Saturday 7 December 2013

832 နှစ် မှ တစ်ခါသာကြုံရတဲ့ မြန်မာပြက္ခဒိန်

2013 ဒီဇင် ဘာလဟာ တနင်္ဂနွေ ငါးကြိမ် တနင်္လာ ငါးကြိမ် အင်္ဂါ ငါးကြိမ် စုံတဲ့ လပါ။ နှစ်ပေါင်း 823 နှစ်မှ တစ်ခါ ကြုံရတာပါတဲ့။ နောက်ပြီး……ဒီလိုနေ့ …………… 11 ရက် *12 လ *13 ခုနှစ်*…………… ဆိုတဲ့ ငယ်စဉ်ကြီးလိုက် ဂဏန်းလေးတွေကို လှပစွာ တွေ့မြင် ရတဲ့ လ တစ်လ ပါ။ အရင် နှစ်တွေက 1.2 .03………………2003 ခုနှစ် 2.3.04……………….2004 3.4.05………………..2005 4.5.06…………………2006 5.6.07…………………2007 6.7.08…………………2008 7.8.09…………………2009 8.9.10…………………2010 9.10.11………………2011 10.11.12…………….2012 ဆိုတဲ့ အစဉ်အတိုင်း ဖြစ်နေတဲ့နေ့ရက် တို့ကို ကျွန်မတို့ဖြတ်သန်းခဲ့ကြပြီးပါပြီ လာမယ့် 11.12.13…………………2013ခုနှစ်ကို ကို ပျော်ပျော်ပါးပါး ဖြတ်သန်းကြတာပေါ့……………

ဝါတာပိုလိုအဖွင့်ပွဲ မြန်မာကို ထိုင်းဂိုးပြတ်နိုင်

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဝါတာပိုလို အားကစားနည်း အဖွင့်ပွဲစဉ်ကို ဒီဇင်ဘာ ၆ရက်နေ့က ဇေယျာသီရိ ရေကူးကန်တွင် ကျင်းပခဲ့ရာ ထိုင်းအသင်း က မြန်မာအသင်းကို ၂၂ ဂိုး သုံးဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

SEA Games ပြိုင်ပွဲတွင်ပါဝင်သည့် အားကစားနည်း ၃၃ မျိုးအနက် ဒုတိယမြောက် အားကစားပွဲစဉ် အဖြစ် ကျင်းပခြင်းလည်း ဖြစ်သည့် ယင်းပြိုင်ပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်း၏ တစ်ဖက်သတ် ဖိအားပေးခြင်း ခံခဲ့ရပြီး ဂိုးပြတ်ရှုံးခဲ့ရခြင်းလည်း ဖြစ်သည်။

မြန်မာအသင်းအတွက် ချေပဂိုး များကို သန်းထွဋ်၊ အောင်မင်းထွဋ်နှင့် တိုးတိုးတို့ က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာဝါတာပိုလို အသင်းသည် SEA Games ပြိုင်ပွဲသမိုင်း တစ်လျှောက် ယင်းအားကစားကို ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် တစ်ကြိမ် ယှဉ်ပြိုင်ခဲ့ ဖူးပြီး ယခု ၄၄ နှစ်အကြာ၌ အိမ်ရှင်အဖြစ် ကျင်းပသည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ တွင် ဒုတိယအကြိမ် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာအသင်းသည် ဒီဇင်ဘာ ၇ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၉ ရက်နေ့တွင် မလေးရှား အသင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စင်ကာပူအသင်းတို့နှင့် ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

27th SEA GAMES နောက်ဆုံးသတင်းနှင့်ရိုးရာခြင်းလုံးပွဲအစအဆုံးအစီစဉ်

MEDAL TALLY

CountryGoldSilverBronze
Myanmar
610
Thailand
221
Vietnam
111
Malaysia
108
Cambodia
022
Laos
022
Indonesia
010
Philippines
010
Singapore
001
Brunei
000
Timor-Leste
000
Last Updated - 7/12/2013 13:00
27th SEA GAMES နောက်ဆုံးသတင်း

ရိုးရာခြင်းလုံးပွဲအစအဆုံးအစီစဉ်ကိုဒီထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါသည်

http://www.mrtv.gov.mm/mrtv-program/road-to-seagames

Friday 6 December 2013

နယ်လ်ဆင်မန်ဒဲလားရဲ့ ဘ၀ဖြတ်သန်းမှုအကြောင်း တစေ့တစောင်း မိုးမြင့်ဇင်

တောင်​အာ​ဖ​ရိ​က​သ​မ္မ​တ​ဟောင်း ​နယ်လ်​ဆင်​မင်​ဒဲ​လား​ဟာ ​အ​ဆုတ်​ရော​ဂါ​ကို ​ကာ​လ​ကြာ ​ခံ​စား​ခဲ့​ရ​ပြီး​နောက် ​အ​သက် ၉၅ ​နှစ်​အ​ရွယ်​မှာ ​ဒီ​ဇင်​ဘာ​လ ၅ ​ရက်​နေ့​မှာ ​ကွယ်​လွန်​သွား​ခဲ့​ပါ​ပြီ။    ​တောင်​အာ​ဖ​ရိ​က​နိုင်​ငံ​ရဲ့ ​ပ​ထ​မ​ဆုံး ​လူ​မည်း​သ​မ္မ​တ ​မင်​ဒဲ​လား​ဟာ ​သွေး​ထွက်​သံ​ယို​မှု​တွေ​နဲ့ ​အ​ရှုပ်​အ​ထွေး​တွေ​ကြား​က ​သူ့​တိုင်း​ပြည်​ကို ​ဒီ​မို​က​ရေ​စီ​နိုင်​ငံ​ဖြစ်​အောင် ​ဦး​ဆောင်​ခဲ့​တဲ့ ​အ​ရှိန်​အ၀ါ​ကြီး​မား​တဲ့ ​နိုင်​ငံ​ရေး​သ​မား​တ​ဦး​အ​ဖြစ် ​က​မ္ဘာ​တ၀ှမ်း ​အ​သိ​အ​မှတ်​ပြု​ခံ​ရ​တာ​လည်း ​ဖြစ်​ပါ​တယ်။
အ​ရှို​ဆာ ​လူ​မျိုး​စု​ခေါင်း​ဆောင်​တ​ယောက်​ရဲ့ ​သား​ဖြစ်​တဲ့​  ​မင်​ဒဲ​လား​ကို ၁၉၁၉ ​ခု​နှစ် ​ဇူ​လိုင် ၁၈ ​ရက်​နေ့​က ​ထ​ရန်​စ​ကေ ​နယ်​မြေ​မှာ ​မွေး​ဖွား​ခဲ့​တာ​ဖြစ်​ပါ​တယ်။  ​သူ​ဟာ ​ဖို့​ဒ်​ဟဲ ​တ​က္က​သိုလ်​မှာ ​ပ​ညာ​သင်​ယူ​နေ​ချိန်​အ​တွင်း ​ကျောင်း​သားေ​ရွး​ကောက်​ပွဲ​တွေ​ကို ​သ​ပိတ်​မှောက်​တာ​တွေ ​ဖြစ်​လာ​ခဲ့​ပြီး ​သူ​ရဲ့ ​စာ​သင်​ယူ​နေ​မှု​လည်း ​တ​ပိုင်း​တ​စ​နဲ့ ​ရပ်​တန့်​သွား​ခဲ့​ပေ​မယ့် ​မင်​ဒဲ​လား​ဟာ ​ဥ​ပ​ဒေ​ဘာ​သာ​ရပ်​ကို ​ဆက်​လက်​လေ့​လာ​ခဲ့​ပါ​တယ်။
Photo by Reuters
Photo by Reuters
ေ​ရွှ​မိုင်း​တ​ခု​ရဲ့ ​လုံ​ခြုံ​ရေး​အ​စောင့်​အ​ဖြစ် ​ပ​ထ​မ​ဆုံး ​အ​လုပ် ​စ​တင်​လုပ်​ကိုင်​ခဲ့​ပြီး ​နောက်​ပိုင်း​တော့ ​အိမ်​ခြံ​မြေ ​အ​ကျိုး​ဆောင်​အ​ဖြစ် ​လုပ်​ကိုင်​ခဲ့​ပါ​တယ်။
၁၉၄၈ ​ခု​နှစ်​မှာ ​လူ​မျိုး​ရေး​ခွဲ​ခြား​မှု​တွေ ​စ​ဖြစ်​လာ​ပြီး​နောက်​မှာ​တော့ ​သူ​နဲ့ ​တ​ခြား ​လူ​ငယ်​တွေ​ဟာ ​အာ​ဖ​ရိ​ကန် ​အ​မျိုး​သား​ကွန်​ဂ​ရက် (ANC ​ရဲ့ ​ခေါင်း​ဆောင်​ပိုင်း​ကို ​နေ​ရာ​ယူ​ခဲ့​ကြ​ပြီး​  ​စစ်​ရေး​ရော ​နိုင်​ငံ​ရေး​ပါ ​စည်း​ရုံး​တိုက်​ပွဲဝင်​တဲ့ ​အ​ဖွဲ့​အ​စည်း​အ​ဖြစ် ​ပြောင်း​လဲ ​ခဲ့​ပါ​တယ်။  ​အ​ကြမ်း​မ​ဖက် ​ဆောင်​ရွက်​ချက်​တွေ ​လုပ်​ဆောင်​ချိန်​မှာ​ပဲ ANC ​ကွန်​ဂ​ရက်​ဟာ ​လူ​ပေါင်း ၈၅၀၀ ​လောက် ​အ​ဖမ်း​ခံ​ခဲ့​ရ​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​ပြ​ပွဲ​တွေ​ကို ​လုပ်​ဆောင်​လာ​ခဲ့​ပါ​တယ်။
၁၉၆၀ ​ခု​နှစ်​က ​ရှာ​ပေ​ဗေး​လ်​မှာ ​လူ​မျိုး​ရေး​ခွဲ​ခြား​တဲ့ ​ဥ​ပ​ဒေ​တွေ​ကို ​ဆ​န္ဒ​ပြ​ပွဲ​အ​တွင်း ​လုံ​ခြုံ​ရေး ​တပ်​ဖွဲ့​တွေ​ကြောင့် ​အ​မျိုး​သ​မီး​နဲ့ ​က​လေး​ငယ်​တွေ ​အ​ပါ​အ၀င် ​လူ​မည်း ၆၉ ​ယောက် ​သေ​ဆုံး​ခဲ့​ရ​တာ​ဟာ ​အ​ရေး​ကြီး​တဲ့ ​အ​ပြောင်း​အ​လဲ​တွေ ​ဖြစ်​ပေါ်​လာ​တဲ့ ​အ​ချိန်​အ​ခါ​ကို ​ကျ​ရောက်​ခဲ့​ရ​ပါ​တယ်။
ဒီ​လို ​လူ​တွေ ​အ​စု​အ​ပြုံ​လိုက် ​အ​သတ်​ခံ​ရ​မှု​ဟာ ANC ​ရဲ့ ​အ​ကြမ်း​မ​ဖက်​ရေး ​မူဝါ​ဒ​ကို ​စွန့်​လွှတ်​လိုက်​စေ​ပြီး ​လက်​နက်​ကိုင် ​ခု​ခံ​တော်​လှန်​ကြ​ဖို့ ​ပ​ထ​မ​ဆုံး ​စည်း​ရုံး​ပြော​ဆို​သူ​တွေ​ထဲ​မှာ ​မင်​ဒဲ​လား ​ကိုယ်​တိုင် ​ပါဝင်​ခဲ့​ပါ​တယ်။
၁၉၆၁ ​ခု​နှစ်​မှာ ​မြေ​အောက် ​တော်​လှန်​ရေး​ပုံ​စံ​ကို ​သွား​ရင်း ​တိုင်း​ပြည်​ရဲ့​လှံ​တံ​လို့ ​အ​မည်​ရ​တဲ့​  ​အေ​အန်​စီ ​ရဲ့ ​လက်​နက်​ကိုင်​တပ်​ဖွဲ့​ကို ​ဖွဲ့​စည်း​ခဲ့​ပါ​တယ်။
နောက် ၂ ​နှစ်​တာ ​ကာ​လ​အ​တွင်း​မှာ​တော့ ANC ​ဟာ ​အ​များ​ပြည်​သူ​ပိုင် ​အ​ဆောက်​အ​ဦ ​တွေ​နဲ့ ​ဓာတ်​အား​လိုင်း​တွေ​ကို ​ဖောက်​ခွဲ​ဖျက်​ဆီး​တာ​တွေ၊ ​တယ်​လီ​ဖုန်း ​ဆက်​သွယ်​ရေး​တွေ ​ဖြတ်​တောက်​ပြီး ​နေ​ရာ​အ​နှံ့ ​မီး​ကွင်း​ပစ် ​မီး​ရှို့​တာ​တွေ​ကို​လည်း ​လုပ်​ဆောင်​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​တောင်​အာ​ဖ​ရိ​က​က​နေ ​ထွက်​ခွာ​ပြီး ​အာ​ဖ​ရိ​က​တိုက်​နဲ့ ​ဥ​ရော​ပ​ဆီ ​ခ​ရီး​ထွက်​ပြီး ​ပြောက်​ကျား ​စစ်​ဆင်​ရေး​နဲ့ ​အာ​ဖ​ရိ​ကန် ​အ​မျိုး​သား ​ကွန်​ဂ​ရက်​အ​တွက် ​ကူ​ညီ​ထောက်​ပံ့​မှု​တွေ ​တည်​ဆောက်​တာ​တွေ ​လုပ်​ဆောင်​ခဲ့​ပါ​တယ်။
၁၉၆၂ ​မှာ ​သူ​ပြန်​လာ​တော့ ​အ​ဖမ်း​ခံ​ရ​ပြီး ​လှုံ့​ဆော်​မှု၊ ​နိုင်​ငံ​မှ ​တ​ရား​မ၀င် ​ထွက်​ခွာ​မှု​တွေ​အ​တွက် ​ထောင် ၅ ​နှစ် ​ကျ​ခဲ့​ပါ​တယ်။ ​ထောင်​ဒဏ် ​ကျ​ခံ​နေ​ရ​စ​ဉ်​အ​တွင်း​မှာ​ပဲ ၁၉၆၃ ​ခု​နှစ်​မှာ ​မင်​ဒဲ​လား​ကို ​နောက်​ထပ် ​လူ​မျိုး​ရေး​ခွဲ​ခြား​မှု ​ဆန့်​ကျင်​သူ​တွေ​နဲ့​အ​တူ ​နိုင်​ငံ​တော်​ပုန်​ကန်​မှု​နဲ့ ​တ​ရား​ထပ်​စွဲ​ခဲ့​ပါ​တယ်။ ၁၉၆၄ ​ခု​နှစ်​မှာ​တော့ ​မင်​ဒဲ​လား​ဟာ ​အ​လုပ်​ကြမ်း​နဲ့ ​ထောင်​ဒဏ်​တ​သက် ​ပြစ်​ဒဏ်​ချ​မှတ်​ခံ​ခဲ့​ရ​ပါ​တယ်။
အဲ​ဒီ​အ​ချိန်​တုန်း​က ​တ​သက်​တ​ကျွန်း​ဆို​တဲ့ ​ထောင်​ဒဏ်​ဟာ ​ကောင်း​မွန်​စွာ​နေ​ထိုင်​ရင်  ​အ​နှစ် ၂၀ ​လို့ ​သတ်​မှတ်​ထား​တာ​ဖြစ်​ပေ​မယ့် ​ကိပ်​တောင်း​မြို့​ပြင်​ဘက် ​တေ​ဘလ်​ကမ်း​ခြေ​က ​နာ​မည်​ကျော် ​ရော့​ဘန်​ကျွန်း ​အ​ကျ​ဉ်း​စ​ခန်း​မှာ ​ကျောက်​ခွဲ​ကျောက်​ထု ​လုပ်​ကိုင်​ခဲ့​ရ​တဲ့ ​မင်​ဒဲ​လား​က​တော့ ၂၇ ​နှစ် ​ထောင်​ကျ​ခဲ့​ရ​ပါ​တယ်။
မင်​ဒဲ​လား​နဲ့ ​သူ့​ရဲ​ဘော်​တွေ ​ထောင်​တွင်း​မှာ ​ပင်​ပန်း​ဆင်း​ရဲ​နေ​ချိန်​မှာ  ​အေ​အန်​စီ ​အာ​ဖ​ရိ​ကန် ​အ​မျိုး​သား ​ကွန်​ဂ​ရက်​ဟာ ​တား​မြစ်​ပိတ်​ပင်​ခံ​ထား​ရ​ပေ​မယ့် ​မ​စွန့်​ခွာ​ခဲ့​ပါ​ဘူး​။ ​လူ ​ထောင်​ပေါင်း​များ​စွာ ​သေ​ဆုံး​ခဲ့​ရ​ပါ​တယ်။ ​ဒါ​ပေ​မယ့်​လည်း ​အ​စိုး​ရ​က ​ပို​ပြီး ​နှိမ်​နင်း​ဖြို​ခွင်း​တာ​တွေ ​လုပ်​လေ​လေ ​လူ​မည်း ​လူ​ငယ်​တွေ​က​လည်း ​ပို​ပြီး ​တော်​လှန်​တိုက်​ခိုက်​ကြ​လေ ​အ​ရှိန်​မြင့်​လာ​ခဲ့​ကြ​ပါ​တယ်။ ​ထိ​ရောက်​တဲ့ ​ပြောက်​ကျား ​တိုက်​ခိုက်​ရေး​အ​ဖွဲ့ ​မ​ရှိ​သေး​ပေ​မယ့်​လည်း ​အေ​အန်​စီ ​ဟာ ​တောင်​အာ​ဖ​ရိ​က​ရဲ့ ​ပြည်​တွင်း​ပြည်​ပ​က ​ထောက်​ပံ့​ကူ​ညီ​မှု​တွေ ​ရ​ခဲ့​ပြီး ​လူ​မည်း​ကျောင်း​တွေ​မှာ ​သ​ပိတ်​မှောက်​တာ​တွေ၊ ​လူ​ဖြူ​တွေ​ရဲ့ ​စီး​ပွား​ရေး​တွေ​ကို ​သ​ပိတ်​မှောက်​တာ​တွေ​ကို ​လုပ်​ဆောင်​ခဲ့​ပါ​တယ်။
၁၉၈၈ ​မှာ​တော့ ​မင်​ဒဲ​လား​ရဲ့ ​အ​သက် ၇၀ ​ပြည့် ​မွေး​နေ့​အ​ထိမ်း​အ​မှတ်​အ​ဖြစ် ​က​မ္ဘာ့ ​ပေါ့​ပ်​နဲ့ ​ရော့​ခ် ​ဂီ​တ​အ​နု​ပ​ညာ​ရှင်​တွေ​က ​ဂုဏ်​ပြု​ဂီ​တ​ပွဲ​တစ်​ခု ​ကျင်း​ပ​ခဲ့​တာ​ကို ​လူ​ပေါင်း ​သန်း ၄၀၀ ​လောက် ​ကြည့်​ရှု​ခဲ့​ပါ​တယ်။ ​မင်​ဒဲ​လား​ဟာ ​လူ​နည်း​နည်း​လောက်​က​ပဲ ​သူ့​ကို ​သိ​ကြ​တယ်​လို့ ​ထင်​ထား​ပေ​မယ့် ​သူ​ဟာ ​က​မ္ဘာ့​အ​ကျော်​ကြား​ဆုံး ​နိုင်​ငံ​ရေး​အ​ကျ​ဉ်း​သား ​ဖြစ်​လာ​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​သူ့​လွတ်​မြောက်​ဖို့​အ​တွက် ​ညှိ​နှိုင်း​ရ​တာ​မျိုး​ကို ​ငြင်း​ဆန်​ပြီး ​ထောင်​ထဲ​မှာ ​နှစ်​ပေါင်း ၃၀ ​လောက် ​ကျ​ခံ​ခဲ့​ပြီး​နောက်​မှာ​တော့ ​ဗစ်​တာ​ဗာ​စ​တာ ​ထောင်​က​နေ ၁၉၉၀ ​ဖေ​ဖော်ဝါ​ရီ​လ ၁၁ ​ရက်​နေ့​မှာ ​လွတ်​မြောက်​ခဲ့​ပါ​တယ်။
“​ဒီ​ဂိတ်​တွေ​ကို ​ဖြတ်​ကျော်​လမ်း​လျှောက်​လာ​ရင်း ​အ​သက် ၇၁ ​နှစ် ​ပြည့်​တဲ့​အ​ချိန်​မှာ ​ငါ့​ဘ၀​ကို ​အ​သစ်​ပြန်​စ​ခဲ့​ပြီ​လို့​တောင် ​ခံ​စား​ရ​တယ်။ ​ရက်​ပေါင်း ၁ ​သောင်း ​ထောင်​တွင်း​နေ့​ရက်​တွေ ​နောက်​ဆုံး​တော့​လည်း ​ပြီး​ဆုံး​သွား​ပါ​ပြီ” ​လို့ ​မင်​ဒဲ​လား​က ​ထောင်​က ​လွတ်​တဲ့​နေ့​နဲ့​ပတ်​သက်​ပြီး ​ရေး​သား​ခဲ့​ပါ​တယ်။
သူ ​ထောင်​က​လွတ်​လို့ ၂ ​ရက်​အ​ကြာ ​အိမ်​အ​ပြန်​ခ​ရီး​မှာ​တော့ ​ဆိုဝီ​တို ​လူ​ထု​ဟာ ​အုတ်​အော်​သောင်း​တင်း ​ကြို​ဆို​ခဲ့​ကြ​ပြီး ​တောင်​အာ​ဖ​ရိ​က ​သ​မိုင်း​မှာ ​အ​ကြီး​ဆုံး ​နိုင်​ငံ​ရေး​ဆိုင်​ရာ ​လူ​ထု​စည်း​ဝေး​ကြီး​ကို ​အား​က​စား​ရုံ​ကြီး​မှာ ​လူ​ပေါင်း ၁ ​သိန်း ၂ ​သောင်း​ကျော်​လောက် ​စုဝေး​ခဲ့​ကြ​ပါ​တယ်။
နောက်​တော့ ​မင်​ဒဲ​လား​ဟာ ၃ ​လ​အ​တွင်း​မှာ​ပဲ ​သူ့​ရဲ့ ​မ​ဖျက်​သိမ်း​သေး​တဲ့​  ​အေ​အန်​စီ ​ကိုယ်​စား​လှယ်​အ​ဖွဲ့​ကို ​ဦး​ဆောင်​ပြီး ​တောင်​အာ​ဖ​ရိ​က​သ​မ္မ​တ F.W ​ဒီ​က​လပ်​နဲ့ ​အ​စိုး​ရ​အာ​ဏာ​ပိုင်​တွေ​ကို ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​မျက်​နှာ​ချင်း​ဆိုင် ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ၁၉၉၁ ​ဇူ​လိုင်​မှာ​တော့ ​ကျန်း​မာ​ရေး​မ​ကောင်း​တဲ့ ​အို​လီ​ဗာ ​တမ်​ဘို​ရဲ့ ​နေ​ရာ​မှာ ​အာ​ဖ​ရိ​ကန်​အ​မျိုး​သား​ကွန်​ဂ​ရက်​ရဲ့ ​ဥ​က္က​ဋ္ဌ​အ​ဖြစ်ေ​ရွး​ကောက်​ခံ​ရ​ပြီး ​လူ​ဖြူ​တွေ ​ဦး​ဆောင်​တဲ့​အ​စိုး​ရ​အ​ဖွဲ့​နဲ့ ​စေ့​စပ်​ညှိ​နှိုင်း​ဖို့ ​အ​ခွင့်​အာ​ဏာ ​ပေး​အပ်​ခံ​ခဲ့​ရ​ပါ​တယ်။
လူ​ဖြူ​တွေ​ရဲ့ ​အုပ်​စိုး​မှု​ကို ​အ​ဆုံး​သတ်​ဖို့​နဲ့ ​တောင်​အာ​ဖ​ရိ​က​နိုင်​ငံ​ကို ​လူ​မျိုး​ပေါင်း​စုံ ​ဒီ​မို​က​ရေ​စီ ​နိုင်​ငံ​အ​ဖြစ် ​အ​သွင်​ပြောင်း​လဲ​ဖို့ ​ဖော်​ဆောင်​တဲ့ ​ကြိုး​ပမ်း​မှု​တွေ​ကို ​အ​သိ​အ​မှတ်​ပြု​တဲ့​အ​နေ​နဲ့ ​မင်​ဒဲ​လား​နဲ့ ​ဒီ​က​လပ်​ဟာ ၁၉၉၃ ​ခု​နှစ်​မှာ ​နို​ဘယ်လ်​ငြိမ်း​ချမ်း​ရေး​ဆု ​ပူး​တွဲ ​ချီး​မြှင့်​ခံ​ခဲ့​ရ​ပါ​တယ်။ ​ဒီ​က​လပ်​ရဲ့ ​အ​စိုး​ရ​ဟာ ​နိုင်​ငံ​ရေး​နဲ့ ​လူ​မျိုး​စု​ရေး ​အ​ကြမ်း​ဖက်​မှု​တွေ​ကို ​ရပ်​ဆိုင်း​သွား​အောင် ​လုပ်​ဆောင်​တာ ​မ​လုံ​လောက်​သေး​ဘူး​လို့ ​မင်​ဒဲ​လား​က ​စွပ်​စွဲ ဝေ​ဖန်​ပေ​မယ့်​လည်း ​အ​မျိုး​သား​ရင်​ကြား​စေ့​ရေး ​လ​က္ခ​ဏာ​တ​ရပ်​အ​ဖြစ် ​ဒီ​ဆု​ကို ​ပူး​တွဲ​လက်​ခံ​ဖို့ ​သ​ဘော​တူ​ခဲ့​ပါ​တယ်။
တောင်​အာ​ဖ​ရိ​က​ရဲ့ ​ပ​ထ​မ​ဆုံး ​လူ​မျိုး​ပေါင်း​စုံေ​ရွး​ကောက်​ပွဲ​ကို ​ဦး​ဆောင်​နေ​စ​ဉ်​အ​တွင်း​မှာ ​အ​ဓိ​က​အား​ဖြင့် ​အာ​ဖ​ရိ​ကန် ​အ​မျိုး​သား​ကွန်​ဂ​ရက် ANC ​နဲ့ Inkatha Freedom Party (IFP ​ထောက်​ခံ​သူ​တွေ​အ​ကြား ​ဖြစ်​ခဲ့​တဲ့ ​နိုင်​ငံ​ရေး​အ​ကြမ်း​ဖက်​မှု​မှာ ​လူ​ထောင်​ပေါင်း​များ​စွာ ​သေ​ဆုံး​ခဲ့​ရ​ပါ​တယ်။ ​နိုင်​ငံ​ရဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​မှာ ​ဇူး​လူး ​နန်း​ဆက်​က ​အ​ခိုင်​အ​မာ ​နေ​ရာ​ယူ​ထား​တာ​ကို ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ချက်​ဆိုင်​ရာ ​သ​ဘော​တူ​ညီ​မှု ​ရ​ထား​ပြီး​နောက်​မှာ ​မင်​ဒဲ​လား​၊ IFP ​ခေါင်း​ဆောင် ​မန်​ဂို​ဆူ​တူ ​ဘူ​သီ​လယ်​ဇီ​နဲ့ ​ဒီ​က​လပ်​တို့​အ​ကြား​က ​ဆွေး​နွေး​မှု​တွေ​မှာ ​နောက်​ဆုံး​မှာ​တော့ ​ဘူ​သီ​လယ်​ဇီ​ဟာေ​ရွး​ကောက်​ပွဲ​ကို ​သ​ပိတ်​မှောက်​ခဲ့​ပါ​တယ်။
၁၉၉၄ ​ဧ​ပြီ​လ​မှာ ​ကျင်း​ပ​တဲ့ ၄ ​ရက်​တာေ​ရွး​ကောက်​ပွဲ ​မဲ​ဆ​န္ဒ​ပေး​ရက်​တွေ ​အ​တွင်း​မှာ ​တော့ ​ခန့်​မှန်း ​လူ ၂၃ ​သန်း​လောက်​ဟာ ​အ​ကြမ်း​ဖက်​မှု ​မ​ရှိ ​မဲ​ဆ​န္ဒ​ပေး​ခဲ့​ကြ​ရ​ပါ​တယ်။ ​မင်​ဒဲ​လား​ရဲ့ ​အာ​ဖ​ရိ​ကန် ​အ​မျိုး​သား ​ကွန်​ဂ​ရက်​က ၆၂.၂၅ ​ရာ​ခိုင်​နှုန်း ​နဲ့ ​မဲ​ဆ​န္ဒ ​အ​နိုင်​ရ​ခဲ့​ပြီး ​ဒေ​သ​ဆိုင်​ရာ ​အ​စည်း​အဝေး ၉ ​ခု​မှာ ၈ ​ခု​ကို ​ထိန်း​ချုပ်​ထား​နိုင်​ခဲ့​ပါ​တယ်။
၁၉၉၄ ​မေ​လ ၁၀ ​ရက်​နေ့​မှာ​တော့ ​မင်​ဒဲ​လား​ဟာ ​က​မ္ဘာ့​ပ​ရိ​သတ်ေ​ရှ့​မှောက်​မှာ​ပဲ ​တောင်​အာ​ဖ​ရိ​က​ရဲ့ ​ပ​ထ​မ​ဆုံး​နိုင်​ငံ့​ခေါင်း​ဆောင်​အ​ဖြစ် ​တ​ရား​၀င် ​ခန့်​အပ်​ခံ​ခဲ့​ရ​ပါ​တယ်။
တောင်​အာ​ဖ​ရိ​က ​လူ​မည်း ​သန်း​ပေါင်း​များ​စွာ ​စိတ်​ကူး​ယ​ဉ် ​အိမ်​မက်​ဖြစ်​တဲ့ ​မင်​ဒဲ​လား ​သ​မ္မ​တ ​တာဝန် ​ထမ်း​ဆောင်​မှု​ဟာ ​တ​ကယ် ​ဖြစ်​လာ​ခဲ့​ပါ​တယ်။ ၁၉၉၅ ​က​မ္ဘာ့​ဖ​လား ​ဘော​လုံး​ပြိုင်​ပွဲ ​အ​တွင်း​မှာ ​တောင်​အာ​ဖ​ရိ​က​ရဲ့ ​လူ​ဖြူ​အ​မျိုး​သား ​ရပ်​ဘီ ​အား​က​စား​အ​သင်း​ရဲ့ ​ဂျာ​ဆီ​အ​င်္ကျီ ၀တ်​ဆင်​လိုက်​ချိန်​မှာ ​လူ​ဖြူ​တွေ​အ​ပေါ် ​သူ ​အောင်​မြင်​မှု ​ရ​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​က​မ္ဘာ့​စင်​မြင့်​ပေါ်​မှာ ​အ​ဓိ​က​နေ​ရာ​မှာ ​ပါဝင်​ခဲ့​ပြီး ​သူ​နဲ့​က​မ္ဘာ​ကြီး ​တ​သား​တည်း ​ရှိ​ခဲ့​ပါ​တယ်။ ​သူ့​ရဲ့ ​လူ​သား​ဆန်​မှု၊ ​ဂုဏ်​သိ​က္ခာ​နဲ့ ​အ​မြဲ​ပြုံး​နေ​တဲ့ ​သူ့​အ​သွင်​ကို ​အ​မေ​ရိ​ကန် ​သ​မ္မ​တ​ဟောင်း ​ဘီလ်​က​လင်​တန်​က​နေ ​ဒ​လိုင်း​လား​မား​အ​ထိ ​က​မ္ဘာ့​ခေါင်း​ဆောင်​တွေ ​ချီး​ကျူး​ခဲ့​ကြ​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​ဇိုင်​ဘီ​ရန်​သ​မ္မ​တ ​မို​ဘူ​တူ ​ဆီ​ဆီ ​ဆီ​ကို​နဲ့ ​သူ​ပုန်​ခေါင်း​ဆောင် ​လော​ရန့် ​ကာ​ဘီ​လာ ​တို့​အ​ကြား ​ပ​ထ​မ​ဆုံး​အ​ကြိမ် ​မျက်​နှာ​ချင်း​ဆိုင် ​ဆွေး​နွေး​ပွဲ​အ​တွင်း ​ကြား​နေ​အ​ဖြစ် ​ဆောင်​ရွက်​ပေး​ခဲ့​ပါ​တယ်။ ​သူ့​ရဲ့ ​ငြိမ်း​ချမ်း​ရေး​အ​ကျိုး​ဆောင်​ပေး​မှု ​ပျက်​သွား​ခဲ့​ပြီး ​မို​ဘူ​တူ​က ​ပြည်​ပ​ကိုေ​ရှာင်​တိမ်း​သွား​ကာ ​ကာ​ဘီ​လာ​က ​ဒီ​မို​က​ရက်​တစ် ​ကွန်​ဂို​နိုင်​ငံ​ကို ​အ​မည်​ပေး ​အာ​ဏာ ​ယူ​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​အာ​ဏာ​ကို ​တာ​ရှည်​ဆုပ်​ကိုင်​မ​ထား​ပဲ ​သ​မ္မ​တ​သက်​တမ်း ၅ ​နှစ်​ကို ​တ​ကြိမ်​သာ ​ထမ်း​ဆောင်​ပြီး ​မျိုး​ဆက်​သစ် ​လူ​ငယ်​ခေါင်း​ဆောင် ​သာ​ဘို ​အမ်​ဘေ​ကီ​ကို ​ရာ​ထူး​လွှဲ​ပြောင်း​ပေး​ခဲ့​တာ​လည်း ​အ​ခြား ​အာ​ဖ​ရိ​ကန်​ခေါင်း​ဆောင်​တွေ​အ​ကြား ​ထူး​ခြား​တဲ့ ​စံ​န​မူ​နာ​တ​ခု ​ဖြစ်​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​ရာ​ထူး​စွန့်​ပြီး​နောက်​မှာ​တော့ ​နိုင်​ငံ​ရေး​၀ါ​ရင့်​ပု​ဂ္ဂိုလ် ​တ​ယောက်​အ​ဖြစ် ​ရပ်​တည်​ခဲ့​ပါ​တယ်။ ​သူ​ဟာ ​အ​ခြား​လူ​မျိုး​စု​တွေ​အ​ကြား ​စစ်​မက်​ဖြစ်​ပွား​မယ့် ​ကိ​စ္စ​တွေ​မှာ ​အာ​ဏာ​ခွဲဝေ ​ဆောင်​ရွက်​ဖို့ ​ကြား​၀င် ​အ​ကျိုး​ဆောင်​ပေး​ခဲ့​ပါ​တယ်။
သူ့​နိုင်​ငံ​မှာ​ဆို​ရင်​လည်း ​အ​စိုး​ရ​ရဲ့ HIV/AIDS  ​ကိ​စ္စ​တွေ​မှာ ​အ​ငြင်း​ပွား​စ​ရာ ​သုံး​သပ်​ချက်​တွေ​ကို ​လူ​သိ​ရှင်​ကြား ​စိန်​ခေါ်​ခဲ့​ပါ​တယ်။ ၂၀၀၂ ​ခု​နှစ် ​ဇူ​လိုင်​က ​ဘာ​စီ​လို​နာ​မှာ ​ကျင်း​ပ​တဲ့ ​ကိုယ်​စား​လှယ်​ပေါင်း ၁ ​သောင်း​ခွဲ ​တက်​ရောက်​ကြ​တဲ့ ​က​မ္ဘာ့​အ​ကြီး​ဆုံး AIDS ​ညီ​လာ​ခံ​ကြီး​မှာ ​သူ့​ကို ​တ​ခဲ​နက် ​ကြို​ဆို​ခဲ့​ကြ​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​သူ့​ရဲ့ ​ပ​ရ​ဟိ​တ​လုပ်​ငန်း​တွေ​အ​တွက် ​နယ်လ်​ဆင်​မင်​ဒဲ​လား ​ဖောင်​ဒေး​ရှင်း​နဲ့ ​နယ်လ်​ဆင်​မင်​ဒဲ​လား ​က​လေး​သူ​ငယ် ​ရန်​ပုံ​ငွေ​တို့​ကို ​တည်​ထောင်​ထား​ပြီး ​အဲ​ဒီ​က​နေ​ရ​တဲ့ ​အ​လှူ​ငွေ​တွေ​နဲ့ ​တောင်​အာ​ဖ​ရိ​က ​တ​နိုင်​ငံ​လုံး​မှာ ​စာ​သင်​ကျောင်း​တွေ၊ ​ဆေး​ရုံ၊ ​ဆေး​ခန်း​တွေ​နဲ့ ​တ​ခြား​အ​ဆောက်​အ​ဦ​တွေ​ကို ​ဆောက်​လုပ်​ပေး​ထား​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ​အ​သက်​ကြီး​ပိုင်း​မှာ ​လူ​ထု​မြင်​ကွင်း​က​နေ ​အ​နား​ယူ​ခဲ့​ပြီး ​သူ့​မိ​သား​စု​ကို ​အ​ချိန်​ပေး​ခဲ့​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အ​ခါ​အား​လျော်​စွာ ​လူ​မြင်​ကွင်း ​ထွက်​လာ​တာ​မျိုး​၊ ​ရန်​ပုံ​ငွေ ​ရှာ​ဖွေ​ရေး​ပွဲ​တွေ​ကို ​တက်​ရောက်​ခြင်း​နဲ့ ​လာ​ရောက်​တွေ့​ဆုံ​ကြ​တဲ့ ​ဂုဏ်​သ​ရေ​ရှိ ​လူ​ကြီး​မင်း​တွေ​ကို ​လက်​ခံ​တွေ့​ဆုံ​ခြင်း​တွေ​ကို​တော့ ​ဆက်​လက် ​လုပ်​ဆောင်​ခဲ့​ပါ​တယ်။
၂၀၀၇ ​ခု​နှစ်​မှာ ANC ​ခေါင်း​ဆောင်​တ​ယောက်​ဖြစ်​တဲ့ ​ဂျက်​ကော့​ဘ်​ဇူး​မား​ရဲ့ေ​ရွး​ကောက်​ပွဲ​ကို ​အ​ကျိုး​သက်​ရောက်​စေ​မယ့် ​နိုင်​ငံ​ရေး​နဲ့ ​အာ​ဏာ ​အား​ပြိုင်​မှု​တွေ​မှာ ​ထိန်း​ကျောင်း​ပေး​ခဲ့​ပြီး ​သ​မ္မ​တ ​သာ​ဘို ​အမ်​ဘေ​ကီ​က ​ရာ​ထူး​စွန့်​သွား​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ၂၀၀၉ ​ခု​နှစ် ​ဧ​ပြီ​လ​မှာ ​ပြု​လုပ်​တဲ့ ​သ​မ္မ​တေ​ရွး​ကောက်​ပွဲ​တွေ​မှာ ​ဇူး​မား​ကို ​အား​ပေး​ထောက်​ခံ​ခဲ့​ပြီး ANC ​ကွန်​ဂ​ရက်​ရဲ့ ၄ ​ကြိမ်​မြောက် ​အောင်​မြင်​မှု​အ​ဖြစ် ​ဇူး​မား​ရဲ့ ​သ​မ္မ​တ​ရာ​ထူး ​ဆက်​ခံ​ပွဲ​ကို ​တက်​ရောက်​ခဲ့​ပါ​တယ်။
မင်​ဒဲ​လား​ဟာ ၅၂ ​သန်း​သော ​တောင်​အာ​ဖ​ရိ​က ​ပြည်​သူ​တွေ​အ​တွက် ​သူ​ရဲ​ကောင်း ​အ​ဖြစ် ​ဆက်​ရှိ​နေ​ခဲ့​ပြီး ​ပြီး​ခဲ့​တဲ့ ၂ ​နှစ်​က​တော့ ​သူ့​ရဲ့​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့် ​မီ​ဒီ​ယာ​တွေ​မှာ ​တ​ခါ ​သူ့​သ​တင်း​တွေ ဝေ​ဆာ​ခဲ့​ပါ​တယ်။
၂၀၁၁ ​ခု​နှစ် ​ဇန်​န၀ါ​ရီ​လ​မှာ ​အ​သက်​ရှူ​ခက်​ခဲ​တဲ့ ​အ​ခြေ​အ​နေ​ကြောင့် ​ဆေး​ရုံ​တက်​ခဲ့​ရ​ပါ​တယ်။ ​ဒီ​နှစ် ​ဖေ​ဖော်ဝါ​ရီ​လ​မှာ ​ပြင်း​ထန်​တဲ့ ၀မ်း​ဗိုက်​နာ​ကျင်​မှု ​ခံ​စား​ရ​လို့ ​ပ​ရီ​တိုး​ရီး​ယား​စ် ၁ ​စစ်​ဆေး​ရုံ​ကို ​တက်​ခဲ့​ရ​ပါ​သေး​တယ်။ ​နောက်​ပိုင်း​မှာ​လည်း ​သူ့​ရဲ့​ကျန်း​မာ​ရေး​အ​ခြေ​အ​နေ​ကြောင့် ​အေ​ရှ့​ဘက်​အ​ငူ​က ​ဘိုး​ဘွား​ပိုင် ​ကျူ​နု​ရွာ​လေး​မှာ ​သွား​ရောက် ​အ​နား​ယူ​ခဲ့​ပါ​တယ်။ ​တ​ဖြည်း​ဖြည်း ​ကျန်း​မာ​ရေး ​ယို​ယွင်း​လာ​တာ​ကြောင့် ​နာ​မည်​ကြီး ​ပြည်​တွင်း​ပြည်​ပ ​ဧည့်​သည်​တော်​တွေ​ကို ​လက်​ခံ ​တွေ့​ဆုံ​ခဲ့​ပေ​မယ့်​လည်း ​လူ​မြင်​ကွင်း​ကို​တော့ ​မ​ထွက်​နိုင်​တော့​ပါ​ဘူး​။
နယ်လ်​ဆင်​မင်​ဒဲ​လား​ရဲ့ ​နိုင်​ငံ​ရေး​ဩ​ဇာ ​အ​ရှိန်​အ၀ါ​နဲ့ ​သူ့​ကို ​ထောင်​ဒဏ် ၂၇ ​နှစ် ​ချ​မှတ်​ခဲ့​တဲ့ ​လူ​ဖြူ​အုပ်​စိုး​သူ​တွေ​နဲ့ ​အ​မျိုး​သား ​ရင်​ကြား​စေ့​ရေး ​ဆောင်​ရွက်​နိုင်​ခြင်း​တွေ​ဟာ ​လူ​ဖြူ​တွေ ​အုပ်​စိုး​ထား​တဲ့ ​တောင်​အာ​ဖ​ရိ​က​နိုင်​ငံ​ကို ​ပြည်​တွင်း​စစ် ​မ​ဖြစ်​စေ​ပဲ ​ဒီ​မို​က​ရေ​စီ​နိုင်​ငံ​အ​ဖြစ် ​ကူး​ပြောင်း​နိုင်​ခဲ့​ပါ​တယ်။ ​သူ့​ရဲ့​တ​သက်​တာ​မှာ ​အ​မျိုး​သား​ရေး ​ကြိုး​ပမ်း​မှု​တွေ​နဲ့ ​ထောင်​သွင်း ​အ​ကျ​ဉ်း​ချ​ခံ​ရ​ပြီး​နောက်​မှာ​တော့ ​က​မ္ဘာ့​အ​နာ​မည်​အ​ကြီး​ဆုံး ​အ​ကျ​ဉ်း​သား​အ​ဖြစ်​က​နေ ​က​မ္ဘာ့ ​အ​လေး​စား​ရ​ဆုံး ​နိုင်​ငံ​ရေး ၀ါ​ရင့်​ပု​ဂ္ဂိုလ်​တ​ယောက် ​ဖြစ်​လာ​ခဲ့​ပါ​တယ်။
အာ​ဖ​ရိ​က​ရဲ့ ၀ါ​ရင့် ​နိုင်​ငံ​ရေး​ဩ​ဇာ ​ကြီး​မား​တဲ့​ပု​ဂ္ဂိုလ်​နဲ့ ​စိတ်​ဓာတ်​ပိုင်း​ဆိုင်​ရာ ​စံ​ပြ​ပု​ဂ္ဂိုလ်​အ​ဖြစ် ​တောင်​အာ​ဖ​ရိ​က ​အ​သိုင်း​အ၀ိုင်း​ပေါင်း​စုံ​က ​သံ​သ​ယ​မ​ရှိ ​ချီး​ကျူး​ဂုဏ်​ပြု​ရ​တဲ့ ​မင်​ဒဲ​လား​ဟာ ​နိုင်​ငံ​တ​ကာ​က ​ချစ်​ခင်​လေး​စား​မှု၊ ​အား​ကျ​ကြည်​ညို​မှု၊ ​ဂုဏ်​သိ​က္ခာ​ကြီး​မြတ်​မှု​တွေ​နဲ့ ​ပြည့်​စုံ​တဲ့​ပု​ဂ္ဂိုလ်​ကြီး​တ​ယောက် ​ဖြစ်​ပါ​တယ်။

seagames မြန်မာနိုင်ငံ နှင့် ကမ္ဘောဒီယား အမျိုးသမီးဝိုင်းခြင်းပြိုင်ပွဲ 6.12.2013



sea games မြန်မာနိုင်ငံ 6.12.2013 မနက် 9 နာရီတွင် MRTV4 မှ ထုတ်လွင့်ခဲ့သော
 မြန်မာ နှင့်  ကမ္ဘောဒီယား အမျိုးသမီးဝိုင်းခြင်းပြိုင်ပွဲ

seagames မြန်မာနိုင်ငံ နှင့် စင်္ကာပူ ခြင်းလုံးအလှပြိုင်ပွဲ 6.12.2013


sea games မြန်မာနိုင်ငံ 6.12.2013 မနက် 9 နာရီတွင် MRTV4 မှ ထုတ်လွင့်ခဲ့သော
 မြန်မာ နှင့် စင်္ကာပူ အမျိုးသားခြင်းလုံးအလှပြိုင်ပွဲ

Wednesday 4 December 2013

မြန်မာနိုင်ပြီဟေ့ ....



(၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး၏
ပထမဆုံးသော ရွှေတံဆိပ်ဆုကို မြန်မာအမျိုးသမီးခြင်းလုံးအဖွဲ့မှ
ရမှတ် (၅၃၅)မှတ်ဖြင့် ဆွတ်ခူးရရှိသွားပါပြီ။

GOLD!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

မြန်မာနိုင်ပြီဟေ့ ....

MRTV4

ထိုင်းနိုင်ငံသို့ ခရီးသွားခြင်းကို အနီရောင်အဆင့် သတိပေးခြင်းအဖြစ် သတ်မှတ်လိုက်သည့် ဟောင်ကောင်


ဟောင်ကောက်ရှိ လုံခြုံရေး ဗြူရိုက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ခရီးသွားလာမှုသတိပေးချက် ကို အနီရောင်အဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း
သိရပါတယ်။ ဒါ့အပြင် ခရီးသွားလာရေး ကုမ္ပဏီတွေကလည်း ဘန်ကောက်ခရီးစဉ်ကို စတင်ဖျက်သိမ်းနေပြီဖြစ်ပြီး အချို့နာမည်ကြီးဈေးဝယ် စင်တာတွေဟာ ဆန္ဒပြတဲ့နေရာတွေနဲ့ နီးနေတာကြောင့် အဲ့ဒီနေရာကို ဟောင်ကောင်ခရီးသည်တွေကို ရှောင်ရှားကြဖို့ ပြောကြားထားပါတယ်။ Wing On Travel နဲ့ Hong Thai Travel ခရီးသွားကုမ္ပဏီ တွေဟာ မနက်ဖြန်နဲ့ လာမယ့်ရက်သတ္တပတ်အတွင်း ဟောင်ကောင်က ထွက်ခွာမယ့်ခရီးစဉ်အား လုံးကို ဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။
 
အဲဒီလို ဘန်ကောက်မြို့ခရီးစဉ်စုစုပေါင်း ၂၈ ခုကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။ ဘန်ကောက်မြို့ ခရီးသွားလာမှုအနီရောင်အဆင့် သတိပေးချက်ကို လုံခြုံရေး ဗြူရိုက ဒီကနေ့မနက်မှာ မြှင့်တင်လိုက်တာဖြစ်ပြီး ဘန်ကောက်မြို့ကို မလိုအပ်ဘဲ ခရီးမသွားဖို့ နိုင်ငံသားတွေကို သတိပေးထားပါတယ်။ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်ဖို့ လူစူလူဝေးကို ရှောင်ရှားဖို့ကိုလည်း အခုလောလောဆယ် ဒါ့အပြင် ဘန်ကောက် မြို့ပေါ်မှာ နေထိုင်နေတဲ့ ဟောင်ကောင်ပြည်သူတွေနဲ့ မဖြစ်မနေသွားရမယ့်သူတွေကို ဟောင်ကောင် အစိုးရက သတိပေးလျက်ရှိပါတယ်။ လတ်တလောအနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လူဦးရေ ၁၀၀၀ ပါဝင်တဲ့ ဟောင်ကောင်ခရီးသွားလာရေးအဖွဲ့ ၄၀ ကျော်ရောက်ရှိနေတယ်လို့ ဟောင်ကောင်ခရီးသွားလာရေးလုပ်ငန်းက ပြောကြားကြောင်း သိရပါတယ်။
 
 
 
 
 

စိုးမြတ်သူဇာနှင့် နဝရတ် ရဲစစ်ချက်မှတ်တမ်း ဟူ၍ Facebook တွင် တင်ထားခြင်း ရပ်တန့်ရန် ရုပ်ရှင်အစည်းအရုံး တောင်းဆို



ရန်ကုန်၊ ဒီဇင်ဘာ ၃

အကယ်ဒမီ စိုးမြတ်သူဇာနှင့် နဝရတ်တို့ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့သည် ဟုဆိုသော ရဲစစ်ချက် မှတ်တမ်းများဟု ယူဆရသည် များကို နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့က Facebook လူမှုကွန်ရက်တွင် Moe Zay Nyein အမည်ဖြင့် ဖော်ပြခြင်းကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် တစ်ချိန်က အနုပညာရှင် အချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ သို့သော်လည်း ယင်းသို့ တွေ့ဆုံဆွေးနွေးမှုသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရ လည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ထိပ်တန်း လျှို့ဝှက်ချက်အဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ သို့သော် ယင်းလျှို့ဝှက် ထွက်ဆိုချက်သည် ယခုအခါ အွန်လိုင်းလူမှုရေး ကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ရောက်ရှိရုံမျှသာမက ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်အချို့တွင်ပါ တရားဝင်ထုတ်ပြန်ချက် သဖွယ် ကူးယူ ဖော်ပြလာသည်ကို တွေ့ရှိရကြောင်း၊ ယင်းအတွက် မူးယစ်ဆေးဝါးနှင့် လုံးဝပတ်သက်ခြင်း မရှိသော အနုပညာရှင်များ၊ ပတ်သက်မှု ရှိခဲ့သော်လည်း ယခုအခါတွင် လမ်းမှန်သို့ လျှောက်လှမ်းရန် ကြိုးစားနေကြသော အနုပညာရှင်များ နှင့်တကွ မိသားစုများပါ ဂုဏ်သိက္ခာ ညှိုးနွမ်း ထိခိုက်ကြရသည်ကို စိတ်မကောင်းစွာ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနှင့် အထက်ပါ လုပ်ရပ်များကို ရပ်တန့်ပေးရန် မေတ္တာရပ်ခံကြောင်း ဖော်ပြထားသည်။

Moe Zay Nyein ဆိုသူ တင်ထားသည့် အကယ်ဒမီ စိုးမြတ်သူဇာ၏ ရန်ကုန် မူးယစ်အရှေ့ အထူးအဖွဲ့ စစ်ဆေးချက်ဟု ဆိုသည့် မှတ်တမ်းတွင် စိုးမြတ်သူဇာ ကိုယ်တိုင် ရာမဆေးပြားနှင့် WY ဆေးပြားသုံးစွဲကြောင်း ဖော်ပြထားပြီး ရုပ်ရှင်နှင့် ဂီတ နယ်ပယ်မှ ယင်းဆေးပြားများ သုံးစွဲမှုနှင့် ဆက်စပ်နေသည့် အနုပညာရှင်များ၏ အမည်များကိုလည်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။

သရုပ်ဆောင် နဝရတ်၏ အစစ်ခံချက် ဟူ၍ တင်ထားသည့် မှတ်တမ်းတွင်လည်း Ecstay နှင့် WY ဆေးပြားများ သုံးစွဲကြောင်း ဖော်ပြမှုနှင့် အတူ ၄င်း၏အမည်နှင့် ဆက်နွှယ်၍ တပ်မတော်အရာရှိ အချို့၏ သားသမီးများနှင့် အနုပညာရှင် အချို့၏ အမည်များ ဖော်ပြထားသည်ကို တွေ့ရှိရသည်။

သရုပ်ဆောင် စိုးမြတ်သူဇာ၏ အမည်နှင့် အွန်လိုင်းပေါ်တွင် တင်ထားသည့် ရဲစစ်ချက် မှတ်တမ်းနှင့် ပတ်သက်၍ ၄င်းက ဒီဇင်ဘာလ ၂ ရက်နေ့တွင် ၄င်း၏ Facebook မှတစ်ဆင့် ပြောကြားရာတွင် အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး နာမည် ပါခဲ့သည့် အနုပညာရှင်များ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည့် အတွက် တောင်းပန်ကြောင်း၊ Moe Zay Nyine Account ပိုင်ရှင်ကို မသိရှိသလို မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ခဲ့သည်ကို နားမလည်ကြောင်း၊ ယင်း Account ပိုင်ရှင် တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက် ကမျှ မထောက်ခံထား သည့်အတွက် လုံးဝ အမှန်ဟု မယူဆသင့်ကြောင်း၊ အနုပညာရှင် များ၏ အမည်များ ပါဝင်ခဲ့သည့်အတွက် အများကြီး ထိခိုက်နစ်နာစေပြီး လုပ်ဖော်ကိုင်ဖက် အချင်းချင်း သံသယကြောင့် ရင်းနှီးမှုကို ပျက်ပြား စေကြောင်း၊ ၄င်းသည် ယနေ့အချိန်အထိ မည်သူ့ကိုမျှ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ကြောင်း၊ ယင်းအကြောင်းအရာများ အွန်လိုင်းတွင် ပေါ်ပေါက်ခဲ့ သည့်အတွက် မိမိနှင့် ပတ်သက်သော မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများနှင့် ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသလို ကိုယ်တိုင်လည်း စိတ်ထိခိုက် နာကျင်ရကြောင်းနှင့် ၄င်းသည် ၄င်း၏ ရပ်တည်မှု အတွက် လိပ်ပြာသန့်ကြောင်း ပြောကြားခဲ့သည်။

The Voice Weekly

အမျိုး သမီးတို 5 အ တွက် ထိတ် လန် 5 ဖွယ်ြ ကက် တောင် ပံ

အမျိုး သမီးတို 5 အ တွက် ထိတ် လန် 5 ဖွယ်ြ ကက် တောင် ပံ ဖတ်ြ ပီး ရင် လည်း. ကျ န် တဲ့ သူ ငယ် ချ င်း တွေ သိေ အာင်ြ ပန် Share ပေး လိုက် ပါ ဦး နော်.ြ ကက်ြ ခံေ မြး ျ မဴေ ရး တစ် ချို 5 တွေ မှာြ ကက် အ. သား တိုး စေ ဖို 5 အ တွက် အသားတိုး ဆေး. ဘာေ ဆး ညာေ ဆး ထုိး ၾ က ပါ တယ်. တော် တော်များ မ် ား က. ဒီေ ဆး ထိုး ဖုိ 5 ကို လည်းြ ကက် တွေ ရဲ 5 တောင် ပံ ကနေ တဆ င့်  ထိုးြ က ပါ တယ်. ဒီ လို ဆေး ထိုး ထားတဲ့.ြ ကက် တောင် ပံ ကိုေ တြ ကို စား သံုး တာ မ် ား လာတာ နဲ 5 အ မွွ ် သား အိမ် မှာ အ သား လုံး. သွေး လုံး တို 5 တည် လာပါ တယ်. နောက် ဆုံး အဆ င့် . သား အိမ် ကင် ဆာ ထိေ တာင်ြ ဖစ်နိုင် ပါ တယ်. ဒါေြ ကာ င့်  အေ ကာင်း ဆုံး ကေ တာ့ြ ဖစ်နိုင် ရင် မနုဿ ရဲ 5 ပ ရိတ် သတ် တွေ အား လုံး လည်း. မွေးြ မူေ ရးြ ကက် ကို.တတ်နိုင် သေ လာက် ရှောင် စေချ င် ပါ တယ်. ဒီ လုိေ ျ ပာေ တာ့ မႏ ုႆ ကို ၾ ကက် သား ရောင်း တဲ့ သူေ တွ. လာ 0ိုင်း ရိုက်ြ ကေ တာ့ မယ် နဲ 5 တူ တယ် နော်.ြ ဖစ် မှ ကု တာ ထက် မြ ဖစ် ခင်ြ ကို တား နိုင် ဖို 5 က မနုဿ တာ 0 န်ြ ဖစ် တဲ့ အ တွက် ရ ရှိ လာတဲ့ သ တင်း လေး ကို ချ က်ချ င်း ရေး သားေ 0 မျှ လိုက် ပါ တယ်. ချ စ် တဲ့ .... မနုဿ.

ဆီးဂိမ်းအားကြိုဆိုရန် ထိုင်းအနုပညာရှင်များ ရန်ကုန် ရောက်

မြန်မာ နိုင်ငံ၌ပြုလုပ်မည့် ဆီးဂိမ်းအား ကြိုဆိုသောအားဖြင့် ထိုင်းအနု ပညာရှင်နှစ်ဦးဖြစ်သည့် ထိုင်းမင်း သား Mos Patiparn နှင့် Pee Mak မင်းသမီး Davika Hoorne တို့ ဒီဇင်ဘာ ၃ရက် မွန်းလွဲ ၁နာရီ မိနစ်၅ဝ တွင် ထိုင်းလေကြောင်း လိုင်း TG301 ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။ ထိုင်းနိုင်ငံမှ ရောက်ရှိလာ သော အဖွဲ့ဝင်များမှာ စုစုပေါင်း ၁၁ဦးခန့်ရှိကာ ထိုင်းမင်းသမီးသည် ထိုင်းဘာသာဖြင့် 'ဆာဝါဒီခ' (မင်္ဂလာပါ)ဟု အကြိမ်ကြိမ် နှုတ်ဆက်ခဲ့ကြောင်း၊ ယင်းတို့အဖွဲ့သည် မြန်မာပရိသတ်များအား ဆီးဂိမ်း အထိမ်းအမှတ်အဖြစ် တွေ့ဆုံ ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

''ဒီနေ့မှာ ထိုင်းနိုင်ငံက Pee Mark မင်းသမီး လာမယ်။ မင်းသားနဲ့မင်းသမီးကိုယ်ပိုင်အဖွဲ့ ဝင်စုစုပေါင်း ၁၁ဦးပါဝင်ပါတယ်။ ဒီနေ့မှာတော့ မြန်မာအနုပညာ ရှင်တွေဖြစ်တဲ့ ကိုလူမင်း၊ စိုင်းစိုင်း တို့နဲ့ တွေ့ဆုံမယ်။ ညနေဘက် မှာ ဆီးဂိမ်း အကြို မြန်မာ ပရိသတ် နဲ့ Juction Square မှာ တွေ့မယ်။ မနက်ဖြန် နံနက်မှာတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးနဲ့ ဗိုလ် တထောင်စေတီတော်ကို ဖူးမြော် ကြမယ်လို့ ပြောပါတယ်''ဟု စီစဉ် သူ ADMA ကုမ္ပဏီမှ ဒု-ဥက္ကဋ္ဌ ဦဝေမင်းမောင်က ပြောသည်။

အဆိုပါအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ရက်တွင် Jaunction Square ၌ မြန်မာပရိသတ်အား ဖျော်ဖြေသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၄ရက်တွင် ရွှေတိဂုံစေတီတော် မြတ်ကြီးနှင့် ဗိုလ်တထောင်စေတီ တော်မြတ်ကြီးကို ဖူးမြော်သွား မည်ဖြစ်သည်။ ထိုင်း အနု ပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်ဖြစ်ပုံ နှင့်ပတ်သက်၍ ADMA ကုမ္ပဏီ မှ မြန်မာအနုပညာရှင် သရုပ် ဆောင်ဇာနည်ကလည်း ''ထိုင်း မင်းသမီး လာဖြစ်တာကတော့ ကျွန်တော်တို့ဆီက ကိုဝေမင်း မောင်က ဘန်ကောက် ကို သွား တော့ ချိတ်လာတယ်။ ဆီးဂိမ်း မှာ ပရိုမိုးရှင်းလုပ်ဖို့ ဖိတ်ခဲ့တယ်။ အခုလို ထိုင်းအနုပညာရှင်တွေ မြန်မာနိုင်ငံကိုလာတာ ကောင်းပါ တယ်။ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ပြည်ပက နှစ်ယောက် မြောက် ထိုင်းမင်းသမီးကို ဖိတ် ခေါ်နိုင် လို့ ကောင်းပါတယ်။ သူ တို့က အနုပညာအနေနဲ့လဲ ကောင်းပါတယ်။ မြန်မာတွေရဲ့ သရုပ်ဆောင်အရည်အသွေးကို ပြောရမယ်ဆိုရင် အခု ထိုင်း နိုင်ငံမှာ နာမည်ကြီးနေတဲ့ Pee Mark ဇာတ်ကားကို မြန်မာပြည် က သရုပ်ဆောင် တွေလဲ သရုပ် ဆောင်နိုင် လိမ့်လို့ ကျွန်တော် မြင်တယ်''ဟု ပြောသည်။ ထိုင်းမင်းသမီးနှင့် အဖွဲ့ဝင် များအား လေဆိပ်နှင့် လမ်းတစ် လျှောက်တွင် လုံခြုံရေးကုမ္ပဏီမှ အထူးလုံခြုံရေးအဖွဲ့ဝင်များက လုံခြုံမှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်ဦးဆောင်တဲ့ အထူးဘော်ဒီဂတ် စုစုပေါင်း ၁၅ဦး နဲ့ ထိုင်းအနုပညာရှင်တွေကို လုံခြုံ ရေးပေးထားတယ်''ဟု ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီမှ ဦးအောင်မိုး က ပြောသည်။ ထိုင်းအနုပညာရှင်များ နှင့် မြန်မာအနုပညာရှင်များ ပူး ပေါင်း ကာ မြန်မာပရိသတ်အား ဆီးဂိမ်းအကြို တွေ့ဆုံဖျော်ဖြေ ခြင်းအပြင် မြန်မာသရုပ်ဆောင် များနှင့် ပူးပေါင်းပြီး ထိုင်း-မြန်မာ ယဉ်ကျေးမှုများပါဝင်မည့် ရုပ်ရှင် ဇာတ်ကားတစ်ကားကို ရိုက်ကူး သွားမည်ဖြစ်သည်။

''နိုင်ငံတကာ ထိုးဖောက် ဖို့နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေး အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးလဲ ရိုက်ကူးသွားမယ်။ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတွေကို ထည့်သွင်းရိုက် ကူးဖို့ ရှိပါတယ်။ မြန်မာ့ယဉ် ကျေးမှုတွေ ပါချင်လို့ မင်းသားကို ဧည့်လမ်းညွှန် ဇာတ်ရုပ် အဖြစ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ယဉ်ကျေးမှုတွေကို လဲ ထည့်သွင်းရိုက်ကူးသွားပါ မယ်''ဟု ဦးဝေမင်းမောင်က ဆက် လက်ပြောသည်။ ယင်းဇာတ်ကားအတွက် ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ပြင်ဆင်နေပြီ ဖြစ်ပြီး ဇာတ်ကား တွင် ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်ဘာ သာစကားများ ပြောဆိုမည်ဖြစ် ကာ ဇာတ်ကားအား အင်္ဂလိပ် စာတန်း၊ ထိုင်းစာတန်းများ ထိုး သွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ရိုက်ကူးမည့် ရုပ် ရှင်ဇာတ်ကားတွင် အဆိုပါ မင်း သမီးနှင့် အတူ လူမင်း၊ စိုင်းစိုင်း ခမ်းလှိုင်တို့မှ ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားမည်ဖြစ်သည်။

သူသူ ၊ နွေးနွေး
Yangon Media Group


Pee Mak မင်းသမီး Davika Hoorne နှင့် ထိုင်းမင်းသား Mos Patiparn ဓာတ်ပုံများ - ရဲနောင်(ဖယ်ခုံ)

ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း






ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။

 ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။

ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။

ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို 
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။

တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

 မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။





အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ

သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြသည်။ သတင်းဆိုသည်ကို တစ်ကြိမ် တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့သို့ တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။

လတ်တလောတွင် ထိုကဲ့သို့သတင်းထူးသတင်းဦးများစွာအနက် သက် ဆိုင်ရာနယ်ပယ် အသီးသီးတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်တုန်ခါ သွားစေ ခဲ့သော သတင်းတစ်ခုပေါ်ပေါက်လာခဲ့သည်။ တကယ်တော့ ထိုသတင်း၏ အသွင်ပိုထူးခြားစေခဲ့သည်က လျှို့ဝှက်အပ်သောအရပ်မှ ပေါက်ကြားခဲ့သော သတင်းဖြစ်နေသောကြောင့်ပင်။

”ဟိုးအစောပိုင်းကတော့ ကျွန်တော်တို့လည်း အစစ်ခံခဲ့ရဖူးတာပဲ။ အမှား က တော့ကင်းတဲ့သူ သိပ်မရှိပါဘူး။ ဒီဟာမကောင်းဘူးဆိုတာ သိလို့ လမ်းမှန်လျှောက် နေတဲ့ သူတွေ အများကြီးပါ။ တရားဥပဒေကိစ္စကတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ဒီဟာက စစ်ဆေးတဲ့ဟာ အပြင်ထွက် လာတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အပြင် ထွက်လာတော့ ရှုပ်ကုန် တာပေါ့။ မဟုတ်ဘဲ အစွပ်စွဲခံရသူတွေက ငြင်းတာအကြောင်း မဟုတ်ပေ မယ့် ဟုတ်နေတဲ့သူတွေ ငြင်းတာကတော့ ပြဿနာပေါ့။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက် အပ်တဲ့ မပေါက်ကြားသင့်တဲ့အရာကတော့ အခုလိုပေါက်ကြားတာ လုံးဝ မသင့်လျော်ဘူး။ အမှားကို ဆက်လုပ်နေတဲ့သူတွေအတွက်ကတော့ သတိပေးလိုက်တဲ့ သဘောတော့ ရှိနိုင်ပေမယ့် အရင်က မှားခဲ့တဲ့အမှား ကိုသိပြီး အမှန်ကိုလျှောက်နေ တဲ့သူတွေ ခြေလှမ်းတုံ့ဆိုင်းသွားနိုင်တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် လူမှုရေးကိစ္စများကို ကိုယ်အား စိတ်အား ထက်သန်စွာဆောင်ရွက်နေသူ ဦးကျော်သူက ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်အနုပညာရှင် များနှင့်မူးယစ်ဆေးဝါး ကိစ္စအပေါ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုပါသည်။

အဆိုပါ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုခြင်းနှင့် သုံးစွဲသူတို့၏ အမည်စာရင်းပါ ရဲစစ်ဆေးချက်၌ မူးယစ်ဆေးဝါးသုံးစွဲသူ အဆိုတော်သုံးဦး အမည် စာရင်းတွင် ပါဝင်နေသည့် သားဖြစ်သူ၏ကိုယ်စားသာမက ရုပ်ရှင်လောကတစ်ခုလုံး ကိုယ်စား ပြောကြားသူ မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ”ကျွန်တော်ပြောမယ်ဆိုရင် မင်းမော်ကွန်း ဖခင်ဖြစ်တဲ့ ဇင်ဝိုင်းအနေထက် ရုပ်ရှင် လောကသားတစ်ဦး အနေနဲ့ လောက တစ်ခုလုံး ကိုယ်စားပြောချင်တယ်။ ကျွန်တော် တို့ သိသလောက် ဒီစစ်ဆေး ချက်က ၂ဝဝ၈ ခုနှစ်က ဖြစ်တယ်။ အဲဒီကာလတုန်းက ဒီနှစ်ယောက် တည်း ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး။ အနုပညာရှင် တော်တော်များ များကို ခေါ်ယူစစ်ဆေးတာ ကျွန်တော့်သား အပါအဝင်ပါပဲ။ ခေါ်ယူ စစ်ဆေးပြီး စစ် ဆေးချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင် ချက်၊ စစ်ဆေးချက်တွေ ဆိုတာ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ လူမှုရေး အရပဲဖြစ်စေ လျှို့ ဝှက်ထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ အခု ဒီကိစ္စပေါက်ကြား လာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိပါ သလဲမေးချင်ပါတယ်။

ဒီလူမှုကွန်ရက် Facebook ပေါ် တက်လာတာနဲ့ သတင်းကို ပုဂ္ဂလိက စာနယ်ဇင်းတွေက ဖော်ပြတာရှိတယ်။ အတည်ပြုချက်ရယူပြီးမှ ဖော်ပြတာ လား ဆိုတာ ကျွန်တော်မသိပါ။

ကျွန်တော့်နာမည်နဲ့ ပြည့်တန်ဆာခန်း ထောင်ထားသူ ဇင်ဝိုင်းလို့ စာတစ်ကြောင်းကိုFacebook ပေါ်မှာ တက်လာရင် ပေါ်ပြူလာကတင်လာ မယ်ဆိုပါတော့ ကျွန်တော့်ကို အတည်ပြုမေးရပါမယ်။

အဲဒါက အတည်ပြုချက်မပါဘဲ ပါလာရင် လုပ်လို့ မရပါဘူး။ ကျင့်ဝတ်အပိုင်း ပါသွားပြီ။ ဒါကိုတော့ ထားလိုက်ပါ။ ခေတ်စနစ်တစ်ခု ကို ပြောင်းလဲနေ တဲ့ကာလမှာ အားလုံးက နေသားတကျ မှားယွင်းမှု ကို နားလည်ပါတယ်။ အခု အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ နာမည်စာရင်းတွေက အနုပညာ သည်တွေ မကပါဘူး။ မူးယစ်ဆေး ဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင် ငံ တော်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုပါပဲ။ လူငယ်တွေကြားမှာ သူတို့ ပတ် ဝန်းကျင်က စာအုပ်ကောင်းတစ်အုပ် ဘဝတက်လမ်းအတွက် အကျိုးပြုစေတဲ့ အချက်များရှိနေတာထက် မူးယစ်ဆေးဝါး အရက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ နံပါတ် ၄၊ ရာမ အစုံ အစုံ လက်လှမ်းတမီမှာ ရှိနေပါတယ်။ သိပ်ကြောက်စရာကောင်းပါတယ်။ အများအမြင်မှာ ဒီကလေးတွေ ဒီလူ စာရင်းတွေဟာ တရားခံလို့ မြင်ကြပေမယ့် ကျွန် တော် ကတော့ ခေတ်ဆိုး စနစ်ဆိုးရဲ့ သားကောင်လို့ပဲမြင်တယ်။ အနုပညာလောက ရယ်မှမဟုတ်ပါ ဘူး။ မင်းမော်ကွန်းအတွက် ပြောခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုတွေကို အမြန်ဆုံးမူးယစ်ကျွန်ဘဝမှ အမြန်ဆုံး ကယ်တင်ပေးကြပါ။ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်းအနေ နဲ့ တောင်းဆိုတာပါ။ မူးယစ် ရာဇာတွေက လူကုံထံရပ်ကွက်ထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့တိုက် ကြီးတွေနဲ့ နောက်ဆုံးပေါ်ကား ၁၄ စီး ၁၅ စီးနဲ့ တဝီးဝီးစီးနေကြတဲ့ မျက်လုံးမည်း မည်း အသား နီစပ်စပ်ပုဂ္ဂိုလ်တွေက ဘိန်းဖြူဘိန်းမည်းက အစရောင်းတာကို ပဲပြုတ်သည် သာမက ဆိုက်ကားသမားပါသိပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူများက မသိကြ တာ၊ မတွေ့ ကြတာ၊ သတင်းမရကြတာကတော့ အလွန်အံ့သြဖို့ ကောင်းပါတယ်”

၂ဝဝ၈ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ် ဆေးခဲ့မှု ရဲမှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် လက်ရှိနာမည်ရ အနုပညာရှင်များစွာ ပါဝင်နေခြင်းက သတင်း၏တန်ဖိုးကို ပိုမြင့်မားစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သိရန်ခဲယဉ်းသော အရေးယူ စစ်ဆေးမှုမှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့ခြင်းဖြစ်၍ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်လာသကဲ့သို့ ဝေဖန်ကန့်ကွက်မှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။ အဓိကထောက်ပြကြသည်က လူ့အခွင့် အရေး နှင့် ဂုဏ်သိက္ခာ။

ထိုသတင်းကို ဖေ့စ်ဘွတ်တွင် ထုတ်ဖော်တင်ခဲ့သူကတော့ ယခင် ကာလ ဥပဒေစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အာဏာလွှမ်းခဲ့သည့်အတွက် အရေးယူမှုများ ပေါ့လျော့ဖုံးဖိခဲ့သည်ကို သိရှိရန်ဟု ဆိုခဲ့သည်။ သို့သော် လတ်တ လောရပ်တည်နေကြသူများ၏ ဂုဏ်သိက္ခာအတွက် ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ သည်ဟု ဝေဖန်မှု များက ပို၍ညံလာခဲ့သည်။

ယင်းတို့အနက် သရုပ်ဆောင်လူမင်းက ထိုသတင်းပေါ်ပေါက်ပြီး မရှေး မနှောင်းတွင်ပင် ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှနေ၍ ငြင်းဆို ကန့်ကွက်ေ ကြာင်းတင်ခဲ့ပြီး စိုးမြတ်သူဇာကလည်း ၄င်း၏သဘောထားကို တင်ခဲ့သည်။ သို့အတွက် အကယ်ဒမီစိုးမြတ်သူဇာနှင့် ဒါရိုက်တာမိုက်တီးတို့၏ ဖေ့စ် ဘွတ်တွင် ဖော်ပြချ က်သဘောထားနှင့်တကွ အနုပညာလောကမှ သဘောထားများကို ဆက်သွယ်မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

► လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ လုပ်ဆောင်နေပါတယ်…
လူမင်း(ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)

► အထူးလျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက်ကြားကုန်မှတော့ …
ဇာဂနာ(ဦးသူရ)

► လူမှုရေးအရပဲ ကြည့်ကြည့် ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရပဲ ဖြေရှင်းရမယ့်ကိစ္စ …
ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ)

► ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံးပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေဘာပြောပြော
အစ်မ ဘာမှမထိခိုက်ဘူး . . .
နန္ဒာလှိုင်(သရုပ်ဆောင်)

► Nobody Perfect ဆိုပေမယ့် Perfect ဖြစ်တဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျွန်မဟာ Perfect မဟုတ်ဘူးဆိုတာပါပဲ . . .
စိုးမြတ်သူဇာ


စတဲ့ အနုပညာရှင်များ ရဲ့ ရင်တွင်း စကားသံများကို ဆက်လက် ဖတ်ရှု လိုပါက

Read More >>> http://www.popularmyanmar.com/mpaper/?p=80371

နည်းပညာတက္ကသိုလ်ကျောင်းသားများ B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် လတ်မှတ်ရေးထိုး၍ စုပေါင်းတောင်းဆိုမည်

နည်းပညာတက္ကသိုလ်များတွင် AGTI နှင့် B Tech အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုခွင့်ရရန်
သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနသို့  မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ စုပေါင်းလတ်မှတ်ရေးထိုး
တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က အမျိုသားဒီမိုကရေစီပါတီ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။

လက်ရှိတွင် AGTI နှင့် B Tech သင်ယူပြီးသည့် ကျောင်းသားကျောင်းသူမျာအား ကျောင်းဆက်လက်တက်ရောက်ရန်
ဝင်ခွင့်ပြန်လည်ဖြေဆိုခွင့်ပေးထားသော်လည်း သင်ခန်းစာနှင့် အချိန်ကာလညီမျှမူမရှိခြင်း ကြောင့် ကျောင်းပြန်လည်တက်ရောက်
နိုင်သူရှားပါးပြိး အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲတက်နေရကြောင်း သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။

" ကျွန်တော်တို့ မှာ အများကြီးနစ်နာမူတွေရှိနေပါတယ်။ ကျောင်းဆက်တက်ခွင့်အတွက် ၀င်ခွင့်ဖြေဆိုချိန်က တစ်လပဲရှိတယ်။
ရိုးရိုးအောင်သွားပြီဆိုရင် အဝေးသင်တက္ကသိုလ်တွေအဖြစ်ပဲဆက်တက်ရတယ်။ ပညာရေးစနစ်တွေပြုပြင်ပြောင်းလဲတယ်ဆိုရင်
လက်တွေ့ ပြောင်းလဲသင့်ပါတယ်" ဟု သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။

ထိုသို့ ကျောင်းတက်ခွင့် ပြန်လည်ရရန်အတွက် မြန်မာနိုင်ငံအသီးသီးမှ နည်းပညာတက္ကသိုလ်ကျောင်းသားများဧ။် လတ်မှတ်များ
စုပေါင်းကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်ပြီး သယန်းကျွန်းမြိုနယ် လွတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန်မှ ကျောင်းပြန်လည်တက်ခွင့်နှင့် ပတ်သတ်၍ လွတ်တော်တွင်းမေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်းသိရသည်။

"ကျောင်းသားလူငယ်တွေဖြစ်နေတဲ့ပြသနာကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး လာမယ့်လွတ်တော်မှာ မေးခွန်းမေးပေးသွားပါမယ်။ သူတို့ ဆီမှာလဲ မတူညီတဲံ့အခက်ခဲတွေအများကြီးရှိကြတယ်။ တင်ပြလာတဲ့အချက်တွေပေါ်
မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန်ကဆိုသည်။

လက်ရှိတွင် B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုရန် ကျောင်းသား ၁၀၀၀ကျော်ခန့် လတ်မှတ်ရေးထိုးပြီး
ဖြစ်ကြောင်းသိရသည်။

Reposted by pyae phyo
Credit to (ရိုးရာလေး)

ရှမ်းအဆိုတော် စိုင်းဆိုင်မောဝ်ကို ချင်းမိုင်မှာ ဂုဏ်ပြုဆုချီးမြှင့်

မန်မာနိုင်ငံက နာမည်ကြီး ရှမ်းတိုင်းရင်းသား အဆိုတော်တစ်ဦးဖြစ်တဲ့ စိုင်းဆိုင်မောဝ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရှမ်းတိုင်းရင်းသားတွေရဲ့ ၀ါအရင့်ဆုံး အနုပညာရှင်အဖြစ် ဂုဏ်ပြုဆုချီးမြှင့်တဲ့ အခမ်းအနားကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသား အဆိုတော် တေးသံရှင် စိုင်းဆိုင်မောဝ်ကို ဆုချီးမြင့်ရတာနဲ့ပတ်သက်လို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းရဲ့ အတွင်းရေးမှူး နန်းယဉ်စီလာက RFA ကို အခုလို ပြောပါတယ်။

“ကျမတို့ ပင်လုံရွှေရတုကျင်းပတဲ့ ပြီးခဲ့တဲ့ ၂၀၀၈ လား ၂၀၀၉ လား၊ အဲ့ဒီတုန်းက ကျမတို့ ရှမ်းအဆိုတော်နဲ့ ရှမ်းစာပေ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့ ကျမတို့ရဲ့ တိုင်းရင်းသားလူမျိုးက ခေါင်းဆောင်တွေကို ကျမတို့ ဆုချီးမြင့်တယ်လေ၊ ဘွဲ့တံဆိပ်လိုမျိုး သဘောပေါ့နော်၊ အဲ့တုန်းက ရှမ်းအဆိုတော်ဆို ၅ ယောက် ၆ ယောက်လောက်ဆုရတယ်၊ နောက်ပြီး စာပေနဲ့လုပ်တဲ့ ဆရာကြီးတွေဆို သုံးလေးငါးယောက်ရှိတယ်၊ အဲ့ရွှေရတုမှာ ဘွဲ့ပေးတဲ့သဘောနဲ့ အဲ့လိုမျိုး ဂုဏ်ပြုချီးမြှင့်တယ်ပေါ့၊ တစ်ခေါက်လုပ်ပြီးပြီ၊ ဒါပေမယ့် ကျမတို့ ထိုင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေက တစ်ခါမှ မလုပ်ရသေးဘူးပေါ့၊ အဲ့ဒါကြောင့်မို့လို့ ဒီနှစ် သူလည်းဒီကိုလာတဲ့အတွက် အထိမ်းအမှတ်အနေနဲ့ ကျမတို့က လုပ်ပေးတာဖြစ်တယ်၊ ထပ်ပြီးတော့ ချီးမြင့်တာပေါ့နော်”

ဂုဏ်ပြုဆုအဖြစ် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ချင်းမိုင်ကနေပြီး ရှမ်းအနုပညာရှင် စိုင်းဆိုင်မောဝ်ကို ဂုဏ်ပြုချီးမြှင့်သည် ဆိုတဲ့စာတမ်းပါ အမှတ်တံဆိပ်ဂုဏ်ပြုဆုနဲ့အတူ ရှမ်းရိုးရာဝတ်စုံတစ်စုံနဲ့ မြန်မာကျပ်ငွေ သိန်း ၃၀ ကို ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

အဆိုတော် စိုင်းဆိုင်မောဝ်ကလည်း ပြည်ပမှာရှိတဲ့ ရှမ်းတိုင်းရင်းသား ညီအကိုမောင်နှမတွေကနေပေးအပ်တဲ့ ဒီလိုဂုဏ်ပြုဆုကို လက်ခံရရှိတဲ့အတွက် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။

“ကျနော့်ရဲ့ ဘ၀သက်တမ်း အနုပညာမှာ ကျနော့်ကို ဒီလိုမျိုး နိုင်ငံခြားမှာရောက်နေတဲ့ အဝေးရောက် ကျနော်တို့အမျိုးတွေရဲ့ ပေးတဲ့ဆုဟာ ကျနော် ဘာနဲ့မှတန်ဖိုးမဖြတ်နိုင်ပါဘူး၊ အင်မတန်မှ ပီတီဖြစ်မိပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူမိပါတယ်၊ ကျနော်တို့ အနုပညာသည် အားလုံးအတွက်လေ၊ ကျနော်တစ်ယောက်တည်းအတွက် မဟုတ်ဘဲနဲ့ ကျနော်တို့ ဗမာပြည်မှာရှိတဲ့ အနုပညာသည်အားလုံး၊ နာမည်ကြီးတဲ့ လူတွေအားလုံးအတွက်ရော ကျနော်ခံစားပြီးတော့ ကျနော် အဲ့ဒီဆုကို ၀မ်းပန်းတသာနဲ့ လက်ခံယူလိုက်ပါတယ်”

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ရှမ်းပြည်နယ်အတွင်းက လူငယ်တွေ အနုပညာတိုးတက်မှုတွေ ပိုမိုရရှိလာစေဖို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစလို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ အနုပညာပန်းခြံဆိုပြီး အနုပညာကျောင်း ဖွင့်လှစ်သင်ကြားပေးနေသလို မျိုးဆက်သစ် အနုပညာရှင်တွေ မွေးထုတ်ပေးချင်တဲ့အတွက်ဆိုပြီး အခုနှစ်ထဲမှာပဲ မိုဘိုင်း ရီကောဒင်းအဖွဲ့ဖွဲ့ပြီး လုူငယ်တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။

လာမယ့် ဖေဖေါ်ဝါရီလမှာတော့ စိုင်းဆိုင်မောဝ် ကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ ‘ကမ္ဘာ့ရင်သွေးငယ်များဆီသို့’ ဆိုတဲ့ခေါင်းစဉ်နဲ့ မြန်မာသံစဉ် စီးရီးထွက်နိုင်ဖို့ စတင်အသံသွင်းနေပြီလို့လည်း သိရပါတယ်။
khine

ပ​ညာ​သင် ​အာ​မ​ခံ ​လျော်​ကြေး​ငွေ ၅ ​သန်း ​စာ​ချုပ် ​ပယ်​ဖျက်

နိုင်​ငံ့​၀န်​ထမ်း​တွေ ​ပြည်​ပ​ထွက် ​ပ​ညာ​သင်​ကြား​ပြီး ​မိ​ခင်​နိုင်​ငံ​ကို ​ပြန်​လာ​ဖို့ ​ပျက်​ကွက်​ရင် ​ပ​ညာ​သင် ​အာ​မ​ခံ ​လျော်​ကြေး​ငွေ ​ကျပ် ၅ ​သန်း ​ပေး​ဆောင်​ပါ​မယ်​လို့ ​သက်​ဆိုင်​ရာ ​ပ​ညာ​သင်​က ​က​တိ​ခံဝန်​ချက် ​စာ​ချုပ်​ချုပ်​ဆို​ရ​တာ​ကို ​ပယ်​ဖျက်​လိုက်​ပြီ​ဖြစ်​ကြောင်း ​နိုဝင်​ဘာ ၁၈ ​ရက်​စွဲ​နဲ့ ​အ​စိုး​ရ​အ​ဖွဲ့​ရုံး​က ​ထုတ်​ပြန်​ကြေ​ညာ​ထား​ပါ​တယ်။
1453437_543832169039389_1598056568_n​ဒါ့​အ​ပြင် ​ပ​ညာ​သင်​ပြီး ​ပြန်​ရောက်​လာ​ပြီး​နောက် ​သက်​ဆိုင်​ရာဝန်​ကြီး​ဌာ​န​နဲ့ ​အ​ဖွဲ့​အ​စည်း​တွေ​ထဲ​မှာ ​ကာ​လ​ဘယ်​လောက်​ကြာ​အောင် ​တာဝန် ​ထမ်း​ဆောင်​ရ​မ​လဲ ​ဆို​တာ​ကို​လည်း ​ပြန်​ပြီး ​သတ်​မှတ်​ဖို့ ​လုပ်​နေ​တယ်​လို့ ​ထုတ်​ပြန်​ချက်​မှာ ​ပါဝင်​ပါ​တယ်။
ဒီ​အ​တွက် ​သက်​ဆိုင်​ရာဝန်​ကြီး​ဌာ​န၊ ​အ​ဖွဲ့​အ​စည်း​တွေ​အ​နေ​နဲ့ ​ခံဝန်​ထိုး​ပြီး ​ပ​ညာ​သင်​လွှတ်​ခဲ့​တဲ့ ​ဦး​ရေ၊ ​အဲ​ဒီ​ထဲ​က ​ဘယ်​လောက် ​ပြန်​လာ​တယ်၊ ​ဘယ်​လောက် ​ပျက်​ကွက်​တယ်​ဆို​တာ ​အ​စိုး​ရ​အ​ဖွဲ့​ရုံး​ကို ​အ​မြန် ​စာ​ရင်း​ပြု​စု ​ပေး​ပို့​ဖို့ ​ထုတ်​ပြန်​ချက်​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

Android 4.4 KitKat တွင် Myanmar Unicode Font တရားဝင် ပါဝင်လာပြီဖြစ်


Google ၏ နောက်ဆုံးထွက်ရှိထားသည့် မိုဘိုင်း Operation System ဖြစ်သော Android 4.4 KitKat တွင် Android 4.4 ပါဝင်လာပြီဖြစ်ကြောင်း သိရသည်။ မြန်မာစာယူနီကုဒ် Font များကို Windows, Mac OSX, Android, Linux အစရှိသည့် Operation System တို့တွင် Install ပြုလုပ် အသုံးပြုနိုင်ပြီ ဖြစ်သော်လည်း iOS Platform အတွက် ပါဝင်လာခြင်း မရှိသေးပေ။ ယခင်က Android 4.4 KitKat Version တွင် Unicode Font ကို ပြုလုပ်မှ အသုံးပြု၍ ရနိုင်ခဲ့ခြင်း ဖြစ်ပြီး ယခုမှ တရားဝင် ပါဝင်လာခြင်း ဖြစ်သည်။ Android 4.4 KitKat Version တွင် Myanmar Unicode ပါဝင်လာခြင်းနှင့် ပတ်သက်ပြီး “Root လုပ်စရာ မလိုတော့ဘူးပေါ့။ ပြီးတော့ Android apps ရေးရင် Myanmar Font အတွက် Zawgyi Font ကို app ထဲ ထည့်စရာ မလိုတော့လို့ ကျုံ့သွားတာပေါ့။ သူတို့က Myanmar Font ဆိုတော့ Zawgyi Font မဟုတ်ဘဲ တခြား Unicode Font သုံးမယ်ဆိုရင် ရှိပြီးသား app တွေအတွက် Compatible ဟု Developer တစ်ဦးဖြစ်သူ ကိုပြည့်ဖြိုးရှိန်က ဆိုသည်။ ယခုကဲ့သို့ Android 4.4 KitKat တွင် Myanmar Unicode တရားဝင် ပါဝင်လာခြင်းကြောင့် Unicode အသုံးပြုလိုသူများအတွက် အဆင်ပြေလာမည် ဖြစ်ပြီး စတင်စမ်းသပ် သုံးစွဲသူများ အတွက်မူ လက်ကွက် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

Tuesday 3 December 2013

လူထိခိုက်သေဆုံးမှုတွေရှိတဲ့အထိ ဖြစ်နေတဲ့ ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို့က ဆန္ဒပြပွဲကို မြန်မာနိုင်ငံသားတွေ အနေနဲ့ 
သတိထားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက 
သတိပေးလိုက်ပါတယ်။ သီတင်းပတ်နဲ့ချီ ကြာလာပြီဖြစ်တဲ့ 
ထိုင်းဆန္ဒပြပွဲတွေကြောင့်မို့လည်း မြန်မာစီးပွားရေး 
လုပ်ငန်းတချို့မှာပါ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေတာပါ။ 
ထိုင်းဝန်ကြီးချုပ် ကတော့ ဒီဆန္ဒပြပွဲတွေ အဆုံးသတ်စေဖို့ 
ဥပဒေနဲ့အညီ တတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။  ဘန်ကောက်က နောက်ဆုံး အခြေနေ အသေးစိတ်ကို 
မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

သီတင်းပတ်တွေနဲ့ချီ ကြာလာပြီဖြစ်တဲ့ ဆန္ဒပြပွဲတွေ အဆုံးသတ်နိုင်ရေး ထိုင်းဝန်ကြီးချုပ် ယင်းလတ် ရှင်န၀ပ်နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြပြီးနောက် - ထိုင်းဝန်ကြီးချုပ်က သူ့အနေနဲ့ ဥပဒေနဲ့ မညီတဲ့ တောင်းဆိုချက်တွေကို လိုက်လျောမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းစစ်တပ်ရဲ့ အကူအညီနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင် ဆူထက် သောင်ဆူဘန် (Suthep Thaungsuban) နဲ့ ၀န်ကြီးချုပ် ယင်းလတ်တို့ မနေ့ညနေက တွေ့ဆုံခဲ့ကြတာပါ။ ၀န်ကြီးချုပ်ကတော့ ထိုင်းပြည်သူတွေ ကျေနပ်အောင် ဥပဒေနဲ့အညီ သူတတ်နိုင်တာ ဘာမဆို လုပ်ဆောင်ပေးဖို့ ဆန္ဒရှိပါတယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ထိုင်းပြည်သူတွေ ငြိမ်းချမ်းဖို့အတွက် ကျမတတ်နိုင်တာ ဘာမဆို လုပ်ပေးဖို့ ဆန္ဒရှိပါတယ်။ ထိုင်းအစိုးရ အနေနဲ့လည်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ နောက်ထပ် ဆွေးနွေးမှုတွေလုပ်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ တောင်းဆိုချက်တွေအတိုင်းဆိုရင် တည်ဆဲဥပဒေအရ - လက်ရှိ ပြဿနာတွေ ပြေလည် စေမယ့်နည်းလမ်း ကျမ မမြင်ပါဘူး။”

အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကတော့ ထိုင်းဝန်ကြီးချုပ် ယင်းလတ် နှုတ်ထွက်ပေးဖို့နဲ့ ကြားဖြတ်အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းရေး၊ ပြီးတော့ လွှတ်တော်ဖျက်သိမ်းရေး တောင်းဆိုနေတာပါ။ ဘန်ကောက်မှာတော့ ဒီကနေ့ အထိ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ သီတင်းပတ်တွေနဲ့ချီ ကြာလာပြီဖြစ်တဲ့ ဒီဆန္ဒပြပွဲတွေအတွင်း အခုချိန်ထိ  သေဆုံးသူ အနည်းဆုံး ၃ ဦး ရှိသွားပြီဖြစ်သလို၊ ထိခိုက်ဒဏ်ရာရသူတွေဦးရေဟာလည်း ၅၀ ကျော်သွားပြီဖြစ်ပါတယ်။  ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့ခံတွေကို လုံခြုံမှုအတွက် ညဘက် အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါကြောင့် ဘန်ကောက်မြို့မှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထား သွားလာကြဖို့နဲ့ ဒီဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်ခြင်း မလုပ်ကြဖို့ ဘန်ကောက်-မြန်မာသံရုံးကလည်း ကြေညာချက် ထုတ်ပြန်ထားတဲ့အကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက သတိပေးပြောဆိုခဲ့ပါတယ်။

“အဓိကကတော့ နှစ်ချက်ပဲရှိပါတယ်။ တစ်အချက်ကတော့ မိမိကိုယ်မိမိ လုံလုံခြုံခြုံနဲ့ နေကြထိုင်ကြပေါ့ဗျာ။ အဲ့ဒါမျိုး ကျနော်က ပြောတာပေါ့။ ဒုတိယအချက်ကတော့ ဆန္ဒပြတဲ့ထဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ပေါ့။ ဘာကြောင့်လဲဆိုတော့ ဟိုတနေ့က ခိုက်ရန်ဖြစ်ကြတယ်ပေါ့နော်။ ရှပ်နီနဲ့ ကျောင်းသားတွေလို့ပြောတယ်။ အဲ့ဒီမှာ သေဆုံးတဲ့ထဲမှာ ကမ္ဘောဒီးယား တစ်ယောက် ပါတယ်လို့လည်း ကြားတယ်။ စသည်ဖြင့်ပေါ့ဗျာ နော်။ အဲ့ဒီမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေကလည်း သန်းနဲ့ချီပြီးရှိတာကိုး။ သန်းနဲ့ချီရှိတော့ အဲ့လိုမျိုးတွေထဲမှာ ပါကောင်းပါသွားနိုင်တယ် ပေါ့နော်။

ဟိုးအရင်ကလည်း ပါခဲ့ဖူးတယ်လို့ ကြားရတယ်။ အခုလည်း ပါနေနိုင်တယ် စသည်ဖြင့် အနေအထားလေးတွေ အရ ကျနော်လည်း စိတ်ပူပြီးတော့ အဲ့ဒီမှာ မပါသင့်ဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က နှစ်နိုင်ငံ ဆက်ဆံရေးပေါ့ နှစ်နိုင်ငံချစ်ကြည်ရေးကလည်း
 ကောင်းနေတဲ့အခါကျတော့ ချစ်ကြည်ရေး ထိခိုက်သွားနိုင်တဲ့ဟာမျိုးဆိုတော့ Demonstration မှာ မပါသင့်ဘူးပေါ့။ အားလုံးပါပဲ ဒီအချိန်မှာကတော့ အထူးသဖြင့်တော့ မိမိကိုယ်မိမိ လုံခြုံရေးပေါ့နော် အထူးသတိပြုဖို့ ဆိုတာမျိုးကိုပဲ ကျနော်က မှာချင်ပါတယ်။”

ဒါ့အပြင် အခုလို ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက်လည်း ကြာလာတာနဲ့ အမျှ စီးပွားရေးလုပ်ငန်းတွေ မှာပါ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ဘန်ကောက်မြို့မှာ တည်းခိုခန်းငယ်လေးဖွင့်လှစ်ပြီး ငွေလွှဲလုပ်ငန်းလည်း လုပ်ကိုင်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော် အဓိကလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းမှာတော့ အရမ်းကြီးတော့ မထိခိုက်သေးဘူးဆိုပေမဲ့ တော်တော်လေးတော့ ထိလာပြီဗျ။ ငွေဈေးကလည်း ကမောက်ကမဖြစ်တယ်ဗျာ။ ငွေဈေးကဆိုရင် လွန်ခဲ့တဲ့ နှစ်ရက်လောက်က ၃၂၀၀ ပတ်ချာလည်လောက်ကနေ ၃၂၅၀ ပတ်ချာလည်နားလောက်ကို ရောက်သွားတယ်။ အဲ့တော့ ငွေဈေးမှာလည်း ကမောက်ကမဖြစ်တယ်။ နောက်ပြီးတော့ ဗမာပြည်ကနေ ဒေါ်လာဝယ်လာတဲ့ သူတွေကလည်း ပိုကိုက်တယ်ဆိုတဲ့ အနေအထားရှိတော့ ဒေါ်လာပဲ ၀ယ်လာတယ်။ အဲတော့ ငွေလွှဲလုပ်ငန်းတွေ ဘာတွေဆိုရင် အရင်လောက်တော့ မကောင်းတော့ဘူးပေါ့နော်။ ဒီပြဿနာဖြစ်တော့ ပိုဆိုးသွားတယ်ပေါ့နော်။

ကုန်သည်လည်း မတက်လာတော့ဘူး အဲ့လိုမျိုးတွေ ရှိတာကိုး။ ပုံမှန်ဆိုရင် ဒီအချိန်ဆို ကုန်သည်တွေက အများကြီးလာတယ်ဗျာ။ ဘုရင့်မွေးနေ့ လျှော့ပွဲရှိတယ်ဗျာ။ ဒီဇင်ဘာ လျှော့ပွဲရှိတယ်ဗျာ။ ဟက်ပီးနယူးရီးယား လျှော့ပွဲ ဈေးလျှော့တယ် Discount ရတယ်ဗျာ။ အဲ့လိုမျိုးတွေရှိတော့ လူတွေက အများကြီးလာကြတယ်။ ဒါပေမဲ့ ဒီအခု ဆန္ဒပြတဲ့ ပြဿနာကြောင့်တော့ လူက အရမ်းနည်းသွားတယ်။ လာတဲ့သူက တ၀က်လောက်ကျသွားတယ်။ ကုန်သည်လည်း အလာနည်းတယ်။ ကုန်သည်အလာနည်းတော့ ပစ္စည်းလည်း သိပ်မသွားတော့ဘူး။”

ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြခေါင်းဆောင်တွေကတော့ မနေ့ တနင်္ဂနွေနေ့ဟာ သူတို့အတွက် အောင်ပွဲခံနေ့ဖြစ်ရ မယ်လို့ ပြောဆိုထားခဲ့ပြီး ၀န်ကြီးချုပ် ယင်းလတ် မနှုတ်ထွက်မချင်း ၀န်ကြီးဌာနတွေကို တခုချင်း သိမ်းသွားမယ်လို့ သန္နိဌာန်ချထားကြောင်း ပြောဆိုခဲ့ကြပါတယ်ရှင်။

VOA

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes