Wednesday 4 December 2013

နည်းပညာတက္ကသိုလ်ကျောင်းသားများ B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် လတ်မှတ်ရေးထိုး၍ စုပေါင်းတောင်းဆိုမည်

နည်းပညာတက္ကသိုလ်များတွင် AGTI နှင့် B Tech အောင်မြင်သူများအား ၀င်ခွင့်စာမေးပွဲပြန်လည်ဖြေဆိုခွင့်ရရန်
သိပံ္ပနှင့် နည်းပညာဝန်ကြီးဌာနသို့  မြန်မာနိုင်ငံရှိ နည်းပညာတက္ကသိုလ်ကျောင်းသားများ စုပေါင်းလတ်မှတ်ရေးထိုး
တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ရက်က အမျိုသားဒီမိုကရေစီပါတီ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
ပြောကြားခဲ့သည်။

လက်ရှိတွင် AGTI နှင့် B Tech သင်ယူပြီးသည့် ကျောင်းသားကျောင်းသူမျာအား ကျောင်းဆက်လက်တက်ရောက်ရန်
ဝင်ခွင့်ပြန်လည်ဖြေဆိုခွင့်ပေးထားသော်လည်း သင်ခန်းစာနှင့် အချိန်ကာလညီမျှမူမရှိခြင်း ကြောင့် ကျောင်းပြန်လည်တက်ရောက်
နိုင်သူရှားပါးပြိး အဝေးသင်တက္ကသိုလ်သို့ ပြောင်းလဲတက်နေရကြောင်း သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။

" ကျွန်တော်တို့ မှာ အများကြီးနစ်နာမူတွေရှိနေပါတယ်။ ကျောင်းဆက်တက်ခွင့်အတွက် ၀င်ခွင့်ဖြေဆိုချိန်က တစ်လပဲရှိတယ်။
ရိုးရိုးအောင်သွားပြီဆိုရင် အဝေးသင်တက္ကသိုလ်တွေအဖြစ်ပဲဆက်တက်ရတယ်။ ပညာရေးစနစ်တွေပြုပြင်ပြောင်းလဲတယ်ဆိုရင်
လက်တွေ့ ပြောင်းလဲသင့်ပါတယ်" ဟု သန်လျင်နည်းပညာတက္ကသိုလ်မှ ကိုတင်ကိုကိုကပြောသည်။

ထိုသို့ ကျောင်းတက်ခွင့် ပြန်လည်ရရန်အတွက် မြန်မာနိုင်ငံအသီးသီးမှ နည်းပညာတက္ကသိုလ်ကျောင်းသားများဧ။် လတ်မှတ်များ
စုပေါင်းကာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုသွားမည်ဖြစ်ပြီး သယန်းကျွန်းမြိုနယ် လွတ်တော်ကိုယ်စားလှယ်
ဦးသိန်းညွန်မှ ကျောင်းပြန်လည်တက်ခွင့်နှင့် ပတ်သတ်၍ လွတ်တော်တွင်းမေးခွန်းများ မေးမြန်းသွားမည်ဖြစ်ကြောင်းသိရသည်။

"ကျောင်းသားလူငယ်တွေဖြစ်နေတဲ့ပြသနာကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး လာမယ့်လွတ်တော်မှာ မေးခွန်းမေးပေးသွားပါမယ်။ သူတို့ ဆီမှာလဲ မတူညီတဲံ့အခက်ခဲတွေအများကြီးရှိကြတယ်။ တင်ပြလာတဲ့အချက်တွေပေါ်
မူတည်ပြီး ဆက်လက်လုပ်ဆောင်သွားပါမယ်" ဟု လွတ်တော်ကိုယ်စားလှယ်ဦးသိန်းညွန်ကဆိုသည်။

လက်ရှိတွင် B Tech BE ၀င်ခွင့်ပြန်လည်ဖြေဆိုရန် အတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသို့ တောင်းဆိုရန် ကျောင်းသား ၁၀၀၀ကျော်ခန့် လတ်မှတ်ရေးထိုးပြီး
ဖြစ်ကြောင်းသိရသည်။

Reposted by pyae phyo
Credit to (ရိုးရာလေး)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes