တရက်လုပ်ခ ဘတ် ၃၀၀ ကို တနိုင်ငံလုံးမှာ တပြိုက်နက်တည်းတိုးပေးဖို့ဆိုတဲ့ သူတို့တောင်းဆိုချက်တွေကို ဗဟိုလုပ်ခ သတ်မှတ်ရေးကော်မတီက ဖြည့်ဆည်းမပေးဘူးဆိုရင် ကွန်ယက်အဖွဲ့အသီးသီးက အလုပ်သမားထောင်ပေါင်းများစွာ ဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ အစိုးရအိမ်တော်ရှေ့မှာ စုရုံးကြမှာ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က အလုပ်သမား ခေါင်း ဆောင် ၀ီလိုင်ဝမ်က ပြောပါတယ်။
ဗဟိုလုပ်ခသတ်မှတ်ရေးကော်မတီ၊ ဥက္ကဋ္ဌနဲ့အလုပ်သမားအရေးအမြဲတန်းအတွင်းရေးမှူးဖြစ်တဲ့ ဆုမ်ခီယတ်ချာရာဆရီ ဝေါင်းကို စာတင်ပြီးနောက်မှာမှ ထိုင်းအလုပ်သမားသွေးစည်းညီညွတ်ရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ မစ္စ၀ီလိုင်ဝမ်က ဒီ ဟာကို ပြောတာ ဖြစ်ပါတယ်။ ဘန်ကောက်၊ ဆမွတ်ဆခုန်၊ ပထုမ်ဌာနီ၊ နခုန်ပထုမ်၊ နုံဌာဘူရီ၊ ဆမွတ်ဖရားခန်နဲ့ ဖူးခက် စတဲ့ ပြည်နယ် (၇) ပြည်နယ်အတွင်းမှာ တရက်လုပ်ခ ၃၀၀ တိုးပေးဖို့ ကော်မတီက အရင်ဆုံး အဆိုပြုမှာဖြစ်တယ်။ ဆို တဲ့ ဒီကိစ္စကို စဉ်းစားဖို့ ဒီကနေ့ကျင်းပမယ့် လုပ်ခကော်မတီအစည်းအဝေးမတက်ခင်မှာ မစ္စတာ ဆုမ်ခီယတ်က ပြောပါ တယ်။ နောက်နှစ် ဇန်န၀ါရီလ ၁ ရက်စပြီး ကျန်တဲ့ ပြည်နယ် ၇၀မှာ လုပ်ခ ၄၀% တိုးပေးဖို့ ကော်မတီက အဆိုပြုမှာ ဖြစ် ပါတယ်လို့ သူက ပြောပါတယ်။
အောက်တိုဘာ ၅၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Source: နေ့သစ်
0 comments:
Post a Comment