Monday 2 April 2012

တဒေါ်လာ ၆ ကျပ်ကနေ ကျပ် ၈၀၀ ပြောင်းလဲသတ်မှတ်ပြီ



မြန်မာကျပ်ငွေနဲ့ နိုင်ငံခြားငွေလဲနှုန်းကို အရင်သတ်မှတ်ထားတာထက် အဆပေါင်းများစွာ တင်ပြီး နှုန်းရှင်အဖြစ် အစိုးရက သတ်မှတ်လိုက်ပါပြီး။

အမေရိကန်တစ်ဒေါ်လာကို အရင်သတ်မှတ်ထားတဲ့ ၆ ကျပ်အစား အခုတော့ ၈၀၀ အဖြစ် မြန်မာနိုင်ငံ ဗဟိုဘဏ်က တရားဝင်ဈေးအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ပါတယ်။

ဒါဟာ အစိုးရအနေနဲ့ ငွေလဲနှုန်း ထိန်းချုပ်ထားတာကို စတင်လျော့ပေးလိုက်တဲ့ လုပ်ဆောင်မှု အဖြစ် တွေ့မြင်ရပြီး နှစ်ပေါင်းများစွာအတွင်း စီးပွားရေးဆိုင်ရာ အကြီးမားဆုံး အပြောင်းအလဲတခုဖြစ်ပါတယ်။

အခုလို ငွေလဲနှုန်းပြောင်းလဲသတ်မှတ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့စီးပွားရေး တိုးတက်မှုအတွက် အဓိက အတားအဆီးဖြစ်နေတာကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF  ကပြောပါတယ်
Ref: BBC

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes