Tuesday 8 November 2011

2011, November 7 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ကားလေးတွေနှင့် မော်တောင်ဆိုင်ကယ်တွေ မောင်းလို့မရတော့တဲ့အတွက် ဆိုင်ကယ်တက္ကစီသားမားတွေဟာ ပုံစံပြောင်းပြီး သူတို့ရဲ့နေ့စဉ်ဝင်ငွေကို ရှာနေတဲ့ပုံဖြစ်ပါတယ်။
Bang Phlat မှာရှိတဲ့ Wat Sing ကားရန်နားစခန်း ရေလွှမ်းနေပုံဖြစ်ပါတယ်။
  တစ်ချို့ဘန်ကောက်သားတွေအတွက်တော့ ရေဘေးက သူတို့ရဲ့ညနေစာအတွက် လက်ဆောင်တွေ သယ်လာပေးပါတယ်။
  Lat Phraoနယ်ထဲမှာ အမှိုကားမလာတဲ့အတွက် အမှိုက်အိပ်တွေကို အများပြည်သူသုံး တယ်ဖုန်းအိမ်တွေထဲ ထိုးသိပ်ထားတဲ့ပုံပါ။ ဖြတ်သွားဖြတ်လာတွေဟာ အဲလိုတယ်ဖုန်းအိမ်တွေနားရောက်တိုင်း အနံ့ဆိုးကြောင့် နှာခေါင်းကိုလက်နှင့်ပိတ်ပြီး ခရီးဆက်ကြရတယ်လို့ဆိုပါတယ်။
  Ayutthaya ရှေးဟောင်းပုထိုးဇုံထဲမှာ ၃၀ စင်တီမီတာလောက်အထိ ရေကျသွားပြီလို့ဆိုပါတယ်။ မြင်ရတဲ့ပုံကတော့ ၎င်းဇုံထဲက ကမ္ဘာလှည့်ခရီသွားတို့အတွက် ဆွဲဆောင်မှုရှိတဲ့ ဘုရားဦးခေါင်းတော်တစ်ခု ညောင်မြစ်ခနေပုံဖြစ်ပါတယ်။ ထိုင်းတွေကတော့ ဒီ Ayutthaya မြို့တော်နှင့် ကျောင်းကန် စေတီပုထိုးတွေဟာ စစ်အတွင်း မြန်မာတွေရဲ့ ဖျက်ဆီးခြင်းကိုခံခဲ့ရတယ်လို့ သမိုင်းစာမျက်နှာမှာကော ရောက်လာသမျှကမ္ဘာလှည့်တွေကိုပါ အမြဲတစေ ပြောလေ့ရှိပါတယ်။ သို့သော်လည်း အမြင်ကျယ်ပြီး ခေတ်ပညာတတ်တဲ့ ထိုင်းတွေကတော့ မြန်မာတွေဖျက်ဆီးတာထက် ခေတ်အဆက်ဆက် အခုလို ရေကြီးခဲ့တာတွေနှင့် လူသူမနေတော့တဲ့မြို့မို့ သူ့အလိုလိုပျက်စီးကုန်တာက ပိုများတယ်လို့ ဆိုပါတယ်။
  စနေ တနင်္ဂနွေမှာရောင်းလေ့ရှိတဲ့ Chatuchat ဈေးဟာ ရေဘေးကြောင့် ပိတ်ထားရပုံပါ။
အရေးပေါ်ပြောင်းရွှေ့ကယ်ဆယ်ရေးအဖွဲ့ကတော့  Chatuchak, Phahon Yothin, Ratchadaphisek နှင့်  Lat Phrao မှာရှိတဲ့ မြေအောင်ရထားလိုင်းတွေကို အသင့်ပြင်ဆင်ထားဖို့ နှိုးဆော်ထားပါတယ်။
  နိုင်ငံခြားသူနှင့် ထိုင်းကျောင်းသူ စေတာနာ့ဝန်ထမ်းများ ရေဘေးအတွက် ရန်ပုံငွေ လိုက်လံ အလှူခံနေပုံဖြစ်ပါတယ်။ Nakhon Sawan, Ayutthaya နှင့် Pathum Thani နယ်တွေမှာ ရေကျနေပြီဆိုပေမယ့် ဘန်ကောက်မြို့တော်ရဲ့ မြို့နယ် ၁၈ ခုကိုတော့ ပြောင်းရွှေ့ရမယ့် အရေးပေါ်ဒေသတွေအဖြစ် ကြေငြာထာားခြင်းခံထားရပါတယ်။
Bang Na နယ်ထဲက လှောက်တက်အသုံးပြုလှေတွေရောင်းနေကြတဲ့ပုံပါ။ တစ်စင်းကို ဘတ် ၂၅၀၀ ကနေ့ ၃၆၀၀ အထိရှိပြီး လောလောဆယ် အစင်းရေ သုံး လေးသောင်းလောက် ရောင်းပြီးပြီလို့ဆိုပါတယ်။ 
Ref: Bangkok Post

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes