Tuesday 3 December 2013

အဓိကပြိုင်ဘက် ထိုင်းဖြစ်ဟု စစ်တုရင် နည်းပြပြော

မဇ္ဈိမ| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ် 

ဆီးဂိမ်း စစ်တုရင်ပြိုင်ပွဲတွင် မြန်မာကစားသမားများအနေဖြင့် ထိုင်းကစားသမားများကို အကြိတ်အနယ် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ထိုင်းအသင်းသာလျှင် အဓိက ပြိုင်ဘက်ဖြစ်ကြောင်း မြန်မာစစ်တုရင်နည်းပြချုပ် ဦးခင်ကိုက သုံးသပ်ပြောကြားသည်။

“ရိုးရာစစ်တုရင်ပြိုင်ပွဲနဲ့ အာဆီယံစစ်တုရင်ပြိုင်ပွဲတွေမှာ မြန်မာကစားသမားတွေအနေနဲ့ ထိုင်းကစား သမားတွေကို အဓိကထားယှဉ်ပြိုင်ရပါမယ်။ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲမှာတော့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက ကစားသမားတွေရဲ့လက်ရည်က တော်တော်လေးကောင်းတယ်လို့ သိထားရပါတယ်”ဟု ဦးခင်ကိုက ပြောသည်။ရိုးရာစစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း၆ နိုင်ငံ၊အာဆီယံ စစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆ နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၈ နိုင်ငံမှ ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ကြောင်း သိရသည်။ စစ်တုရင်ပြိုင်ပွဲတွင် ကစားနည်း ၃ မျိုးပါဝင်မည်ဖြစ်ပြီး ပွဲစဉ် ၁၈ ပွဲပါဝင်မည်ဖြစ်ကာ ရွှေတံဆိပ် ၁၈ ခု ပေးအပ်မည် ဖြစ်သည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၏ စစ်တုရင်ပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၂ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်၊ ဇဗ္ဗူသီရိဟိုတယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။



Mizzima - News in Burmese

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes