Wednesday 11 May 2011

တွေးတွေးပြီးရယ်

ဂျပန်ငလျင်ကြောင့် နျူးကလီးယားဓာတ်ပေါင်းဖိုပေါက်ကွဲတော့ တရုပ်ပြည်နေရာအများအပြားမှာ "ဆား" လုပွဲတွေဖြစ်ခဲ့ရပါတယ်။ ဆားထဲပါတဲ့အိုင်အိုဒင်းဓာတ်က နျူးကလီးယားအန္တရာယ်ကို ကာကွယ်ပေးနိုင်တယ် ဆိုလို့ဘဲဖြစ်ပါတယ်။ ဆားလုပွဲအကြောင်းကို တရုပ်ပြည်သူတစ်ချို့က လှောင်ပြောင်ရှုတ်ချပြီး အခုလို အင်တာနက်ပေါ်မှာ ဆား အကြောင်းတွေကို ဟာသလို၊ ပုံပြင်လို၊ သံချပ်လို အမျိုးမျိုးနဲ့ ကဲ့ရဲ့ဝေဖန်ခဲ့ကြပါတယ် အဲဒီထဲက ဟာသတစ်ချို့ကို မလေးရှားနိုင် လမ်းသစ်ဂျာနယ် ထဲမှာ ဘာသာပြန်ဖေါ်ပြထားတာကို တဆင့်ပြန်လည်မျှဝေ လိုက်ပါတယ်။


(၁)
လောကမှာ နာကျင်တာက ဘာလဲ?
နျူးကလီးယားမလာသေးဘူး၊ ဆားကုန်သွားလို့ဖြစ်တယ်။ 
လောကမှာ အနာကျင်ဆုံးကဘာလဲ?
နျူးကလီးယားလာပြီး ဆား အသုံးမ၀င်တော့တာဖြစ်တယ်။
လောကမှာ အနာ့ အနာကျင်ဆုံးကဘာလဲ?
ပိုက်ဆံတွေအားလုံး ဆား ၀ယ်လိုက်ပြီး ဆန်ဝယ်ဖို့ ပိုက်ဆံမရှိတာဖြစ်တယ်။
လောကမှာ အနာ့ အနာ့ အနာကျင်ဆုံးကဘာလဲ?
ဆား စားလို့ လူက ငန်သေသွားပြီး ဆားက သုံးလို့မကုန်သေးတာဖြစ်တယ်...။

(၂)
- ကားရှိလား ?
ကျား - မရှိဘူး။ 
- အိမ်ရှိလား ?
ကျား -  မရှိဘူး။
- ဘဏ်စာအုပ်ရှိလား ?
ကျား - မရှိဘူး။
-  ဒါနဲ့များ ကျွန်မကိုချစ်ချင်သေးတယ် ။
ကျား - ကျွန်တော့မှာ ဆား ရှိတယ်။
-  အိုကေ! .... ချစ်စေ....။

(၃)
သနားစရာ ဂျပန်တွေ
ငလျင်လှုပ်လို့ လူတစ်ချို့သေကုန်တယ်။ 
ဆူနာမီကြောင့် တချို့သေပြန်တယ်။
နျူးကလီးယားငွေ့ကြောင့် တစ်ချို့သေပြန်တယ်။
အသက်ရှင်ကျန်ရစ်တဲ့ဂျပန်တွေက တရုပ်တွေ ဆား လုတာကိုတွေ့လို့ 
ရယ်ရတာ အူတက်ပြီး တချို့သေပြန်တယ်။

(၄)
ဂျပန်ငလျင်ပြီးနောက်ရက် လူ ၃ ယောက်သေပြီး နတ်ပြီရောက်သွားခဲ့တယ်။
အဲဒီလူတွေက ဂျပန်၊ ကိုးရီးယားနဲ့ တရုပ်တို့ဖြစ်ကြတယ်။
သူတို့ ၃ ယောက်ကို နတ်မင်းကြီးက မေးတယ်။
နတ်မင်းကြီး - "မင်းတို့ဘယ်လိုသေကြတာလဲ?"
ဂျပန် -  "ဆူနာမီကြောင့်သေတာပါ။"
ကိုးရီးယား -  "နျူးကလီးယားကြောင့်သေတာပါ။"
တရုပ်-  "ဆားစားလို့ ငန်ပြီးသေတာပါ။ "

ရယ်ရွှင်ခြင်းဖြင့် အသက်ရှည်နိုင်ပါ။
ဗိန္ဒုမောင်           

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes