Showing posts with label ၁၂။ ဟာသ. Show all posts
Showing posts with label ၁၂။ ဟာသ. Show all posts

Wednesday, 10 August 2011

ကိုထုံနှင့် သူ၏ ဟာသများ



**1.**
*အင်တာဗျူးတစ်ခုတွင်….*
*မန်နေဂျာ။ ။ မင်းရဲ့မွေးနေ့ ပြောပါ။*
*ကိုထုံ ။ ။ အောက်တိုဘာ ၁၃ပါ။*
*မန်နေဂျာ။ ။ ဘယ် ခုနှစ်လဲ?*
*ကိုထုံ ။ ။ နှစ်တိုင်း...*

**2.**
*နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်…*
*“ငါက နိုင်ငံခြားသားနဲ့များ တူနေလား”*
*“တူပါဘူး၊ ဘာလို့ လဲ”*
*“လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို*
*နိုင်ငံခြားသားလားလို့ လာမေးနေလို့”*

**3.**
*အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်….*
*အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ*
*မွေးဖွားခဲ့ဘူးသလား?*
*ကိုထုံ ။ ။ ဟင့်အင်း…ဒီရွာမှာကတော့ ကလေးလေး တွေပဲမွေးတာ...*

**4.**
*စာသင်ခန်းအတွင်း၌ဖြစ်သည်…*
*ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ*
*ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ*
*ကိုတော့ ကျနော် မသိပါဘူး။*

**5.**
*ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။*
*ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက…*
*“မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ…ဖယ်စမ်း ငါမောင်းမယ်၊*
*ဒီမှာလာထိုင်”*

**6.**
*အင်တာဗျူးတစ်ခုတွင်….*
*မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့*
*စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါ**တော့၊ မင်းဘာဆက်လုပ်မလဲ?*
*ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊*

**7.**
*ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ*
*သူငယ်ချင်း ။ ။ ဘာလို့ လဲ?*
*ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို…သူ့က ထီးကအသစ်ကြီးနော်*
*လို့ပြန်ပြောတယ်လေ...*

**8.**
*စာသင်ခန်းအတွင်း၌ဖြစ်သည်…*
*ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ*
*ကိုထုံ ။ ။ မြင်းကျား*
*ဆရာ ။ ။ ဘာလို့လဲ?*
*ကိုထုံ ။ ။ သူက အဖြူအမဲ ပဲရှိသေးတယ်လေ…*

**9.**
*ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်….*
*မန်နေဂျာ။ ။ မင်း MS office ကို သိသလား?*
*ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ကျွန်တော်ရအောင်ရှာသွားလိုက်ပါ့မယ်…*

**10.**
*စာသင်ခန်းအတွင်း၌ဖြစ်သည်…*
*ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ*
*ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့်*
*ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။*

တွေးတွေးပြီးရယ်



(၁)
“ရထားဖြတ်သွားတိုင်း ကျွန်မတို့အိမ်က ကုတင်ကလှုပ်နေတတ်တယ်” ဟု အမျိုးသမီးတစ်ဦးက အိပ်ရာကုတင် ရောင်းသောသူကို ဖုန်းဆက်သည်။ ထိုလူလာရောက် စစ်ဆေးသောအခါ ထိုလူအား ကုတင်ပေါ်တွင် လဲလှောင်းစေပြီး ရထားလာချိန်တွင် ကုတင်လှုပ်မလှုပ် ကိုယ်တွေ့စမ်းသပ်ခိုင်းသည်။ ထိုလူကုတင်ပေါ်လှဲအချတွင် အမျိုးသမီး၏ယောက်ျားပြန်အလာနှင့် တိုးသည်။
“ကျုပ်မိန်းမ ကုတင်ပေါ်မှာ ခင်ဗျားဘာလုပ်နေသလဲ”ဟု မေးရာ ထိုလူက
“ကျွန်တော် ရထားစောင့်နေတယ်လို့ ပြောရင် ခင်ဗျားယုံမလား” ဟု ပြန်ဖြေသည်။
အမှန်ပြောသောစကားအချို့သည် လိမ်နေသည်နှင့်တူပြီး လိမ်ပြောသောစကားအချို့သည် သံသယမရှိ ယုံကြည်စေတတ်သည်။

(၂)
တစ်ခါက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရထားပေါ်တွင် ဆုံကြသည်။ အမျိုးသမီးက အမျိုးသားအား မြူဆွယ်ချင်သောကြောင့် သူမ အလွန်ချမ်းကြောင်းပြောသည်။ အမျိုးသားက သူ၏စောင်ကို အမျိုးသမီးအား ခြုံစေသည်။ စောင်ခြုံထားသော်လည်း သူမ ချမ်းနေသေးကြောင်း အမျိုးသမီးက ပြောပြန်သည်။
“ဒါဆို ကျွန်တော်ဘယ်လို ကူညီရမလဲ” အမျိုးသားမှာ စိတ်မသက်မသာဖြင့် ပြောသည်။
“ကျွန်မ ငယ်ငယ်ကဆို အမေက သူ့ကိုယ်ငွေ့နဲ့ ကျွန်မကိုနွေးစေတယ်”
“ဒီလိုဆို ကျွန်တော်ဘယ်လိုမှ မကူညီနိုင်ပါဘူး ခင်ဗျား.. ကျွန်တော် ရထားပေါ်ကခုန်ချပြီး ခင်ဗျားအမေကို လိုက်ရှာလို့မှ မဖြစ်နိုင်တာ”
အခြေအနေကို သိနားလည်သောယောက်ျားသည် ယောကျာ်းကောင်းဖြစ်ပြီး အခြေအနေကို မသိနားမလည်သော ယောကျာ်းသည် ယောက်ျားမြတ်ဖြစ်သည်။

(၃)
Franklin Delano Roosevelt အမေရိကန်သမ္မတမဖြစ်ခင် နေအိမ်အခိုးခံရဖူးသည်။ သူငယ်ချင်းများက အကျိုးအကြောင်း လာရောက်မေးမြန်းကြသည်။ Rooseveltက ဤသို့ ပြန်ဖြေလေသည်။
“လာရောက်မေးမြန်းကြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာမှမဖြစ်တဲ့အပြင် ကျွန်တော်စိတ်က တည်ငြိမ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူခိုးဟာ ကျွန်တော်ရဲ့ပစ္စည်းတွေ ခိုးသွားပေမဲ့ အသက်ကို ရန်မရှာခဲ့ဘူး။ ပစ္စည်းတွေခိုးသွားပေမဲ့ အကုန်လုံးကို ခိုးမသွားခဲ့ဘူး။ ကျွန်တော် ဝမ်းအသာဆုံးက သူခိုးဟာ တခြားလူဖြစ်ပြီး ကျွန်တော်ကိုယ်တိုင် မဟုတ်လိုပါပဲ”

(၄)
Winston Churchill (British Prime Minister 1874-1965) တစ်ခါကဟောပြောပွဲတွင် စင်အောက်မှ လူတစ်ဦးသည် သူ့အား စာတစ်စောင်လှမ်းပေးလေသည်။ စာထဲတွင် (လူပြိန်း) ဟုသာရေးထားသည်။ စင်အောက်တွင် သူ့အား ကန့်ကွက်မည့်သူများ သူ့ကိုအရှက်ကွဲစေရန် လုပ်လိုက်ကြောင်း သူသိလိုက်သည်။ Churchill မှာ ဘာမှ မဖြစ်သည့်ပုံစံဖြင့်....
“ကျွန်တော် စာတစ်စောင်ရလိုက်တယ်။ စာရေးသူဟာ စာထဲမှာ အကျိုးအကြောင်းရေးဖို့မေ့ပြီး သူ့နာမည်ပဲရေးထားတယ်” ဟုပြောသည်။
သူသည် စိတ်မဆိုးသည့်အပြင် ဟာသနှောပြီး တစ်ဖက်လူအား အလိမ္မာနည်းဖြင့် အနိုင်ယူလိုက်ခြင်းဖြစ်သည်။
စာရေးစမှာ ဘာသာပြန်ထားတာလေးပါ... စာလုံးပေါင်းအမှားတွေပြင်ပြီး FB မှာ ပြန်တင်လိုက်ပါတယ်။ အခုချိန်မှာ ပြန်ဖတ်ကြည့်မှ အဲဒီတုန်းက စာလုံးပေါင်းတွေ၊ ဝါကျတွေ တော်တော်မှားခဲ့မှန်းသိရပါတယ်။ အခုထိလည်း မှားနေဆဲပါပဲ....း)

နိုင်းနိုင်းစနေ

Wednesday, 11 May 2011

တွေးတွေးပြီးရယ်

ဂျပန်ငလျင်ကြောင့် နျူးကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတော့ တရုပ်ပြည်နေရာအများအပြားမှာ "ဆား" လုပွဲတွေဖြစ်ခဲ့ရပါတယ်။ ဆားထဲပါတဲ့အိုင်အိုဒင်းဓာတ်က နျူးကလီးယားအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ် ဆိုလို့ဘဲဖြစ်ပါတယ်။ ဆားလုပွဲအကြောင်းကို တရုပ်ပြည်သူတစ်ချို့က လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ ဆား အကြောင်းတွေကို ဟာသလို၊ ပုံပြင်လို၊ သံချပ်လို အမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြပါတယ် အဲဒီထဲက ဟာသတစ်ချို့ကို မလေးရှားနိုင် လမ်းသစ်ဂျာနယ် ထဲမှာ ဘာသာပြန်ဖေါ်ပြထားတာကို တဆင့်ပြန်လည်မျှဝေ လိုက်ပါတယ်။


(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူးကလီးယားမလာသေးဘူး၊ ဆားကုန်သွားလို့ဖြစ်တယ်။ 
လောကမှာ အနာကျင်ဆုံးကဘာလဲ?
နျူးကလီးယားလာပြီး ဆား အသုံးမ၀င်တော့တာဖြစ်တယ်။
လောကမှာ အနာ့ အနာကျင်ဆုံးကဘာလဲ?
ပိုက်ဆံတွေအားလုံး ဆား ၀ယ်လိုက်ပြီး ဆန်ဝယ်ဖို့ ပိုက်ဆံမရှိတာဖြစ်တယ်။
လောကမှာ အနာ့ အနာ့ အနာကျင်ဆုံးကဘာလဲ?
ဆား စားလို့ လူက ငန်သေသွားပြီး ဆားက သုံးလို့မကုန်သေးတာဖြစ်တယ်...။

(၂)
မ- ကားရှိလား ?
ကျား - မရှိဘူး။ 
မ - အိမ်ရှိလား ?
ကျား -  မရှိဘူး။
မ - ဘဏ်စာအုပ်ရှိလား ?
ကျား - မရှိဘူး။
မ -  ဒါနဲ့များ ကျွန်မကိုချစ်ချင်သေးတယ် ။
ကျား - ကျွန်တော့မှာ ဆား ရှိတယ်။
မ -  အိုကေ! .... ချစ်စေ....။

(၃)
သနားစရာ ဂျပန်တွေ
ငလျင်လှုပ်လို့ လူတစ်ချို့သေကုန်တယ်။ 
ဆူနာမီကြောင့် တချို့သေပြန်တယ်။
နျူးကလီးယားငွေ့ကြောင့် တစ်ချို့သေပြန်တယ်။
အသက်ရှင်ကျန်ရစ်တဲ့ဂျပန်တွေက တရုပ်တွေ ဆား လုတာကိုတွေ့လို့ 
ရယ်ရတာ အူတက်ပြီး တချို့သေပြန်တယ်။

(၄)
ဂျပန်ငလျင်ပြီးနောက်ရက် လူ ၃ ယောက်သေပြီး နတ်ပြီရောက်သွားခဲ့တယ်။
အဲဒီလူတွေက ဂျပန်၊ ကိုးရီးယားနဲ့ တရုပ်တို့ဖြစ်ကြတယ်။
သူတို့ ၃ ယောက်ကို နတ်မင်းကြီးက မေးတယ်။
နတ်မင်းကြီး - "မင်းတို့ဘယ်လိုသေကြတာလဲ?"
ဂျပန် -  "ဆူနာမီကြောင့်သေတာပါ။"
ကိုးရီးယား -  "နျူးကလီးယားကြောင့်သေတာပါ။"
တရုပ်-  "ဆားစားလို့ ငန်ပြီးသေတာပါ။ "

ရယ်ရွှင်ခြင်းဖြင့် အသက်ရှည်နိုင်ပါ။
ဗိန္ဒုမောင်           

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes