ Magnitude ဘယ်လောက်လို့ ပြောတာ။ တကမ္ဘာလုံး ဘယ်ကတိုင်းတိုင်း မပြောင်းဘူး။ Intensity ကျတော့ ငလျင်ဗဟိုချက်နဲ့ နီးရင် အရှိန်ပြင်းပြင်း ခံရမယ်။ ဝေးရင် အရှိန် လျော့သွားမယ်” ဟု ဆိုသည်။

ဦးတင့်လွင်ဆွေသည် ငလျင်ကော်မတီတွင် ၂ဝဝ၄-ဝ၈ ထိ လေးနှစ်ကြာတာဝန်ယူခဲ့ပြီး ၂ဝဝ၅ ခုတွင် ငလျင်ဇုံ အခြေပြ မြန်မာပြည်မြေပုံကို ဘူမိဗေဒပညာရှင် ဒေါက်တာဦးသိန်းနှင့်အတူ လေ့လာ ရေး ဆွဲခဲ့သူဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ရှင်သည် ရန်ကုန်တိုင်း သုံးခွမြို့မှ ပဲခူးရိုးမ အရှေ့ဘက်အတိုင်း စစ်ကိုင်းမြို့ကို ဖြတ်ကာ
ကချင်ပြည်နယ် အင်းတော်ကြီးအထိ တောင်-မြောက် တန်းနေရာမှ အင်းတော်ကြီး အထက်တွင် အရှေ့ဘက်သို့
ဖြာထွက်သွားသည့် ပြတ်ရွေ့ခွဲ လေးခုအနက်မှ တခုသည် ကူမွန်တောင်တန်း အရှေ့ဘက်မှဖြတ်၍ မေခမြစ်နှင့်
အပြိုင် ပူတာအိုသို့ တက်သွားပြီး အိန္ဒိယနှင့် တိဘက်မြေထုချင်း တိုက်သည့် နေရာနှင့် သွားဆုံသည်။

အင်းတော်ကြီးကန်သည်ပင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်လာရသည့် ဂျိုမ့်ကြီးဖြစ်သည်ဟု ဆိုသည်။

တရုတ် ယူနန်ပြည်နယ်နှင့် မြန်မာနယ်စပ်၊ တရုတ်နိုင်ငံအတွင်း သံလွင်မြစ်၏ မြစ်ဖျားပိုင်းတွင်လည်း စစ်ကိုင်း
ပြတ်ရွေ့ကဲ့သို့ ပြတ်ရွေ့အရှင်များ ရှိကြောင်းနှင့် နာဂတောင်-ချင်းတောင်အလွန်ရှိ အိန္ဒိယတိုက်နှင့် တိဘက်တိုက်
မြေထုချပ်အချင်းချင်း တွန်းနေသည့် အနေရာများကိုလည်း CPI က ထည့်တွက်၊ မတွက် သံသယရှိသည်ဟု ဦးတင့်လွင်ဆွေ က ပြောသည်။

ထို့ပြင် သူတို့၏ ခန့်မှန်းတွက်ချက်မှုများအရ အင်းတော်ကြီးအနီးရှိ စစ်ကိုင်းပြတ်ရွေ့ကြောတွင် ပမာဏ ရစ်ချတ်တာ စကေး  ၉ ရှိခဲ့လျင် မိုင် ၃ဝ ကျော်သာဝေးသော မြစ်ဆုံဆည်နေရာသည်  ပြင်းအား ၉ အထက်ကျရောက်နိုင်သဖြင့် အန္တရာယ်ရှိနိုင်သည်ဟု သုံးသပ်သည်။

၁၉၉၄ ခု မြစ်ကြီးနားအောက်ဘက် ကီလိုမီတာ ၂ဝ ခန့်တွင် ငလျင်တခု လှုပ်ခဲ့ဖူးပြီး မြစ်ဆုံအထက် မေခမြစ်ပေါ် တွင်လည်း ငလျင်အသေးစားများ လှုပ်ခဲ့ဖူးကြောင်း၊ မေခမြစ်ကိုလည်း ပြတ်ရွေ့အရှင် တခုဟု ယူဆကြောင်း ဦးတင့်လွင်ဆွေကပြောသည်။

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မှု တရုတ် - မြန်မာဆက်ဆံရေး ထိခိုက်နိုင်

ဧရာဝတီမြစ်ဆုံစီမံကိန်း ဆိုင်းငံ့ လိုက်ခြင်းကြောင့် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်မှုရှိလာနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICG) က ဆိုသည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားရန် မြန်မာ သမ္မတ ဦးသိန်းစိန်က ကြေညာခဲ့ခြင်းသည် တရုတ် - မြန်မာဆက်ဆံရေးနှင့် မြန်မာ-နိုင်ငံတကာ ဆက်ဆံရေးတို့အကြား ချိန်ခွင်လျှာညှိလိုသည့် သဘော သက်ရောက်သွားပါက တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက် သွားမည် ဟု ICG ၏ အရှေ့တောင်အာရှ ဆိုင်ရာ ညွန်ကြားရေးမှူး Mr Jim.Della-Giacoma က ဧရာဝတီကို  ပြော သည်။

ba-kaung-thein-sein
(မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံစဉ်)
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ မဟာဗျူဟာမြောက် ဆက်ဆံရေးသည် ကာလအတန်ကြာရှိခဲ့ကြောင်း၊ ယခုအခါ အပြောင်းအလဲ ပြုလုပ်လိုသော သမ္မတ ဦးသိန်းစိန်၏ အစိုးရ လက်ထက်တွင် နိုင်ငံတကာနှင့် မြန်မာ-တရုတ်တို့၏ ဆက်ဆံရေးအပေါ် ထိန်းညှိလာမည်ဆိုပါက  တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို အနည်းငယ် ထိခိုက်လာမည်ဟု ၎င်းက သုံးသပ်သည်။

“တရုတ်နဲ့နိုင်ငံတကာကို ချိန်ခွင်လျှာ ညှိမယ်ဆိုရင်တော့ တရုတ်ကို ဒေါပွစေမှာပဲ။ ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေး မှာတော့ ကောင်းမွန်စေမှာပါ” ဟု ICG ဒါရိုက်တာ ကဆိုသည်။

သို့သော် တရုတ်နိုင်ငံအစိုးရ အနေဖြင့် မြစ်ဆုံကိစ္စတခုတည်း အတွက် ကြီးမားစွာထိခိုင်နိုင်မည့် ဆက်ဆံရေးကို လိုလားမည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၌ တရုတ်အကျိုးစီးပွားအတွက် ရင်းနှီးမြှုပ်နှံထားသည့် တခြားသော စီမံကိန်း အများအပြားရှိသေး ကြောင်းလည်း Mr. Jim.Della-Giacoma က ရှင်းပြသည်။

မြစ်ဆုံစီမံကိန်း ရပ်တန့်ရေးအတွက် ပြည်တွင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသား အလွှာအသီးသီး၏ ကန့်ကွက်တောင်းဆိုမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းကြောင့် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၃၀ ရက်နေ့တွင်ကျင်းပခဲ့သော လွှတ်တော် အစည်းအဝေးများမှ တဆင့်နိုင်ငံသို့ ၎င်းစီမံကိန်း ဆိုင်းငံ့မည်ဟု ကြေညာခဲ့သည်။

စီမံကိန်းအား မိမိတို့အစိုးရလက်ထက်၌ ဆိုင်းငံ့ထားမည်ဟု ဦးသိန်းစိန်က ကြေညာပြီး နောက်နေ့တွင် တရုတ်နိုင် ငံခြားရေး ဌာနက စီမံကိန်း၌ ပါဝင်နေသည့် ၎င်းတို့တရုတ်ကုမ္ပဏီများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပြီး ပြန်လည် သုံးသပ် သင့် သည်ဟု ချက်ချင်း တုန့်ပြန်ခဲ့သည်။

တရတ်နိုင်ငံခြားရေးဌာန၏ ထုတ်ပြန်ချက်၌ ထိုစီမံကိန်းအား နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း ပြီးမှလုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ အချက်အလက်များကို စနစ်တကျ ဆောင်ရွက်ပြီး စီမံကိန်းကို အကောင်အတည်ဖော်ခဲ့ကြောင်း ပြောသည်။

မြစ်ဆုံစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများအား တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီက ဦးဆောင်၍ စတင် တည်ဆောက် ခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာစီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ရပ်တန့်ထားရေ့း ဆုံးဖြတ်ချက်ကို အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော CPI  ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou က  China Daily သတင်းစာနှင့်ပြုလုပ်သော အင်တာဗျူး၌ ထုတ်ဖော် ပြောဆိုခဲ့သည်။

စီမံကိန်းအား ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ တရုတ်အစိုးရ၏ အာဘော်ကို ထင်ဟပ်သည့် သတင်းစာများနှင့် ဟောင်ကောင်အခြေစိုက် သတင်းစာတချို့ကလည်း  မြန်မာအစိုးရ၏ လုပ်ဆောင် ချက်ကြောင့် တရုတ်နိုင်ငံအား အိမ်နီးချင်းနိုင်ငံများ၏ လေးစားမှုကို လျော့ကျစေသည်ဟု  ပြင်းထန်စွာဝေ ဖန်ထုတ် လွှင့်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်း၏ လုပ်ရပ်အပေါ် တရုတ်အစိုးရက ဝေဖန်၊ ကန့်ကွက်မှုများ လုပ်ဆောင်ခဲ့သော်လည်း အမေရိကန်အစိုးရက ထောက်ခံကြောင်း မရှေးမနှောင်း ကြေညာခဲ့သည်။

ထို့အတူ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကလည်း မြန်မာအစိုးရကို ချီးကျူးပြောဆိုလိုက်ပြီး  ပြည်သူ လူထု၏ အသံကို နားထောင်ပြီး ပြည်သူ့အကျိုးအတွက် အစိုးရမူဝါဒတွင် မထင်မှတ်သော ပြောင်းလဲမှုများပြု လုပ် လိုက် ကြောင်း ပြောသည်။ မစ္စတာ ဂျွန်မက်ကိန်း က “ဒီမိုကရေစီဆန်သော လုပ်ရပ်” ဟု လည်း ဆိုလိုက်သည်။

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ထားရန် မြန်မာအစိုးရက ဆုံးဖြတ်ခဲ့သော်လည်း တရုတ်နိုင်ငံအား အကြောင်းကြားခြင်း တစုံတရာမရှိဟု တရုတ်အစိုးရ အာဘော်သတင်းဌာန တချို့ကပြောဆိုခဲ့သည်။

ICG ညွန်ကြားရေးမှူးကမူ သမ္မတ ဦးသိန်းစိန်သည် မြစ်ဆုံ ရပ်ဆိုင်းထားရေး ကိစ္စအပေါ် နိုင်ငံတကာ၏ ထောက်ခံမှု ရရေးအတွက် အလွယ်တကူ ဆုံးဖြတ်ချက် ချခဲ့ဟန်မရှိဟုပြောဆိုပြီး ထိုဆုံးဖြတ်ချက်နှင့် ပတ်သက်၍လည်း သံသယများ ရှိနေကြမည်ဖြစ်ကြောင်း Mr Jim.Della-Giacoma သုံးသပ်ပြောဆိုသည်။
Source: ဧရာဝတီ

မဲဆောက်-မြဝတီ ကုန်သွယ်ရေး ပြန်ဖွင့်ရန် မျှော်လင့်

ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်၏ မြန်မာနိုင်ငံသို့ တရက်ကြာ ခရီးစဉ်အပြီးတွင် မြန်မာအစိုးရက တနှစ်ကျော်ကြာ ပိတ်ထားခဲ့သော မဲဆောက်-မြဝတီ နယ်စပ်ကုန်သွယ်ရေးကို တရားဝင် ပြန်ဖွင့်ခွင့်ပေးလိမ့်မည်ဟု ထိုင်းစီးပွားရေးသမားများနှင့် ရင်းနှီးမြှုပ်နှံသူများက မျှော်လင့်နေကြသည်။

mae
ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကို ထိုင်းဘက်အခြမ်းမှ မြင်ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
မစ္စက် ယင့်လပ် ရှင်နာဝပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ယမန်နေ့တွင် သွားရောက်ခဲ့ပြီး နေပြည်တော်ရှိ သမ္မတရုံး၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ အရေး၊ သင်္ကန်းညီနောင်မှ ကော့ကရိတ်မြို့နယ်အထိ ကားလမ်း ဖောက်လုပ်ရေး စသည်တို့ကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ကုန်သွယ်ရာတွင် ယခင်ထိုင်းအစိုးရနှင့်စာလျှင် လက်ရှိ ထိုင်းအစိုးရက ပိုမိုကောင်းမွန်သည့် နယ်စပ်စီးပွားရေး အခွင့်အလမ်းများ ဆောင်ရွက်ပေးနိုင်မည်ဟု ထိုင်းလုပ်ငန်းရှင်အများစုက မျှော်လင့်နေကြခြင်း ဖြစ်သည်။

“တံတားကိုတော့ ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျှော်လင့်ထားတယ်။ ၀န်ကြီးချုပ်ကလည်း သွားတာ မကြာသေးတော့ ဘာမှမသိရသေးဘူး” ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Bunpot Kokiatcharone က ဧရာဝတီသို့ ပြောသည်။

နယ်စပ်ရှိ ထိုင်းလုပ်ငန်းရှင်အများစုက ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြန်ဖွင့်ပေးမည့် သတင်းကောင်းကို မျှော်နေသည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏ ပြီးခဲ့သည့်နှစ်ဆန်းပိုင်း ထုတ်ပြန်ချက်အရ ထိုင်းသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

“ဒီအစိုးရက စီးပွားရေးကို ဦးစားပေးတဲ့အစိုးရ ဖြစ်တယ်။ နောက်ပြီး အစိုးရသစ်ရဲ့မူဝါဒက မြန်မာအစိုးရနဲ့ ဘာအတိုက်အခံမှ မလုပ်ဘူး၊ မြန်မာနဲ့ ဘာပြဿနာမှ ရှိမှာမဟုတ်သလို အရှိခံမှာလည်း မဟုတ်ဘူး။ ဒါကြောင့် မြန်မာဘက်က နယ်စပ်ဂိတ်ပြန်ဖွင့်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းကုန်သည် အများစုက အဆင်ပြေမယ်လို့ ယုံကြည်နေကြတယ်” ဟု ထိုင်းစားသောက်ကုန်လုပ်ငန်းရှင် မစ္စတာ နိုင်ဆူချိုင်းက ပြောသည်။

ပြီးခဲ့သည့်လ ၁၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေးတွင် မြ၀တီနယ်စပ် ကုန်သွယ်ရေးကို  ကုန်သွယ်မှု ပြုနိုင်လောက်သည့် အခြေအနေရှိမှသာလျှင် ပြန်လည်ဖွင့်ပေးနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောင်းကို မြန်မာအာဏာပိုင်များဘက်က လုံခြုံရေးအကြောင်းပြချက်ဖြင့် ယမန်နှစ် ဇူလိုင်လမှ စတင်ကာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား အပါအ၀င် တရားမ၀င်ဂိတ် ၃၀ ခန့်ကို ပိတ်ထားလိုက်သည်။

တာ့ခ် ခရိုင်အတွင်းရှိ သောင်ရင်းမြစ် ကမ်းပါးတလျှောက်တွင် ထိုင်းဘက်အခြမ်းက ကမ်းထိန်းတမံများ ဆောက်လုပ်နေခြင်းကို မြန်မာအာဏာပိုင်များက ကန့်ကွက်သည့်အနေဖြင့် ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။

ထိုင်းဘက်အခြမ်းမှ ကမ်းပါး အကာအကွယ် တမံများ ဆောက်လုပ်မှုကြောင့် ရေကြောင်းပြောင်းလဲပြီး မြန်မာဘက်ကမ်းပါး တိုက်စားနိုင်သည့်အတွက် မြန်မာအစိုးရက ကန့်ကွက်ခဲ့သည်ဟု သတင်းများအရ သိရသည်။ သို့သော် တံတားကို ဆက်လက်ပိတ်ထားရခြင်း၏ အကြောင်းအရင်းကိုမှု မြန်မာအာဏာပိုင်များက တရားဝင်ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

ယင်းသို့ ပိတ်ထားသောကြောင့် နှစ်ဘက်ကုန်သည်များက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင် ကုန်သွယ်ကြရာ လစဉ်ထိုင်းဘက်မှ ကုန်ပစ္စည်း ဘတ်ငွေ သန်း ၇၀၀ ဖိုးခန့် မြ၀တီဘက်သို့ တင်ပို့ကြပြီး မြန်မာဘက်မှ ကုန်ပစ္စည်း ဘတ် သန်း ၄၀၀ ဖိုးခန့်ကို မဲဆောက်ဘက်သို့ တင်သွင်းကြကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ နယ်စပ်ဂိတ်များအနက် မဲဆောက်-မြ၀တီ ချစ်ကြည်ရေး တံတားဂိတ်သည် နှစ်နိုင်ငံကုန်ပစ္စည်းများ အပြန်အလှန် တင်ပို့နေသည့် ကုန်စည်စီးဆင်းမှု အကြီးဆုံးဂိတ်ဖြစ်သည်။
Source: ဧရာဝတီ

Wednesday 5 October 2011

ထိုင်းဝန်ကြီးချုပ်သစ် မြန်မာနိုင်ငံခရီးစတင်

ထိုင်းဝန်ကြီးချုပ်သစ် ယင်းလတ် ရှင်န၀ပ်ဟာ အခု ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်သစ် အနေနဲ့ ဒီမြန်မာခရီးစဉ်ဟာ ပထမဆုံး တရားဝင် ချစ်ကြည်ရေးခရီးစဉ် ဖြစ်ပါတယ်။ ဒီ ခရီးစဉ်ဟာ အာဆီယံအတွင်းက ၀န်ကြီးချုပ်သစ် တဦးအနေနဲ့ နိုင်ငံချစ်ကြည်ရေးခရီးစဉ်ထွက် မိတ်ဆက်တဲ့ လုပ်ရိုးလုပ်စဉ်လိုဖြစ်နိုင်ပေမယ့် မြန်မာအစိုးရလိုလားနေတဲ့ ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးကိစ္စအတွက်လည်း ဆွေးနွေးဖွယ်ရှိတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။
မစ္စ် ယင်းလတ်ရဲ့ ပထမဆုံး မြန်မာချစ်ကြည်ရေးခရီးစဉ်ဟာ နေ့ဝက်ပဲ ကြာမှာဖြစ်ပြီး နေပြည်တော်မှာပဲ အချိန်ကုန်မယ်လို့ မျှော်လင့်ရပါတယ်။ နေပြည်တော်မှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ နေလည်ပိုင်းတွေ့ဆုံပြီး ညပိုင်းမှာတော့ နိုင်ငံတော်ညစာ စားပွဲ တတ်ရောက်မယ်လို့ သိရပါတယ်။ ပြီးရင် ညတွင်းချင်းပဲ ထိုင်းကို ပြန်မှာပါ။ ခရီးစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေကို အဓိက ထားဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ အထွေထွေအတွင်းရေးမှုး ဦးမျိုးညွန့်ကတော့ အခုခရီးစဉ်ဟာ နှစ်ဘက်အစိုးရကြား ဆက်ဆံရေးကောင်းဖို့သာ ရည်ရွယ်ပြီး အရင် ထိုင်းက မြန်မာအပေါ်ထားတဲ့ မူဝါဒ ထူးထူးခြားခြား ပြောင်းလဲလာစရာမရှိဘူးလို့ မြင်ပါတယ်။
“မစ္စ် ယင်းလပ်လာတာက ၀န်ကြီးချုပ်အသစ် တက်လာလို့ရှိရင် ကျန်တဲ့ အာဆီယံနိုင်ငံတွေကို သွားလည်လေ့ရှိတယ်။ Normal and Formal ဖြစ်ပါတယ်။ အဲဒီလို ခရီးမျိုးပါပဲ။ သို့သော်လည်းပဲ ဒီလိုလာရင်းနဲ့ သူက ဘာပြောထားလဲဆိုတော့ ဗမာပြည်အစိုးရနဲ့ ပတ်သက်ပြီးတော့ ၂၀၁၄ ခုမှာ ASEAN Chair နဲ့ပတ်သက်လို့ သူတို့ဘက်ကတော့ ကန့်ကွက်ဖို့ မရှိဘူးဆိုတာကို ပြသဖို့လာမယ်လို့ ဒီလိုဆိုပါတယ်။ အဲဒါအတွက် အဓိကထားတယ်လို့ ထင်ပါတယ်။ နောက် စီးပွားရေးနဲ့ ပတ်သက်တဲ့ ကိစ္စများလည်းပဲ ဆွေးနွေးစရာတွေ ပါမယ်လို့ ထင်ပါတယ်”
အရင်တုန်းက သူ့အကို သက်ဆင်ရှင်နာဝပ်လက်ထက်တုံးကတော့ မြန်မာ စစ်အစိုးရနဲ့ ဆက်ဆံရေးတော်တော် ကောင်းခဲ့ပါတယ်။ နောက်ပိုင်းတက်လာတဲ့ ဒီမိုကရက်တစ်အစိုးရနဲ့တော့ ခပ်ခွာခွာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယင်းလပ် ရှင်နာဝပ် ကိုယ်နှိုက်က အမျိုးသမီးဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း Sympathize ဖြစ်တယ်လို့ ပြောခဲ့တာတွေ ရှိတော့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ ဆက်စပ်မှု အနေအထားက ဘယ်လို ဖြစ်လာနိုင်မယ်လို့ ယူဆပါသလဲ။
“ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ Regard ထားတာတို့၊ ဒါတွေကတော့ တပိုင်းဖြစ်ပြီးတော့ သူတို့က ဘာလုပ်လေ့ရှိလဲ ဆိုတဲ့အခါကျတော့ တည်ဆဲအစိုးရနဲ့လည်း အဆင်ပြေအောင် ဆက်ဆံလေ့ရှိတယ်။ အဲဒီလို ဆက်ဆံလေ့ရှိတဲ့အထဲမှာ ဒီမိုကရက်တစ်ပါတီအစိုးရနဲ့ စာလို့ရှိရင် သူတို့က သက်ဆင်တို့ ဘာတို့က ပိုပြီး ဗမာအစိုးရနဲ့ပဲ ဖြစ်စေပေါ့လေ- ပိုပြီးတော့ ရင်းရင်းနှီးနှီးဆက်ဆံတတ်တဲ့ သူ့တိုင်းပြည်ရဲ့ စီးပွားရေးပေါ့။ သူ့တိုင်းပြည် စီးပွားရေးအတွက်လမ်းကြောင်းကို ရွေးတာပါပဲ။ အခုလည်း သူ ဒီတိုင်းသွားမယ်လို့ ထင်ပါတယ် ခင်ဗျ”
အခုက မြန်မာနိုင်ငံနယ်စပ်မှာရှိတဲ့ အထူးသဖြင့်  ထိုင်းနယ်စပ်မှာရှိတဲ့ အဖွဲ့တွေကိုလည်း အစိုးရသစ်ကနေပြီးတော့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ထုတ်ထားတာ ရှိပါတယ်။ ထိုင်းနဲ့ကလည်း နယ်ချင်းဆက်နေတဲ့အခါကျတော့ အရင်တုန်းကလည်း ထိုင်းက ဒါနဲ့ပတ်သက်လို့ သူတို့က ကြားဝင်ပေးဆိုရင် ၀င်ပေးမယ်ဆိုတဲ့ကမ်းလှမ်းမှုမျိုးတွေ ရှိတဲ့အခါကျတော့ ယင်းလပ် ရှင်နာဝပ် လက်ထက်မှာကော နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားတွေအပေါ် သဘောထား၊ နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာနိုင်ခြေ ဘယ်လို ရှိနေပါလဲ ခင်ဗျ။
“ယင်းလပ်တို့ အစိုးရသစ်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လောလောဆယ်မှာ ရှောင်ရှောင်ပဲ နေမယ်လို့ ကျနော်မြင်တယ်ဗျ။ ”
မြန်မာအစိုးရဘက်ကတော့ ထိုင်းနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည်စခန်းတွေဟာ သူပုန်တွေရဲ့ အခြေချစခန်းဖြစ်တယ်ဆိုပြီးတော့ ထိုင်းဘက်ကို ဖိအားပေးလေ့ရှိပါတယ်။ အခု အခြေအနေမှာ နယ်စပ် ကုန်သွယ်ရေးကိစ္စကိုတော့ ဆွေးနွေးဖွယ်ရှိပေမယ့် အခြား မြန်မာလက်နက်ကိုင် သူပုန်တွေကိစ္စကိုတော့ ထိုင်းဘက်က တိတိပပ ကိုင်တွယ်မယ်ဆိုတဲ့ အလားအလာတော့ မမြင်ရသေးဘူးလို့ လေ့လာသူတွေက ယူဆပါတယ်။ နောက် မြန်မာနဲ့ထိုင်းကြားရှိနေတဲ့ ပြဿနာတရပ်ကတော့ မြန်မာနိုင်ငံဘက်က ထိုင်းဘက်ကို တရားမ၀င် လာရောက်ပြီး လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ မှတ်ပုံတင်ဖို့ကိစ္စပါ။ ဒီလူတွေကို တရားဝင်ဖြစ်ဖို့ နှစ်နိုင်ငံ ပေါင်းပြီး ဖြေရှင်းမယ်ဆိုတဲ့ကိစ္စက သဘောထားသာဖြစ်နေပြီး လက်တွေ့မှာ အခက်အခဲတွေ ပြေလည်မယ့် လမ်းစ မမြင်ရသေးပါဘူး။
လက်ရှိအားဖြင့် နှစ်နိုင်ငံ ကုန်သွယ်ရေးပိုင်းမှာတော့ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ဒုတိယအများဆုံး တိုင်းပြည်ဖြစ်တယ်လို့ မြန်မာအစိုးရ မှတ်တမ်းတွေအရ သိရပါတယ်။ တချိန်တည်းမှာလည်းပဲ မြန်မာဘက်က စွမ်းအင် အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်မှာ စိတ်ဝင်စားမှု ရှိတာကြောင့် ထိုင်းက မြန်မာနဲ့ပိုပြီးတော့ အဆင်ပြေအောင် ဆက်ဆံလာမယ့် သဘောရှိတယ်လို့ သုံးသပ်ကြပါတယ်။
Source: DVB

Tuesday 4 October 2011

မြန်မာအလုပ်သမားသစ် (၅)သောင်းအထိ တိုးလာ

အောက်တိုဘာလ (၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ အလုပ်သမားရှာဖွေခန့် ထားရေးအဖွဲ့ မှ ဆောင်ရွက်ပေးနေသော အလုပ်သမားသစ် မှတ်ပုံတင်ခြင်းကို ထောက်ခံကြောင်း မဲဆောက်ရှိ မြန်မာအလုပ်သမား ကွန်ယက်များက ဆိုပါသည်။
ဤကွန်ယက်သည် အလုပ်သမားသစ်များ မှတ်ပုံတင်နေ သည့်အခြေအနေနှင့် ပါတ်သက်ပြီး သုံးသပ်နိုင်ရန် မဲဆောက်ရှိ မြန်မာအလုပ်သမား ကွန်ယက်များက ယမန်နေ့နေ့လည် တနာရီမှ (၅)နာရီကြား၌ မဲဆောက်မြို့  ဆေးရုံကြီးအနီးရှိ IRC / IOM ရုံးတွင် အစည်းအဝေးကျင်းပခဲ့ကြောင်း တက်ရောက်ခဲ့သည့် အလုပ်သမားတဦးကပြောပါသည်။
ထိုအစည်းအဝေးတွင် မဲဆောက်ရှိ မြန်မာအလုပ်သမားများအတွက် ဆောင်ရွက်နေသော CPO network နှင့် Burma Worker network အဖွဲ့ တို့တက်ရောက်ကြပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ ၊  SHDA နှင့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တို့ပါဝင်ကြပါသည်။

ထိုအစည်းအဝေးသို့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ အလုပ်သမားရှာဖွေခန့် ထားရေးအဖွဲ့  အကြီးအကဲလည်း တက်ရောက်ခဲ့ပါသည်။ သူပြောသည်မှာ “ မနှစ်တုန်းကတော့ အလုပ်သမားသစ် (၂)သောင်းကျော်သာ မှတ်ပုံတင်နိုင်ခဲ့သော်လည်း ဤနှစ် ၌အလုပ်သမားသစ် (၄)သောင်းကျော် (၅)သောင်းနီးပါးအထိ တင်နိုင်မည်ဖြစ်ပြီး၊ ယခုလို အောင်မြင်ဆောင်ရွက် နိုင်သည် မှာ လိုက်လံလှုပ်ဆော်ပေးသည့် မြန်မာအလုပ်သမား အဖွဲ့ များကြောင့်၊ အောင်မြင်ခဲ့သည်ဟု” ဆိုသွားပါသည်။ ဤစကား နှင့် ပါတ်သက်ပြီး မြန်မာအလုပ်သမားကွန်ယက်များက ကြိုဆိုခြင်းဖြစ်ပါသည်။
Meeting_022
မြန်မာအလုပ်သမားပုံ (ဓါတ်ပုံ - အင်တာနက်)
သို့သော်လည်း ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ အလုပ်သမားရှာဖွေခန့် ထားရေးအဖွဲ့ ထံ မှတ်ပုံတင်နေသော အလုပ်သမားများ ကို ထုတ်ပြန်ထားသော စည်းကမ်းချက်နှင့်အညီ ဟုတ်မဟုတ် IOM နှင့် IRC အဖွဲ့ တို့ က မှတ်ပုံတင်သစ် တင်ပြီးသော မြန် မာအလုပ်သမားများကို လိုက်လံတွေ့ ဆုံပြီးမေးမြန်းနေပါသည်။  သူတို့၏တွေ့ ရှိချက်များကိုမူ ယခုအချိန်ထိ တစုံတရာ ထုတ်ဖေါ်ပြောကြားခြင်းမရှိသေးပါ။
ထိုင်းနိုင်ငံမဲဆောက်မြို့ နယ်သည်၊ မြန်မာအလုပ်သမားဦးရေ နှစ်သိန်းခန့်ရှိသည်ဟု NGO စစ်တမ်းတခုအရ သိရပါသည်။ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ အလုပ်သမားရှာဖွေခန့် ထားရေးအဖွဲ့ သည်လည်း ထိုင်းနိုင်ငံအတွက် လိုအပ်နေသော အလုပ်သ မားများကို မှတ်ပုံတင်ပေးနေသော်လည်း သတ်မှတ်ထားသည့် လုပ်ခအတိုင်း မပေးဆောင်နိုင်သေးဟု အလုပ်သမားများက ပြောပါသည်။
Source: ရွှေဟင်္သာသတင်းဌာန

ထိုင်းဝန်ကြီးချုပ် မြန်မာသွားမည်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ် ယင်လပ် ရှင်နာဝပ်သည် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားမှုဖြင့် မကြာခင် ကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် သွားရောက် လည်ပတ်မည်ဟု တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သြဂုတ်လ ၅ ရက်နေ့တွင် ထိုင်း ဝန်ကြီးချုပ်ဖြစ်လာသည့် ယင်လပ် ရှင်နာဝပ်၏ ခရီးစဉ်သည် အိမ်နီးချင်းနှစ်နိုင်ငံ၏ ဆက်ဆံရေးနှင့် စီးပွါးရေး ကုန်သွယ်မှုများ မြှင့်တင်ရန် အားထုတ်မှု ဖြစ်သည်ဟု သိရသည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနမှ ယခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့သည့် စာရင်းအရ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်သည်။ ၂ဝ၁၁-၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တရုတ်နိုင်ငံက အမေရိကန် ဒေါ်လာ ၁၃ ဘီလီယံဖြင့် မြန်မာနိုင်ငံအတွင်းတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန် ဒေါ်လာ ၂.၄၉ ဘီလီယံဖြင့် ဒုတိယ လိုက်ခြင်းဖြစ်သည်။
yingluck
(ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် ၏ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ် ရင်လပ် ရှင်နာဝပ်အား ဘန်ကောက်မြို့ရှိ သူမ၏ ပါတီ ဌာနချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခုတွင်တွေ့ရစဉ်) ဓာတ်ပုံ AFP
ထိုင်းနိုင်ငံသည် စွမ်းအင်ကဏ္ဍ အထူးသဖြင့် သဘာဝဓာတ်ငွေ့ စွမ်းအင်အတွက် မြန်မာနိုင်ငံကို မှီခိုနေရခြင်း
ကြောင့် မကြာသေးမီ နှစ်များအတွင်း ထိုင်းနိုင်ငံသည် မြန်မာအစိုးရနှင့် ပိုမိုနီးစပ်သော စီးပွါးရေး ဆက်ဆံမှုများပြုလုပ်ခဲ့သည်။

ဗြိတိသျှအစိုးရ၏ ယူကေ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုရုံး (UKTI) ၏ အဆိုအရ ဂျပန်နိုင်ငံတွင် မတ်လက ငလျင် လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အရေးတကြီး လိုအပ်နေသည့် အိမ်နီးချင်းနိုင်ငံနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေး ထူထောင်ဖွယ် ရှိသည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် ဖူကူရှီးမား နူကလီးယား ဓာတ်အားပေး စက်ရုံ ငလျင် လှုပ်ခတ်မှုကြောင့် မပျက်စီးခင်က ထိုင်းနိုင်ငံသည် ၂ဝ၂ဝ ခုနှစ်တွင် နူကလီးယား ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် အစီအစဉ် ရှိခဲ့သည်ဟု UKTI က ဆိုသည်။ ဂျပန်နိုင်ငံတွင် နူကလီးယား အန္တရာယ် တွေ့ကြုံရပြီးနောက် ထိုင်းနိုင်ငံအနေနှင့် သဘာဝ ဓာတ်ငွေ့အပေါ် ပိုမိုအားထား မှီခိုလာဖွယ် ရှိသည်ဟုဆိုသည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မကြာမီက ပြောကြားရာတွင် ထိုင်းနိုင်ငံအနေဖြင့် လိုအပ်သည့် ဥပဒေများ မပြဋ္ဌာန်းနိုင်မှုနှင့် နိုင်ငံတကာ စံနှုန်းများကို မလိုက်နာနိုင်မှုကြောင့် ၂ဝ၁ဝ-၂ဝ၃ဝ နှစ်နှစ်ဆယ် စွမ်းအင် ဖွံ့ဖြိုးရေး စီမံကိန်းကို ဆက်လက် လုပ်ဆောင်ရန် အသင့် မဖြစ်သေးဟု ဆိုသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အနေဖြင့် စွမ်းအင်အတွက် အဓိကအားဖြင့် သဘာဝ ဓာတ်ငွေ့ကိုသာ မှီခိုရလိမ့်မည်ဟု UKTI က ဆိုထားသည်။

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အကျိုးစီးပွါးဆိုင်ရာ စိတ်ဝင်စားမှုသည် မြန်မာ့ လူ့အခွင့်အရေး ကိစ္စရပ်များ အပေါ် ထိုင်းနိုင်ငံ၏ ပါဝင်ပတ်သတ်မှုကို ရှုပ်ထွေးစေသည်ဟု မြန်မာ့အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့(AIPMC) ဥက္ကဋ္ဌ Kraisak Choonhavan ကဇူလိုင်လ အတွင်းက မဇ္ဈိမသို့ ပြောကြားခဲ့သည်။

ထိုင်းအစိုးရသစ် အနေဖြင့် ထိုင်းနိုင်ငံ၏ အကျိုးစီးပွါးကိုသာ ပထမ ဦးစားပေးလိမ့်မည်ဖြစ်ပြီး ထိုင်းအစိုးရ ပေါ်လစီ သည် မြန်မာနိုင်ငံသားများကို မျက်နှာသာ ပေးလိမ့်မည် မဟုတ်ဟု သူက ဆိုခဲ့သည်။

“ဒီ (ထိုင်း) အစိုးရဟာ မြန်မာနိုင်ငံအတွက် အရမ်းအန္တရာယ် ရှိပါတယ်။ ဘာလို့လဲဆိုတော့ အကျိုးစီးပွါးကိုသာ
အဓိက ထားပြီးတော့ မြန်မာနိုင်ငံက ဒေသခံ လူထုရဲ့ အသံကို နားထောင်ပြီး ဘယ်လိုပူးပေါင်း ဆောင်ရွက် ရမယ် ဆိုတာ စဉ်းစားဖို့နဲ့ သတင်းအချက်အလက်တွေကို နားထောင်ဖို့ ငြင်းဆန်လို့ပါပဲ။ ဥပမာ သံလွင်မြစ်ပေါ်မှာရေကာတာ တခု တည်ဆောက်တဲ့ ကိစ္စရပ်လိုပေါ့” ဟု Kraisak က ဆိုခဲ့သည်။

“ထိုင်းနိုင်ငံကို သွယ်တန်းမယ့် ရတနာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်းများစွာ သူတို့နေရပ် ဒေသတွေကနေ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင့် လက်ထက်တုန်းက ထားဝယ်မှာ ရေနက်ဆိပ်ကမ်း ဆောက်ဖို့ အလိုရှိခဲ့ပါတယ်။ အခု (ထိုင်း) အစိုးရသစ်ကလည်း သက်ဆင့်မူဝါဒ အတိုင်းကျင့်သုံးဖွယ်ရာ ရှိပါတယ်” ဟု သူကဆိုသည်။ လေ့လာသူများကလည်း ရင်လပ် သည် သူမ၏ အကို
ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ မူဝါဒများအတိုင်း ဆောင်ရွက်လိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ယခုလောလောဆယ်တွင် ယခင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် အစိုးရ၏ လက်ထက်က အလေးပေး ဆောင်ရွက်ခဲ့သော ထိုင်းနိုင်ငံ နယ်စပ်တွင် နေထိုင်နေသည့် သောင်းနှင့်ချီသော မြန်မာ ဒုက္ခသည်များအား နေရပ်ဒေသသို့ပြန်လည် ပို့ဆောင်ရေး စီမံချက်နှင့် ပတ်သတ်၍ ထိုင်းအစိုးရသစ်မှ မှတ်ချက် တစုံတရာ ပေးခြင်း မရှိသေးပေ။

မြန်မာ့လူ့အခွင့်အရေး ကိစ္စများနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်သည့် ထိုင်းနိုင်ငံအနေဖြင့် ပိုမိုပြင်းထန်သည့် နည်းလမ်းကို ရွေးချယ်ကာ ဆောင်ရွက်ရန် တိုက်တွန်းမှုများ ရှိနေစဉ်တွင် UKTI က “စီးပွါးရေးနဲ့ စွမ်းအင်ဆိုင်ရာ မှီခိုမှုတွေက ထိုင်းနိုင်ငံအနေနဲ့ အိမ်နီးချင်း နိုင်ငံအပေါ် ဖိအားပေး လွှမ်းမိုးနိုင်မယ့် အနေအထားကို ထိခိုက်လိမ့်မယ်လို့ ကျနော်တို့ သံသယ ဖြစ်မိပါတယ်” ဟု ဆိုသည်။

စွမ်းအင်ဆိုင်ရာ လေ့လာသူများက ထိုင်းနိုင်ငံ အနေဖြင့် ကျောက်မီးသွေး တင်သွင်းခြင်း၊ နူကလီးယား စွမ်းအင်ကို အသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းတို့ဖြင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရမှုကို လျှော့ချရန် ဆယ်စုနှစ် တခုကျော်ခန့် ကြာအောင် ကြိုးစားခဲ့သည် ဟုဆိုသည်။ Chiang Rai Times သတင်းဌာန၏ ဆောင်းပါးအရ ထိုင်းနိုင်ငံ၏ လျှပ်စစ် ထုတ်လုပ်သုံးစွဲမှု၏ ၇၂ ရာခိုင်နှုန်းမှာ သဘာဝ ဓာတ်ငွေ့အပေါ် မှီခိုနေရသည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် ငလျင်လှုပ်ခတ်ပြီးနောက် ထိုင်းနိုင်ငံ အနေဖြင့် မီဂါဝပ် ၅,ဝဝဝ ထုတ်လုပ်နိုင်မည့် နူကလီးယား စီမံကိန်းကို မူလထက် သုံးနှစ် နောက်ဆုတ်၍ ၂ဝ၂၃ ခုနှစ်သို့ ရွှေ့ဆိုင်းရန် မေလက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံသည် နူကလီယား စီမံကိန်းကို ၁၉၆၆ ခုနှစ်တွင် စတင်ခဲ့ပြီး IAEA က ၁၉၇ဝ ခုနှစ် တွင် ထောက်ခံ အတည်ပြုခဲ့သည်။ သို့သော် ၁၉၇၈ ခုနှစ်တွင် ထိုင်းပင်လယ်ကွေ့၌ သဘာဝ ဓာတ်ငွေ့များ တွေ့ရှိမှုကြောင့်
နူကလီးယား စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။

ခုနှစ်နှစ်အတွက် သမဝါယမ အမြတ် ၁၈၉ ကျပ်

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ခုနှစ်နှစ်တာ ကာလအတွင်း ရန်ကုန်တိုင်း သမဝါယမ အသင်းသားများ၏ အစုငွေနှင့် ကုန်ဝယ်ပေါ် အမြတ်ငွေတို့အတွက် ကျပ်ငွေ ၁၈၉ ကျပ် သာပေးနိုင်ခဲ့ကြောင်း သမဝါယမ ဝန်ကြီး ဦးအုန်းမြင့်မှ အင်္ဂါနေ့ အောက်လွှတ်တော်တွင် ပြောကြားသွားဟု အမတ်များက ပြောသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ အမတ် ဦးခိုင်မောင်ရည်၏ ရန်ကုန်တိုင်းအတွင်းရှိ သမဝါယမ အသင်းသား
များ အစုငွေအမြတ်နှင့် ကုန်ဝယ်အမြတ်များ မရရှိခြင်းနှင့် စပ်လျင်းသည့် မေးခွန်းကို ဝန်ကြီးမှ ရန်ကုန်တိုင်း အတွင်း သမဝါယမ အသင်းဝင်ပေါင်း ၁ဝ၆,၆၂၉ ဦး အတွက် ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ အမြတ်ငွေ ၂,ဝ၁၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း ဖြေကြားခဲ့သည်။

အသင်းဝင်ပေါင်း ၁၀၆,၆၂၉ ဦးအတွက် အမြတ်ငွေ သိန်း ၂,၀၁၉ ကို တွက်ချက်ကြည့်မည်ဆိုပါက အသင်းဝင် တဦးအတွက် ကျပ်ငွေ ၁၈၉ ကျပ်သာ ရရှိနေခြင်းဖြစ်သည်။

ဝန်ကြီးက ရန်ကုန်တိုင်းအတွင်း ၂၀၁၁၊ ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် သမဝါယမ အသင်း၏ အစုငွေမှာ ၂,၂၄၅ သိန်းရှိပြီး၊ ရင်းနှီး ပစ္စည်းတန်ဖိုးမှာ ၁,၂၁၅ သိန်းရှိသည်ဟု ထည့်သွင်းပြောသွားသည်။

ရန်ကုန်တိုင်း အတွင်းရှိ သမဝါယမ အသင်းသားများအတွက် ၁၉၉၃ ခုနှစ်မှ၂ဝဝ၃ ခုနှစ်အထိ ၁ဝ နှစ်တာကာလ အတွင်း အသင်းသား တဦးလျှင် အမြတ်ငွေ ၁,၅၃၁ ကျပ် ပေးနိုင်ခဲ့ကြောင်းလည်းဆိုသည်။ သို့သော် ထိုနှစ်များ
အတွင်း ရင်းနှီးငွေများနှင့် အသင်းသားဦးရေကို ထည့်သွင်းပြောသွားခြင်းမရှိဟု လွှတ်တော် အမတ်များက ဆိုကြ
သည်။

သမဝါယမ ဝန်ကြီးဌာန လက်အောက်တွင် တနိုင်ငံလုံး သမဝါယမ အသင်းစုပေါင်း ၃၇ သင်း၊ အခြေခံအသင်း ၄၃၆ သင်းနှင့် သမဝါယမ အသင်းစုစုပေါင်း ၄၇၅ သင်း ရှိသည်ဟုလည်း ဝန်ကြီးကဆိုသည်။

အမတ် ဦးခိုင်မောင်ရည်၏ မေးခွန်းတွင် သမဝါယမ အမှုဆောင်များအနေဖြင့် တဦးလျှင် ဆိုင်ခန်း ၄ ခန်း၊ ၅ ခန်းထိ ရယူက ဆိုင်ခန်းငှားရမ်းခများ ရယူနေကြောင်း စွပ်စွဲကာ မေးခွန်းတွင် ထည့်သွင်း ပြောသွားသည်ကို ဝန်ကြီးက လက်ခံပြီး အဆိုပါ ဖြစ်ရပ်များကို အရေးယူသွားမည်ဟု ဖြေသွားကြောင်း ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။

"ဒါကိုတော့ မအောင်မြင်ဘူးဆိုတာကို သူက လက်ခံတယ် အဓိက ကတော့ ကျနော် စွပ်စွဲခဲ့သလိုပဲ အောက်ခြေမှာ မသမာမှုတွေ ရှိတာကြောင့် မအောင်မြင်တာလို့ ပြောတာပေါ့နော်။ အဲဒါကြောင့် ဒီဟာတွေကို တိတိကျကျ တိုင်ပြီး
တော့ သူ့အနေနဲ့ တကယ်ပဲ အရေးယူပေးမယ်၊ လက်ဝါးကြီး အုပ်တာတွေကို တိတိကျကျ တိုင်ပါလို့ပြောတယ်" ဟု ဆိုသည်။

တနိုင်ငံလုံး သမဝါယမ အသင်းပေါင်း ၄၇၅ သင်းတွင် အသင်းဝင် ၆၄၇,၄၅ဝ ယောက်မှ အစုငွေပေါင်း ၇၅၁.၂၅ သန်းဖြင့် ၂ဝ၁၁၊ ၂ဝ၁၂ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလည်ပတ် နေကြောင်းလည်း သိရသည်။

သမဝါယမ အသင်းများအနေဖြင့် အရစ်ကျ ချေးငွေလုပ်ငန်း၊ ဆေးရုံ၊ ဘော်ဒါဆောင်၊ သကြားစက်များ၊ ဆီစက်၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ လုပ်ဆောင်ပေးနေသည်။

ဦးသိန်းစိန်ဆုံးဖြတ်ချက်ကို တရုတ်ကုမ္ပဏီအံ့သြ

kachin dam
ဧရာဝတီမြစ်ဆုံ စီမံကိန်းမြင်ကွင်းတခု (ဓာတ်ပုံ - Jinghpaw Targyi)
သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကြောင့် အံ့သြတုန်လှုပ်မိသည်ဟု စီမံကိန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသော တရုတ်အစိုးရပိုင် China Power Investment (CPI) ကုမ္ပဏီဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောဆိုလိုက်သည်။
သို့သော်လည်း စီမံကိန်းကို စီစဉ်ထားသည့်အတိုင်း ပြန်လည် လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာနှင့်  ပြုလုပ်သည့် အင်တာဗျူးတွင် အကျယ်တ၀င့် ပြောလိုက်သည်။

"သတင်းမှာ ပါလာတော့ အင်မတန် အံ့သြသွားမိတယ်။  ဆိုင်းငံ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဆုံးဖြတ်ခင်တုန်းက ကျနော်တို့ကို မြန်မာနိုင်ငံဘက်က ဘာမှ ဆက်သွယ်လာတာ မရှိဘူး" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌ Mr. Lu Qizhou က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်အစိုးရ၀န်ကြီးချုပ်ဘ၀က မြစ်ဆုံစီမံကိန်းကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန် CPI ကုမ္ပဏီကို မှာကြားခဲ့သူ ဖြစ်ခြင်းကြောင့် ယခု ဆုံးဖြတ်ချက်ကို  အလွန် အံ့သြမိခြင်းဖြစ်သည်ဟု Mr. Lu Qizhou က ပြောသည်။

"ဆိုင်းငံ့တယ်ဆိုတာက တည်ဆောက်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတယ် ဆိုတာကို ပြောတာ ဆိုရင်တော့ ဒါဟာ  ဥပဒေကြောင်းအရ ဆောင်ရွက်စရာတွေ ရှိလာတော့မှာပေါ့" ဟု Mr. Lu Qizhou က ပြောသည်။

CPI ကုမ္ပဏီသည် ဒေါ်လာ ဘီလီယံ ၂၀ တန် မြစ်ဆုံဆည် ၇ ခု စီမံကိန်းအတွက် ယခင်က မြန်မာစစ်အစိုးရထံသို့  ငွေကြေး မည်မျှ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာ မသိရသေးပေ။

ကုမ္ပဏီက ယခင်စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေ၊ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို  မြစ်ဆုံစီမံကိန်း အတွက် ဒေါ်လာ ၅ ဘီလီယံ အထိ ပေးအပ်ခဲ့ကြောင်း ထိုငွေထဲမှ တချို့ကို မြို့တော်သစ် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင် အသုံးပြုခဲ့ကြောင်း၊ ကျန်ငွေများ မည်သည့်နေရာတွင် ရှိနေသည်ကို ထိုနှစ်ဦးမှတပါး မည်သူမျှ မသိရကြောင်း စသည့် အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

ယခု ဆိုင်းငံ့ထားသည့် မြစ်ဆုံဆည် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃.၆ ဘီလီယံ ရှိကြောင်း၊ ဆိုင်းငံ့မှုကြောင့် နှစ်နိုင်ငံ ထိခိုက်နစ်နာမှု ကြီးမားနိုင်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက လျော်ကြေး အများအပြား တောင်းဆိုနိုင်ကြောင်း Mr. Lu Qizhou က ပြောသည်။

"စီမံကိန်း ရပ်ဆိုင်းတယ် ဆိုရင်တော့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍမှာ ဆုံးရှုံးမှုက မျှော်လင့်ထားတာထက် ပိုများမှာ ဖြစ်ပါတယ်" ဟု Mr. Lu Qizhou က ပြောသည်။

၂၀၀၆ ခုနှစ်တွင်   CPI ကုမ္ပဏီ၊ မြန်မာနိုင်ငံ အမှတ် ၁ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ Asia World ကုမ္ပဏီတို့ သဘောတူညီထားချက်အရ မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၉ ခုနှစ်တွင် အစပြုခဲ့သည်။ စီမံကိန်းပြီးစီးလျှင် ထွက်ပေါ်လာမည့် လျှပ်စစ်ဓာတ် ၉၀ ရာနှုန်းကို တရုတ်နိုင်ငံသို့ နှစ်ပေါင်း ၅၀ တိတိ ပေးပို့ရမည် ဖြစ်သည်။ ထိုကာလ လွန်မြောက်လျှင် မြစ်ဆုံရေအားလျှပ်စစ်လုပ်ငန်းကို မြန်မာနိုင်ငံက ရရှိမည် ဖြစ်သည်။

သောကြာနေ့က သမ္မတဦးသိန်းစိန်၏ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့ရေး ဆုံးဖြတ်ချက်ကို မြန်မာပြည်သားများက ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြသည်။ စနေနေ့တွင် ထွက်ပေါ်လာသော တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက်တွင် စီမံကိန်းတွင် ပါဝင်သည့် တရုတ် ကုမ္ပဏီတို့၏  ဥပဒေအရ ရပိုင်ခွင့်တို့ကို  မြန်မာအစိုးရကအကာအကွယ်ပေးရန် တောင်းဆိုထားသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင် မြန်မာပြည်သားတို့၏ စိုးရိမ်ပူပန်မှု၊ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့် အခြေအနေများအကြောင်း ပါဝင်ခြင်း မရှိပေ။

တနင်္လာနေ့က သမ္မတဦးသိန်းစိန်၏ အကြံပေးအရာရှိတဦးက ပြောကြားရာတွင် ၂၀၁၅ ခုနှစ်တွင် ယခုအစိုးရအဖွဲ့ သက်တမ်းကုန်ပြီး ပေါ်ပေါက်လာမည့် မြန်မာအစိုးရအဖွဲ့  လက်ထက်တွင် စီမံကိန်း နှင့် ပတ်သက်ပြီး ထပ်မံ ဆုံးဖြတ်မည်ဟု ဆိုသည်။

မြန်မာအစိုးရက စီမံကိန်းကို ဆိုင်းငံ့ခြင်းကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းရသည့်အခါ လျော်ကြေး ပေးဆောင်ရဖွယ် ရှိကြောင်း၊ စီမံကိန်းကို ဖျက်သိမ်းမည် ဆိုပါက အစိုးရချင်း ဖြေရှင်းရမည့် ကိစ္စ ဖြစ်ကြောင်း ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က ပြောသည်။

"ဒါမျိုးတွေက ဖြစ်နေကျပါ။ နိုင်ငံအတော်များများ အထူးသဖြင့် လက်တင်အမေရိက နိုင်ငံတွေမှာ နိုင်ငံခြားကုမ္ပဏီများနဲ့လုပ်တဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်း စီမံကိန်းတွေကို အဲဒီနိုင်ငံတွေက ကိုယ်တိုင် ဆောင်ရွက်တော့မယ် ဆိုရင် ဒီလိုပဲ ဖြစ်တတ်ပါတယ်" ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

တရုတ်နိုင်ငံခြားရေးဌာန နှင့် CPI ကုမ္ပဏီတို့၏ တုံ့ပြန်ချက်များတွင်  မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တိုင်ပင်ညှိနှိုင်းလိုကြောင်း ဖော်ပြထားကြသည်။ မြန်မာအစိုးရဘက်က တစုံတရာ ပြန်လည်တုံ့ပြန်မှု မရှိသေးပေ။

CPI ကုမ္ပဏီဥက္ကဋ္ဌ  Mr. Lu Qizhou ၏ တနင်္လာနေ့ ပြောကြားချက်များတွင်  ဝေဖန်သူများ ထောက်ပြနေသကဲ့သို့  မြစ်ဆုံစီမံကိန်းကြောင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရှိမနေကြောင်း၊ စီမံကိန်း ပြီးစီးပါက  ကချင်ပြည်နယ် မြစ်ကြီးနားမြို့တော်ကိုပင် ရေကြီးသည့် အန္တရာယ်မှ  ပိုမိုကာကွယ်သွားနိုင်မည် ဖြစ်ကြောင်း စသည့် အချက်များလည်း ပါဝင်သည်။

"မြစ်ဆုံစီမံကိန်းမှာ ပါဝင်ဆောင်ရွက်ကြတဲ့အဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းအားထုတ်ချက်ကြောင့် စီမံကိန်းကို စီစဉ်ထားတဲ့အတိုင်း ချောချောမွေ့မွေ့ ရှေ့ဆက် လုပ်ဆောင်သွားနိုင်မယ်လို့ ကျနော် တကယ့်ကို မျှော်လင့်ပါတယ်။ ထွက်ပေါ်လာမယ့် အကျိုးအမြတ်တွေ၊ နှစ်ဘက်လုံးအဆင်ပြေမယ့် ရလဒ်တွေဟာ တရုတ် နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် ဖြစ်လာမှာပါ" ဟု CPI ကုမ္ပဏီဥက္ကဋ္ဌက China Daily သတင်းစာကို ပြောလိုက်သည်။
Source: ဧရာဝတီ

မြစ်ဆုံစီမံကိန်းကိစ္စ ဥပဒေပြဿနာ CPIC သတိပေး

ဧရာဝတီမြစ်ဆုံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ရေကာတာဆောက် လျှပ်စစ်ထုတ်လုပ်ပြီး တရုတ်နိုင်ငံကိုရောင်းချမယ့် မြစ်ဆုံစီမံကိန်းကို ရှေ့မဆက်ဘဲ ရပ်ဆိုင်း လိုက်ဖို့ မြန်မာအစိုးရက ဆုံးဖြတ်တယ်ဆိုရင် တရားဥပဒေကြောင်းအရ ဖြေရှင်းပေးရလိမ့်မယ်လို့ တရုတ်အစိုးရ ပိုင် “တရုတ် လျှပ်စစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း” China Power Investment Corporation (CPIC) ဥက္ကဋ္ဌ Lu Qizhou က တရုတ်အစိုးရရဲ့ ရှင်ဟွာ Xinhua သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ သူရဲ့ ကော်ပိုရေးရှင်းဟာ တရုတ် မြန်မာ နှစ်နိုင်ငံလုံးရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ အားလုံးကို ကြေကြေ ညက်ညက် လေ့လာပြီးမှ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းမှာ ငွေအရင်းအနှီး အမြောက်အမြား ထည့်ဝင်ခဲ့တာ ဖြစ်တယ်လို့ CPIC ဥက္ကဋ္ဌ Lu Qizhou က ပြောပါတယ်။

မြန်မာပြည်သူလူထုဘက်က စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတာကြောင့် သူ့ရဲ့ အစိုးရသက်တမ်းမှာ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ စက်တင်ဘာ (၃၀) ရက်နေ့၊ ပထမအကြိမ် အမျိုးသားလွှတ်တော်ရဲ့ ဒုတိယအစည်းအဝေးကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ အသိပေးဖော်ပြလိုက်ပါတယ်။ ဒီစီမံကိန်းဟာ ဧရာဝတီမြစ်ကို အစားထိုးပြုပြင်မရတဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်စေလိမ့်မယ်လို့ မြန်မာနိုင်ငံက ဒီစီမံကိန်းကို ဆန့်ကျင်နေကြတဲ့ နိုင်ငံသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက ပြောကြပါတယ်။ မြစ်ဆုံစီမံကိန်းကို ရှေ့မဆက်ဘဲ ရပ်ဆိုင်းလိုက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ကြေညာချက်ကို မီဒီယာတွေမှာ တွေ့ရှိရတာကြောင့် သူ့ အနေနဲ့ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်နေရပြီးတော့ ဧရာဝတီမြစ်ဆုံမှာ ရေကာတာဆောက်လုပ်ရေးကို အပြီးအပိုင် ရပ်ဆိုင်းလိုက်မယ်ဆိုရင် တရားဥပဒေကြောင်း အရ ပြဿနာတွေ ဆက်တိုက် ပေါ်ထွက်လာတော့မှာ ဖြစ်တယ်လို့လည်း CPIC ဥက္ကဋ္ဌ Lu Qizhou က၊ ရှင်ဟွာ Xinhua သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ အခုအခါ တတိယနှစ်ထဲ ရောက်ရှိလာပြီဖြစ်တဲ့ ဆယ်နှစ်ကြာမယ့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာ CPIC က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆၀၀ ရင်းနှီးမြှုပ်နှံပြီး ရရှိလာမယ့် လျှပ်စစ်ရဲ့ ၉၀%ကို တရုတ်နိုင်ငံ ယူနန်နယ်ကို ပို့ပေးရမှာမှာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံက ၁၀% ရယူဖို့ ၂၀၀၆ ခုနှစ်က တရုတ်-မြန်မာ နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးထားကြတာ ဖြစ်ပါတယ်။

Source:  VOA

Monday 3 October 2011

အလုပ်လုပ်ခွင့် လက်မှတ်(ကဒ်)သစ်လုပ်ရန် ရက်သတ်မှတ်

ထိုင်းနိုင်ငံ မဲဆောက်မြို့  အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှ အလုပ်သမားသစ်များအတွက် အလုပ်လုပ်ခွင့်လက်မှတ် ပြု လုပ်ရန်၊ အောက်တိုဘာလ (၁)ရက်မှ (၁၂)ရက်အထိ သတ်မှတ်ထားသည်ဟု လက်မှတ်ရရှိရေးကို လိုက်လံဆောင်ရွက်ပေးသူ အလုပ်သမားတဦးကပြောပါသည်။
မဲဆောက်မြို့ ရှိ အလုပ်ရှင်များသည်၊ အလုပ်သမားပြတ်လပ်မှုပြသနာ ဖြစ်လာသည့်အတွက် အစားထိုးနိုင်ရန် တောင်းဆို ရာက အလုပ်သမားရှာဖွေရေးရုံးက လိုက်လျှောပေးရခြင်းဖြစ်ပါသည်။
“ တချို့ အလုပ်သမားတွေဟာ အိမ်ပြန်ကြတာရှိသလို၊ တခြားစက်ရုံတွေကို ပြောင်းသွားတဲ့အလုပ်သမားတွေ လည်းရှိပါတယ်။ ဒီနေရာမှာ ရော့သွားတဲ့ အလုပ်သမားတွေကြောင့် လုပ်ငန်းတွေက လုပ်ငန်းကို ထိခိုက်လာတဲ့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီအတွက် အစားဖြည့်တဲ့ အနေနဲ့ အလုပ်သမားသစ်တွေကို မှတ်ပုံတင်ခိုင်းတာပါ။ အနည်းဆုံးတော့ အလုပ်သမား (၈၀၀၀)လောက် လိုအပ်နေတယ်လို့ အလုပ်သမားရှာဖွေရေးရုံးနှင့် နီးစပ်သူက ပြောပါ တယ်။”

ဘန်ကောက် ၊ ဖန်ငါး ၊ ဇင်းမယ် မှ လုပ်ငန်းရှင်များကလည်း ဈေးကြီးပေး၍ ယာယီနိုင်ငံကူးလက်မှတ် လုပ်စေပြီး ခေါ်နေသည့်အတွက် မဲဆောက်မြို့ ရှိကျွမ်းကျင်သည့် စက်ရုံအလုပ်သမားများ ဆုံးရူံးနေပါသည်။ ဤပြသနာရပ်တန့်ပေး ဖို့ကို လည်း မဲဆောက် အလုပ်ရှင်များက အလုပ်သမားရှာဖွေရေးရုံးကို တောင်းဆိုသော်လည်း မထိရောက်ပေ။
မဲဆောက်မြို့ ရှိ အလုပ်ရှင်များသည်၊ မိမိစက်ရုံ၌ အလုပ်သမား တည်တံ့နေစေရေးအတွက် အလုပ်သမားများကို ၃လ ၊ ၆လ ၊ တနှစ်ဆိုပြီး (၃)ပိုင်းခွဲပြီးမှတ်ပုံတင်စေပါသည်။ မှတ်ပုံတင်ကဒ် ကုန်ကျစရိတ်မှာ (၃)လစာ သက်တမ်းကို (၃၂၅) ဘတ်၊ (၆)လစာကို (၅၅၀)ဘတ်နှင့် တနှစ်စာကို (၁၀၀၀)ဘတ် ကုန်ကျပါသည်။ ဆေးစစ်ခကိုမူ ခါတိုင်း(၁၉၀၀)သာဖြစ်ပါ သည်။အရင်တုန်းက (၃၈၀၀) ဘတ်အစား အခုမဲဆောက်က အလုပ်သမားများ (၂၉၀၀)ဘတ်သာ ကုန်ကျပါသည်။
Labour_02
အလုပ်သမားသစ်များ အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ရန် စောင့်ဆိုင်းစဉ် (ဓါတ်ပုံ - အင်တာနက်)
မဲဆောက်ရှိ အလုပ်သမားများ၏ လုပ်ခမှာ တနေ့ကို(၁၆၂)ဘတ်ဟု အလုပ်သမားရုံးက သတ်မှတ်ပေးထားသော်လည်း လက်တွေ့ ၌ တနေ့ကို (၈၀ - ၉၀ - ၁၂၀)ဘတ်သာပေးပါသည်။ ဤသို့ကြောင့် ဈေးကြီးပေးသော တခြားမြို့ မှ လာ ရောက်ခေါ်ဆောင်သည့် လုပ်ငန်းရှင်များ နောက်ကို ပါသွားနေရခြင်းဖြစ်ပါသည်။
အလုပ်သမားပြတ်လပ်မှုကြောင့် မဲဆောက်အလုပ်ရှင်(၅၀)ခန့်သည် အလုပ်သမားသစ် ရရှိရေးအတွက် မှတ်ပုံတင်အသစ် လုပ်ဆောင်ပေးရန်  ပြီးခဲ့သည့် မတ်လ၌လည်း အလုပ်သမား ရှာဖွေရေးရုံးရှေ့ ၌ ဆန္ဒပြခဲ့ဘူးပါသည်။
Source: ရွှေဟင်္သာသတင်းဌာန

မြစ်ဆုံအရေး တရုတ်အစိုးရ တုံ့ပြန်

ဧရာဝတီမြစ်ဆုံစီမံကိန်းလုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့ပြီး နောက်တနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံကိန်းတွင် ပါဝင်သည့် ကုမ္ပဏီတို့၏ အကျိုးစီးပွားရေးကို ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို တုံ့ပြန် ပြောဆိုလိုက်သည်။

myitsone400
CPI ကုမ္ပဏီ၊ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ အေးရှားဝေါလ် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်သည့် မြစ်ဆုံစီမံကိန်း မြင်ကွင်းတခု
စီမံကိန်းအတွက် နှစ်နိုင်ငံ အပြန်အလှန် ဆွေးနွေး ညှိနှိုင်းပြီးမှ လုပ်ဆောင်ခဲ့ကြောင်း၊ လိုအပ်သော သိပ္ပံဆိုင်ရာ လေ့လာမှုများကို သေချာ ကျနစွာ ဆောင်ရွက်ပြီးမှ စီမံကိန်း စတင်ခဲ့ခြင်း ဖြစ်ကြောင်း စနေနေ့က ထွက်ပေါ်လာသည့် တရုတ် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်က ဆိုသည်။ စီမံကိန်းအား ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသားများ အဆက်မပြတ် ဆန့်ကျင် ကန့်ကွက်နေခြင်းနှင့် ပတ်သက်၍ တစုံတရာ ဖော်ပြထားခြင်းမရှိပေ။

ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ထိုသို့ တုံ့ပြန်သော်လည်း အမေရိကန်အစိုးရကမူ မြန်မာပြည်သူတို့၏ အသံကိုအလေးထားပြီး ထိုသို့ ဆုံးဖြတ်ခြင်းကို ကြိုဆိုသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။

မြစ်ဆုံစီမံကိန်းကို ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်ရန် စီစဉ်ခဲ့ပြီး မေခ၊ မလိခမြစ်များပေါ်ရှိ ရေကာစီမံကိန်းများအတွက် တရုတ်နိုင်ငံက ဒေါ်လာ ဘီလီယံ ၂၀ အထိ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နှင့်မြန်မာ အစိုးရတို့သည် ထိုစီမံကိန်းအတွက်၂၀၀၆ ခုနှစ်တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်း မည်မျှအထိ ပြီးစီးနေကြောင်းကို နှစ်နိုင်ငံ အစိုးရများက ထုတ်ပြန်ခြင်း မရှိသေးပေ။

ဤအတောအတွင်း မြစ်ဆုံဒေသ စီမံကိန်းကို ဦးဆောင်ခဲ့သော တရုတ် China Power Investment (CPI) ကုမ္ပဏီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အစီရင်စာတစောင် ထုတ်ပြန်လိုက်သည်။ ထိုအစီရင်ခံစာတွင်  မြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးကြောင်း၊ ဒေသစီးပွား တိုးတက်လာမည်ဖြစ်၍ စီမံကိန်းကို ဒေသခံ ကချင် လူထု ၈၀ ရာခိုင်နှုန်းကျော်က ထောက်ခံကြောင်း ဖော်ပြထားသည်။ စီမံကိန်းပြီးစီးသည့်အခါ ပြောင်းလဲလာသည့် သဘာ၀၀န်းကျင်အနေအထားကြောင့် ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးလာမည်ဟု ဆိုသည်။

ထိုအစီရင်ခံစာပါ အချက်များကို ကမ္ဘာ့မြစ်များ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ (International Rivers Network - IRN) က လက်ခံခြင်း မရှိပေ။

“အစီရင်ခံစာမှာ ပြောထားတဲ့ ဇီဝမျိုးစိတ်တွေကို နေရာပြောင်းလို့ရတယ် ဆိုတာဟာ မဖြစ်နိုင်တဲ့ကိစ္စပါ၊ ဇီဝ မျိုးစိတ်တွေ၊ ရှားပါးတဲ့ ရေနေ၊ ကုန်းနေ သတ္တ၀ါတွေ၊ အပင် မျိုးစိတ်တွေ စတဲ့ ဂေဟစနစ်တွေကို တနေရာက တနေရာကို ပြောင်းရွှေ့လို့ မရပါဘူး” ဟု IRN မှ ဥပဒေပညာရှင် တရုတ်အမျိုးသမီး Ms. Grace Mang က ဧရာဝတီကို ပြောသည်။

မြစ်ဆုံ စီမံကိန်းများ တည်ဆောက်ရာ၌ အဆင့် ၅ ဆင့် ပါဝင်ပြီး ၎င်းတို့ ရရှိသည့် မှတ်တမ်းများအရ အဆင့် ၂ ဆင့် ပြီးမြောက်နေပြီဟု သိရကြောင်း၊  CPI ကုမ္ပဏီက  နောက်ဆုတ်ပေးရန် အလားအလာမရှိကြောင်း သူက ရှင်းပြသည်။

မြန်မာပြည်မှ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ဦးအုန်းကလည်း CPI ကုမ္ပဏီ၏ အစီရင်ခံစာကို ရေးသား ထုတ်ပြန်သူများသည် ပညာရှင် အစစ်အမှန်များ မဟုတ်ဘဲ ကုမ္ပဏီ ကိုယ်စားပြုသူများသာ ဖြစ်သည့်အတွက် ထိုသို့ တာဝန်မဲ့ စကားပြောဆိုခြင်း ဖြစ်သည်ဟု သုံးသပ်လိုက်သည်။

“မြစ်ဆုံတ၀ိုက်မှာ ရှားပါးမျိုးစိတ် ရာချီရှိတယ်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှု ပမာဏများတယ်၊ ဒါ့အပြင် တရုတ်(နိုင်ငံ)ရဲ့လုပ်ရပ်ဟာ မြန်မာတွေရဲ့ ယဉ်ကျေးမှု၊ ရိုးရာဒေသ ဓလေ့တွေပါ စော်ကားတဲ့ သဘောပါပဲ၊ ကျနော် နောက်ဆုံးပြောချင်တာကတော့ မြစ်ဆုံတ၀ိုက်ကို တရုတ်တပြည်လုံးနဲ့ မလဲနိုင်ဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဦးအုန်းက ဧရာဝတီကို ပြောသည်။

 မြစ်ဆုံစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးနိုင်မည့်ပမာဏ ကြီးမားသည်ဟု တရုတ်ပညာရှင် အစစ်အမှန်များက လေ့လာ သုံးသပ်ထားပြီးဖြစ်ကြောင်း  ဦးအုန်းက ဆက်လက် ရှင်းပြသည်။

တရုတ်နိုင်ငံခြားရေးဌာန၏ တုံ့ပြန်ချက် စနေနေ့တွင် ထွက်ပေါ်လာသော်လည်း သမ္မတဦးသိန်းစိန်၏ အကြံပေးတဦးဖြစ်သူ ဒေါက်တာနေဇင်လတ်ကမူ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ဖွယ်မရှိဟု ဆိုသည်။

စီမံကိန်းနှင့်ပတ်သက်၍ နှစ်နိုင်ငံအစိုးရအကြား လုပ်ထုံးလုပ်နည်းအရ ဆွေးနွေးမှုများရှိကြောင်း၊ ရေရှည်အရ  ကောင်းသည့်ဘက်ကိုသာ ဦးတည်မည် ဖြစ်ကြောင်း၊ တရုတ်ကုမ္ပဏီများ နှင့် မြန်မာအစိုးရကြား ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဒေါက်တာနေဇင်လတ်က ဘီဘီစီ သတင်းဌာနကို ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း စီမံကိန်းကို လက်ရှိအစိုးရသက်တမ်းတွင် ဆိုင်းငံ့ထားမည်ဟုသာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အစိုးရအဖွဲ့ဆိုတာက တဖွဲ့နဲ့တဖွဲ့က မူဝါဒတွေ မတူပါဘူး၊ ဒီတော့ နောက်လာမယ့် အစိုးရက ဆက်လုပ်မယ် မလုပ်ဘူး ဆိုတာတော့ မသိပါဘူး” ဟူသော ဒေါက်တာနေဇင်လတ်၏ ပြောဆိုချက်ကို ဘီဘီစီမြန်မာပိုင်းက  ယနေ့ နံနက်ပိုင်းတွင် ထုတ်လွှင့်သွားသည်။

တရုတ်အစိုးရသည် ၎င်းတို့၏ စွမ်းအင်လိုအပ်မှုအတွက် မြန်မာနိုင်ငံတွင် ရေအား လျှပ်စစ်စီမံကိန်းများ စီစဉ်နေရုံသာမက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့်  သဘာဝဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကဲ့သို့သော စီမံကိန်းကြီးများကို ဒေါ်လာ ဘီလီယံ ဆယ်ချီ၍ ရင်းနှီးမြှုပ်နှံထားသည်။

တရုတ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၈၀ ရာခိုင်နှုန်းကျော်အတွက် အရှေ့အလယ်ပိုင်းဒေသမှ ရေနံကို ပင်လယ်ဓားပြ ထူထပ်သည့် မလက္ကာရေလက်ကြားကို ဖြတ်ကာ တင်သွင်းနေရသည့် ကုန်ကျစရိတ် များသည့်အပြင် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

ကျောက်ဖြူဆိပ်ကမ်းစီမံကိန်းပြီးစီးသွားပါက မလက္ကာရေလက်ကြားကို ဖြတ်ရန် မလိုတော့ဘဲ ရေနံကို ကျောက်ဖြူ ဆိပ်ကမ်း ကြားခံထား၍ တင်သွင်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ရခိုင်ကမ်းလွန်ဒေသမှ သဘာဝဓာတ်ငွေ့ အများအပြား ကိုလည်း တရုတ်နိုင်ငံက နှစ် ၃၀ ထုတ်ယူရန် မြန်မာအစိုးရနှင့် စာချုပ် ချုပ်ထားပြီးဖြစ်သည်။

ကျောက်ဖြူစီမံကိန်းသည် တရုတ်နှင့်မြန်မာအစိုးရတို့ အတွက် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး  မဟာဗျူဟာကျသည့် စီမံကိန်းဖြစ်သည့်အပြင် သဘာဝဓာတ်ငွေ့စီမံကိန်း၊ အမြန်ရထားလမ်း စီမံကိန်းတို့သည်လည်း နှစ်နိုင်ငံ အစိုးရ၏ အကျိုးစီးပွားအတွက် အရေးပါသည်ဟု ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု ဆန့်ကျင်ရေးအဖွဲ့ တာဝန်ခံ ကိုဝင်းအောင်က ဧရာဝတီကို ပြောသည်။

ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ဆက်စပ်နေသော ရေနံသိုလှောင်ရုံ၊ သဘာဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့်  ဓာတုစက်ရုံများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု၊ ဒေသခံတို့၏ ထိခိုက်နစ်နာမှုများ ကြီးမားသော် လည်း ထိုကိစ္စကို ပြည်သူများ သိခွင့် မရကြောင်း ကိုဝင်းအောင်က ဆိုသည်။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း စာချုပ်အရ စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့အားလုံးကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဟု သိရသည်။

ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့ ၁၀၀ ကုဗမီတာအား အစိုးရ၏ လုပ်ငန်းများ၊ အစိုးရနှင့် နီးစပ်သည့် ကုမ္ပဏီများ အတွက် အသုံးပြုသွားရန်ရှိကြောင်း ကိုဝင်းအောင်က ပြောသည်။
Source: ဧရာဝတီ

ကန့်သတ်ချက်များသည့် တရားဝင် နိုင်ငံခြားငွေလဲကောင်တာ စဖွင့်

မန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကဘဏ် ၆ ခုက နိုင်ငံခြားငွေလဲ ကောင်တာများကို ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် အောက်တိုဘာ ၁ ရက်နေ့မှ စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း ကန့်သတ်ချက် များပြားလွန်းနေကြောင်း သိရသည်။

thein-pyi
သိမ်ဖြူ နိုင်ငံခြားငွေလဲစင်တာမှ ကောင်တာတခု မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
“သိမ်ဖြူ နိုင်ငံခြားငွေလဲလှယ်ရေး စင်တာ” အမည်ရှိ အဆိုပါ ငွေလဲလှယ်ရာ ဌာနတွင် သတ်မှတ်ပမာဏထက် ကျော်လွန်သော နိုင်ငံခြားငွေ လဲလှယ်သူများစာရင်းကို ပြည်ထဲရေး ၀န်ကြီးဌာနထံ တိုက်ရိုက် အစီရင်ခံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေများကို လဲလှယ်ကြရာတွင် ၀င်ငွေရရှိခဲ့သည့် နည်းလမ်းနှင့် သက်သေခံ လက်မှတ်များ ပြသရန်လည်း စည်းကမ်း သတ်မှတ်ထားသည်ဟု သူက ဆိုသည်။

“ကျပ် သိန်းတထောင်နဲ့အထက် ဒေါ်လာ လာဝယ်တဲ့သူတွေ၊ ဒေါ်လာ တသောင်းနဲ့အထက် ရောင်းချင်တဲ့ သူတွေကို မှတ်တမ်းတင်ပြီး ချက်ချင်း ပြည်ထဲရေးဝန်ကြီး ဌာနဆီ သတင်းပို့ရမယ်။ အဓိက ငွေမည်း ခ၀ါချတွေမဖြစ်အောင်ပါ” ဟု နိုင်ငံခြားငွေ လဲလှယ်ခွင့်ရထားသည့် အင်းဝဘဏ်မှ တာဝန်ရှိသူတဦးက ပြောသည်။

နိုင်ငံခြားငွေ လာရောင်းဝယ် သူတိုင်း မြန်မာနိုင်ငံသားဖြစ်ပါက မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားသားဖြစ်ပါက နိုင်ငံကူး လက်မှတ် ပြရမည်ဖြစ်ကာ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် မိတ္တူယူထား၍ ကွန်ပျူတာ စာရင်းသွင်းမည်ဖြစ်ကြောင်း၊ ဒေါ်လာ အရောင်းအ၀ယ် လုပ်သူတိုင်း လက်မှတ်ထိုး ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါငွေလဲစင်တာတွင် FEC၊ ယူရိုငွေ၊ စင်ကာပူဒေါ်လာနှင့် အမေရိကန်ဒေါ်လာတို့ကို လဲလှယ်ရောင်းဝယ်မည်ဖြစ်ပြီး နေ့စဉ်ဈေးနှုန်း ပြောင်းလဲသတ်မှတ် ရောင်းဝယ်သွားမည် ဖြစ်ကြောင်း၊ FEC ကို အများပြည်သူအားလုံး ကန့်သတ်ချက် မရှိ လဲလှယ်ရောင်းဝယ်နိုင်ကြောင်း သိရသည်။

ယင်းငွေလဲစင်တာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို သတ်မှတ်ထားရာ အောက်တိုဘာလ ၂ ရက်နေ့က FECတယူနစ် ၀ယ်ဈေး ၈၃၀ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ အမေရိကန်တဒေါ်လာ ၀ယ်ဈေး ၈၃၀ ကျပ်၊ ရောင်းဈေး ၈၃၄ ကျပ်၊ တယူရိုလျှင် ၀ယ်ဈေး ၁၀၈၀ ကျပ်၊ စင်ကာပူတဒေါ်လာလျှင် ၀ယ်ဈေး ၆၃၅ ကျပ် ဖြစ်သည်။

ပုဂ္ဂလိက ဘဏ် ၆ ခုက ဖွင့်လှစ်ထားသော ငွေလဲကောင်တာများတွင် ကန့်သတ်ချက်များ ရှိနေသောကြောင့် တရားမ၀င် နိုင်ငံခြားငွေကြေး ဈေးကွက် ဆက်လက်ရှင်သန်နေဦးမည် ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသမား များက ပြောသည်

“၀င်ငွေရလမ်း ပြရမှာတို့ဘာတို့ ကန့်သတ်ချက်တွေက ရှိနေတော့ တရားမ၀င်ဈေးကွက်က ဆက်ပြီးရှိနေမှာပါ။ ငွေလဲတဲ့ ဈေးနှုန်းကတော့ တရားဝင်ဈေးကွက်နဲ့ တရားမ၀င်ဈေးကွက် တူလိမ့်မယ်။ တရားဝင်ဈေးကွက်က လွတ်လပ်မှုမရှိတော့ တရားမ၀င် ဈေးကွက်က အများကြီးအားသာ နိုင်တယ်။ ပိုပြီး အလုပ်ဖြစ်နေဦးမယ်” ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ အင်းဝဘဏ်၊ မြ၀တီဘဏ်၊ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စုစုပေါင်း ဘဏ် ၆ ခုကို နိုင်ငံခြားငွေလဲလှယ် ရောင်းဝယ်ခွင့် လိုင်စင်များ ချထားပေးခဲ့သည်။

Source: ဧရာဝတီ

Sunday 2 October 2011

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမှု တရုတ်ဆွေးနွေးလို

မြန်မာနိုင်ငံရဲ့ မြစ်ဆုံစီမံကိန်းကိစ္စ ရပ်ဆိုင်းလိုက်ပြီလို့ သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်တဲ့နောက် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ တရုတ်နိုင်ငံဘက်ကတော့ တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ဥပဒေရပိုင်ခွင့်ကို လေးစားဖို့နဲ့ အကာအကွယ်ပေးဖို့ တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်ကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့အရေး စောင့်ကြည့်သူတွေကတော့ နောက်နောင်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ သိသာပွင့်လင်းတဲ့ လုပ်ထုံးလုပ်နည်း ဥပဒေစည်းမျဉ်းတွေ မြန်မာ အစိုးရဘက်က ချမှတ်ထားဖို့လိုအပ်မယ်လို့ ပြောပါတယ်။ ကိုသားညွှန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။
အခု မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ပေါ်လာတဲ့ပြဿနာတွေကို နှစ်နိုင်ငံအကြားမှာ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဌာနက စနေနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒေါ်လာ ၃.၆ ဘီလီယံ တန်ဖိုးရှိတဲ့ ဒီမြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံစလုံး အသေအချာ ဆန်းစစ်လေ့လာပြီးမှ နှစ်ဘက် သဘောတူညီခဲ့တာဖြစ်လို့ ဒီကိစ္စကို ဆက်လုပ်မလုပ်ဆိုတာ နှစ်ဘက်စလုံးရဲ့ သဘောနဲ့ တိုင်ပင်ဆုံးဖြတ်ရမယ် ဆိုတဲ့သဘော တရုတ်နိုင်ငံခြားရေးဘက်က တုံ့ပြန်လိုက်တာပါ။ တရုတ်အမျိုးသားပိုင် ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားနဲ့ ရပိုင်ခွင့်တွေကို လေးစားဖို့ လိုအပ်တယ်လို့လည်း တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူက မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။
မြစ်ဆုံဆည်စီမံကိန်းဟာ နှစ်ဘက်စလုံး နှံ့နှံ့စပ်စပ် ဆန်းစစ်ပြီးမှ တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ ပူးတွဲ ရင်းနှီးမြှုပ်နှံလုပ်တဲ့ စီမံကိန်းဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ပြောခွင့်ရသူ ဟုန်လီ (hong lei) ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်တာဖြစ်ပါတယ်။ မြန်မာ့အရေး သုံးသပ်သူ ဦးအောင်ခင်ကတော့ တရုတ်နိုင်ငံအနေနဲ့ သူ့အကျိုးစီးပွားကြောင့် မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေနေတယ် ဆိုတာကိုတော့ သဘောပေါက်သင့်တယ်လို့ သူ့အမြင်ကို ပြောသွားပါတယ်။ အခု ပြဿနာကြောင့်တော့ တရုတ်-မြန်မာ ဆက်ဆံရေးကို ကြီးကြီးမားမား ထိခိုက်စရာမရှိဘူးလို့ သူက သုံးသပ်ပါတယ်။

“နိုင်ငံခြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ မူဝါဒ တရုတ်မှာရှိတယ်။ အရင်တုန်းကတော့ နိုင်ငံခြားမှာနေတဲ့ တရုတ်တွေဟာ နိုင်ငံခြားဥပဒေကိုပဲ လိုက်နာရမယ်ဆိုပြီး ရှိခဲ့တယ်။ နောက်ပိုင်း အခုခေတ် တရုတ်ကတော့ အဲဒီလိုမဟုတ်ဘူး။ နိုင်ငံခြားမှာရှိတဲ့ တရုတ်အကျိုးစီးပွားကို ကာကွယ်ရမယ်လို့ သူက ဆိုတယ်။ ဒါပေမဲ့ အခု ဒီကိစ္စက တရုတ်အကျိုးစီးပွားကြောင့်  မြန်မာအကျိုးစီးပွား ပျက်စီးမယ့်ကိစ္စကို သူတို့ ထည့်စဉ်းစားဖို့လိုတာပေါ့။ သူ့အကျိုးစီးပွားချည်းပဲ တဘက်ကကြည့်နေတယ်။ တရုတ်က အဲဒီအကျင့်ရှိတယ်။ ကိုယ့်လိုချင်တာတခုပဲ ကြည့်ပြီး စီးပွားရေးဆန်ဆန်ပေါ့လေ သူများဘာဖြစ်ဖြစ် ဆိုပြီးတော့ပေါ့။ တရုတ်ပြည်မှာ ဒီ စရိုက်လက္ခဏာ အလွန်ကြီးမားတယ်။”
အဲဒီတော့ အခု မြန်မာအစိုးရသစ်နဲ့ တရုတ်နဲ့ကြားထဲမှာ ဆက်ဆံရေးပိုင်းမှာ ဒီကိစ္စကြောင့် ဘယ်လို ဖြစ်လာနိုင်လဲခင်ဗျ၊ အန်ကယ့်အမြင်ပေါ့။ -
“စီးပွားရေးနဲ့ပတ်သက်လို့ကတော့ သူတို့ အပေးအယူရှိတာပေါ့လေ။ ဆက်ဆံရေးက အများကြီး ရှိသေးတာကိုး။ ဒီရေကာတာတခုတည်းမှ မဟုတ်ဘဲ။ ရေနံပိုက်လိုင်းလို မြန်မာပြည်က ရစရာတွေ ရှိသေးတာကိုး။ အဲဒီတော့ တရုတ်ကတော့ ဆက်ဆံရေးတော့ အပျက်ခံမှာမဟုတ်ဘူး။ ရေကာတာတွေ မရလို့ရှိရင် ယူနန်ကတော့ ထိခိုက်မှာပေါ့။ လောလောဆယ် ယူနန်နဲ့ ဆက်ဆံရေးပဲ။ တရုတ်အစိုးရကတော့ ဆက်ဆံရေး မထိခိုက်အောင် သူ လုပ်မှာပေါ့။ လောလောဆယ် ပြဿနာဖြစ်နေတာက ယူနန်က ကုမ္ပဏီတွေနဲ့ပဲ ဖြစ်မှာပေါ့။”
မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတာကြောင့် တရုတ်-မြန်မာဆက်ဆံရေး ကြီးကြီးမားမား ထိခိုက်မှာ မဟုတ်ဘူးလို့ ဦးအောင်ခင်က ယူဆပေမဲ့ မြန်မာ့အရေးလေ့လာသူ သုတေသီ ဦးသန့်မြင့်ဦးကတော့ ဒီကိစ္စအပေါ်မှာ မြန်မာဘက်က သတိကြီးကြီးတော့ ထားရမယ်လို့ မြင်ပါတယ်။ ဗွီအိုအေရဲ့ အမေးကို သူက စာနဲ့ပဲ တုံ့ပြန်ထားရာမှာတော့ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အလျင်အမြန် တိုးတက်အားကောင်း လာတဲ့ နိုင်ငံဖြစ်တာမို့ သူ့အိမ်နီးချင်းနိုင်ငံ တနိုင်ငံအဖြစ်နဲ့ မြန်မာဘက်ကရလာနိုင်မယ့် အကျိုးအမြတ် တွေကိုလည်း ရယူဖို့အတွက် တရုတ်နဲ့ဆက်ဆံရေး ဆက်ကောင်းနေဖို့ လိုမယ်လို့ သူက ပြောပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့  မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ နိုင်ငံရေး အပြောင်းအလဲတရပ်အဖြစ် မှန်ကန်တယ်လို့ သူက ရှုမြင်ထားပါတယ်။ တဘက်မှာတော့ တရုတ် အစိုးရဘက်က ဒီကိစ္စကို စိုးရိမ်ပြီး ဖြေရှင်းချက် လိုချင်တဲ့အပေါ်မှာလည်း နားလည်လို့ရတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့်လဲ အခုအချိန်ရော အနာဂါတ်ကာလအတွက် ရင်းနှီးမြှုပ်နှံမှု အားလုံးအတွက် လိုအပ်တဲ့ ဥပဒေ စည်းမျဉ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးတွေ ထားရှိဖို့နဲ့ တချိန်တည်းမှာ ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိဖို့၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့  အကျိုးစီးပွားကို အကာအကွယ်ပြုပေးဖို့ ဆိုတာတွေလည်း ထည့်သွင်းစဉ်းစားဖို့ ဦးသန့်မြင့်ဦးက တိုက်တွန်းပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းဟာ တရုတ်စွမ်းအင် ရင်နှီးမြှုပ်နှံမှုကုမ္ပဏီ၊ မြန်မာအမှတ် (၁) လျှပ်စစ်ဝန်ကြီး ဌာနနဲ့ မြန်မာပုဂ္ဂလိကပိုင်း အေးရှဝေါလ် ကုမ္ပဏီတို့ ပူးတွဲရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒီ စီမံကိန်းကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖော်ဆောင်ခဲ့တာပါ။
မြန်မာပြည်တွင်းက အထင်ကရပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ အနုပညာရှင်တွေ၊ နိုင်ငံရေးအစုအဖွဲ့တွေက ဒီစီမံကိန်းကို မကြာခင်က  ကန့်ကွက်ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ဖြစ်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန်က ဒီစီမံကိန်းကို သူ့လက်ထက်မှာ ယာယီ ရပ်ဆိုင်းထားလိုက်ပြီလို့ တနေ့ကပဲ လွှတ်တော်မှာ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။
Source: DVB

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes