Friday 4 November 2011

2011, November 3 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ရေဘေးသင့်ဒေသတွေမှာ မြွေအန္တရာယ်ဟာ သတိထားစရာဖြစ်လာနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနကတော့ အလွန်အဆိပ်ပြင်းတဲ့ အာဖရိကန် အမျိုးအစား အစိမ်းရောင် မြွေ ၁၅ ကောင်လွတ်သွားကြောင်း အရေးပေါ်ကြေငြာချက်ထုတ်ပြန်ထားပါတယ်။
 


ထိုင်းကြက်ခြေနီအဖွဲ့ဟာ ရေဘေးဒုက္ခကြုံလူနာများအတွက် သွေးအလှူရှင် အရေးတကြီးလိုအပ်နေပါတယ်။ ယနေ့အချိန်အထိ သေဆုံးသူဟာ ၄၃၇ ယောက်အထိ ရှိလာပြီဖြစ်ပြီး ၂ ယောက်ပျောက်ဆုံးနေပါတယ်။



Phahon Yothin လမ်းပေါ်ရှိ Major Cineplex Ratchayothin ရေ၀ိုင်းနေပုံဖြစ်ပါတယ်။ ၃၀ စင်တီမီတာအထိရေတက်ခဲ့ပြီး အပန်းဖြေ ဖျော်ဖြေရေးစင်တာတွေလည်း ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။


Wat Samian Vari ကနေ Ngam Wong အထိစီးဆင်းနေတဲ့ Vibhavadi Rangsit လမ်းပေါ် တစ်နေရာက မြင်ကွင်းတစ်ခုပါ။ ၎င်းလမ်းတစ်လျောက် ၁.၅ မီတာအထိမြင့်တက်ခဲ့ပြီး ထောင်သားအချို့ကိုလည်း နေရာရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။


ပို့ဆောင်ရေးကုမ္ဗဏီတစ်ခုရဲ့ မန်နေဂျာ  Wutichart Kanlayanamit ရဲ့ ပြောကြားချက်အရတော့ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း ဘတ်စ်ကားဝင်းဖြစ်တဲ့ မော်ချစ်ကို ရေကြီးလမယ်ဆိုရင် စုဝဏ္ဏဘုံမိ လေယာဉ်ကွင်းဘက်ကိုရွှေ့ရလိမ့်မယ်လို့ သိရပါတယ်။ တောင်ပိုင်းသွားတဲ့ စိုင်သိုက်မိုင်အဝေးပြေးကားဝင်းကတော့ Rama II ဘက်ကို ရွှေ့ပြောင်းထားရပြီးဖြစ်ပါတယ်။



ညစ်ညမ်းတဲ့ရေကို သန့်စင်စေနိုင်တဲ့ အစွမ်းထက် အနုဇီဝလုံးများကို အများပြည်သူ ၀ိုင်းဝန်း လုပ်အားပေးနေကြပုံဖြစ်ပါတယ်။ ဘန်ကောက်အရှေ့ဘက်ပိုင်းစက်ရုံတွေ အားလုံး ၂၀၁၂ နှစ်ဆန်းတာနဲ့ ပြန်လည်စတင်နိုင်ဖို့မျှော်လင့်ထားကြောင်းလဲ သိရပါတယ်။



Khlong Mahasawat နယ်ထဲကရေဟာ ပိုမိုမြင့်တက်လာတဲ့အတွက် Bang Khae ဒေသတစ်ခုံလုံး ရေဘေးလွတ်ရာ ပြောင်းရွှေ့ရမယ်လို့ ဘန်ကောက်မြို့တော်ဝန်က ကြေငြာချက်ထုတ်ပြန်ထားပါတယ်။


မြောက်ပိုင်းကရေတွေဟာ မြို့တော်ဆီကို ဆင်းလာနေပြီဖြစ်တဲ့အတွက် ဘန်ကောက်မြို့တော်ရှိ နယ်မြေဒေသအားလုံး သတိအပြည့်ရှိနေဖို့ ရေဘေးကယ်ဆယ်ရေးစင်တာကနေ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။

Phahon Yothin လမ်းရေမြုပ်နေပုံဖြစ်ပါတယ်။ Bang Khen ဈေးရှိ ပျံကျဈေးသည်တွေကိုတော့ ရေလွတ်ရာ ရွှေ့ပြောင်းပြီးပြီလို့ဆိုပါတယ်။

Chatuchak ဒေသတစ်ဝက်ရေလွမ်းခဲ့ပြီး ရေဘေးဒုက္ခသည် ၃၀၀ လောက် ကယ်ဆယ်ရေးစခန်းတွေဆီကို ရွှေ့ပြောင်းလိုက်ရတယ်လို့သိရပါတယ်။ 
Ref: Bangkok Post 
  
မြန်မာသံဃာတော်များ သီတင်းသုံးရာ Bang Khen ဒေသထဲက ၀ပ်တလုံကျောင်းရဲ့ မနေ့က မြင်ကွင်းဖြစ်ပါတယ်။

ကျောင်းဝင်း အလည်ဗဟိုကို ဘုရားဆောင် ရေလွှမ်းနေပုံဖြစ်ပါတယ်။

  
MWRN ရုံးမှ စေတနာ့ဝန်ထမ်းအချို့ ကျောင်းထဲမှာ နောက်ဆုံးကျန်ရှိနေတဲ့သံဃာတွေကို ကယ်ဆယ်ရေးကားအကူအညီနှင့်သွားရောက်ပင့်ဆောင်ခဲ့ကြပါတယ်။ သံဃာ ၇ ပါးခန့်ကတော့ ရေလွတ်ရာ သိမ်ကြောင်းဆောင်ပေါ်ထပ်မှာ သီတင်းသုံးနေရစ်သဖြင့် ဆွမ်းအတွက် လှူဖွယ်များ လှူထားခဲ့ကြောင်း သိရပါတယ်။

ရေဘေးကယ်ဆယ်ကားက ဗုဒ္ဓမွန်ထွန် စိုင်နိမ် လမ်းထိပ်အထိရောက်အောင် အကူအညီအပေးခဲ့ပြီး မဟာချိုင် MWRN ရုံအထိကိုတော့ ကိုယ့်အစီအစဉ်နှင့်ကို အဆင့်ဆင့် ကြိုးစားခဲ့ပါတယ်။

ဝပ်တလုံးမှ ရေဘေးလွတ်ရာ ပင့်ဆောင်လာခဲ့သော သံဃာအချို့နှင့် MWRN ဥက္ကဌ ဦးအောင်ကျော်တို့ ကားမရသဖြင့် ခြေလျင်ခြောက်ကြရပုံ။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes