Monday 7 November 2011

ထိုင်းနိုင်ငံရေကြီးမှုတွင် အခက်အခဲများနှင့် တွေ့ကြုံနေရသည့် မြန်မာနိုင်ငံသားများအား လွှဲပြောင်းလက်ခံထားသည့် လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း သိရ

769

ထိုင်းရေကြီးမှုကြောင့် မြန်မာနိုင်ငံသို့ ပြန်လာသော မြန်မာရွှေ့ပြောင်း လုပ်သားများအား နိုဝင်ဘာလ ၃ရက်နေ့က နှစ်နိုင်ငံချစ်ကြည်ရေး တံတားပေါ်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-ကိုရွှေသိန်း(မြ၀တီ)
ထိုင်းနိုင်ငံတွင် ရေကြီးမှုဖြစ် စဉ်ကြောင့် အခက်အခဲများနှင့်ကြုံ တွေ့နေရသော ၎င်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားများအားလုံး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ လွှဲပြောင်း လက်ခံထားသူများ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများ ဖြစ်နေကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင် ရေကြီးမှုဖြစ်စဉ်ကြောင့် ယင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများကို မြ၀တီခရိုင်တွင် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံသားများ အားလုံး ကူညီစောင့်ရှောက်ရေး အဖွဲ့မှ ၁၂ ရက် အတွင်းဦးရေ ၂၅၀၀၀ ကျော်ကို လွှဲပြောင်းလက်ခံပြီး ဖြစ်သည်။
မြန်မာနိုင်ငံသားများ အားလုံး ကူညီစောင့်ရှောက်ရေး အဖွဲ့ကို အောက်တိုဘာလ ၂၄ ရက်နေ့က မြ၀တီခရိုင်အတွင်းရှိ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့မှ အခက်အခဲများဖြစ် နေသည့် မြန်မာနိုင်ငံသားများအား အောက်တိုဘာလ ၂၄ ရက်နေ့မှ နိုဝင်ဘာလ၄ရက်နေ့အထိ လက်ခံမည် ဖြစ်သည်။
“အောက်တိုဘာလ  ၂၄ ရက် နေ့ကစပြီးတော့ ထိုင်းနိုင်ငံမှာရေကြီးမှု ဖြစ်စဉ်ကြောင့် အခက်အခဲတွေ ဖြစ်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံမြန်မာသံရုံး အစီအစဉ်နဲ့ မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးခဲ့ တဲ့ဦးရေက၂၁၀၀၀နီးပါးလက်ခံပြီး သွားပါပြီ။ အမျိုးသားဦးရေ ၉၇၀၀ ကျော်နဲ့ အမျိုးသမီးဦး ရေ ၁၀၀၀၀ ကျော်ဖြစ်ပါတယ်။ အခု ကျွန်တော်တို့ ကူညီပေးထားတဲ့ စာရင်းတွေအရ ဆိုရင် အမျိုးသမီးဦးရေက ၆၀ ရာခိုင်နှုန်း ကျော်ပါဝင်ပါတယ်။ မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားဂိတ် အပါအ၀င် အခြားဂိတ်ငါးခုက နေပြီးတော့ နေ့စဉ် လူဦးရေ ၂၅၀၀၀န်းကျင် လွှဲပြောင်း လက်ခံနေပါတယ်”ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် ရေကြီးမှုဖြစ်စဉ်ကြောင့် အောက်တိုဘာလ ၂၄ရက် နေ့မှ  နိုဝင်ဘာလ ၄ ရက်နေ့ အထိ လွှဲပြောင်း လက်ခံထားသည့် လူဦးရေစာရင်းမှာ အမျိုးသားဦးရေ ၁၁၇၆၆ ဦး၊ အမျိုးသမီးဦးရေ ၁၃၉၃၇ ဦး ရေဖြစ်ကြောင်း စာရင်းဇယားများ အရ သိရှိရသည်။
ထိုင်းနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ သားများမှာ  မြန်မာနိုင်ငံဘက်သို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ဂိတ်၊ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအောက် ဘောတံတားဂိတ်၊ ၉၉၉ဂိတ်၊ စစ်ကဲတပ်ဂိတ်၊ စစ်ကဲရဲ ဂိတ်၊ ပြည်သူ့စစ်ဂိတ် စသည်တို့မှ နေ့စဉ် ၀င်ရောက်လျက်ရှိကြောင်း သိရသည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes