Saturday 14 July 2012

တိုင်းရင်းသားမဟုတ်သူကို လက်မခံနိုင်လို့ သမ္မတပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ ရိုဟင်ဂျာအမျိုးသမီး
ရခိုင်ပြည်နယ်မှာ ​တရားမ၀င်နေထိုင်နေတဲ့ ​ဘင်္ဂါလီတွေကိုကုလသမဂ္ဂဒုက္ခသည်များ ​ဆိုင်ရာ ​မဟာ ​မင်းကြီးရုံး ​(UNHCR)က ​လွှဲပြောင်းတာဝန်ယူဖို့နဲ့ ​ဒုက္ခသည်စခန်းတွေဖွင့်ပေးဖို့ ​သမ္မတဦးသိန်းစိန်ကပြောတာ ​မဟုတ်မှန်ကြောင်း ​မြန်မာနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မဟာမင်းကြီး ​Mr ​Antonio ​Guterres ​က ​ငြင်းဆိုထားပြီး ​သမ္မတရုံးဝဘ်ဆိုက်မှာတော့ ​“တိုင်းရင်းသား ​မဟုတ်ပဲ ​ခိုးဝင်လာတဲ့ ​ရိုဟင်ဂျာ ​တွေကို ​လက်ခံရန် ​မည်သို့မျှ ​မဖြစ်နိုင်ကြောင်း၊ ​နောက်ဆုံး ​ဖြေရှင်းတဲ့ ​နည်းလမ်းမှာခိုးဝင်လာတဲ့ ​ရိုဟင်ဂျာတွေကို ​UNHCR ​ထံ ​အပ်နှံပြီး ​ဒုက္ခသည် ​စခန်းအဖြစ် ​ထားရှိရန် ​ဖြစ်ကြောင်း၊ ​UNHCR ​ကကျွေးမွေးစောင့်ရှောက်ပေးရန်နဲ့ ​တတိယ ​နိုင်ငံက ​လက်ခံမယ်ဆိုပါက ​ပို့ပေးမှာ ​ဖြစ်ကြောင်း ​သမ္မတဦးသိန်းစိန်နဲ့ ​မဟာမင်းကြီးတို့တွေ့ဆုံစဉ်မှာပြောကြားတယ်လို့ ​ဖေါ်ပြထားပါတယ်။

Mr ​Guterres ​ကမနေ့က ​ ရန်ကုန်မြို့ ​ဆီဒိုးနားဟိုတယ် ​မှာ ​ကျင်းပတဲ့ ​သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တာဖြစ်ပါတယ်။

Mr ​Guterres ​နဲ့ ​တွေ့ဆုံစဉ်မှာ ​သမ္မတက ​၁၉၄၈ ​မတိုင်မီ ​ရောက်လာသူတွေက ​မွေးဖွားတဲ့ ​တတိယမျိုးဆက် ​မြေးအဆင့်ကိုသာ ​နိုင်ငံသားအဖြစ် ​လက်ခံနိုင်မယ်လို့လဲ ​ပြောခဲ့တယ်လို့ ​ဆိုပါတယ်။

ရိုဟင်ဂျာတွေကို ​ဒုက္ခသည်စခန်းမှာထားပြီး ​တတိယနိုင်ငံက ​ခေါ်ယူဖို့ကိစ္စနဲ့ ​ပတ်သက်ပြီး ​Mr ​Guterres ​က ​UNHCR ​အနေနဲ့ ​နိုင်ငံတစ်နိုင်ငံအတွင်းက ​ညှင်းပန်းနှိပ်စက် ​မှုတွေကြောင့် ​တခြားနိုင်ငံကို ​ထွက်ပြေးကြရတဲ့သူတွေအတွက်ကိုသာ ​တတိယနိုင်ငံကို ​ပို့ဆောင် ​ပေးဖို့ ​တာဝန်ရှိကြောင်း၊ရခိုင်ပြည်နယ်က ​ဖြစ်ပေါ်နေတဲ့ ​အခြေအနေနဲ့ ​သက်ဆိုင်မှု ​မရှိဘူးလို့ ​ပြော ​ပါတယ်။

ရခိုင်ပြည်နယ်မှာ ​ဖြစ်ခဲ့တဲ့ ​မတည်ငြိမ်မှုတွေမှာ ​ပါဝင်ပတ် ​သက်တယ်လို့ ​သံသယ ​ရှိသူ ​UNHCR ​၀န်ထမ်းသုံးဦးကို ​အစိုးရက ​ထိန်းသိမ်းထား ​တာ ​မှန်ကန်ကြောင်း ​တရား ​ဥပဒေရဲ့ ​အထက်မှာ ​ဘယ်သူမျှ ​မရှိရဘူးဆိုတာကို ​သူ့အနေနဲ့ ​အသိ ​အမှတ်ပြုကြောင်း ​ဒါပေမယ့် ​ဒီဝန်ထမ်းတွေကို ​ဘယ်လို ​စွပ်စွဲချက်တွေနဲ့ ​ထိန်းသိမ်းထားတယ် ​ဆိုတာကိုသိလိုကြောင်းနဲ့ထိန်း ​သိမ်း ​ထားတဲ့ ​၀န်ထမ်းတွေကို ​တွေ့ဆုံခွင့် ​တောင်းထားကြောင်း ​Mr ​Guterres ​က ​ပြောပါတယ်။

UNHCR ​ရဲ့ ​၀န်ထမ်းတွေအနေနဲ့လည်း ​နိုင်ငံတွင်းက ​ဥပဒေတွေကိုလေးစားလိုက်နာရမှာ ​ဖြစ်တယ်လို့ ​သူက ​ပြောပါတယ်။

UNHCR ​၀န်ထမ်းသုံးဦးအပြင် ​WFP ​နဲ့ ​NGOs ​တွေက ​၀န်ထမ်း ​၇ ​ဦးခန့်ကိုလည်း ​ထိန်းသိမ်းထားကြောင်း ​သိရပါတယ်။

 အနာဂတ်မှာ ​ရခိုင်လူမျိုးတွေနဲ့ ​မွတ်စလင်  ​တွေကြား ​ပြန်လည် ​ရင်ကြားစေ့ရေးနဲ့ ​တရားဥပဒေကို ​လိုက်နာပြီး ​အတူတကွ ​ငြိမ်းချမ်းစွာ ​ယှဉ်တွဲနေထိုင်ရေးကို ​မျှော်လင့်ကြောင်း၊ ​ရခိုင်နဲ့ ​မွတ်စလင်လူထု ​နှစ်ဘက်စလုံးအတွက် ​လိုအပ်တဲ့ ​လူသားချင်းဆိုင်ရာ ​အထောက်အပံ့တွေကို ​ခွဲခြားမှု ​မရှိပဲ ​ပေးသွားမှာ ​ဖြစ်ကြောင်း ​မဟာမင်းကြီးက ​ပြောကြားသွားပါတယ်။

UNHCR ​ရဲ့ ​ခန့်မှန်းချက်အရ ​ရခိုင်ပြည်နယ်မှ ​မြန်မာနိုင်ငံသား ​မဟုတ်တဲ့ ​မွတ်စလင်လူဦးရေ ​၈ ​သိန်းခန့် ​ရှိတယ်လို့ ​သိရတယ်လို့ဆိုပါတယ်။

ရခိုင်ဒေသက ​ပြသနာရပ်တွေအပြင် ​ထိုင်းနယ်စပ်မှာ ​ရှိတဲ့ ​မြန်မာဒုက္ခသည်တွေကို ​မြန်မာနိုင်ငံကို ​ပြန်လာနိုင်အောင် ​စီစဉ်ပေးဖို့ကိစ္စကိုလည်း ​သမ္မတ ​ဦးသိန်းစိန်နဲ့ ​ဆွေးနွေးခဲ့ကြောင်း၊ ​သူတို့ရဲ့ ​လုံခြုံရေးနဲ့ ​ဘ၀ရှင်သန်ရပ်တည်ရေးကို ​အာမခံချက်ပေးနိုင်ရမှာ ​ဖြစ်ကြောင်းနဲ့ ​မိမိဆန္ဒ ​အလျောက် ​ပြန်လာချင်သူတွေကိုသာ ​ကူညီပြီး ​ပြန်ပို့မှာ ​ဖြစ်တယ်လို့ ​မဟာမင်းကြီးက ​ပြောပါတယ်။

ဇူလိုင်လ ​၁၃ ​ရက်နေ့မှာလည်း ​ထိုင်းဝန်ကြီးချုပ်နဲ့ ​ထိုင်းအစိုးရ ​တာဝန်ရှိသူတွေနဲ့ ​တွေ့ဆုံပြီး ​ဒီကိစ္စကို ​ဆွေးနွေးမှာ ​ဖြစ်တယ်လို့ ​ပြောတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ကိုလူလှကသတင်းပေးပို့ခဲ့ပါတယ်။

Ref: Radio Australia

မစ္စကလင်တန်နဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံမယ်

နေပြည်တော်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို သမ္မတဦးသိန်းစိန် ကြိုဆိုခဲ့စဉ် 
အမေရိကန်အစိုးရက ​မြန်မာနိုင်ငံအပေါ် ​ချမှတ်ထားတဲ့ ​စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မူကို ​လျော့ချပြီးနောက် ​အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ​ဟီလာရီကလင်တန်နဲ့ ​သမ္မတဦးသိန်းစိန်တို့ ​ကမ္ဘောဒီယားနိုင်ငံမှာ ​တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ 
နှစ်နိုင်ငံခေါင်းဆောင်က ​ကမ္ဘောဒီးယားနိုင်ငံ ​Siem ​Reap ​မြို့မှာ ​တွေ့ဆုံကြမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ပေါ်နေတဲ့ ​အပြောင်းအလဲတွေကို ​အမေရိကန်အစိုးရက ​ဒဏ်ခတ်ပိတ်ဆို့မူကို ​လျော့ချတာဖြစ်ပေမယ့် ​နိုင်ငံရေးအကျဉ်းသားတွေ ​ဆက်လက်ထိန်းသိမ်းထားတာတွေနဲ့တိုင်းရင်းသားဒေသမှာဖြစ်နေတဲ့ ​ပြဿနာတွေရှိနေသေးတယ်လို့ 
ပြောပါတယ်။

ဗုဒ္ဓဟူးနေ့က ​လျော့ချပေးလိုက်တဲ့ ​ဒဏ်ခတ်ပိတ်ဆို့မူတွေကြောင့် ​အမေရိကန်ကုမ္ပဏီတွေအနေနဲ့ ​မြန်မာနိုင်ငံမှာ ​လာရောက်ရင်းနှီးမြုပ်နှံခွင့်ရရှိမှာ ​ဖြစ်ပါတယ်။ ​ဒါပေမယ့် ​မြန်မာစစ်တပ်အပြင် ​တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ ​စီးပွားရေးလုပ်ခွင့်ရမှာ ​မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာ ​စီးပွားလုပ်လိုတဲ့ ​အမေရိကန်ကုမ္ပဏီအနေနဲ့ ​အမေရိကန်အစိုးရကို ​ရက်ပေါင်း ​၆၀ ​ကြိုတင် ​အသိပေးပြီး ​ဒေါ်လာ ​၅ ​သိန်းနဲ့အထက် ​ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ​အမေရိကန်အစိုးရကို ​အစီရင်ခံစာ ​နှစ်စဉ်ပေးပို့ရမှာဖြစ်ပြီး ​အစီရင်ခံစာမှာ ​သူတို့အနေနဲ့ ​လူ့အခွင့်အရေးကို ​လေးစားကြောင်း၊ ​အလုပ်သမားအရေးနဲ့ ​သဘာဝပတ်ဝန်းကျင်ထိခိုက်မူမရှိအောင် ​လုပ်ဆောင်တယ်ဆိုတာကို ​သက်သေပြနိုင်ရမယ်လို့ ​ပါရှိပါတယ်။

Ref: Radio Australia

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes