Saturday 2 June 2012

အမေစုရဲ့ မဟာချိုင်ခရီးစဉ်မှတ်တမ်း DVD အခွေ အခမဲ့ဖြန့်ဝေ

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ 30.05.2012 ရက်နေ့ခရီးစဉ်ဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး၊ မဟာချိုင်မြို့ MWRN ရုံး၌ မြန်မာရွှေ့ပြောင်းပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး မိန့်ခွန်းပြောကြားမှုများအား ရိုက်ကူးထားသော မှတ်တမ်းတင် DVD ခွေ 500 ကို ရွှေ့ပြောင်းပြည်သူများအား အခမဲ့ဖြန့်ဝေလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ 

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင် ဘဏ်ကနေ ငွေလွှဲလို့ရပြီး

ယနေ့ ဇွန်လ (၁) ရက်နေ့သည်၊ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲနိုင်ပြီးဖြစ်သည်ဟု Karsikorn Bank (K Bank) ကထုတ် ပြန်ပါသည်။ ဤအစီစဉ်သည် Karsikorn Bank (K Bank) နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တို့ ပူးပေါင်းခြင်း ဖြစ်ပါ တယ်။ ငွေလွှဲနှုန်းမှာ အမေရိကန်ဒေါ်လာ (၁၀၀) မှ (၃၀၀၀) အထိ ၀န်ဆောင်ခ (၁၅၀) ဘတ် ပေးဆောင်ရပါမည်။

Ref: ရွှေဟင်္သာ

ထိုင်းနှင့် တပြေးညီ မြန်မာများ လုပ်အားခ ရတော့မည်



ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းတို့ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - Bangkok Post)

ထိုင်းနိုင်ငံသားများနှင့် အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့က တွေ့ ဆုံခဲ့ပြီး ချလုံ ယူဘမ်ပရုန်းက ပြောကြားခဲ့ကြောင်း bangkokbiznews အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

“တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘတ် ၃၀နဲ့ ဆေးကုသလို့ရတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ တနေ့  လုပ်အားခကို ထိုင်းနိုင်ငံသားတွေ ရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်”ဟု ချလုံ ယူဘမ်ပရုန်းက ပြောသည်။

လတ်တလော ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်ထားသူ မြန်မာနိုင်ငံသား ၈ သိန်းခန့်ရှိပြီး မှတ်ပုံ မတင်ရသေးသူ ၁ ဒဿမ ၂ သန်းကိုလည်း နှစ်နိုင်ငံ ပူးပေါင်း၍ နိုင်ငံသား စိစစ်ရေး ကိစ္စများ ဆောင်ရွက်နေကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာအလုပ်သမားများကို၂၀၁၃ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ပြီး ထိုင်းနိုင်ငံသားများနှင့် အတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ ရရှိရန် ဆောင်ရွက်ပေးမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်း အစိုးရအနေနှင့် မြန်မာအလုပ်သမားများနှင့် စစ်ပြေး ဒုက္ခသည်များအား ကူညီဆောင်ရွက် ပေးနေမှုများကို ကျေးဇူတင်ကြောင်း bangkokbiznews သတင်း၌ ရေးသားသည်။

“ထိုင်းအစိုးရအနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်၊ ထိုင်းနိုင်ငံဟာ ငယ်ပေမယ့် ဒိန်းမတ်နိုင်ငံလို မချမ်းသာ ဘူး၊ ဒါပေမယ့် ဒုက္ခသည်တွေကိုတော့ အကောင်းဆုံး ဖြစ်အောင် ကူညီခဲ့တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် မဟာချိုင်ဒေသရှိ မြန်မာအလုပ်သမားများ အတွက် နိုင်ငံသား စိစစ်ရေးရုံးသို့ ထပ်မံ သွားရောက်ခဲ့သည်။ မြန်မာ အလုပ်သမားများအား ယာယီနိုင်ငံကူး လက်မှတ် လုပ်ပေး နေ သည့် အခြေအနေများကို သွားရောက်လေ့လာခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ အလုပ်သမားများ နှင့် ဒုက္ခသည်များ အရေးကို ဆက်လက် ၍ ကြိုးစားလုပ်ဆောင်သွားမည်ဟု အလုပ်သမားများကို ထပ်မံပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်း ပြောဆိုခဲ့သည်။

“ကြိုးစားပါ့မယ်လို့ ပြောလို့ တချို့က အားရချင်မှ အားရမှာ၊ အခုချက်ချင်း လက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ၊ ဒါပေမယ့် ကတိတွေပေးပြီး ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပ ခရီးစဉ် အဖြစ် ၂၄ နှစ်အတွင်း ထိုင်းနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်တွင် ကျင်းပနေသည့် ၂၀၁၂ ခုနှစ် အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံသို့ တက်ရောက်လာခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင် ဆေးခန်းနှင့် မယ်လဒုက္ခ သည် စခန်းများသို့လည်း စနေနေ့တွင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

Ref: ဧရာဝတီ

Friday 1 June 2012

အိမ်ပြန်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ ဒေါ်စုပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ​စမွတ်ဆခွန်ခရိုင်မဟာချိုင်ဒေသကို ​ဒုတိယအကြိမ်သွားပြီး ​ရွေ့ပြောင်းအလုပ်သမားတွေအတွက် ​ဖွင့်လှစ်ထားတဲ့ယာယီပတ်စပို့ရုံးမှာ ​အလုပ်သမားလက်မှတ်နဲ့ ​ယာယီ ​ပတ်စပို့လုပ်ပေးနေတဲ့ ​အခြေအနေတွေကို ​မနေ့ ​ညနေပိုင်းက ​သွားရောက်လေ့လာခဲ့တယ်လို့ ​သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ယာယီပတ်စပို့လုပ်နေတဲ့ ​မြန်မာအလုပ်သမားတွေရဲ့ ​အခြေအနေကို ​သွားရောက် ​မလေ့လာခင် ​ထိုင်းနိုင်ငံ ​ဒုတိယ၀န်ကြီးချုပ်နဲ့ ​တွေ့ဆုံခဲ့ပြီး ​မြန်မာအလုပ်သမားတွေရဲ့ ​အခြေအနေတွေနဲ့ ​ပတ် ​သက်ပြီး ​ဆွေးနွေးခဲ့ကြတယ်လို့ ​ပြောပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်ကို ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝကလည်း ​လက်ခံတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​မဟာချိုင်ဒေသက ​အလုပ်သမားတွေကို ​မှတ်ပုံတင်လုပ်ပေးနေတဲ့ရုံးကိုရောက်ရှိပြီး ​အလုပ်သမားတွေနဲ့ ​တွေ့ဆုံတဲ့အခါ ​ထိုင်းနိုင်ငံ ​ဒုတိယ၀န်ကြီးချုပ်နဲ့ ​တွေဆုံခဲ့တဲ့အခြေအနေတွေကို ​ရှင်းပြခဲ့တယ်လို့ ​အလုပ်သမား ​တွေကိုကူညီဆောင်ရွက်ပေးနေတဲ့  ​လူ့အခွင့်အရေးနဲ့ ​ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ​HRDF ​က ​ကိုစိန်ဌေးက ​ခုလိုပြောပါတယ်။

ပတ်စပို့ရုံးမှာ ​လုပ်တဲ့လုပ်ငန်းစဉ်တွေ ​သွားကြည့်တယ်၊ ​ပြီးတော့အလုပ်သမားတွေကို ​ထွက်ပြီးတော့ ​မိန့်ခွန်း ​ပြောတယ်၊ ​မနေ့က ​အလုပ်သမားတွေနဲ့ ​တွေ့ဆုံပြီးတော့ ​အလုပ်သမားတွေတင်ပြခဲ့တဲ့ ​အလုပ်သမားအခွင့်အရေး ​နဲ့ ​ပတ်သက်တဲ့အကြောင်စအရာတွေကို ​ပတ်စပို့ရုံးကို ​မသွားခင်လေးမှာ ​ထိုင်းဒုတိယ၀န်ကြီးချုပ်နဲ့ ​တွေ့တဲ့အခါ  ​အဲဒါတွေ ​ပြောခဲ့တဲ့အခါကျတော့ ​ထိုင်းဒုဝန်ကြီးချုပ်က ​အမြန်ဆုံး ​ပြေလည်အောင် ​ဆောင်ရွက်ပေးမယ်လို့ ​ဂတိပေး ​တယ်ဆိုတဲ့အကြောင်း ​သူပြောတယ်။
ဒါအပြင် ​ မြန်မာအလုပ်သမားကလေးတွေကို ​ထိုင်းအစိုးရကျောင်းတွေမှာ ​တက်ရောက် ​သင်ကြားခွင့်ပေးဖို့၊ ​အလုပ်ရှင်တွေအနေနဲ့ ​အလုပ်သမားတွေရဲ့ ​ပတ်စပို့ကို ​သိမ်းဆည်းထားတဲ့ ​ကိစ္စတွေ၊ ​အလုပ်ရှင်တွေအနေနဲ့ ​လုပ်ငန်းခွင်အတွင်းမှာ ​ထိခိုက်ဒဏ်ရာရရှိတာတွေကို ​တာဝန်ယူပေးဖို့၊ ​အလုပ်သမား ​လက်မှတ်မရှိသေးတဲ့ ​သူတွေကို ​လက်မှတ်လုပ်ပေးဖို့ ​၊ ​လုပ်အားခကို ​တန်းတူညီမျှပေးဖို့ကိစ္စတွေကို ​ထိုင်းဒုဝန်ကြီးချုပ်နဲ့ ​ဆွေးနွေးခဲ့ ​တယ်လို့ ​ပြောပါတယ်။

အလုပ်သမားတွေ ​ပတ်စပို့လုပ်နေတဲ့လုပ်ငန်းစဉ်မှာ ​ဘယ်လိုမျိုးလွဲချော်မှုတွေရှိနေလဲ၊ ​အစိုးရသတ်မှတ်တဲ့နှုန်းနဲ့ ​အပြင်မှာ ​လုပ်နေတဲ့နှုန်းက ​ဘယ်လိုကွာဟမှုတွေရှိနေလဲ၊ ​အလုပ်သမားတွေအနေနဲ့ ​ဘယ်လိုခေါင်းပုံဖြတ်မှုတွေ ​ခံနေရလဲဆိုတာတွေလာရောက်လေ့လာတာဖြစ်ပြီး ​မြန်မာနိုင်ငံသားတွေအနေနဲ့ ​အိမ်အမြန်ပြန်နိုင်အောင် ​အ ​တတ်နိုင်ဆုံးလုပ်ဆောင်ပေးမယ်လို့လည်းပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ​တွေ့ဆုံခဲ့တာနဲ့ ​ပတ်သက်ပြီး ​ထိုင်းဒုဝန်ကြီးချုပ်က ​ အလုပ်သမားတွေ ​လုပ်ငန်း ​ခွင်ထိခိုက်မှုတွေကို ​တာဝန်ယူပေးဖို့ကိစ္စတွေ၊ ​လုပ်အားခကိစ္စတွေ၊ ​အလုပ်ရှင်တွေက ​အလုပ်သမားတွေအပေါ် ​နိုင်ထက်စီးနင်းပြုလုပ်တာတွေ ​မဖြစ်အောင် ​ကာကွယ်စောင့်ရှောက်ပေးဖို့ ​ကိစ္စတွေကို ​လုပ်ဆောင်ပေးသွားမယ်လို့ ​ပြောခဲ့ပါတယ်။ ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​မြန်မာအလုပ် ​သမားတွေ ​အိမ်ပြန်နိုင်အောင် ​၃နှစ်အတွင်း ​အတတ်နိုင်ဆုံးလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ​ပြောဆိုခဲ့တဲ့ ​အကြောင်း ​ထိုင်းမီဒီယာတွေမှာ ​ဖော်ပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ​ဒီကနေ့မှာတော့ ​ကမ္ဘာစီးပွားရေးဖိုရမ်မှာ ​အာရှအမျိုးသမီးများနဲ့ ​ပတ်သက်တဲ့အကြောင်းအရာတွေကို ​မိန့်ခွန်းပြောကြားမှာ ​ဖြစ်ပြီး ​မနက်ဖြန်မှာတော့ ​ထိုင်းနိုင်ငံ ​အနောက်မြောက်ပိုင်းက ​မြန်မာဒုက္ခသည်တွေနေထိုင်တဲ့ ​မယ်လ ​ဒုက္ခသည်စခန်းကို ​သွားရောက်လည်ပတ်မှာဖြစ်ကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

 Ref: Radio Australia



မြန်မာနိုင်ငံမှ တင်ပို့သော လယ်ယာထွက်ကုန် ပစ္စည်းအချို့ တရုတ်ဘက်မှ ၆၀ ရာခိုင်နှုန်း အခွန်ကောက်သောကြောင့် မှောင်ခိုလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်ကြောင်း သိရှိရ

593
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန် ပစ္စည်းကုန်စည်ဒိုင်
မြန်မာနိုင်ငံမှ တင်ပို့သော လယ်ယာထွက်ကုန်ပစ္စည်းအချို့ တရုတ်ဘက်မှ ၆၀ ရာခိုင်နှုန်း အခွန်ကောက်သောကြောင့် မှောင်ခိုလမ်းကြောင်းကို အားထားနေရဆဲ ဖြစ်ကြောင်းနှင့် အလားတူပင် တရုတ်ဘက်မှ ကုန်သွယ်မှုနှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ အပြောင်းအလဲများ မကြာခဏ ပြုလုပ်နေမှုကြောင့် မြန်မာကုန်သည်များဘက်မှ နစ်နာမှု အများအပြားကို အခါ အားလျော်စွာ ကြုံတွေ့နေရကြောင်းလည်း သိရှိရသည်။

“တရုတ်နဲ့မြန်မာနဲ့ ကုန်သွယ်တဲ့အခါ မမျှတတာတွေရှိတယ်။ ဥပမာ-မြန်မာနိုင်ငံကတင်တဲ့ ဆန် တို့၊ ပြောင်းတို့ကို အခွန်နင်းကန် ကောက်တဲ့အခါ တရုတ်လုပ်ငန်းရှင်က မ၀ယ်နိုင်တဲ့အတွက် မှောင်ခို လမ်းကြောင်းက သွားရတာရှိတယ်။ မြန်မာဘက်က တရားဝင်ပို့ ခွင့်ပေးထားပေမယ့် တရုတ်ဘက်က တရား ၀င်ခွင့်ပြုမပေးဘူး။ ဒါကြောင့် မြန်မာလုပ်ငန်းရှင်တွေ ဈေးနှိမ်ခံရတယ်။ နောက်တစ်ခုက ကြံတို့၊ ကြံသကာ တို့ဆို ပိုဆိုးတယ်။ ကြံကို အပင်လိုက်သွင်းရင် လက်ခံတယ်။ သကြားတို့ ကြံသကာတို့ဖြစ်ပြီးမှ သူ့ နိုင်ငံထဲဝင်လာလို့ရှိရင် ဖမ်းတော့တာပဲ။ ဥပမာ ဆန်နဲ့ပြောင်းဆိုရင် ဖမ်းတာချင်းအတူတူ Custom က တွေ့မှဖမ်းတယ်။ ဒါပေမယ့် ကြံသကာလို့ သကြားလိုဟာမျိုး ဆိုရင်တော့ ဟိုဘက်မှာရှိတဲ့ ယူနီဖောင်းဝတ်ထားတဲ့ ဘယ်အဖွဲ့အစည်းမျိုးကမဆို ဖမ်းတော့တာပဲ။ တကယ်တော့ ဒီကိစ္စတွေ ကိုဖြေရှင်းဖို့ဆိုရင် အစိုးရက ကြားဝင်ပြီး တောင်းပေးမှရမှာပါ။ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေမှာ မြန်မာဘက်ကအခါ အားလျော်စွာ တောင်းဆိုတဲ့ အခွင့်အရေးတွေ ရှိပေမယ့် ဒါဟာ ဗဟိုအစိုးရနဲ့ပဲ ဆိုင်တယ်ဆိုပြီးတော့ ငြင်းပယ်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်တော့ တောင်းရမှာပဲ။ တောင်းလို့မရရင် သူတို့ဘက်က၀င်လာတဲ့ ပစ္စည်းတွေကိုလည်း အခွန်စည်းကြပ်သင့်ရင် စည်းကြပ်ရမှာပဲ။ ခဏပိတ်ပစ်သင့်ရင် ပိတ်ပစ်ရမှာပဲ။ ဒီလိုမှမလုပ်နိုင်ဘူးဆိုရင် သူတို့ ဈေးကွက်ဖြစ်နေတယ်”ဟု မူဆယ်မြို့ခံ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများတွင် နှမ်း၊ ငါး၊ ကျွန်းသစ်လုံး၊ သစ်မာလုံး၊ ကဏန်း၊ ကျောက်စိမ်း၊ ပုစွန်၊ ပဲတီစိမ်း၊ ဆန်၊ ပြောင်း၊ ရော်ဘာစိမ်းတို့ဖြစ်ကြောင်း သိရှိရသည်။

မြန်မာဘက်မှ ၀င်လာသော ပဲ၊ ပြောင်း၊ ဆန်စသည့် လယ်ယာထွက် ကုန်ပစ္စည်းများအပေါ်၌ ၆၀ ရာ ခိုင်နှုန်းအခွန် ကောက်ခံမှုကြောင့် မြန်မာနိုင်ငံဘက်မှ တရားဝင်လမ်းကြောင်းမှ တင်ပို့ခွင့်ရှိသော ပစ္စည်းများမှာ တရုတ်ဘက်မှ တရားမ၀င် နည်းလမ်းဖြင့် တင်သွင်းနေရကြောင်း၊ မြန်မာလုပ်ငန်းရှင်များဘက်တွင် ဈေးနှိမ်ခံရခြင်းများလည်း ရှိကြောင်း သိရသည်။

Ref: EMG

 ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များဘ၀ကို လုံခြုံမှုပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့

မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်များ၏ ဘ၀ကို လုံခြုံမှုပေးနိုင်ရန် ဆက်လက်ပြီး ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၃၁ရက်နေ့ ညနေပိုင်းက မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ရောက်ရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ပြောကြားသော မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers ၌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။

b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
b5_9_25_1
မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
''နှစ်ရက်သုံးရက်အတွင်းမှာတင် အခြေအနေတွေနဲ့ ပတ်သက်လို့ ကျွန်မသိလာတာတွေ ရှိပါတယ်။ ဒီနိုင်ငံက ကျွန်မတို့ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ ၀န်ကြီးဌာနတွေ ကျွန်မတို့ ဆက်ပြီးတော့ လုပ်ပါမယ်။ ကျွန်မတို့ နိုင်ငံဘက်ကလည်း တတ်နိုင်သမျှ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေရဲ့ ဘ၀ကို လုံခြုံမှုပေးနိုင်အောင်လို့ ကျွန်မတို့ ဆက်ပြီးတော့ ကြိုးစားပါ့မယ်လို့ ပြောပါရစေ။ ကြိုးစားပါ့မယ်လို့ ပြောလို့ တစ်ချို့တွေက အားရချင်မှ အားရမှာ။ အခု ချက်ချင်းလက်ငင်း လုပ်ပေးစေချင်တဲ့သူတွေ ရှိမှာပဲ။ ဒါပေမဲ့လည်း ကျွန်မကကတိတွေပေးပြီး တော့ကျွန်မတို့ ပြည်သူတွေကို မလှည့်ဖျား ချင်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။

ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ခြင်းမှာ အစည်းအဝေးတက်ရောက်ရန် ဆိုသည်ထက် ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒုက္ခသည်တွေရဲ့ ဘ၀အခြေအနေကို သုံးသပ်ပြီး မည်သည့်နည်းများဖြင့် သက်သာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုခြင်းက ပိုအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

မဟာချိုင်ရှိ National Verification Center for Myanmar Migrate Workers သို့ လာရောက်ရသည့် အကြောင်းအရင်းမှာမူ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်ရရှိရန် မည်သို့ ဆောင်ရွက်ရသည်၊ မည်မျှ ကုန်ကျသိသည်တို့ကို သိရှိလို၍ဖြစ်ကြောင်း သိရပါသည်။

''ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင်ထားရတဲ့ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စပဲ ဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့ လုပ်လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားကနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မလို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မတို့ ဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေး တဲ့ ကျွန်မတို့ရဲ့အလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင် ရသေးသရွှေ့ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘ၀ဟာ အင်မတန်မှ ခက်ခဲတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေး ကိစ္စတွေကို ဘယ်လို အမြန်ဆုံး လုပ်နိုင်မလဲ၊ ဘယ်လို အပြေလည်ဆုံး လုပ်နိုင်မလဲဆိုတာ ကျွန်မတို့ သက်ဆိုင်ရာ တာဝန်ခံတွေနဲ့ ဆက် လက်ပြီးတော့ ဆွေးနွေးပါ့ မယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောပါသည်။  

အဓိကအားဖြင့် မိမိတို့၏ တာဝန်မှာ ပြည်ပရောက် မြန်မာအလုပ်သမားများ မိခင်နိုင်ငံသို့ ပြန်လာချိန်တွင် လုံခြုံစိတ်ချစွာ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ပေးရမည်ဟု နားလည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါသည်။

''လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်ရရှိနိုင်ရမယ်ဆိုတာကို ဆိုလိုတာပါ။ ကျွန်မက လွယ်လွယ် ကတိတွေ မပေးချင်ပါဘူး။ ကျွန်မတို့က လုပ်ပေးမယ်လို့ လွယ်လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲ ရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကိုအောင်မြင်အောင် လုပ်ပေးသွားမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ ဂုဏ်သိက္ခာဟာ တစ်ကယ်တော့  ကျွန်မတို့ ပြည်သူတွေ၊ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာပေါ်မှာ မူတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မှာမဆို သိက္ခာရှိရှိ မနေနိုင်သရွှေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လိုမှ မပြောနိုင်ပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ 
''ကျွန်မတို့ ကြိုးစားရမယ်။ ကြိုးစားရမယ်ဆိုတာ တစ်ချိန်လုံး ကြိုးစားနေမှ အမြန်ဆုံးဖြစ်မြောက်အောင် ကြိုးစားရမယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အခြားနိုင်ငံတွေမှာ ရောက်နေတဲ့ ပြန်လာပြီးတော့ အလုပ်ရနိုင်အောင် လုပ်ဖို့ဆိုတာဟာ မြန်မြန်ဆန်ဆန်ကြီးတော့ မဖြစ်နိုင်သေးပါဘူး။ မဖြစ်နိုင်သေးတဲ့ အချိန်ကာလမှာ ဒီနိုင်ငံမှာရှိနေ သေးသရွှေ့ကတော့ အတတ်နိုင်ဆုံး အဆင်ပြေအောင်လို့ ကြိုးစားပါ့မယ်လို့ ကျွန်မပြောပါရစေ''ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ထို့အပြင် မြန်မာပြည်သူများ၏ အိမ်သည် မည်သည့်အခါမျှ ပြောင်းရွှေ့သွားမည် မဟုတ်ကြောင်းနှင့် ပြည်သူများ နေထိုက်သည့် အိမ်ဖြစ်အောင် ကြိုးစားသွားမည်ဟုလည်း ပြောကြားခဲ့ပါသည်။

''အိမ် ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ပြောပါရစေ။ ကျွန်မတို့ ပြည်သူတွေရဲ့ အိမ်ဟာ ဘယ်တော့ မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျွန်မတို့ ပြည်သူတွေ နေထိုက်တဲ့အိမ်ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ပြောပါရစေ''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။

Ref: EMG

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန်နှင့် မြန်မာနိုင်ငံသည် အမေရိကန်နှင့် တရုတ်တို့အတွက် တိုက်ပွဲနေရာမဖြစ်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် သတိပေး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေသည့် World Economic Forum on East Asia 2012 တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် Photo: AFP
ဘန်ကောက်တွင်ကျင်းပသည့်ကမ္ဘာ့စီးပွားရေးဖိုရမ်သို့တက်ရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး အလွန်အကျွံ အကောင်းမမြင်ရန် လိုအပ်ကြောင်း လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် နောက်ကြောင်း ပြန်မလှည့်နိုင်ဟု မဆိုနိုင်သေးကြောင်း သတိပေး ပြောကြားခဲ့သည်။

ထို့ပြင် မဟာဗျူဟာအရ အရေးပါနေသော မြန်မာနိုင်ငံအပေါ် လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသော အမေရိကန်နှင့် တရုတ်တို့အတွက် မြန်မာနိုင်ငံသည် 'မြေဇာပင်' (တိုက်ပွဲမြေပြင်)ဖြစ်မည်ကို စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက်နေ့တွင် သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ တရုတ်နှင့်မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ အိမ်နီးချင်းကောင်းများဖြစ်ခဲ့ကြောင်း၊ အင်အားကြီးနှစ် နိုင်ငံအတွက် မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု မျှဝေနိုင်သည့် နေရာတစ်နေရာသာဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ၏ သဘာဝရင်းမြစ်များကို အလွယ်တကူ ရယူသုံးစွဲနေမှုအတွက်  တရုတ်နိုင်ငံသည် ဝေဖန်ခံနေရသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများသည် ခြစားမှုနှင့် မညီမျှမှုတို့ကို ပိုမိုဆိုးရွားစေမည့် ရင်းနှီးမြှုပ်နှံ မှုမျိုးမဖြစ်သင့်ဘဲ နိုင်ငံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ရင်းနှီးမြှုပ်နှံမှုမျိုးသာ ဖြစ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများကို တောင်းဆိုခဲ့သည်။ အလုပ်အကိုင် ဖန်တီးမှုများနှင့် မြန်မာ့လုပ်သားထုအတွက် လေ့ကျင့်သင်ကြားပေးမှုများတွင် အာရုံစိုက် လုပ်ဆောင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Ref: EMG

အလုပ်အကိုင်ပေါ်မယ့် ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ဒေါ်စု တိုက်တွန်း

မြန်မာနိုင်ငံတွင်း အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးမယ့် ရင်းနှီးမြုပ်နှံမှုတွေကိုပဲ လိုလားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁ ရက် ကမ္ဘာ့စီးပွားရေးဖိုရမ်မှ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံထဲ မညီမျှမှုတွေ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေ ပိုဖြစ်စေမယ့် ရင်းနှီးမြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
 
မြန်မာနိုင်ငံတွင်း အထူးသဖြင့် လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ ဒါဟာ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေတရပ်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်းမှာ အဆင့်မြင့်ပညာရေးထက်ကို အခြေခံပညာရေးနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ အခြေခံ ကျွမ်းကျင်မှုတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။ ဒီအတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကို မကြည့်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတာပါ။ မြန်မာလူငယ်တွေ အလုပ်အကိုင်တွေရရှိစေဖို့နဲ့ အခြေခံကျွမ်းကျင်မှုတွေ ရရှိစေမယ့် ရင်းနှီးမြုပ်နှံမှုကို လိုလားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။

အခု စီးပွားရေးဖော်ရမ်မှ ပြောတဲ့ မိန့်ခွန်းဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  ၂၄ နှစ်အတွင်း နိုင်ငံပြည်ပမှာ ပထမဆုံးအကြိမ် နိုင်ငံတကာပရိသတ်ကို ပြောဆိုခြင်းဖြစ်ပါတယ်။ နှစ်ရက်ကြာပြုလုပ်တဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာစီးပွားရေးဖော်ရမ်ကို တတ်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄နှစ်အတွင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ရောက်ရှိစဉ်အတွင်း ဘန်ကောက်အနီး မြန်မာအလုပ်သမားတွေ အများစုရှိတဲ့ မဟာချိုင်အရပ်ကို နှစ်ကြိမ်သွားရောက်ခဲ့ပါတယ်။ ထိုင်း ဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံပြီး၊ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မနက်ဖြန်မှတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းမြန်မာနယ်စပ်က မြန်မာတိုင်းရင်းသား ဒုက္ခသည်တွေ ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ဖို့လည်း စီစဉ်ထားပါတယ်။

Ref: VOA

ရွှေ့ပြောင်း မြန်မာတွေ အိမ်ပြန်နိုင်ရေး ဒေါ်စု ကြိုးစားမည်

ဓာတ်ပုံ ASSOCIATED PRESS
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာ သင်ကြား နိုင်ကြတော့မှာ ဖြစ်သလို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတာတွေကိုလည်း အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်သွားပါမယ်လို့ ထိုင်းအစိုးအဖွဲ့၊ ဒုတိယ ၀န်ကြီးချုပ် တဦးဖြစ်သူ ချာလမ်မ် ယူဘမ်ရုန်းန် (Chalerm Yubamrung) က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ ထိုင်းအစိုးရအဖွဲ့ ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်း တွေ့ဆုံ ဆွေးနွေးကြချိန် အတွင်း အဲဒီလိုကတိပေးခဲ့တာပါ။ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့ဆီ ဒုတိယအကြိမ်မြောက် ထပ်သွားခဲ့ပါသေးတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းအစိုးရအဖွဲ့၊ ဒုတိယ၀န်ကြီးချုပ် ချာလမ်မ် ယူဘမ်ရုန်းန်နဲ့ တွေ့ဆုံပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည် အရေးတွေကို ဆွေးနွေးခဲ့တာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ ပညာ သင်ကြားနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေး တွေကို အတတ်နိုင်ဆုံး အကာအကွယ် ပေးပါမယ်လို့ မစ္စတာချာလမ်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။

"ထိုင်းနိုင်ငံမှာ မွေးထားတဲ့ ရွှေ့ပြောင်း အလုပ်သမားများရဲ့ သားသမီးများ၊ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာ လွယ်လင့်တကူ ပညာ သင်ကြားနိုင်ရေးကိုလည်း ခွင့်ပြုမယ်လို့ ပြောလိုက်သလို၊ ကျနော်တို့ လုပ်သားများ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရတာတွေကိုလည်း တတ်နိုင်ဆုံး ကာကွယ်
စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်။ သူကိုယ်တိုင် ဒီကနေ့ ဒုဝန်ကြီးချုပ် ချာလမ်နဲ့ တွေ့ဆုံပြီး မနေ့က ကျနော်တို့ တင်ပြလိုက်တဲ့ဟာကို ချက်ချင်း သွားဆွေးနွေးတယ်။ ဆွေးပြီး ရတဲ့ ရလဒ်ကို သူပြောတာပါ။"


မဟာချိုင်မြို့ အခြေစိုက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူတို့ကို ပြောပြတာကို ဗွီအိုအေကို ပြန်ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း ဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မေလ ၃၀ ရက်နေ့ကပဲ သွားရောက်ခဲ့တဲ့ မဟာချိုင်မြို့ဆီ နောက်တခေါက် ထပ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီက နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့ပါသေးတယ်။

"ဒါပေမယ့်လည်း ကျမက ကတိတွေ ပေးပြီးတော့၊ မလုပ်နိုင်တဲ့ ကတိတွေ ပေးပြီးတော့ ကျမတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲဒါကြောင့်မို့လို့ ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ကျမ ပြောပါရစေ၊ ကျမတို့ ပြည်သူတွေရဲ့အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျမတို့ ပြည်သူတွေ နေထိုက်တဲ့အိမ် ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ကျမ ပြောချင်တယ်. . . . . (လက်ခုပ်သံများ)။"

မဟာချိုင်မြို့က ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတောင်း အမှာစကားပါ။

နိုင်ငံသား စိစစ်ရေးရုံးဆီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်သွားတဲ့အတွက် သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မကြာခင်မှာ ပြေလည်သွားမယ်လို့ ဦးအောင်ကျော်က မျှော်လင့်ထားပါတယ်။

"ဒီရုံးကို အဓိကလာတဲ့ ရည်ရွယ်ချက်က ကျနော်တို့ လုပ်သား ပြည်သူများ မနေ့က တင်ပြလိုက်တဲ့ အထဲမှာ ဒီ ပါ့စ်ပို့ (Passport) ပြုလုပ်ရေး ကိစ္စဟာ လွယ်လင့်တကူ ဖြစ်နိုင်ပါလျက်နဲ့ မလွယ်ကူပဲ အင်မတန် ခက်ခဲနေကြောင်း၊ အဆင့်တွေ အများအပြား ကျော်နေရကြောင်း၊ နောက် တရားဝင် သတ်မှတ်ထားတဲ့နှုန်းက ၆၀၀ - ၇၀၀ ဖြစ်နေတောင်၊ ၇၀၀၀ - ၈၀၀၀ ဖြစ်နေတဲ့ ကိစ္စကို စုံစမ်းပြီး ရှင်းပေးမယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မကြာခင် ဈေးနှုန်းတွေက မှန်မှန် ကန်ကန် သက်တောင့် သက်သာနဲ့ ပြည်သူတွေ ခံစားရမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ထင်တယ်၊ အချိန်တော်တော် ကြာကြာ နှစ်ဖက် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ အတွက်ကြောင့် တော်တော်များများ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ ကျနော် မုချ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ မနေ့က ကျနော်တို့ ရွေ့ပြောင်း
အလုပ်သမားရေးရာ ရုံးမှာ သူကြည့်လိုက်တဲ့ အချက်အလက် လေးတွေကို တင်ပြ ဆွေးနွေးပြီးမှ အားလုံး အခုရရှိခဲ့တယ်ဆိုရင် ဒီနေ့ကိစ္စလည်း တော်တော် အောင်မြင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"


ထိုင်းနိုင်ငံတွင်းမှာ မြန်မာအလုပ်သမား စုစုပေါင်း နှစ်သန်းလောက် ရှိပေမဲ့ အဲဒီထဲက ၈၀၀,၀၀၀ ပဲ တရားဝင် မှတ်ပုံ တင်ထားကြတယ်လို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်က ဆိုပြီး မြန်မာ အစိုးရအနေနဲ့ အလုပ်သမားတွေ အားလုံးအတွက် နိုင်ငံသား စိစစ်ပေးဖို့ လိုမယ် လို့ ပြောပါတယ်။ ထိုင်းအလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေကို ဂရုတစိုက် စောင့်ရှောက်ရေး သေချာအောင် လုပ်ပေးပါ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာချာလမ်မ်ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့ ၂၀၁၂ ခုနှစ်၊ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ ဆက်စပ်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အသွင်ပြောင်းခြင်းအတွက် အရှေ့အာရှ ပုံစံများဆိုတဲ့ ဆွေးနွေးပွဲ အပါအ၀င် ဆွေးနွေးပွဲတချို့ကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သီးခြား ဆွေးနွေးပွဲလေးတခု အတွင်းမှာလည်း မြန်မာနိုင်ငံက ပညာရေး  အခြေအနေကို ပြောဆိုခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ICT Agenda Council ရဲ့ ဥက္ကဋ္ဌ ရာဂျိဗ် ဆင်းဂ်-မိုလားရက်စ် (Rejeev Singh-Molares) က အခုလို ပြန်ပြောပြပါတယ်။

“ပညာရေးဟာ မြန်မာနိုင်ငံမှာ အဓိက စိန်ခေါ်မှုတခုဖြစ်တယ်လို့ သူက အလေးအနက်ထား ပြောပါတယ်။ အထူးသဖြင့် မူလတန်းနဲ့ အသက်အငယ်ဆုံး အရွယ်တွေမှာ ပညာရေး ချို့တဲ့နေတာကိုလည်း ပြောပါတယ်။ အလယ်တန်းဆင့် ပညာရေးရဲ့ အရေးကြီးပုံတွေ၊ အဆင့်မြင့်ဘွဲ့တွေ ရယူနိုင်ဖို့အကြောင်းတွေ ပြောခဲ့သလို မူလတန်းအဆင့် ပညာရေးကို အာရုံစိုက်ဖို့ သူက အလေးထား ပြောသွားပါတယ်။” လို့ ရာဂျိးဗ် ဆင်းဂ်-မိုလားရက်စ်က ပြန်ပြောပြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁ ရက်၊ သောကြာနေ့မှာ ဆက်ပြီးကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာတော့ မနက်ပိုင်းမှာ ဖိုရမ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကလော့စ် ရှဝတ်ဘ် (Klaus Schwab) နဲ့ တဦးချင်း မေးမြန်းခန်း၊ ပြီးတဲ့နောက် အရှေ့အာရှ ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးပွဲတွေကို တက်ရောက်ပါလိမ့်မယ်။ ဒါ့အပြင် သတင်းစာရှင်းလင်းပွဲ တခုလည်း လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: VOA

ဒေါ်အောင်ဆန်းစုကြည် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားအရေး အလေးပေး ဆွေးနွေး

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ပေးဖို့ထိုင်းအစိုးရကို မေတ္တာရပ်ခံ ပြောဆိုခဲ့ကြောင်း မြန်မာ့ဒီမိုကရေစီ
 ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် မေလ ၃၁ ရက်က စမွတ်ဆာခွန်ခရိုင် မဟာချိုင်ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
မနေ့က စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွေ့ပြောင်းအလုပ်သမားများ ယာယီပတ်စ်ပို့ ထုတ်ပေးရေးရုံးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြောဆိုခဲ့တာပါ။

"ဒုတိယ ဝန်ကြီးချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ တွေ့ခဲ့တဲ့ အကြောင်းအရင်းကလည်းပဲ ကျွန်မတို့ရဲ့ ရွေ့ပြောင်း အလုပ်သမားတွေရဲ့အခြေအနေကို ကောင်းလာအောင်လို့ ဘယ်လို ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက် အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြေလည်ရေးအတွက်ပေါ့။ ဥပမာအားဖြင့် ဆိုလို့ရှိရင် သားသမီးတွေကို ဒေသခံထားကျောင်းတွေမှာ စာသင်ရေး စသည်ဖြင့်ပေါ့နော်၊ ပြေလည်နိုင်မဲ့ ကိစ္စတွေကို လုပ်ပေးပါမယ် ဆိုပြီးတော့ ကျွန်မတို့ ပြောပါတယ်"

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ထိုင်း ဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့အရေးကို အလေးပေး ဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံဆွေးနွေးပွဲ အပြီးမှာ မဟာချိုင်က အလုပ်သမားတွေရဲ့အခြေအနေကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုတိယမြောက်နေ့အဖြစ် သွားရောက်လေ့လာခဲ့ပြီး မဟာချိုင်က နိုင်ငံသား စိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

Ref: RFA

သတင်းထောက်တွေ နိုင်ငံသမိုင်း သိဖို့လိုကြောင်း အယ်ဒီတာက ပြောဆို

ဝါရင့်သတင်းသမားတွေ ဦးဆောင်တဲ့ ဂျာနယ်အသစ်တခုနဲ့ လူထုမိတ်ဆက်ပွဲကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ အယ်ဒီတာတဦး က မြန်မာနိုင်ငံမှာ အရည်အချင်းပြည့်ဝတဲ့ သတင်းထောက်တွေနဲ့ အယ်ဒီတာတွေ လိုအပ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။
Photo: Myanmar Independent News Journal
၂၀၁၂ ခုနှစ် မေလ ၃၀ ရက်က Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲနှင့် ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားတွင် တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းမှ အဖွင့်အမှာစကား ပြောကြားနေစဉ်။
Myanmar Independent သတင်းဂျာနယ် အလုပ်သင် သတင်းထောက်များ သင်တန်းဆင်းပွဲနဲ့ ဂျာနယ်မိတ်ဆက်ပွဲ အခမ်းအနားကို မေလ ၃၀ ရက် မနေ့က ရန်ကုန် တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာမှာ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းက ဒီကနေ့ လူငယ်သတင်းထောက် အများအပြားဟာ မြန်မာ့နိုင်ငံရေး သမိုင်းနောက်ခံကို သေသေချာချာ မသိကြဘူးလို့ ဝေဖန်ပြောဆိုလိုက်ပါတယ်။

တဆက်တည်းမှာပဲ အယ်ဒီတာ စာရေးဆရာ မျိုးမြင့်ငြိမ်းက ဒီကနေ့ မြန်မာစာနယ်ဇင်း လောကကို အစိုးရ အသိုင်းအဝန်းနဲ့ နီးစပ်သူ စီးပွားရေးသမားတွေက ဝင်ရောက်ခြယ်လှယ်ဖို့ ကြိုးစားနေကြကြောင်း၊ ငွေမဲခဝါချမှုတွေ ရှိနေကြောင်း၊ ထုတ်ဝေသူနဲ့ အယ်ဒီတာအဖြစ် လုပ်ကိုင်နေသူ တချို့ဟာလည်း နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးဆိုင်ရာ အသိအမြင်တွေ နည်းပါးလွန်းကြောင်းနဲ့ မြန်မာနိုင်ငံ သတင်းလောကရဲ့ အနာဂတ်အတွက် တွေးတောစရာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ဒီအခမ်းအနားကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အပြင် စာရေးဆရာ ဖျာပုံတင့်ဆွေ ( အငြိမ်းစားဗိုလ်မှုးချုပ် တင့်ဆွေ ) နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီ တို့လည်း လာရောက်ပြီး အမှတ်တရ စကားတွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Myanmar Independent သတင်းဂျာနယ်ကို အယ်ဒီတာချုပ် ဦးဝင်းငြိမ်း ၊ တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ညိမ်းနဲ့ အမှုဆောင်အယ်ဒီတာ မသီတာ (စမ်းချောင်း ) တို့ ဦးဆောင်ပြီး မေလဆန်းမှာ စတင်ထုတ်ဝေခဲ့ပါတယ်။
တာဝန်ခံအယ်ဒီတာ ဦးမျိုးမြင့်ငြိမ်းနဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

Ref:  RFA

လူတစ်ထောင်မှာ (၃) ယောက် အဓမ္မ ခိုင်းစေခံနေရ

ကမ္ဘာတ၀ှမ်း အဓမ္မ ခိုင်းစေခံနေရသူ ဦးရေ (၂၁) သန်းနီးပါး ရှိတယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
(Photo: Courtesy of Free Burma Rangers)
စစ်တပ်က အဓမ္မ ပေါ်တာဆွဲပြီး အထုတ်အပိုးများ ထမ်းခိုင်းသော ကရင်ရွာသူ ရွာသားများကို တိတ်တဆိတ် ချောင်းမြောင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers
လေ့လာချက်တွေအရ တစ်ကမ္ဘာလုံးမှာ အဓမ္မ အလုပ်လုပ် ခိုင်းခံနေသူပေါင်း သန်း (၂၀) နဲ့ (၉) သိန်း ရှိနေပြီး၊ သူတို့ဟာ အတင်းအဓမ္မ ခြိမ်းခြောက်ခံရတာ၊ လိမ်လည်လှည့်ဖျား ခံရတာတွေအောက်က မလွတ်မြောက်နိုင်ဘဲ ဆက်လက် လုပ်ကိုင် နေကြရတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်ဟာ တစ်ကမ္ဘာလုံးက လူတစ်ထောင်မှာ (၃) ယောက်နှုန်း အဓမ္မ ခိုင်းစေခံနေရတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ အဲဒီ (၂၁) သန်းနီးပါးရဲ့ (၁၉) သန်းနီးပါးက ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတာပါ။

အဲဒီထဲက ( ၄) သန်းခွဲက လိင်လုပ်ငန်းမှာ လုပ်ကိုင်နေကြရပြီး၊ (၁၄) သန်းကျော်က စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အိမ်ဖော်လုပ်ငန်းနဲ့ စက်ရုံတွေမှာ ဖြစ်ပါတယ်။

အကျဉ်းထောင်လိုမျိုး အစိုးရနဲ့ ပတ်သက်တဲ့ နေရာတွေမှာ အဓမ္မ ခိုင်းစေခံနေရသူပေါင်းက (၂) သန်းကျော် ရှိတယ်လို့ ဆိုပါတယ်။ တချို့နေရာတွေမှာ အစိုးရစစ်တပ် သို့မဟုတ် လက်နက်ကိုင်သူပုန်တွေရဲ့ အဓမ္မ ခိုင်းစေခံနေရသူတွေလည်း ပါဝင်ပါတယ်။

(၂၁) သန်းနီးပါးထဲက (၅) သန်းခွဲဟာ အသက် (၁၈) နှစ်အောက်လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ILO စာရင်းအရ အဓမ္မ ခိုင်းစေခံနေရသူ အများဆုံးက အာရှ ပစိဖိတ်ဒေသတွင်း နိုင်ငံတွေဖြစ်ပြီး (၅၆) ရာနှုန်း ရှိပါတယ်။ အာဖရိကတိုက်က ဒုတိယ၊ လက်တင်အမေရိက က တတိယနေရာတွေမှာ အသီးသီး ရှိကြပါတယ်။

Ref: RFA

ရွှေ့ပြောင်း မြန်မာတွေ အိမ်ပြန်နိုင်ရေး ဒေါ်စု ကြိုးစားမည်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာ သင်ကြား နိုင်ကြတော့မှာ ဖြစ်သလို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတာတွေကိုလည်း အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်သွားပါမယ်လို့ ထိုင်းအစိုးအဖွဲ့၊ ဒုတိယ ၀န်ကြီးချုပ် တဦးဖြစ်သူ ချာလမ်မ် ယူဘမ်ရုန်းန် (Chalerm Yubamrung) က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်တို့ ထိုင်းအစိုးရအဖွဲ့ ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်း တွေ့ဆုံ ဆွေးနွေးကြချိန် အတွင်း အဲဒီလိုကတိပေးခဲ့တာပါ။ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့ဆီ ဒုတိယအကြိမ်မြောက် ထပ်သွားခဲ့ပါသေးတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းအစိုးရအဖွဲ့၊ ဒုတိယ၀န်ကြီးချုပ် ချာလမ်မ် ယူဘမ်ရုန်းန်နဲ့ တွေ့ဆုံပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည် အရေးတွေကို ဆွေးနွေးခဲ့တာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ ပညာ သင်ကြားနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေး တွေကို အတတ်နိုင်ဆုံး အကာအကွယ် ပေးပါမယ်လို့ မစ္စတာချာလမ်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။

"ထိုင်းနိုင်ငံမှာ မွေးထားတဲ့ ရွှေ့ပြောင်း အလုပ်သမားများရဲ့ သားသမီးများ၊ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာ လွယ်လင့်တကူ ပညာ သင်ကြားနိုင်ရေးကိုလည်း ခွင့်ပြုမယ်လို့ ပြောလိုက်သလို၊ ကျနော်တို့ လုပ်သားများ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရတာတွေကိုလည်း တတ်နိုင်ဆုံး ကာကွယ်
စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်။ သူကိုယ်တိုင် ဒီကနေ့ ဒုဝန်ကြီးချုပ် ချာလမ်နဲ့ တွေ့ဆုံပြီး မနေ့က ကျနော်တို့ တင်ပြလိုက်တဲ့ဟာကို ချက်ချင်း သွားဆွေးနွေးတယ်။ ဆွေးပြီး ရတဲ့ ရလဒ်ကို သူပြောတာပါ။"




မဟာချိုင်မြို့ အခြေစိုက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူတို့ကို ပြောပြတာကို ဗွီအိုအေကို ပြန်ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း ဒုတိယ ၀န်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မေလ ၃၀ ရက်နေ့ကပဲ သွားရောက်ခဲ့တဲ့ မဟာချိုင်မြို့ဆီ နောက်တခေါက် ထပ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီက နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့ပါသေးတယ်။

"ဒါပေမယ့်လည်း ကျမက ကတိတွေ ပေးပြီးတော့၊ မလုပ်နိုင်တဲ့ ကတိတွေ ပေးပြီးတော့ ကျမတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲဒါကြောင့်မို့လို့ ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ကျမ ပြောပါရစေ၊ ကျမတို့ ပြည်သူတွေရဲ့အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျမတို့ ပြည်သူတွေ နေထိုက်တဲ့အိမ် ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ကျမ ပြောချင်တယ်. . . . . (လက်ခုပ်သံများ)။"

မဟာချိုင်မြို့က ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတောင်း အမှာစကားပါ။

နိုင်ငံသား စိစစ်ရေးရုံးဆီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်သွားတဲ့အတွက် သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မကြာခင်မှာ ပြေလည်သွားမယ်လို့ ဦးအောင်ကျော်က မျှော်လင့်ထားပါတယ်။

"ဒီရုံးကို အဓိကလာတဲ့ ရည်ရွယ်ချက်က ကျနော်တို့ လုပ်သား ပြည်သူများ မနေ့က တင်ပြလိုက်တဲ့ အထဲမှာ ဒီ ပါ့စ်ပို့ (Passport) ပြုလုပ်ရေး ကိစ္စဟာ လွယ်လင့်တကူ ဖြစ်နိုင်ပါလျက်နဲ့ မလွယ်ကူပဲ အင်မတန် ခက်ခဲနေကြောင်း၊ အဆင့်တွေ အများအပြား ကျော်နေရကြောင်း၊ နောက် တရားဝင် သတ်မှတ်ထားတဲ့နှုန်းက ၆၀၀ - ၇၀၀ ဖြစ်နေတောင်၊ ၇၀၀၀ - ၈၀၀၀ ဖြစ်နေတဲ့ ကိစ္စကို စုံစမ်းပြီး ရှင်းပေးမယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မကြာခင် ဈေးနှုန်းတွေက မှန်မှန် ကန်ကန် သက်တောင့် သက်သာနဲ့ ပြည်သူတွေ ခံစားရမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ထင်တယ်၊ အချိန်တော်တော် ကြာကြာ နှစ်ဖက် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ အတွက်ကြောင့် တော်တော်များများ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ ကျနော် မုချ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ မနေ့က ကျနော်တို့ ရွေ့ပြောင်း
အလုပ်သမားရေးရာ ရုံးမှာ သူကြည့်လိုက်တဲ့ အချက်အလက် လေးတွေကို တင်ပြ ဆွေးနွေးပြီးမှ အားလုံး အခုရရှိခဲ့တယ်ဆိုရင် ဒီနေ့ကိစ္စလည်း တော်တော် အောင်မြင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"


ထိုင်းနိုင်ငံတွင်းမှာ မြန်မာအလုပ်သမား စုစုပေါင်း နှစ်သန်းလောက် ရှိပေမဲ့ အဲဒီထဲက ၈၀၀,၀၀၀ ပဲ တရားဝင် မှတ်ပုံ တင်ထားကြတယ်လို့ ထိုင်း ဒုတိယ ၀န်ကြီးချုပ်က ဆိုပြီး မြန်မာ အစိုးရအနေနဲ့ အလုပ်သမားတွေ အားလုံးအတွက် နိုင်ငံသား စိစစ်ပေးဖို့ လိုမယ် လို့ ပြောပါတယ်။ ထိုင်းအလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေကို ဂရုတစိုက် စောင့်ရှောက်ရေး သေချာအောင် လုပ်ပေးပါ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာချာလမ်မ်ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့ ၂၀၁၂ ခုနှစ်၊ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ ဆက်စပ်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အသွင်ပြောင်းခြင်းအတွက် အရှေ့အာရှ ပုံစံများဆိုတဲ့ ဆွေးနွေးပွဲ အပါအ၀င် ဆွေးနွေးပွဲတချို့ကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သီးခြား ဆွေးနွေးပွဲလေးတခု အတွင်းမှာလည်း မြန်မာနိုင်ငံက ပညာရေး  အခြေအနေကို ပြောဆိုခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ICT Agenda Council ရဲ့ ဥက္ကဋ္ဌ ရာဂျိဗ် ဆင်းဂ်-မိုလားရက်စ် (Rejeev Singh-Molares) က အခုလို ပြန်ပြောပြပါတယ်။

“ပညာရေးဟာ မြန်မာနိုင်ငံမှာ အဓိက စိန်ခေါ်မှုတခုဖြစ်တယ်လို့ သူက အလေးအနက်ထား ပြောပါတယ်။ အထူးသဖြင့် မူလတန်းနဲ့ အသက်အငယ်ဆုံး အရွယ်တွေမှာ ပညာရေး ချို့တဲ့နေတာကိုလည်း ပြောပါတယ်။ အလယ်တန်းဆင့် ပညာရေးရဲ့ အရေးကြီးပုံတွေ၊ အဆင့်မြင့်ဘွဲ့တွေ ရယူနိုင်ဖို့အကြောင်းတွေ ပြောခဲ့သလို မူလတန်းအဆင့် ပညာရေးကို အာရုံစိုက်ဖို့ သူက အလေးထား ပြောသွားပါတယ်။” လို့ ရာဂျိးဗ် ဆင်းဂ်-မိုလားရက်စ်က ပြန်ပြောပြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁ ရက်၊ သောကြာနေ့မှာ ဆက်ပြီးကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာတော့ မနက်ပိုင်းမှာ ဖိုရမ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကလော့စ် ရှဝတ်ဘ် (Klaus Schwab) နဲ့ တဦးချင်း မေးမြန်းခန်း၊ ပြီးတဲ့နောက် အရှေ့အာရှ ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးပွဲတွေကို တက်ရောက်ပါလိမ့်မယ်။ ဒါ့အပြင် သတင်းစာရှင်းလင်းပွဲ တခုလည်း လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Ref: VOA

ရွှေ့ပြောင်းဒုက္ခသည်အရေအတွက်တိုးလာနိုင်ဟု ကုလသတိပေး

လာမယ့်ဆယ်နှစ်အတွင်း ကမ္ဘာတ၀န်းမှာ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ ဥတုရာသီ အပြောင်းအလဲတွေကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးကြရမယ့်လူဦးရေ အကြီးအကျယ် တိုးလာနိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

UNHCR ဒုက္ခသည်များဆိုင်ရာ ကုသမဂ္ဂမဟာမင်းကြီး Antonio Guterres က ကမ္ဘာကြီးဟာ ပြဿနာကို အဖြေရှာဖို့ထက် အခြေအနေမဲ့ ကစဥ့်ကလျား ထွက်ပြေးနေကြရသူတွေ တိုးလာအောင် ဖန်တီးနေတယ် လို့ ပြောဆိုလိုက်တာပါ။ အကျပ်အတည်း အခက်အခဲတွေ ကာကွယ်ဖို့နဲ့ နိုင်ငံရေးအရ အဖြေရှာဖို့အတွက် ကမ္ဘာကြီးမှာ စွမ်းဆောင်ရည်တွေ ကျဆင်း လာတာ တွေ့ရတယ်လို့ Mr. Guterres ကပြောဆိုလိုက်တာပါ။

ကမ္ဘာတ၀န်း လူဦးရေတိုးလာတာ၊ စားရေရိက္ခာရှားပါးလာတာနဲ့ အရင်းအမြစ်တွေကို အပြိုင်အဆိုင် ရယူနေကြ တာစတဲ့ အကြောင်း အမျိုးမျိုးကြောင့် လူ ၄၃ သန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ UNHCR ရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ လိုက်ပါတယ်။ အဲဒီ ၄၃ သန်းအနက် ၈၀% ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ကဖြစ်ပြီး ပဋိပက္ခတွေထက် သဘာဝ ဘေးအန္တရာယ်ကြောင့် အခြေအနေမဲ့လူဦးရေ တိုးလာရတယ်လို့ဆိုပါတယ်။ ဥတုရာသီ အပြောင်းအလဲ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် နိုင်ငံ ကနေ ထွက်ပြေးလာသူတွေကို နိုင်ငံတကာဥပဒေအရ ဒုက္ခသည် အဖြစ် မသတ်မှတ်သလို အကာအကွယ် မပေးတဲ့အပေါ်မှာလည်း UNHCR အစီရင်ခံစာက ဝေဖန်ထောက်ပြထားပါတယ်။

Ref: VOA

Thursday 31 May 2012

Wednesday 30 May 2012

အမေစုရဲ့ မဟာချိုင်ခရီးစဉ်မှတ်တမ်း








မဟာချိုင်ရဲ့ သမိုင်းဝင်နေ့တစ်နေ့... (သို့)... အမေနှင့် သူ့ရဲ့သားသမီးများ ပထမဆုံး ဆုံဆည်းခွင့်ရတဲ့နေ့

ဒေါ်စုကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဝမ်းပမ်းတသာ ကြိုဆို

Supporters of Aung San Suu Kyi wait for her to arrive at Bangkok's airport, Thailand, May 29, 2012. (D. Schearf/VOA)
ဓာတ်ပုံ d schearf/voa
ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းလေဆိပ်မှ စောင့်ကြိုနေသူများ (မေလ ၂၉ ရက်၊ ၂၀၁၂။)
ထိုင်းနို်င်ငံကိုရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဟာ အခု မနက်ပိုင်း မြန်မာအလုပ်သမားတွေ အများစု အလုပ် လုပ်ကိုင်နေတဲ့ မဟာချိုင်ဒေသကို သွားရောက် မှာဖြစ်ပါတယ်။ မြန်မာ့စီးပွားရေးကိုပါ အထောက်အပံ့ဖြစ်စေတဲ့ ဒီအလုပ်သမားတွေရဲ့ အတွေ့အကြုံ၊ နေ ထိုင်မှု ဘ၀ တွေကို မျက်မြင်တွေ့လိုတာကြောင့် သူတို့ရဲ့ အလုပ်ခွင်ထဲအထိ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုမှာဖြစ်တယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်း ဆက်ပြီး တင်ပြပေးထားပါတယ်။

မနေ့ညပိုင်း ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က သုဝဏ္ဏဘုမိ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်ချိန်မှာတော့ ထိုင်းအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းအာဏာပိုင်တွေက တင်းတင်းကြပ်ကြပ် လုံခြုံရေး ယူပေးထားပါတယ်။ လေဆိပ်အထွက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းရောက် မြန်မာ တွေရော ထိုင်းလူမျိုးတွေရော စိတ်လှုပ်ရှားတကြီး ကြိုဆိုခဲ့ကြပါတယ်။

အလုပ်သမတဦး။        ။ “အရမ်းလည်းဝမ်းသာမိတယ်၊ ဂုဏ်ယူတယ်၊ ကျေနပ်တယ်၊ စိတ်ထဲ အရမ်း လှုပ်ရှားတယ်။ ဘယ်အချိန်လာမလဲ၊ နာရီကိုခဏခဏလည်းကြည့်တယ်။ ထိုင်းနိုင်ငံမှာရောက်ရှိလာ တဲ့ မြန်မာအလုပ်သမားတွေအတွက် မြန်မာနိုင်ငံက အလုပ်သမားတွေပေါ့နော်- တရားမျှတမှုရှိအောင်- ထိုင်းအစိုးရတွေကို ပြေပြေလည်လည်ဖြစ်အောင် လုပ်ပေးပါလို့ ပြောချင်တယ်။”

အလုပ်သမားတဦး။     ။ “ကျနော့်ရင်ထဲမှာ အတိုင်းအဆမရှိအောင် ပျော်ပါတယ်ခင်ဗျ။ ဒီနေ့ က ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ဆိုပြီး ကျနော်လာတာ။ ၈ နာရီလောက်ကတည်းက ဒီကိုရောက်နေ တာ။ ဒီနေ့ကတော့ ကျနော့်ဘဝမှာအပျော်ဆုံးနေ့လို့ ပြောလို့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဖို့ စိတ်လှုပ်ရှားတကြီး စောင့်နေတဲ့ထဲမှာ ထိုင်းလူမျိုးတွေလည်း အတော်များများပါဝင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံကို အရင်ဆုံးရောက်လာတဲ့အပေါ် သူတို့က အင်မတန်ကို ၀မ်းသာခဲ့ကြပါတယ်။

“ကျမ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ ပြီးခဲ့တဲ့ သတင်းကြားရတုန်းက သူ နော်ဝေးသွားမယ်လို့ သိရ တာပါ။ ပထမဆုံး ပြည်ပခရီးစဉ်က နော်ဝေးသွားမယ်လို့ ဟိုတုန်းကတည်းက သူမကလည်း ပြောခဲ့တာပါ။ အခုတော့ မဟုတ်ဘူး. ဒီကို ပထမဆုံးရောက်လာပြီလေ။ အခုဆို မြန်မာပြည်ပခရီးစဉ်က ပထမဆုံး ထိုင်းနိုင်ငံဖြစ်တယ်လေ- ၀မ်းသာလွန်းလို့ ကျမ ပြောစရာ စကားတောင်မရှိပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်တင်မက အခြားကမ္ဘာအသီးအသီးက အမျိုးသမီးတွေ အတွက်ပါ စိတ်ခွန်အားဖြစ်စေတယ်လို့ အဲဒီ ထိုင်း အမျိုးသမီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ မနက်ပိုင်း ၈ နာရီခွဲမှာတော့ ဘန်ကောက်အနီးက မြန်မာအလုပ် သမားတွေ အများဆုံးအလုပ်လုပ်ကိုင်နေတဲ့ မဟာချိုင် ဒေသကို သွားမှာပါ။ ရေလုပ်ငန်းတွေရှိတဲ့ မဟာ ချိုင်ဒေသမှာတော့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မြန်မာ အလုပ်သမားတွေလည်း စိတ်လှုပ်ရှားတကြီး ပြင်ဆင် စောင့်ဆိုင်းနေပါတယ်။

“သူနဲ့တွေ့ချင်တာက - အခု ကျနော်တို့အလုပ်သမားတွေ ခံစားနေရတဲ့ ပြဿနာ၊ ဖြစ်ပျက်နေရတဲ့ အတွေ့ အကြုံတွေကို အကုန်လုံးသိသွားအောင် - ထိုင်းအစိုးရရော၊ ဗမာအစိုးရရော အကုန်လုံး သိသွားအောင် ပြောပြစေချင်တယ်။”

အလုပ်သမားရေးလှုပ်ရှားသူ Andy Hall ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအလုပ်သမားတွေရဲ့ တန်ဘိုးကို သဘောပေါက်နားလည်တာကြောင့် အခုလို အရေးတယူ လာရောက်တာဖြစ်တယ် လို့ ပြောပါတယ်။

“ဒီ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မြန်မာစီးပွားရေးအတွက် အတော်လေး အထောက်ကူဖြစ်စေတယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆမယ်လို့ ထင် တာ။ ရွှေ့ပြောင်းအလုပ်သမားအရေအတွက်က လူဦးရေ ရဲ့ ၁၀ % ရှိပါတယ်။ စီးပွားရေးကြောင့်ဖြစ်စေ၊ ပဋိ့ပက္ခတွေကြောင့်ဖြစ်စေ အကြောင်းအမျိုးမျှိုးနဲ့ ပြည်ပ ရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၅ သန်း - ၆ သန်းလောက်ဟာ အရေးပါတဲ့ အင်အားစုဖြစ်ပါတယ်။ သူတို့ဟာ သူတို့မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ ပြည်ပထွက်ပြီး အလုပ်လုပ်ကိုင်နေကြရတာပါ။ ဒီလူတွေ တိုင်းပြည်အတွက် ဆောင်ရွက်နေတာတွေကို အသိအမှတ်ပြုလိုတယ်၊ သူတို့နဲ့ တွေ့ချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီခရီးစဉ်ရဲ့ အဓိက ရည်မှန်းချက်အနေနဲ့ ထိုင်းနိုင်ငံတွင်း က ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး၊ သူတို့ရဲ့ အတွေ့အကြုံတွေ သူတို့ဘ၀တွေကို မြင်တွေ သိရှိလိုတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်း ၉ နာရီကျော်မှာ မဟာချိုင်မှာရှိတဲ့ ပုစွန်ဈေးကို ရောက်မယ်လို့ သိရပါတယ်။ အဲဒီကနေ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံဖို့ရှိသလို စက်ရုံတခုမှာ နေလည်စာစားမယ်လို့ သိရပါတယ်။

 မွန်းလွဲပိုင်းမှာတော့ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘန်ကောက်မှာပြုလုပ်တဲ့ ၂၀၁၂  ခုနှစ်၊ World Economic Forum on East Asia အရှေ့အာရှ ကမ္ဘာ့စီးပွားရေးညီလာခံကို တတ်ရောက်ဖို့ ထိုင်းနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ဇွန်လ တစ်ရက်နေ့မှာ အဲဒီ ညီလာခံမှာ မိန့်ခွန်းပေးဖို့ရှိပါတယ်။ ဒီနောက်ပိုင်းမှာ ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတခုကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

Ref: VOA

အမေစု၏ မဟာချိုင် ခရီးစဉ်


အမေစု၏ လုံခြုံရေးတာဝန်ခံ ဦးခင်သာမြင့်ရဲ့ အတည်ပြုပြောကြားချက်အရ ယနေ့ (၂၉ ) ရက်နေ့မှာ ၂၄ နှစ်တာအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့ အမေစုဟာ မနက်ဖန် (၃၀၊ ၀၅၊ ၂၀၁၂)  မနက် ၈း၃၀ နာရီမှာ ခေတ္တတည်းခိုရာ Shangrila ဟော်တယ်ကနေ မဟာချိုင်ကို စတင်ထွက်ခွါပါမယ်။
မနက် ၉း၀၀ နာရီတိတိမှာ တလာကောင်းဈေးကို ရောက်ပါမယ် (ဖေါ်ပြပါမြေပုံရဲ့ Location 2 ပါ) အဲဒီဈေးမှာတော့ အမေစုဟာ ကားပေါ်ကမဆင်းဘဲ အလုပ်သမားတွေရဲ့ နေမှုထိုင်မှုကို ကားပေါ်မှ လိုက်လံ ကြည့်ပါလိမ့်မယ်။ ပရိသတ်တွေကြောင့် အဲဒီနေရာမှာ ခရီးစဉ်နှောက်နှေးနေမှာစိုးတာကြောင့်ဖြစ်ပါတယ်။
မနက် ၉း၃၀ နာရီတိတိမှာ အကျွနု်ပ်တို့ MWRN ရုံးကို ရောက်ပါမယ်။ ဖေါ်ပြပါ မြေပုံရဲ့ Location 3 ပါ။ ဒီအဆင့်မှာတော့ အမေစုဟာ ကားပေါ်ကဆင်းပြီး ရုံးထဲမှာ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေ၊ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်မှုတွေနဲ့ ကြုံထားရပြီး ကိုယ်လက်အင်္ဂါတချို့ ဆုံးရှုံးခဲ့ကြတဲ့ အလုပ်သမားတွေအပါအ၀င် ရွှေ့ပြောင်းအလုပ်သမားမိသားစုတွေ၊ ရုံးကော်မတီဝင်တွေ၊ သတင်းထောက်တွေနှင့် တွေ့ဆုံမှာ ဖြစ်ပါတယ်။
၁၀း၁၅ နာရီတိတိမှာတော့ အမေစုဟာ ရုံးရဲ့ တတိယထပ် ရှေ့မျက်နှာစာ ၀ရမ်တာမှနေပြီး မြန်မာရွှေ့ပြောင်း မိသားစုများ၊ ဒေသာခံများအား မိနစ် ၂၀ ခန့် မိန့်ခွန်းပြောမှာဖြစ်ပါတယ်။
၁၁း၀၀ နာရီတိတိမှာတော့၊ အမေစုဟာ MWRN ရုံးကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။   


ANDY HALL  မှ သတင်းပေးပို့သည်

MWRN ရုံးမှာ ပျော်ပျော်ပါးပါး ဆုံတွေ့ကြပါစို့။ အမေစုရဲ့ ပထမဆုံး ပြည်ပခရီးစဉ်ရဲ့၊ ပထမဆုံး မိန့်ခွန်းကို အတူတကွ နာခံကြပါစို့။
ရုံးလိပ်စာ၊... အမှတ် ၉၃/၂၆၀ ဝေလ ၉  လမ်း၊ လိုတပ်အနီး၊ စီဝိချိုင် ၅ လမ်းကြား၊ မဟာချိုင်မြို့။
ဆက်သွယ်ရန်၊
မဟာချိုင်.. ဦးအောင်ကျော် 086 7555 337
               ဦးတိုး 086 8915 803
               ဦးစိန်ဌေး 083 0139 736
               ဦးမြင့်အောင် 083 0143 860
ဘန်ကောက်... ဦးဇောတိက (မဟာချူလာ) 084 646 5663
                   ဦးအောင်မျိုးကျော် 086 9216 511

Tuesday 29 May 2012

ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားအဖွဲ့များနှင့် တွေ့မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ အလုပ် သမားများ၊ ဒုက္ခသည်များနှင့် တွေ့ဆုံသွားမည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဘန်ကောက်မြို့သို့ ရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ထိုင်းနိုင်ငံ တောင်ပိုင်း မဟာချိုင် ဒေ သ သို့ သွားရောက်၍ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အလုပ်သမား အဖွဲ့များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံထုတ် သတင်းစာများ၌ ရေးသားထားသည်။
ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်၌ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်အတူ ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင်တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်(ဓာတ်ပုံ - Reuters)
ဒေါ်အောင်ဆန်းစုကြည်အား ထိုင်း အာဏာပိုင်များအပြင် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေကြသည့် ထိုင်း အလုပ် သမားအဖွဲ့များ၊ နိုင်ငံရေး အဖွဲ့များနှင့် တွေ့ဆုံရန် တိုက်တွန်းသွားမည်ဟု မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ၏ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို အဓိက ဆောင်ရွက်ပေးနေသော(GHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ် က ဧရာဝတီကို ပြောသည်။

အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးခွင့် ရရန် တောင်းဆိုထား သော်လည်း အကြောင်းမပြန်သေးကြောင်း၊ အကယ်၍ တွေ့ဆုံခွင့်ရပါက အထက်ပါ ကိစ္စရပ်များကို ဆွေးနွေး တိုက်တွန်းသွား မည်ဖြစ်ကြောင်း ဦးထူးချစ် က ဆက်ပြောသည်။

“အလုပ်သမားအရေး လုပ်နေကြတဲ့ အလွှာအသီးသီးက လူတွေနဲ့တွေ့ဖြစ်မယ်ဆိုရင် မြန်မာ အလုပ်သမားတွေရဲ့အနာဂတ် အတွက် ပိုမိုအဆင်ပြေမယ်၊ ဒီလူတွေက အလုပ်သမားတွေကိုကူညီနေတာ နှစ်ပေါင်း၂၀ ကျော်ပါပြီ”ဟုလည်း ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အလုပ်သမားအရေး စိတ်ဝင်တစား လုပ်ဆောင်လာခြင်းကြောင့် ထိုင်းနှင့်မြန်မာ အစိုးရတို့ ကလည်း အလုပ်သမား ကိစ္စအပေါ် ပိုမိုအာရုံစိုက် လုပ်ဆောင်လာမည်ဟု မျှော်လင့်ကြောင်း ဦးထူးချစ်က ပြောသည်။

“ရွှေ့ပြောင်း အလုပ်သမား ပြဿနာတွေ နေ့တိုင်း ဖြစ်ပေါ်နေတဲ့အတွက် ထိုင်း အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မဲဆောက်မြို့သို့လည်း သွားရောက်၍ အတိုက်အခံ နိုင်ငံရေး အင်အားစုများ၊ လူမှုရေး အဖွဲ့ အစည်းများနှင့်တွေ့ဆုံမည် ဖြစ်ကြောင်း၊ မယ်လ ဒုက္ခသည်စခန်းသို့လည်း သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း ထိုင်း သတင်းစာများ က ဆိုသည်။

ဒုက္ခသည် စခန်းများသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပါက စခန်းထဲမှ ဒုက္ခသည်များ လုံခြုံ၊ စိတ်ချစွာ အိမ်ပြန်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စများဆောင်ရွက်ပေးရေး တို့ကို တိုက်တွန်းသွားမည်ဟု မယ်လ ဒုက္ခသည်စခန်း၏ ဥက္ကဋ္ဌစောထွန်းထွန်း က ဧရာဝတီ ကို ပြောသည်။

၎င်းက“ဒုက္ခသည်တွေ အိမ်ပြန်ရေး ဖန်တီးပေးဖို့ အမေစုကို ပြောချင်တယ်၊ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို မြင်စေချင် တယ်၊ သိစေချင်တယ်”ဟု ဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ဦးရေ စုစုပေါင်း တသိန်း ၄ သောင်းကျော် ရှိကြောင်း၊ ၎င်းတို့သည် နိုင်ငံရေး ဖိနှိပ်မှုကြောင့် ထွက်ပြေးလာကြရသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းစစ် ရပ်စဲ၍ အမျိုးသားပြန်လည် သင့်မြတ် ရေး ကိစ္စသည် အရေးကြီးကြောင်း စောထွန်းထွန်း က ပြောသည်။

“ဒုက္ခသည်တွေ အိမ်ပြန်ဖို့ အခြေအနေ မရှိသေးပါဘူး”ဟု လည်းဆိုသည်။ ဒုက္ခသည်များ မိမိဒေသ ပြန်နိုင်ရေးအတွက် ကြို တင် ပြင်ဆင်မှု လုပ်ဆောင်ပြီး ပြည်တွင်း တည်ငြိမ်အေးချမ်း၍ အလုပ်အကိုင် အခွင့်အလမ်းများ ရှိရန် လိုအပ်ကြောင်း၊ လက်ရှိ အခြေအနေ အရ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှသာ မြန်မာနိုင်ငံသို့ ပြန်ရန် ဖြစ်နိုင်ကြောင်းလည်း ဆက်ပြောသည်။

မြန်မာ အလုပ်သမားများ တည်ရှိရာ ဒေသများသို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အလုပ်သမားများ၏လုံခြုံမှု၊ အလုပ်သမား အခွင့်အရေး ရရှိမှုများကို ထိုင်း အလုပ်သမား အဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဟု ယူဆကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများ က ပြောသည်။

ထို့အတူ အလုပ်သမားများ မိမိနိုင်ငံသို့ ပြန်လည် လုပ်ကိုင် စားသောက်နိုင်ရေးအတွက် အာမံချက်ရှိမည့် ဥပဒေတရပ် ပေါ်ထွန်း လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်၌ တင်ပြ ဆွေးနွေးသွားမည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ ခရီးစဉ်အတွင်း ဘန်ကောက်မြို့၌ ကျင်းပမည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်သို့လည်း တက် ရောက် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။

မဲဆောက် ခရီးစဉ်တွင် အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည် ဟုသိရသော်လည်း မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ နှင့် တွေ့ဆုံမည် ဆိုသည်ကို မသိရသေးပေ။

“ကျမတို့က တွေ့ခွင့်တောင်းထားပေမယ့် အခုချိန်ထိတော့ ဘာမှ တုံ့ပြန်တာ မရှိသေးပါဘူး၊ ဒီတော့ ဘာတွေဆွေးနွေး သွား မယ် ဆိုတာက ပြောရခက်ပါတယ်”ဟု Burma Partnership  အဖွဲ့မှ ဒေါ်ခင်ဥမ္မာ က ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ မထွက်ခွာမီ ယနေ့တွင် ရန်ကုန်မြို့၌ အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံကြောင်း သိရသည်။

Ref: ဧရာဝတီ

အစာငတ်ခံ ဆန္ဒပြရင်း လဲကျသူ ၁၀ ဦးအထိရှိလာ

ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာ စက်မှုဇုန်ရှိ Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံ ဆန္ဒပြနေကြသော အလုပ်သမား ၄၁ ဦးအနက်မှ အားပြတ်လဲကျခဲ့သူ ၁၀ ဦးအထိရှိသွားပြီဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက ပြောသည်။  အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် အလုပ်သမားအခွင့်အရေးများ ပေးရေးတို့ကို ယခုလ ၂၅ ရက်နေ့က စ၍ အစာငတ်ခံတောင်းဆို ခဲ့ကြရာ တတိယမြောက်နေ့တွင် ကိုဇော်မင်းလတ်ဆိုသူမှာ လဲကျခဲ့ပြီး မှော်ဘီဆေးရုံကြီးသို့ ဆေးကုသရန်တင်ပို့ခဲ့ရသည်။ ယမန် နေ့ ညနေပိုင်းအထိ ယင်းသို့ ဖြစ်ပွားသူ စုစုပေါင်း ၁၀ ဦး ရှိပြီး ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Yangon Crown သံမဏိ စက်ရုံမှ အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ နေသည်ကို ယမန်နေ့က တွေ့ရစဉ်(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
“မနေ့ကအထိတော့ သွေးဝမ်းကိုက်တဲ့ တယောက်ကို မှော်ဘီဆေးရုံကြီးမှာ တင်ထားပါတယ်။ ကျန်တဲ့ကိုးယောက်ကိုတော့ ဆန္ဒပြ နေတဲ့ တဲနားမှာ အနားယူ ကုသပေးထားပါတယ်။ သူတို့က အနားမယူဘဲ ဆန္ဒပြတဲ့ နေရာကိုပဲ တွဲတွဲပြီး ပို့ခိုင်းနေတာပဲ၊ အဲဒီလိုပဲ သွားပြလိုက် လဲသွားလိုက်နဲ့”ဟု အလုပ်သမားများ ဆန္ဒပြမှုကို ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးမင်းသွင်က ဧရာဝတီသို့ ပြော သည်။

Yangon Crown သံမဏိ စက်ရုံတွင် အစာငတ်ခံဆန္ဒပြ အဖွဲ့အပြင် လူ ၁၅၀ ပါဝင်သော ထိုင်သပိတ်ဆင်နွှဲနေသည့် အဖွဲ့ တဖွဲ့လည်း ရှိနေပြီး နှစ်ဖွဲ့လုံးက အခြေခံလစာတိုးပေးရန်နှင့် လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် လုပ်ငန်းခွင် အကာအကွယ် ပစ္စည်းများ လုံလောက်စွာ ထားရှိပေးရန်တို့ကို တညီတညွှတ်တည်း တောင်းဆိုနေကြခြင်းဖြစ်သည်။

မှော်ဘီဆေးရုံကြီးသို့ တင်ပို့ကုသနေရသော ကိုဇော်မင်းလတ်မှာ သွေးဝမ်းများပါသွားနေပြီး စိုးရိမ်နေရကြောင်း၊ နောက်ထပ် အားပြတ် လဲကျခဲ့သူ ကိုတင်ဦး၊ ကိုတင်မိုးဝင်း၊ ကိုသန်းလှစိုး၊ ကိုရဲကိုဦးနှင့် အခြား ၅ ဦးမှာ အစာအိမ်အောင့်ခြင်း ဖျားနာခြင်းနှင့် ကြွက် တက် ဝေဒနာများခံစားနေရပြီး စောင့်လျှောက်ပေးနေလျက်ရှိကြောင်း ဆန္ဒပြသူများကို ကူညီပေးနေသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်များကလည်း ပြောဆိုသည်။
မူလက အစာငတ်ခံ ဆန္ဒပြသူ ၂၅ ဦးသာ ရှိခဲ့သော်လည်း နောက်ထပ် ၁၆ ဦး ထပ်မံဝင်ရောက်လာသဖြင့် ၄၁ ဦးထိ ရှိလာခဲ့ပြီး ဆန္ဒပြသူများက တောင်းဆိုချက်များ လိုက်လျောမှုရသည်ထိ ထိုနေရာမှ ရွှေ့ပြောင်းခြင်းမပြုတော့ဟု ဆုံးဖြတ်ခဲ့ကြကြောင်း ဆန္ဒပြ အလုပ်သမားများနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။

“သူတို့ရဲ့ ရည်မှန်းချက်က သေသွားပစေ၊ အလောင်းကို မသင်္ဂြိုဟ်နဲ့ ဒီမှာပဲ ပုံထား။ တယောက်တည်းကျန် ပစေ တောင်းဆိုမှုများ ပြေလည်သည်အထိ တိုက်ပွဲဝင်သွားမယ်ဆိုပြီး ဆုံးဖြတ်ထားတာ”ဟု အလုပ်သမားများကို ကူညီပေးနေသည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်(HRDP) အဖွဲ့မှ ကိုကျော်ဝဏ္ဏ က ပြောသည်။

ယင်းသို့တောင်းဆိုနေမှုများနှင့် ပတ်သက်၍ အလုပ်ရှင်ကိုယ်စားလှယ်၊ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ ယမန်နေ့က ဆွေးနွေးခဲ့ကြသော်လည်း အလုပ် သမားများ အဓိက တောင်းဆိုသော အခြေခံလစာတိုးပေးရေးကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။
အစာငတ်ခံ ဆန္ဒပြစဉ် လဲကျသူ တဦး(ဓာတ်ပုံ - မျိုးမင်းသွင် ဖေ့စ် ဘုတ် မှ)
အလားတူ အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမား ခံစားခွင့်များ အတည်ပြုပေးရေးတို့ကို ယခုလ ၉ ရက်နေ့မှ စတင် တောင်း ဆိုမှုများ ပြုလုပ်ခဲ့သော Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၂၀၀၀ ခန့်ကိုလည်း ၂၄ ရက်နေ့မှ စတင်ကာ အစားအသောက်များကို စက်ရုံမှ ချက်မကျွေးတော့ဘဲ ရပ်ဆိုင်းခံလိုက်ရသည်။

ထိုအလုပ်သမားများကို အစိုးရမဟုတ်သော အဖွဲ့များက ကူညီပံ့ပိုးမှုများရှိသော်လည်း လုံလောက်မှုမရှိသဖြင့် အလုပ်သမား ၂၅၀ ကျော်မှာ အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း အလုပ်သမားခေါင်းဆောင် မသီတာထွန်း က ဧရာဝတီသို့ ပြောသည်။

“ကလေးတွေ နေမကောင်းဖြစ်တာက အစာမစားရလို့ အာဟာရချို့တဲ့တာလည်းပါတယ်။ အရင် ဆန္ဒပြတုန်း သူတို့ ထမင်းကျွေး တုန်းက ဝမ်းနှုတ်ဆေးတွေ၊ စိတ်ပျော့ဆေးတွေ ခတ်ထည့်တာလည်း ပါတယ်။ ဟင်းချက်တဲ့လူတွေက သူတို့ကိုယ်တိုင်ကလည်း ဒီဆေးတွေထည့်တဲ့ အကြောင်း ပြောတယ်”ဟု မသီတာထွန်း က ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များအားလုံးကို ယခုလ ၁၀ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင်များ၊ အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်နှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး သဘောတူလက်မှတ်ထိုးခဲ့သော်လည်း ထို သဘောတူစာချုပ်ကို ကိုရီးယား လုပ်ငန်းရှင် က သဘောမတူဟု ဆိုကာ တဖက်သတ်ဖျက်သိမ်းခဲ့သည်။
ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွင် Hi-Mo နှင့် Hi Art စက်ရုံနှစ်ခု အပါအဝင် ဆန္ဒပြနေသည့် စက်ရုံပေါင်း ၁၁ ရုံရှိပြီး တိုးမြင့်အောင်၊ YJ ၊ နေမင်းအောင်၊ အာရှနှင်းဆီ၊ ပုလဲ၊ စပယ်ပွင့် နှင့် Miss Style စက်ရုံ ၇ ရုံမှာ ဝင်ငွေ၊ ကျန်းမာရေးနှင့် အာဟာရ ချို့တဲ့မှု များကြောင့် တောင်းဆိုမှုများ အပြည့်အဝ ရရှိသည်အထိ စောင့်ဆိုင်းနိုင်ခြင်းမရှိဘဲ အလုပ်ရှင်နှင့် ညှိနှိုင်းလစာကို သဘော တူကာ အလုပ်ပြန်ဆင်းနေကြပြီဖြစ်ကြောင်း သိရသည်။

အလုပ်သမားမျာဘက်မှ ဥပဒေအရ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဌေး က “ဆန္ဒပြအလုပ်သမားတွေမှာ အကူအညီတွေ လိုပါ တယ်။ ဝင်ငွေမရတဲ့အပြင် အိမ်ကနေ ပိုက်ဆံတောင်းပြီး ဒီကိုလာကြရ၊ ထမင်းဖိုး၊ ရေဖိုးကအစကုန်နေတယ်၊ ရက်ရှည်လများ ဆန္ဒပြနေကြရတဲ့အတွက် စိတ်ဓာတ်ရေးရာ အထောက်ပံ့တွေလိုနေသလို ရုပ်ဝတ္ထု အရလည်း ငွေကြေးအပါအဝင် အစား အသောက် အထောက်ပံ့တွေ လိုပါတယ်။ ဒါမှသာ အလုပ်သမားတွေက ကြံ့ကြံ့ ခံနိုင်မှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

သူကဆက်ပြီး“အစောပိုင်းက၊ ၇ ရုံလက်မှတ်ထိုးကြတာလည်း ကြံ့ကြံ့ မခံနိုင်ကြတော့လို့ဖြစ်ပါတယ်။ သူတို့မှာ သောက်စရာက မရှိ၊ အမိုးအကာက မရှိ၊ မိုးရေထဲမှာ တောင်းဆိုနေကြတယ်၊ ဖျားတဲ့လူကဖျား၊ နာတဲ့လူကနာနဲ့ အဲဒါကြောင့်မို့ သူတို့လည်း ရတဲ့ အဖြေ တခုအပေါ်မှာ ကျေနပ်လက်ခံ လိုက်ရတဲ့အခြေအနေတွေဖြစ်သွားတာ၊ ဒါပေမယ့် တောင်းဆိုမှုတွေ အပြည့်အဝ မရရှိသွားပေမယ့် တချို့တဝက်ထိတော့ ရသွားတယ်” ဟု သူက ပြောသည်။

Hi-Mo နှင့် Hi Art ဆံပင်တု စက်ရုံးများအပါအဝင် ငွေကံ့ကော်နှင့် Lucky Shoe တို့မှာ ဇွဲမလျှော့သေးဘဲ တောင်းဆိုမှုများ အပြည့်ဝ ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည်ဟု အလုပ်သမားများကပြောဆိုနေကြသည်။ အခြေခံ လစာတိုးပေးရေးနှင့် အလုပ်သမားခံစားခွင့် တောင်းဆိုမှုများ ထပ်မံတိုးပွားလျက်ရှိပြီး ယနေ့တွင်ပင် ကမ္ဘာ အထည်ချုပ် စက်ရုံနှင့် Star tet စက်ရုံ တို့က ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ထို့အတူ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အရက်များကို ထုတ်လုပ်နေသော IBTC ကုမ္ပဏီ လက်အောက်ရှိ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ဧပြီလ ၂၈ ရက်နေ့ကတည်းကပင် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်က ယခုချိန် အထိ လိုက်လျောပေးမှု မရှိသေးသဖြင့် ဝင်ငွေထိခိုက်နစ်နာမှုများနှင့် ကြုံနေရသည်။

Ref: ဧရာဝတီ

ဒေါ်စု အကျိုးသက်ရောက်မှုကို ကမ္ဘာက သိပြီ

မြန်မာနိုင်ငံ အတိုက်အခံခေါင်းဆောင်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရှေ့လတွင် နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူအပြီး အင်္ဂလန်နိုင်ငံ အောက်လွှတ်တော်တွင် မိန့်ခွန်းပြောလျှင် ယင်းသည် အရှေ့တောင်အာရှ ဒေသကြီးအတွက် သမိုင်းဝင် နေ့တနေ့ ဖြစ်လိမ့်မည်။

မည်သည့် အတိုက်အခံ ခေါင်းဆောင်မျှ ထိုသို့သောဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ဖူးသေး၍ ပင်ဖြစ်သည်။ လွန်ခဲ့သော လပေါင်း အတော်များများကပင် ထိုသို့သော ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် သတင်းများ ပြည်တွင်းပြည်ပ မီဒီယာ များ၌ လွှမ်းမိုးနေခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များ မြန်မာပြည်သို့ လာရောက် လည်ပတ်ကြရာတွင်လည်း နေပြည်တော် ရှိ အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံသည့် သတင်းထက် သူနှင့် တွေ့ဆုံသည့် သတင်းက ပိုအရေးပါကာ မီဒီယာများ တွင် အသားပေး ဖော်ပြခြင်း ခံခဲ့ရသည်။ အချို့သော ဥရောပနိုင်ငံ ခေါင်းဆောင်များဆိုလျှင် အစဉ်အလာ သံတမန် ထုံးတမ်းများကိုပင် ဘေးချိတ်ကာ အိမ်ရှင် အစိုးရ ခေါင်းဆောင်များထက် သူ၏ အင်းယားကန် နံဘေး အိမ်တွင် ပိုမိုအချိန်ပေးကာ အသားပေး တွေ့ဆုံခဲ့ကြသည်။

သူ လျှောက်နေသော လမ်းမှာ နိုင်ငံရေးအရ တိုက်ပွဲဝင်မှုပုံစံ မတူသော်လည်း သူ့ရှေ့က နိုဘယ်ဆုရှင် နယ်လ်ဆင် မင်ဒဲလား လျှောက်လှမ်းခဲ့သည့် ပုံစံအတိုင်းပင် ဖြစ်သည်။

သူကလည်း ဒီမိုကရေစီပန်းတိုင်ကို အကြမ်းမဖက် လမ်းကြောင်းဖြင့် သွားလိုသည်။ နယ်လ်ဆင် မင်ဒဲလားကလည်း လူဖြူလူမဲ ခွဲခြားမှု စနစ်ဆိုးကြီးကို ထိုသို့ပင် အကြမ်းမဖက် ပုံစံဖြင့် သွားလိုခဲ့သည်။ ယခုလို အချိန်မျိုးတွင် သူ့အနေဖြင့် နယ်လ်ဆင် မင်ဒဲလားလို သြဇာမျိုး၊ အောင်မြင်မှုမျိုး ရနိုင်ပါ့မလားဆိုသည်မှာမူ ပြောဘို့ရန် စောပါသေးသည်။

ငြင်း၍ မရသည့် အချက်မှာ ကမ္ဘာနှင့် အာဖရိကတိုက်တွင် တောင်အာဖရိကနိုင်ငံ၏ အရေးပါမှုနှင့် သူ့နိုင်ငံရေးစန်း၊စေ့စပ်ကြေအေးလိုသည့် စိတ်ဓါတ်တို့က နယ်လ်ဆင် မင်ဒဲလားကို ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင် အဆင့်အတန်းသို့ တွန်းတင်ပေးခဲ့သည်။ ပရီတိုးရီးယားရှိ အစိုးရကလည်း မင်ဒဲလား၏ စန်းနှင့် ကမ္ဘာ့ထောက်ခံမှုကို အမြော်အမြင်ရှိရှိ အသုံးချကာ နယ်ပယ်စုံတွင် ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အသုံးချနိုင်ခဲ့သည်။ ၂ဝ၁ဝ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် သာမက ဂျီ ၂ဝ အုပ်စု အစည်းအဝေးတွင်လည်း တောင်အာဖရိက နိုင်ငံ ထည်ထည်ဝါဝါ ရပ်တည်နိုင်ရေးနှင့် ဘရစ်(BRICS)ဟု ခေါ်သော ဘရာဇီး၊ ရုရှ၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည့် ကမ္ဘာ့အင်အားစုကြီး တရပ် ပေါ်ထွက်လာရေးတို့တွင်လည်း မင်ဒဲလားက အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။

အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး တိုက်ပွဲများနှင့် ခွင့်လွှတ် ကြေအေးလိုသော သဘောထား တို့ကြောင့် ပထမဆုံး တောင်အာဖရိက လူမဲသမ္မတကြီးသည် ကမ္ဘာ့ ရောက်လေရာ နေရာတိုင်း၌ ချီးကျူးဂုဏ်ပြုမှုကို ခံယူခဲ့ရသည်။ တိုင်းပြည်အတွက် နိုင်ငံတကာ၏ စာနာထောက်ခံမှုကို အရယူ ပေးနိုင်ခဲ့သည်။

ထိုအတိုင်းပင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါသည်လည်း တက်လာနေပါသည်။ သူသည်လည်း
ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တဦးအနေဖြင့် သူ၏ စန်း၊ သူ၏ ငြိမ်းငြိမ်း ချမ်းချမ်း ဒီမိုကရေစီတိုက်ပွဲဝင်ရေး လမ်းစဉ်တို့ကို သယ်ဆောင်ကာ ၂၄ နှစ်အတွင်း ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ထိုင်း၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေ နှင့် အိုင်ယာလန်နိုင်ငံများသို့ ခရီး လှည့်လည်ပါလိမ့်မည်။

သူ၏ ထိုင်းခရီးစဉ်မှာ အလွန်နက်ရှိုင်းသော အဓိပ္ပါယ်များ ရှိနေပါသည်။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံမှာ ကီလိုမီတာ ၂,၄ဝဝ ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အတိုက်အခံ တိုင်းရင်းသားအဖွဲ့များ အခြေစိုက်ရာ နေရာလည်း ဖြစ်နေပါ သည်။ လူနည်းစု လူမျိုးစုများနှင့် အောင်မြင်သည့် ရင်ကြားစေ့ရေး အစီအစဉ်တရပ် ပေါ်ပေါက်ရေးတွင် ထိုင်းနိုင်ငံ၏
ထောက်ခံမှုကို လိုအပ်ပါလိမ့်မည်။

ထို့ပြင် ဂုဏ်သိက္ခာကြီးမားသော ကမ္ဘာ့စီးပွါးရေးဆွေးနွေးပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့နှစ်ဦးလုံး တက်ရောက်လာခြင်းကလည်း မြန်မာနိုင်ငံရှိ ဆောင်ရွက်ဆဲ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများအပေါ်နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို တိုး၍ ရရှိစေပါလိမ့်မည်။

သူတို့ နှစ်ဦးအကြား တဦးနှင့်တဦး ယုံကြည်မှု ရှိနေသမျှ တချိန်က အစွန့်ပယ်ခံနိုင်ငံအပေါ် စိတ်စေတနာကောင်း ထားမှုများကို မပျက်သွားရအောင် ထိန်းသိမ်းထားနိုင်ပါလိမ့်မည်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်နက်ကိုင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ ဖြစ်သော်ငြားလည်း ထိုပုဂ္ဂိုလ်နှစ်ဦးက မြန်မာနိုင်ငံကိုဒေသတွင်းနှင့် ကမ္ဘာ့ အသိုင်းအဝိုင်း အကြား ဝင်ဆံ့အောင် လုပ်နိုင်ခဲ့ကြပါသည်။

ဘန်ကောက် ခရီးစဉ်အပြီးတွင် သူ ဥရောပခရီးစဉ် ဆက်လက်ထွက်ခွါသွားပါလိမ့်မည်။ သူ့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ထင်ရှားမှုကို ပိုမိုရရှိစေပါလိမ့်မည်။ ဂျီနီဗာရှိ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်၌ မိန့်ခွန်းပြောခြင်း အပြင် ဇွန်လ ၁၆ ရက်နေ့၌ နိုဘယ်ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီက အော်စလိုတွင် ပြုလုပ်မည့် ဆုပေးပွဲ အခမ်းအနားသို့လည်း သူ တက်ရောက်ပါလိမ့်မည်။ ၁၉၉၁ နှစ်က ထိုဆုကို ရရှိအပြီး ၂၁ နှစ်ကြာမှ ထိုအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းဖြစ်ပါလိမ့်မည်။

ထိုအချိန်က သူသည် နေအိမ်အကျယ်ချုပ် ကျခံနေရဆဲဖြစ်ပြီး နိုင်ငံခြားသို့ ခရီးထွက်ခွင့် မရှိခဲ့ပါ။ နော်ဝေပွဲ အပြီး၌ သူသည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောပြီး အိုင်ယာလန် နိုင်ငံသို့ ရက်တိုခရီးစဉ် ဆက်လက် ထွက်ခွါမည် ဖြစ်ပါသည်။ ပထမဆုံး အာဆီယံနိုင်ငံ တနိုင်ငံမှ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်တဦး အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများ အထူးတလည် လိုအပ်နေသော ဒီမိုကရေစီ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်မျှော်မှန်းချက်များကို ရရှိရေးအတွက် စွမ်းဆောင်
ပေးနိုင်ပါလိမ့်မည်။ အဖွဲ့ဝင် အင်ဒိုနီးရှား နိုင်ငံလိုပင် တချိန်က ဒီမိုကရေစီရေး၌ အနိမ့်ကျဆုံး ဖြစ်ခဲ့ရာမှ အဖွဲ့ကြီး၏ အဓိက မောင်းနှင်အား ဖြစ်ခဲ့သလိုပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း မြန်မာနိုင်ငံ၏ အနေအထားကို အာဆီယံအ ဖွဲ့ကြီး အတွင်းသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကြား၌လည်း ဂုဏ်သတင်း မွှေးပျံ့အောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မည်။

အကောင်းဆုံးရလဒ် ထွက်ပေါ်လာရေးအတွက်ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ လက်သုံးစကားကို ငှါးရမ်းသုံးစွဲရမည် ဆိုပါက ဒေသတွင်းနိုင်ငံများနှင့် သန်းပေါင်း ၆ဝဝ မျှသော ထိုနိုင်ငံသားများနှင့် “ဆက်သွယ်မှု”ကို သူ ကြိုးစား တည်ဆောက်ရပါဦးမည်။ ယခု လောလောဆယ်တွင်တော့ သူသည် အနောက်နိုင်ငံများ၏ စံသတ်မှတ်ချက် ထုံးတမ်း စဉ်လာများနှင့်သာ အသားကျနေပါသေးသည်။ အချိန် ကြာလာသည်နှင့်အမျှ တချိန်က သူ့ကို စွန့်ပစ်ထားခဲ့သော
ဒေသတွင်း နိုင်ငံများနှင့် ပိုမိုနီးစပ် လာပါလိမ့်မည်။



တဘက်တွင် ရီစရာကောင်းသည်မှာ အာဆီယံအဖွဲ့ကြီးသည် တချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပုံသွင်းပုံဖော်နိုင်မည့် အဖွဲ့အစည်း အမျိုးအစားတခု ဖြစ်နေခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံ ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူရသည့်အခါ နေပြည်တော်ရှိ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အနေဖြင့် သူတို့သာဆန္ဒရှိလျှင် အာဆီယံ၏ ပေါင်းစည်းမှုနှင့် ပွင့်လင်းမှု တို့အတွက် တာဝန်ကို ထမ်းဆောင်ပေးနိုင်ပါလိမ့်မည်။ သူ၏ နိုင်ငံရေး အနာဂါတ် ယခုအတိုင်း ဆက်လက် ပွင့်လန်းနေဦးမည် ဆိုလျှင် နိုင်ငံ၏ အနာဂါတ် ခေါင်းဆောင်တဦးလည်းဖြစ်လာနိုင် ပါသေးသည်။ ထိုသို့ဆိုလျှင် အာဆီယံအဖွဲ့ကြီး၏ ရှေ့လုပ်ငန်းစဉ်များကို သူကိုယ်တိုင် ချမှတ်လာနိုင် ပါလိမ့်မည်။

သူသည် တဖြေးဖြေးနှင့် အာဆီယံ၏ လူကြိုက်အများဆုံး အထင်ရှားဆုံး နိုင်ငံရေး သမားတဦး ဖြစ်လာနေပါသည်။

လွန်ခဲ့သောနှစ် သြဂုတ်လ သမ္မတ ဦးသိန်းစိန်နှင့် သူတွေ့ဆုံပွဲ အပြီးကတည်းက အာဆီယံ အဖွဲ့ကြီးသည် သူ၏ ဒီမိုကရေစီရေး တိုက်ပွဲကို ပိုမိုထောက်ခံလာခဲ့ပါသည်။ ၁၉၉ဝ နှင့် ၂ဝ၁၁ အကြား ကာလတွင် သူနှင့် အာဆီယံခေါင်းဆောင်များ အကြား ဆက်ဆံရေးမှာ  အတော် ဆိုးရွားခဲ့ပါသည်။ ရန်ကုန် အခြေစိုက် အာဆီယံနိုင်င်ငံများမှ သံတမန်များနှင့် သူ တွေ့ဆုံရန် စီစဉ်ထားခဲ့သော ၁၉၉၅ ဂျူလိုင်ပွဲ ပျက်သွားပြီးကတည်းက နှစ်ဘက်လုံးက မတွေ့ဘဲ ရှောင်နေခဲ့ကြသည်။ ထိုအချိန်က အာဆီယံ အဖွဲ့ကြီးသည် မြန်မာအစိုးရ၏ ဖိအားကြောင့် အထီးကျန် အတိုက်အခံခေါင်းဆောင်နှင့် တွေ့မည့် အစီအစဉ်ကို အစိုးရအလိုကျ ဖျက်သိမ်းခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကျမှ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ် နှင့် တွေ့ဆုံကာ နှစ်ဘက်အကြားအေးခဲနေခဲ့သော ဆက်ဆံရေးကို ပထမဆုံး အကြိမ်အဖြစ် ပြန်လည် နွေးထွေးလာအောင် လုပ်နိုင်ခဲ့သည်။ ဒေါ်စုနှင့်တွေ့ပြီးကတည်းက ဒေါက်တာ ဆူရင် တယောက်ကတော့ ဒေါ်စု၏ အခန်းကဏ္ဍအပေါ် ချီးကျူးခန်း ဖွင့်နေခဲ့သည်။

“သူသည် မြန်မာတနိုင်ငံလုံး လူထုကို နိုးကြွလာအောင် လုပ်နိုင်သည့်သူဖြစ်ပြီး အာဆီယံ အဖွဲ့ကြီး အတွင်းရှိ ပြည်သူ များ၊ အထူးသဖြင့် အပယ်ခံ အောက်ဆုံးအလွှာအတွက် မျှော်လင့်ချက်လည်း ဖြစ်ပါသည်။”

ထိုအချိန်ကတည်းက စ၍ ဒေါ်စုကလည်း အာဆီယံနှင့်စပ်လျဉ်းပြီး မိမိ၏အမြင်သဘောထားများကို ထုတ်ဖော် ပြောဆိုနေခဲ့ပါသည်။ အာဆီယံ အခြေစိုက် ထိပ်တန်း စီးပွါးရေးသမားများနှင့် ဖေဖော်ဝါရီလ အတွင်း တွေ့ဆုံစဉ်က သူ၏ “ရိုးရှင်းသော ရည်မှန်းချက်” ဖြစ်သော မြန်မာနိုင်ငံ ထပ်မံဖွံ့ဖြိုး တိုးတက်လာပြီး နောက် ၁ဝ နှစ်အတွင်း အာဆီယံနိုင်ငံအချို့ကို ကျော်တက် သွားသည်ကို မြင်လိုကြောင်း ပွင့်ပွင့်လင်းလင်းပင် ထုတ်ဖော် ပြောဆိုခဲ့ပါသည်။ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ နောက်ပြန်မလှည့်ဘူး ဆိုလျှင်၊ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း အတိုင်း ဆက်သွားနေမည်ဆိုလျှင် အနောက်နိုင်ငံက ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို ထိထိရောက်ရောက် ပြန်လည် ရုပ်သိမ်းလိုက်မည်ဆှိုလျှင် ဒေါ်အောင်ဆန်း စုကြည်၏ အိပ်မက် အမှန်တကယ် အကောင်အထည်
ပေါ်လာပါလိမ့်မည်။

နောက်ကြောင်းကို ပြန်လည် သုံးသပ်ရမည်ဆိုလျှင် အာဆီယံခေါင်းဆောင်အချို့ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လည်တောင်းပန်ဘို့ လိုပါသည်။ ယခုလက်ရှိ သူ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို ထောက်ထားလျှင် သူ အကျယ်ချုပ်ကျနေစဉ် သူ့အပေါ် တချိန်က ပြောဆိုခဲ့သော ခြိမ်းခြောက်သည့် သဘောဆောင်သည့် မှတ်ချက်များ အတွက် တောင်းပန်ရန် လိုအပ်ပါသည်။ သူ မလွတ်မီကဆိုလျှင် အာဆီယံ ခေါင်းဆောင်များသည် သူနှင့်တွေ့ဆုံရန် ကိစ္စကို ရှောင်ရှားခဲ့ကြပါသည်။ ဝန်ကြီးချုပ် ချွမ်လိပိုင် တဦးတည်းသာလျှင် သူ၏ ဝန်ကြီးချုပ်သက်တမ်း ၁၉၉၇ မှ ၂ဝဝဝ ခုနှစ်အတွင်း သူ့ကို ဒေါ်စုနှင့် တွေ့ခွင့်မပြုသည့် အတွက်ဆိုကာ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ရန်
ငြင်းဆန်ခဲ့သည့် တဦးတည်းသော ထိုင်းဝန်ကြီးချုပ် ဖြစ်ပါသည်။ ၁၂ နှစ် ကြာပြီးမှသာ ချွမ်လိပိုင်သည်
ဒေါ်အောင်ဆန်းစုကြည်နှင့် ယခုနှစ်မှ ရန်ကုန်တွင် တွေ့ဆုံနိုင်ခဲ့ပါသည်။

အခက်အခဲနှင့် ပြဿနာများ ရှိနေခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် ပင်ကိုယ် အားဖြင့် သူသည် အသွင်ပြောင်းလဲရေးအတွက် လုပ်ဆောင်နိုင်သော ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ ဥပဒေ စည်းကမ်းအတိုင်းသာ လုပ်တတ် သူတဦးဖြစ်ကြောင်း၊ ရန်ဘက်များအပေါ် ရန်မလိုဘဲ စေ့စပ် ကြေအေးလို စိတ်သာရှိသူဖြစ်ကြောင်း ပြသနိုင်ခဲ့ပါသည်။ သူသည် အခြား အာဏာ ဆာလောင် မွတ်သိပ်နေသော အာဆီယံခေါင်းများနှင့်မတူ တမူခြားနားသူ ဖြစ်ပါသည်။ ထိုခေါင်းဆောင်များက မကြာခဏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီအခွင့်အလမ်း ပိတ်ပင်မှုများ ပြုလုပ်လေ့ ရှိကြပြီး မိမိတို့ တင်းတင်းကြပ် ကြပ်ချုပ်ကိုင်ထားသော အာဏာကို စီးပွါးရေးဖွံ့ဖြိုးမှုဖြင့် ကာကွယ် ထိန်းသိမ်းထား လိုသူများ ဖြစ်ကြပါသည်။

အာဆီယံ အဖွဲ့ကြီး၏ ဦးစီးပဲ့ကိုင် ခေါင်းဆောင်တဦးကို ဒေသတွင်းနိုင်ငံများ မြင်တွေ့ခွင့် ရမရ ဆိုသည်မှာမူ အခြေအနေများကို သူဘယ်လောက် လေ့လာနိုင်စွမ်းရှိသည် သူ၏ အခန်းကဏ္ဍကို နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်၍ တည်ဆောက်ထားနိုင် မနိုင်ဆိုသည့် အချက်များပေါ်တွင် မူတည်နေပါသည်။

မည်သို့ပင်ဖြစ်စေ အတိုက်အခံ ခေါင်းဆောင်တဦးအနေဖြင့် သူ့ အဓိက လုပ်ကိုင်ရမည်မှာ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းကို တကယ် လုပ်ဆောင်နိုင်စွမ်းရှိသူ ဖြစ်ကြောင်း ပြသနိုင်ရမည်ဖြစ်ပြီး သူ၏ နိုင်ငံသားများအတွက်လည်း စားဝတ်နေရေး ဖူလုံမှုကို ဆောင်ကြဉ်းပေးနိုင်ရမည် ဖြစ်ပါသည်။

ထိုမှတဆင့်တက်၍သာ ဒေသတွင်း နိုင်ငံများနှင့် ပြည်သူများအတွက် သူ စွမ်းဆောင်နိုင်လိမ့်မည် ဖြစ်ပါသည်။   ။

ကာဝီ ချုံကစ်တာဝုန် သည် အာရှရေးရာနှင့် အာဆီယံရေးရာ ကျွမ်းကျင်သူဖြစ်သည်။

Ref: မဇ္ဈိမ

အစာငတ်ခံ ဆန္ဒပြနေသော သံရည်ကျို စက်ရုံလုပ်သားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက မေတ္တာရပ်ခံခဲ့သဖြင့် အစာငတ်ခံဆန္ဒပြမှုကို ၈၄ နာရီအကြာတွင် ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရ


73415
အစာငတ်ခံ ဆန္ဒပြနေသော မြောင်းတာကာစက်မှုဇုန်၊ သံရည်ကျိုစက် လုပ်သားများအနေဖြင့်  အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဝင်းရှိန်၏ ညှိနှိုင်းပေးမှုကြောင့် စက်ရုံဘက်မှ လုပ်ခလစာအား တစ်နေ့ ကျပ် ၂၁၀၀ အထိ ပေးအပ်ခဲ့ပြီး လုပ်သားများဘက်မှ သဘောတူလက်ခံလိုသည့် ဆန္ဒမရှိသော်လည်း ယင်းတို့အား ကူညီမှုပေးနေသည့် အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံမှုကြောင့် ဆန္ဒပြမှုအား ယာယီရပ်ဆိုင်းလိုက်ကြောင်း မေလ ၂၈ရက်နေ့တွင် သတင်းရရှိပါသည်။
အလုပ်သမားများ အနေဖြင့် စက်ရုံဘက်မှ တိုးမြှင့်ပေးသော ကျပ် ၅၈၀၀၀ အား လက်မခံရသည့် အကြောင်းရင်းမှာ စက်ရုံဘက်မှ လစာတိုးမြှင့်ပေးသော်လည်း ယခင်ကဲ့သို့ နေစရာ၊ စားစရာ၊ အချိန်ပိုကြေး၊ ရက်မှန်ကြေးများအား လုံးလုံးလျားလျား မပေးတော့သည့် အပြင် ကျပ်ငါးသိန်းကျော် လစာရရှိသည့် အလုပ်သမားခေါင်းဆောင်များ၏ လစာကိုပါ အခြေခံဝန်ထမ်း များနည်းတူ တပြေးညီ သတ်မှတ် ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။
“လုပ်ခလစာတိုးပေးပေမဲ့ နေစရာ ၊စားစရာ ၊ အချိန်ပိုကြေး ၊ ရက်မှန်ကြေးမပေးတော့ ကျွန်တော်တို့ မိသားစုဝင်တွေ ဘာနဲ့ ရပ်တည်မလဲ။ အားလုံးကဆက်လက်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ပေမဲ့အလုပ်သမား ညွှန်ချုပ် ၊ရွှေည၀ါဆရာတော်၊၈၈ မျိုး ဆက်အဖွဲ့တွေရဲ့ မေတ္တာရပ်ခံမှု ကြောင့် ဆန္ဒပြမှုကိုယာယီရပ်ဆိုင်း ပြီး  ကျွန်တော်တို့ရဲ့တောင်းဆိုမှုကို  မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့နဲ့ သုံးရက်ကြာ ညှိနှိုင်းပါမယ်၊ပြီးရင် ခုံသမာဓိရုံးမှာတင်ပြပါမယ်။ ဒီဆုံးဖြတ်ချက်ကိုမှ အားလုံးကသဘောမတူနိုင်ရင် ဆန္ဒပြမှုပြန်လည် စတင်ပါမယ်၊ အခုအချိန်မှာတော့ စက်ရုံ လုပ်သားအားလုံး စက်ရုံထဲ ပြန်ရောက်သွားပါပြီ”ဟု အလုပ်သမားခေါင်းဆောင် ကိုနော်အောင်က ပြောသည်။
d1
အစာငတ်ခံဆန္ဒပြသူ တစ်ဦးအား ဆိုင်ကယ်ဖြင့် တင်ဆောင်လာစဉ်
ဆန္ဒပြမှုအား မေလ ၂၈ ရက်နေ့ ည ၇ နာရီအချိန်တွင် ရုတ်သိမ်းခဲ့သော်လည်း အစာငတ်ခံ ဆန္ဒပြသူ ၄၁ ဦးမှာ မေလ ၂၈ ရက်နေ့ ည ၉ နာရီအချိန်တွင်မှ ရုတ်သိမ်းခဲ့ခြင်းဖြစ်ကာ အစာငတ်ခံ ဆန္ဒပြချိန် ၈၄ နာရီ ကြာမြင်ခဲ့ ကြောင်း သိရှိရပါသည်။
d2
၈၄ နာရီကြာ အစာငတ်ခံဆန္ဒပြသူများထဲမှ တစ်ဦးကို တွေ့မြင်ရစဉ်
မှော်ဘီမြို့နယ်၊မြောင်းတကာ စက်မှုဇုန်ရှိ ရန်ကုန်သရဖူသံမဏိ သံရည်ကျိုစက်ရုံတွင်မေလ ၂၀ ရက် နေ့မှစတင်၍ လုပ်သားအင်အား၅၀၀ ကျော်ပါဝင်သည့် ဆန္ဒပြမှု ဖြစ်ပွားခဲ့ ပြီး လုပ်သားများ၏ တောင်းဆိုချက်အား စက်ရုံတာဝန်ရှိသူများမှ လိုက်လျောမှု မပေးသဖြင့်မေလ ၂၅ ရက်တွင် စက်ရုံလုပ်သား ၂၅ ဦးမှစတင်၍ အစာငတ်ခံ ဆန္ဒပြခဲ့ပြီးလုပ်သားများ ၏ဆန္ဒအရ  အစာငတ်ခံဆန္ဒပြ လုပ်သားဦးရေ ၄၁ဦးအထိ တိုးမြှင့်လာခဲ့ကာ လက်ရှိကာလတွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ဆန္ဒပြမှုများအား ယာယီရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိပါသည်။ စတင် အစာငတ်ခံဆန္ဒပြသူ လေးဆယ့်တစ်ဦးအနက် လုပ်သား အများစုမှာ ကျန်းမာရေး ချို့ယွင်းလာနေပြီး ဆေးကုသမှုခံယူသူ ၁၃ဦးအထိ ရှိလာနေပြီဖြစ်ကာ အလုပ်သမားသုံးဦးမှာ ရန်ကုန် ဆေးရုံကြီးသို့ သွားရောက်ကုသမှု ခံယူနေကြောင်း သတင်းရရှိပါသည်။  

Ref: EMG

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes