Tuesday 3 December 2013

e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေး

Tuesday, December 3, 2013

မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်း၍ နည်းပညာ သုတေသန ဆိုင်ရာ အဆင့်မြှင့်တင်မှု တစ်ရပ် အနေဖြင့် ရန်ကုန်နည်းပညာ တက္ကသိုလ် (အင်းစိန်)နှင့် ဂျပန်နိုင်ငံ Japan Science and Technology Agency (JST) တို့၏ နည်းပညာ သုတေသန e-Asia Joint Research Program Intelligent Infrastructure ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ နည်းပညာ တက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပရာ သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်း သူများ၊ ဂျပန်နိုင်ငံမှ (JST)မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်ခိုင်မိုးနှင့် ဂျပန်နိုင်ငံ (JST) မှ ညွှန်ကြားရေးမှူး Mr.Toshihiko တို့က အလုပ်ရုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ Mr.Soichi Kubota u e-Asia အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ သုတေသန ပူးပေါင်းဆောင်ရွက်မှု စီမံချက်များတွင် လူ့စွမ်းအား အရင်းအမြစ် ပျိုးထောင်ခြင်းနှင့် ပညာသင်ဆု ပံ့ပိုးမှုများကို ဟောပြောဆွေးနွေး ခဲ့ကြသည်။ Dr.Haruo Takeda က ''Intelligent Structure" နှင့် ပတ်သက်၍ နည်းပညာဆိုင်ရာ မြို့ပြ အဆင့်မြှင့်တင် ဆောင် ရွက်မှု၊ နေ့စဉ် လူနေမှုကိစ္စများ အတွက် အသုံးဝင်မည့် အဆောက်အအုံ ဒီဇိုင်းများ၊ စက်ပစ္စည်းများ၊ အာရုံခံ ကိရိယာများ၊ အီလက်ထရွန်နစ် ကိရိယာ ပစ္စည်းများနှင့် နည်းပညာများ အကြောင်းကို ပရိုဂျက်တာဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်မျိုး(ဧရာဝတီ)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes