![]() |
နေပြည်တော်ကို လာရောက်လည်ပတ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို သမ္မတဦးသိန်းစိန် ကြိုဆိုခဲ့စဉ် |
အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မူကို လျော့ချပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ သမ္မတဦးသိန်းစိန်တို့ ကမ္ဘောဒီယားနိုင်ငံမှာ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်က ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မူကို လျော့ချတာဖြစ်ပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်ထိန်းသိမ်းထားတာတွေနဲ့တိုင်းရင်းသားဒေသမှာဖြစ်နေတဲ့ ပြဿနာတွေရှိနေသေးတယ်လို့

ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က လျော့ချပေးလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မူတွေကြောင့် အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြုပ်နှံခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်အပြင် တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော့ စီးပွားရေးလုပ်ခွင့်ရမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ စီးပွားလုပ်လိုတဲ့ အမေရိကန်ကုမ္ပဏီအနေနဲ့ အမေရိကန်အစိုးရကို ရက်ပေါင်း ၆၀ ကြိုတင် အသိပေးပြီး ဒေါ်လာ ၅ သိန်းနဲ့အထက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ အမေရိကန်အစိုးရကို အစီရင်ခံစာ နှစ်စဉ်ပေးပို့ရမှာဖြစ်ပြီး အစီရင်ခံစာမှာ သူတို့အနေနဲ့ လူ့အခွင့်အရေးကို လေးစားကြောင်း၊ အလုပ်သမားအရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မူမရှိအောင် လုပ်ဆောင်တယ်ဆိုတာကို သက်သေပြနိုင်ရမယ်လို့ ပါရှိပါတယ်။

Ref: Radio Australia
0 comments:
Post a Comment