Thursday 10 November 2011

ပို့ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ၊ သင်္ဘောသားနှင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်သူများကို ယခုလပိုင်းအတွင်း၌ပင် ကားတင်သွင်းခွင့်များ စတင်ချထားပေးတော့မည်ဟု သိရ

b32_16
ပို့ကုန်လုပ်ငန်းရှင်၊ ဟိုတယ်ခရီးသွားလာမှု လုပ်ငန်းလုပ်ကိုင်သူ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းလုပ်ကိုင်သူ၊ သင်္ဘော သားနှင့် နိုင်ငံခြားတွင် တရားဝင်သွား ရောက်ကာ အလုပ်လုပ်ကိုင်နေသူများကို ယခုလပိုင်းအတွင်း၌ပင် ကားတင်သွင်းခွင့်များ စတင်ချထားပေးတော့မည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ယခုအခါ အဆိုပါလုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေရှာဖွေကာ အခွန်ထမ်းဆောင်ထားသော နိုင်ငံသားများကို ကားတင်သွင်းခွင့်ပြုရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆွေး နွေးထားပြီးဖြစ်ကြောင်းနှင့် မကြာမီ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါသည်။

''ပို့ကုန်လုပ်ငန်းရှင်ဆိုရင် ပို့ကုန် အသင်း၊ မြန်မာ့နိုင်ငံခြားကုန် သွယ် မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် ပို့ကုန် လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ဝန်ကြီးဌာန ကို အမေရိကန်ဒေါ်လာတစ်သိန်းနဲ့ အထက် တင်ပို့ထားတဲ့လုပ်ငန်းရှင် စာရင်းပြုစုပေးဖို့၊ ဟိုတယ်ခရီးလုပ် ငန်းနဲ့ဆိုင်တဲ့ဝန်ကြီးဌာန၊ ဘဏ်ကို လည်း ဒေါ်လာတစ်သိန်းနဲ့အထက် ရှာဖွေနိုင်တဲ့ လုပ်ငန်းရှင်စာရင်းပြုစု ပေးဖို့၊  သင်္ဘောသားနဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာနကို လည်း အခွန်ပြေကြေ ပြီးကြောင်း သင်္ဘောသားစာရင်းတွေ ပြုစုပေးဖို့၊ ဒီအတိုင်းပဲ ပြည်ပမှာသွား ရောက်လုပ်ကိုင်သူတွေအတွက်ကျ တော့ သက်ဆိုင်ရာ အလုပ်သမားဝန် ကြီးဌာနတို့ နိုင်ငံခြားရေးဝန်ကြီးဌာန တို့ကနေ အခွန်ပြေကြေစွာပေးဆောင် တဲ့သူတွေ စာရင်းကိုပြုစုပေးဖို့တော့ ဆွေးနွေးထားပြီးပါပြီ။ သက်ဆိုင်ရာ ၀န်ကြီးဌာနက ပေးပို့လာတဲ့စာရင်း ပေါ်မှာမူတည်ပြီး ကားတင်သွင်းခွင့် ပြုသွားဖို့စီစဉ်ထားပါတယ်''ဟု နေ ပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''ပို့ကုန်လုပ်ငန်းရှင်ဆိုရင် စုစု ပေါင်း အမေရိကန်ဒေါ်လာတစ်သိန်း ဖိုး တင်ပို့ထားတယ်ဆိုရင် တစ်စီး တင်သွင်းခွင့်ပေးမယ်။ အဲဒီမှာ ဒေါ် လာသုံးသိန်းဖိုးပို့ထားတဲ့သူဆို သုံးစီး ရမလားဆိုတဲ့ မေးခွန်းမျိုးရှိနိုင် တယ်။ ဒေါ်လာ သုံးသိန်းဖိုးပို့ ထားတဲ့သူလည်း တစ်စီးပဲရမှာပါ။ ဒါပေမယ့် ဒေါ်လာ တစ်သိန်းဖိုးပို့ထားတဲ့သူဆိုရင် ဥပမာ -ဒေါ်လာ ၁၅၀၀၀၊ ၂၀၀၀၀ တန် သွင်းခွင့်ပေးတယ်ဆိုပါတော့။ ဒီလိုဆိုရင် ဒေါ်လာသုံးသိန်းဖိုး ပို့ထားတဲ့သူ ကတော့ ဒေါ်လာ ၄၀၀၀၀၊ ၅၀၀၀၀ တန်သွင်းခွင့်ရမယ့်သဘောတော့ ကွဲ ပြားသွားမှာပါ။ မော်ဒယ်ကိုတော့ လုံး ၀မကန့်သတ်ထားပါဘူး။ အစီးရေ ကတော့ တစ်ဦးကိုတစ်စီးနှုန်းပါပဲ။ 

သင်္ဘောသားနဲ့ ပြည်ပမှာသွားရောက် လုပ်ကိုင်နေသူတွေကိုတော့ အမေရိ ကန်ဒေါ်လာ ၃၀၀၀၀ ရှာဖွေထားခဲ့ တယ်။ အဲဒီအတွက်လည်း နိုင်ငံခြား သံရုံးကတစ်ဆင့်ပဲဖြစ်ဖြစ်၊ ဘဏ်မှာ ပဲဖြစ်ဖြစ် အခွန်ပေးဆောင်ထားတဲ့ အချက်အလက်တွေပြည့်စုံရင် တစ်ဦး ကို တစ်စီးနှုန်းတင်သွင်းခွင့်ပြုမှာပါ။ တကယ်လို့ ၀န်ကြီးဌာနတွေက ပေး ပို့တဲ့စာရင်းမှာတော့မပါဘူး။ ဒါပေ မယ့် ကိုယ်က နိုင်ငံခြားသံရုံးတွေ မှာပဲဖြစ်ဖြစ်၊ ဘဏ်မှာပဲဖြစ်ဖြစ် အခွန် ပေးဆောင်ထားတဲ့ အချက်အလက် တွေ ခိုင်လုံရင်လည်း ကားတင်သွင်း ခွင့်လာပြီးလျောက်ထားလို့ရတယ်။ အသေးစိတ်ကိုတော့ မကြာခင်ထုတ် ပြန်ပေးသွားဖို့ရှိပါတယ်''ဟု ၎င်းက ဆက် လက်ပြောကြားခဲ့ ပါသည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes