အခြေခံလုပ်ခလစာ တိုးပေးရေးအတွက် လှိုင်သာယာစက်မှုဇုန်နှင့် မြောင်းတကာရှိ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုရာ စက်ရုံအချို့ ပြေလည်မှု ရရှိသွားသော်လည်း အချို့စက်ရုံများမှာ တင်းမာမှုများဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
![]() |
စံပယ်ပွင့် စက်ရုံတွင် အထူးသတိပေး ကြေညာချက် (ဓါတ်ပုံ -ရိုးမ ၃) |
နေမင်းအောင်အထည်ချုပ်စက်ရုံတွင် လုပ်အားခများတိုးမြင့်ပေးလိုက်သော်လည်း အခြားစက်ရုံများတွင် လျော်ကြေးပေး အလုပ်ထုတ်ပယ်ခြင်းများ ပြုလုပ်နေကြောင်း အလုပ်သမားများ အရေးကူညီ ပေးနေသူက ပြောသည်။
“အခုဆိုရင် နေမင်းအောင် စက်ရုံမှာ နောက်ဆုံး ညှိနှိုင်းမှုအရ နေ့စာ ၃၀၀ ရနေတဲ့ helper တွေကို ၇၀၀ တိုးပေးပြီး ၈၀၀ ရနေတဲ့ operator တွေကို နောက်ထပ် ၇၀၀ တိုးပေးမယ်ဆိုပြီး အလုပ်ရှင်ဘက်က ဆွေးနွေးလာတယ်၊ အလုပ် တရက်ပျက်ရင် ၁၀၀၀၀ ဖြတ်တာကနေ ၁၀၀၀ ပဲဖြတ်မယ်၊ စနေနေ့ ညနေ ၅ နာရီဆိုပြန်လွှတ်ပေးမယ်၊ တနင်္ဂနွေ အော်ဒါရှိရင်ဆင်းရမယ် မရှိရင် မဆင်းရဘူးဆိုပြီး ဖြစ်သွားတယ်” ဟု ပြောသည်။
ယခင် ရှားပါးစရိတ်၊ အချိန်ပို ၊ဘောနပ်စ် စသည်ဖြင့် စုစုပေါင်းလစာ ၆၃၀၀၀ လောက်ရနေသည့် helper တယောက်လျှင် ၇၅၀၀၀ ခန့်ရရှိမည်ဖြစ်ပြီး ယခင် ၇၅၀၀၀ ရနေသည့် praetor တယောက်လျှင် ၈၅၀၀၀ ခန့် ရရှိလာမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဇုံ (၃) တွင်ရှိသည့် YJ အထည်ချုပ်နှင့် အာရှနှင်းဆီ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားများ တောင်းဆိုသည့် အခြေခံ လစာ နှစ်သောင်းခွဲကို တိုးပေးပြီး ပြေလည်မှု ရရှိပြီဖြစ်သည်။
အခြားစက်ရုံများဖြစ်သည့် Hi-Mo High-Art ဆံပင်တု စက်ရုံတွင် တင်းမာမှု များ ဆက်လက်ရှိနေပြီး စက်ရုံ အဆောင်နေ အလုပ်သမာများကို ယနေ့တွင် အဆောင်မှ ဖယ်ပေးရမည်ဖြစ်ကာ ဆန္ဒြပအလုပ်သမားများကို သုံးလစာ လျော်ကြေးပေး အလုပ်ထုတ်ခြင်းများ ပြုလုပ်နေလျှက်ရှိသည်။
တိုးမြတ်အောင်စက်ရုံတွင် ပြေလည်မှု မရသေးဘဲ အလုပ်သမား ၄၀၀ ခန့် ဆက်လက်ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်နေပြီး စပယ်ဖြူ စက်ရုံတွင်လည်း ဆက်လက် ဆန္ဒပြနေဆဲဖြစ်သည်။
စပယ်ဖြူစက်ရုံတွင် အလုပ်သမားများ တောင်းဆိုမှုကို လိုက်လျောခြင်းမရှိဘဲ အလုပ်မဆင်းလျှင် အလုပ်ထုတ်မည်ဖြစ်ကြောင်း ကြေညာစာရွက်များကို စက်ရုံရှေ့တွင် ကပ်ထားလျှက်ရှိသည်။
အချိန်ကြာ မပြေလည်သေးသည့် ပုလဲ၊ နေမင်းအောင်၊ စံပါယ်ဖူးစက်ရုံများမှာ တရုတ်လူမျိုးတဦးတည်းပိုင် စက်ရုံဖြစ်ပြီး အလုပ်ရှင်ဘက်မှ လိုက်လျောခြင်းမရှိသည့် အခြေအနေဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်သည်။
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် မြောင်းတကာရှိ Yongon Crown သံမဏိစက်ရုံက ဆန္ဒပြအလုပ်သမား (၄၀၀) လောက်က တောင်းဆိုသည့် အခြေခံလစာ (၄၀၀၀၀) လေးသောင်း စက်ရုံတာဝန်ရှိသူတွေဘက်က တိုးမပေးသဖြင့် ဆန္ဒပြ (၆) ရက်မြောက်နေ့ဖြစ်သည့် မေလ (၂၅) ရက်နေ့က စတင်ကာ အလုပ်သမားခေါင်းဆောင် (၂၅) ဦးက အစာငတ်ခံဆန္ဒပြလျက်ရှိသည်။
Ref: ရိုးမ ၃
0 comments:
Post a Comment