Wednesday 11 May 2011

အလုပ် ရှာပေးသူ အချို့ မိမိကိုယ်မိမိ လူကုန်ကူးခြင်း ကျူးလွန် မိကြောင်း မသိဖြစ်နေ

အလုပ် လုပ်ကိုင် နိုင်သော အ ရွယ် ရောက်သည်နှင့် သင့်တင့်သော လုပ်ငန်း တစ်ခုကို လုပ်ကိုင် လိုသူ တစ်နေ့ တခြား တိုးပွား လာသည်ဖြစ် ရာ အလုပ် မျိုးစုံ ရှာဖွေ ပေးသော အေးဂျင့် လုပ်ငန်း တစ်ကိုယ်တော် အေးဂျင့်များ သည်လည်း ရပ်ကွက်၊ မြို့ရွာအနှံ့ ပေါ်ပေါက် လျက်ရှိသည်။
အမှန်အကန်အေးဂျင့်
ပြည်ပ အလုပ်အကိုင် နှင့် ပတ် သက်၍ တရားဝင် လိုင်စင်ဖြင့် ၀န် ဆောင် ပေးနေသော အေဂျင်စီများ ရွေးချယ် စရာ ပေါများ လောက်အောင် ရှိနေ သော်လည်း ပြည်တွင်း အလုပ် အကိုင် နှင့် ပတ်သက်၍ ရေတွက်၍ ရသော ၀န်ဆောင်မှု လုပ်ငန်းမျှသာ ရှိသေး သည်ဟု ပြည်တွင်းအလုပ် အကိုင် ရှာဖွေရေး ၀န်ဆောင်မှု လုပ်ငန်း နယ်ပယ် အတွင်း မှသိရ သည်။ များ သော အားဖြင့် ပညာ အရည်အချင်း နှင့် တကွ သင့်တော်သော အလုပ် ရှာဖွေ လိုသူ များသည် သူတို့ထံ အပ် နှံလေ့ ရှိပြီး မှန်ကန်မှု ရှိကြကြောင်း အလုပ် ရရှိ သူများက ဆိုသည်။
တစ်ကိုယ်တော်အေးဂျင့်များ
ဝန်ဆောင်မှု လုပ်ငန်း အမျိုး အစားများ ထဲတွင် ပါဝင်သော အိမ် ဖော်များ၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ စားသောက်ဆိုင် စသည် တို့တွင် အလုပ် လုပ်ကိုင် လိုသူများ သည် ရပ်ကွက်၊ မြို့နယ် အတွင်းရှိ သော အလုပ် ရှာဖွေ ပေးသည့် တစ် ကိုယ်တော် အေးဂျင့်များနှင့် ဆက် သွယ် ဆောင်ရွက် တတ်ကြပြီး ၀န် ဆောင်ခ ကိုလစာ ၏ တစ်ဝက် သို့ မဟုတ် တစ်လစာ ဖြတ်တောက်ယူ လေ့ ရှိကြောင်း သိရသည်။ အချို့မှာ မိမိ၏ ဆွေမျိုး ကိုပင် အထက်ပါ လုပ်ငန်းများ ထဲတွင် သွင်းပေးတတ် သည်။
စာရွက်စာတမ်း
အလုပ်သမား တစ်ယောက် အ ဖြစ် လုပ်ကိုင် သူများသည် အလုပ် သမား မှတ်ပုံတင်၊ ရပ်ကွက်၊ ရဲစခန်း ထောက်ခံစာ၊ ပညာရေး ထောက်ခံ စာ၊ အကျင့် စာရိတ္တ ကောင်းမွန် ကြောင်း ထောက်ခံစာ စသည်ဖြင့် လိုအပ်ပြီး ၀န်ဆောင်မှုနှင့် ပတ် သက်၍ အမှန်အကန် ဆောင်ရွက် ပေးသော လုပ်ငန်းကြီးများက အဆို  ပါ စာရွက် စာတမ်းများ ပါမှသာ လက် ခံပြီး ၎င်း စာရွက် စာတမ်းများ သည် အလုပ်သမား တစ်ယောက် အတွက် အရေးကြီး သည်ဟု ၀န်ဆောင်မှု လုပ် ငန်းကြီး တစ်ခုမှ တာဝန်ရှိသူ တစ်ဦး ဆိုသည်။
လုပ်သော်လည်း မသိဖြစ်နေ
အသက်အရွယ် အရ လုပ်ငန်း ခွင် မ၀င်သင့်သော အရွယ်များကို သိမ်းသွင်းပြီး အိမ်ဖော်၊ ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များထံ အလုပ် သွင်းပေးသူများ အနေဖြင့် မိမိ သွင်းပေးသော အလုပ် သမားအပေါ် တာဝန်ယူမှုအား အလွန် နည်းသည့်အပြင် အကယ်၍ အိမ်ရှင်၊ ဆိုင်ရှင်များက ညှဉ်းပန်း နှိပ်စက် ခြင်း ပြုမည်ဆိုလျှင် တိုင်ကြား သူရှိလာ ပါက လူကုန်ကူးမှု ဖြစ်စဉ် တစ်ရပ် အနေဖြင့် ဖြေရှင်း သွားရ မည်ဖြစ်ကြောင်း UNIAP စီမံချက် ညှိနှိုင်းရေးမှူးက ထောက်ပြသည်။
“အလုပ်သွင်း ပေးလိုက်တဲ့ သူ အနေနဲ့ မိမိကိုယ်မိမိ လူကုန်ကူးနေ ပါလား ဆိုတာ မသိဘူး ဖြစ်နေတယ်။ သူ အလုပ်သွင်း ပေးလိုက်တဲ့ အိမ် ဖော်ကို အိမ်ရှင်က နှိပ်စက် မယ်ဆို ရင် တကယ်လို့ အိမ်ဖော်က တိုင် တန်းမယ် ဆိုရင် အရွယ် မရောက်သူ ညှဉ်းပန်း နှိပ်စက်ခြင်း အပြင် လူကုန် ကူး ဥပဒေ အရေ ဖြေရှင်းတာကို ခံရ နိုင်ပါတယ်။ အခြား နေရာတွေမှာ လည်း ဒီလိုပါပဲ” ဟု အဆိုပါ စီမံ ချက် ညှိနှိုင်းရေးမှူး ကဆိုသည်။
များများပညာပေးရမည်
ပြည်ပနိုင်ငံ တစ်ခုခုဆီသို့ လူ ကုန်ကူးခြင်း နှင့် ပတ်သက်၍ ကြိုတင် ကာကွယ် တားဆီး နှိမ်နင်းခြင်း များကို  လူအင်အား၊ မီဒီယာအင်အား၊ ပညာပေး စာရွက် စာတမ်း အင်အား တို့ဖြင့် ဆောင်ရွက်ချက် များသည် ကားကြားရ၊ ဖတ်ရ သည်မှာ အားရ စရာဖြစ်ကြောင်း ပြည်တွင်း တွင် လည်း လူကုန်ကူးမှု ဖြစ်မှန်း မသိဖြစ် နေသော ဖြစ်ရပ်များနှင့် စပ်လျဉ်း ၍ အသိပညာ ပေးမှု ပိုမိုပြုလုပ်လာ လျှင် ပြည်တွင်း ပြည်ပ လူကုန် ကူးမှု ဖြစ်စဉ်များ မရှိ သလောက် နည်း သွားမည်မှာ သေချာကြောင်း ပြည် သူလူထု အတွင်း အလုပ်လုပ်ကိုင် ခြင်းနှင့် ပတ်သက်၍ ဗဟုသုတများ လည်း တိုးပွား လာမည်ဟု ၀ါရင့် သတင်းစာ ဆရာကြီး တစ်ဦးက သုံး သပ် ပြောကြားသည်။
တစ်ကိုယ်တော် အေးဂျင့်လုပ်ငန်းများနှင့် စက်မှုဇုန်လုပ်ငန်းများ
ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ သာကေတ စသည့်စက်မှုဇုန်ကြီးများရှိ အချို့ သောစက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ် ကိုင်နိုင်ရေးအတွက် တစ်ကိုယ်တော် အေးဂျင့်များ ပိုမို လုပ်ကိုင် လာကြပြီး တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ လိုခြင်းကို   ပါ လုပ်ကိုင် ပေးနိုင်စွမ်း ရှိလာ ကြောင်း တစ်ကိုယ်တော် အေးဂျင့် များ၏ လုပ်ရည် ကိုင်ရည် တိုးတက် လာသည့် သဘော ရှိကြောင်း စက်မှု ဇုန် လုပ်သား အချို့ကဆိုသည်။
လူမှုအသိစိတ်ဖြင့် ကူညီသူများလိုအပ်
လူကုန်ကူးခြင်းနှင့် ပတ်သက် ၍ တာဝန် သိသော လူမှုရေး စိတ် ဓာတ် ရှိသူများ ကြောင့်  ဘ၀များစွာ ကယ်တင် နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုပါ လူမှု စိတ်ဓာတ်ရှိသူများ တိုးပွား လာဖို့ လိုအပ် လာသည်။ မိမိ ရှေ့တွင် အိမ်ဖော် တစ်ယောက်နှိပ် စက် ခံနေရသည်။ ရိုက်နှက် ခံနေရ သည်များ မြင်တွေ့ ရမည် ဆိုလျှင် လူ့  အခွင့်အရေး အရ ဤကဲ့သို့ ဖြစ်သင့်၊ မဖြစ်သင့် စဉ်းစား တွေးခေါ်တတ် သူများ ယခုထက် ပိုရှိဖို့ လိုလာပြီး မှန် ကန်စွာ ဖြေရှင်း ပေးကြမည့် အဖွဲ့ အစည်း များကိုလည်း များများ သိ ထားဖို့ လိုလာသည်။ ထိုသို့ဆိုလျှင် ကန့်လန့်ကာ နောက်ကွယ်မှ လူမသိ သော လူကုန်ကူးခြင်းများ တစ်စ တစ်စ ပျောက်ကွယ် သွားမှာ အမှန် ပင်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes