Wednesday 4 April 2012

ကာကွယ်ရေးဦးစီးချုပ် ရာထူးတိုး

နယူးဒေလီ (မဇ္ဈိမ) ။       ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တို့အား ရာထူးတဆင့် တိုးမြှင့် ဖော်ပြထားသည်ကို အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ကမ္ဘောဒီယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ သမ္မတ ဦးသိန်းစိန် တက်ရောက်ရန်
နေပြည်တော် လေဆိပ်မှ ဧပြီလ ၂ ရက်နေ့က ထွက်ခွါသွားသည်ကို လိုက်ပို့သည့် ထိပ်တန်းအရာရှိများ စာရင်းတွင် ကာ/ချုပ်နှင့် ဒု-ကာ/ချုပ်တို့၏ အမည်များလည်း ပါဝင်ရာ ယခုကဲ့သို့ ရာထူးတဆင့်တိုး ဖော်ပြထား
ခြင်း ဖြစ်သည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း”ဟု မြန်မာ့အလင်း သတင်းစာ တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းတို့၏ယခင်ရာထူးများမှာ ဗိုလ်ချုပ်ကြီးနှင့် ဒု-ဗိုလ်ချုပ်ကြီးတို့ဖြစ်ပြီး ယခုကဲ့သို့ တပ်မတော်အတွင်း ရာထူးအဆင့် တိုးမြှင့်လိုက်ခြင်းများကို နိုင်ငံပိုင်သတင်းစာများတွင် ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများမှ တဆင့် ဖော်ပြပေးလေ့ရှိသည်။
Ref: VOA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes