Friday 4 November 2011

၂၆ ကြိမ်မြောက် ဆီးဂိမ်း မြန်မာအသင်း အဆဲလွတ်ဖြင့်ဖွင့်

၂၀၁၁ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွေကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ မနေ့ (၀၃.၁၁.၂၀၁၁) ညနေပိုင်းက စတင်ကျင်းပခဲ့ပါတယ်။ အုပ်စု(ခ)မှာ မြန်မာ၊ ဗီယက်နမ်၊ ဖစ်လစ်ပိုင်၊ လာအို၊ တီမော နှင့် ဘရူနိုင်းတို့ဖြစ်ကြပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာနှင့် လာအို၊ ဗီယက်နမ်နှင့် ဖစ်လစ်ပိုင်တို့ စတင်တွေ့ကြပါတယ်။ ဗီယက်နမ်နှင့် ဖစ်လစ်ပိုင်ပွဲမှာတော့ ဗီယက်နမ်က ၃ .၁ နှင့် အနိုင်ရသွားပါတယ်။ ထိုသုံးဂိုးထဲက တစ်ဂိုးမှာ ဖစ်လစ်ပိုင်အသင်းခေါင်းဆောင် ခေါင်းတိုက်ဖျက်ထုတ်ရာမှ ကိုယ့်ဂိုးကို သွားမိသွားတာဖြစ်ပါတယ်။ မြန်မာပွဲစဉ်မှာတော့ ပွဲစလို့ ၁၅ မိနစ်လောက်မှာ နောက်တမ်းဘယ်အစွန်လူ ဉာဏလွင်တိုက်ရိုက်အနီကပ်ပြအထုတ်ခံခဲ့ရပြီး
မြန်မာအသင်းဟာ တစ်ယောက်ရော့နှင့် ယှဉ်ပြိုင်ခဲ့ရပါတယ်။ သို့သော်လည်း ဂိုးသွင်းခွင့်နှင့် ဘောလုံးပိုင်ဆိုင်မှုမှာ မြန်မာက အသာစီးက ကစားသွားတယ်လို့သိရပါတယ်။ 
မနက်ဖန် နိုင်ဝင်ဘာလ ၅ ရက်နေ့မှာတော့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် မြန်မာနှင့် ဗီယက်နမ်တို့ တွေ့ကြမှာဖြစ်ပါတယ်။ လာအိုကို အရှုံးကြွေးဆပ်လိုက်နိုင်သလို၊ ဗီယက်နမ်ဆီမှာ ၇ ဂိုးနှင့်ရှုံးထားတဲ့ အရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ မြန်မာအသင်းရဲ့ ကြံ့ခိုင်မှု၊ ကစားအားနှင့် ဘောလုံး အထိန်းအသိမ်းကတော့ တိုးတက်လာတယ်လို့မြင်ပါတယ်။ သို့သော်လည်း လာအိုလိုအသင်းနဲ့ကန်တဲ့ခြေကိုကြည့်ပြီးတော့တော့ မျှော်လင့်ချက်ထားဖို့ စောဦးမယ်လို့ ယူဆပါတယ်။

ဒီ youtube ဖိုင်လေးကိုရဖို့ တနေကုန်သွားပါတယ်ရှာလိုက်ရတာ။ တင်တာ နောက်ကျလို့လဲဖြစ်ပါလိမ့်မယ်။ ဘယ်သူဘာဘဲပြောပြော အချိန်တန်တော့လဲ သွေးက စကားပြောတာပါဘဲ။ ချစ်လွန်းလို့နို်င်စေချင်၊ နိုင်တော့ ပိုချစ်၊ အဲ ရှုံးတော့လည်း ချစ်လို့ဆဲတယ်မှတ်ပါပေါ့။ နဲနဲဘဲ ဆဲရတဲ့အခါ ရှိသလို များများဆဲမိတဲ့အခါတွေလည်းရှိပါတယ်။ ဒီတစ်ခါတော့ နဲနဲဘဲဆဲကြရမယ်ထင်ပါတယ်။ အုပ်စုပွဲစဉ်ကို အောက်မှာ ဖေါ်ပြလိုက်ပါတယ်။
Grup B

Kamis (3/11/2011)
Vietnam vs Filipina (16.00)
Laos vs Myanmar (19.00)

Sabtu (5/11/2011)
Brunei vs Timor Leste (16.00)
Myanmar vs Vietnam (19.00)

Senin (7/11/2011)
Timor Leste vs Filipina (16.00)
Laos vs Brunei (19.00)

Rabu (9/11/2011)
Myanmar vs Brunei (16.00)
Vietnam vs Timor Leste (19.00)

Jumat (11/11/2011)
Filipina vs Laos (16.00)
Brunei vs Vietnam (19.00)

Minggu (13/11/2011)
Filipina vs Myanmar (16.00)
Timor Leste vs Laos (19.00)

Selasa (15/11/2011)
Myanmar vs Timor Leste (16.00)
Filipina vs Brunei (19.00)

Kamis (17/11/2011)
Laos vs Vietnam (16.00)
မှတ်ချက်။ ။ နိုင်ပွဲများကိုသာ ဤဆိုက်မှာ ဖေါ်ပြမည်ဖြစ်ပါကြောင်း။
မောင်ရွယ်ရောက်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes