Monday 31 October 2011

MWRNအသင်း၏ ထိုင်းနိုင်ငံရေဘေးကယ်ဆယ်ရေးမှတ်တမ်းအချို့


M.W.R.N နှင့် မဟာချိုင်နယ်မြေရှိ ဘာသာရေးအသင်းများ၊ လူမှုရေးအဖွဲ့များ စုပေါင်း၍

25.9.2011 နေ့တွင် Thai PBS သတင်းဌာနသို့ ရေဘေးဒုက္ခသည်များအတွက် အလှူငွေ 20000 ဘတ်တိတိနှင့်၊ ချင်းမိုင်မြို့တွင် အလုပ်လုပ်ကိုင်နေကြသော ရေဘေးသင့် မြန်မာ ပန်းရန် အလုပ်သမားများသို့အလှူငွေ 27967 ဘတ်တိတိကို လှူဒါန်းခဲ့ပါသည်။ 
ထိုနေ့မှာပင် မဟာချိုင်မြို့ ဝေလနယ်မြေရှိ မူနထိထနန်းကြိုင် ရုံးသို့ ဆန်၊ မာမားခေါက်ဆွဲခြောက်ထုပ်၊ သောက်ရေသန့်၊ ငါးသေတ္တာအစရှိသော ပစ္စည်းများကိုကားတစီးခန့်လှူဒါန်းနိုင်ခဲ့သည်။

18.10.2011 နေ့တွင် မဟာချိုင် ဘန်ကျစပ်နယ်မြေတွင် မြန်မာရဟန်းတော် (၁၅) ပါးနှင့် ဆွမ်းခြောက်လောင်းပွဲကျင်းပခဲ့ပြီး ရရှိသောပစ္စည်းများအား ထိုနယ်မြေရှိ မူနထိထနန်းကြိုင်သို့ လွှဲပြောင်းလှူဒါန်းခဲ့သည်။

23.10.2011 နေ့တွင်မြန်မာစာသင်သားသံဃာတော်များနှင့် ပြည်ပ သာသနာပြုသံဃာတော်များ စုစုပေါင်း အပါး (150) ပါးဖြင့် နယ်မြေ (၇) ခုတွင် နံနက်၊ ညနေ နှစ်ပိုင်းခွဲပြီး ဆွမ်းခြောက်လောင်းလှူပွဲများပြုလုပ်ကျင်းပခဲ့သည်။ 
နံနက်ပိုင်းတွင် 
၁။ ဝေလ 
၂။ ကော့စမွတ် 
၃။ ၀ပ်ကေသွန် နှင့် 
ညနေပိုင်းတွင် 
၁။ ထိုင်းယူနီယမ်
၂။ မူစီ
၃။ ၀ပ်ဟုန်
၎။ ခေါင်မည (အောတော) တို့တွင်ကျင်းပခဲ့သည်။ 
ထိုနယ်မြေများမှ ရရှိသောပစ္စည်းများကို စမွတ်ဆခွန်ခရိုင်မှူး(ဖိုးဝ) ထံတွင်ကား(၇)စီးတိုက် လှူဒါန်းခဲ့သည်။ ၀ပ်ထစ်ဘုန်းတော်ကြီးကျောင်းတွင် ကား(၂)စီးနှင့် ဝေလမူန ထိထနန်းကြိုင်တွင် ကား (၃) စီး တို့အားအသီးသီးလှူဒါန်းနိုင်ခဲ့သည်။

 24.10.2011 နေ့တွင်ရဟန်းတော် (၄) ပါးနှင့် မဟာချိုင်မှအလုပ်သမား(၂၀) တို့ဖြင့်အယုဒ္ဓယမြို့သို့သွားရောက်ပြီး စောလောစော(ထိုင်းနိုင်ငံပိုင်အလုပ်သမား

အဖွဲ့ချုပ်)နှင့် ပူးပေါင်းပြီး မြန်မာအလုပ်သမား (၅၀)  ဦးတို့အား ကူညီစောင့်ရှောက်ပြီး ၎င်းတို့ကြုံတွေ့နေရသောခက်ခဲပြသနာများကိုလည်းမေးမြန်းမှတ်တမ်းယူပြီး အားပေးစကားများပြောကြားနိုင်ခဲ့သည်။

မဟာချိုင်နယ်မြေများမှရရှိသောအလှူငွေများအားအောက်ပါအတိုင်းခွဲဝေလှူဒါန်းခဲ့သည်။
23.10.2011.......၀ပ်ထစ်ဘုန်းကြီးကျောင်း............10000 ဘတ်
25.10.2011.......ခရိုင်မှူး(ဖိုးဝ)............................50000 ဘတ်
26.10.2011.......၀ပ်လိုင်ခင်ကယ်ဆယ်ရေးစခန်း...30000 ဘတ်
  
ထို့အပြင်ဝပ်လိုင်ခင်ကယ်ဆယ်ရေးစခန်း(နခေါ့ပထုန်)သို့အစားသောက်ပစ္စည်းများ ကားတစ်စီးတိုက် လှူဒါန်းခဲ့သည်။ ထိုကယ်ဆယ်ရေးစခန်းရှိလူဦးရေမှာအောက်ပါအတိုင်းဖြစ်သည်။
မြန်မာ....၁၉၇ ယောက်
လာအို....၁၂၃ ယောက်
ခမင်(ကမ္ဘောဒီးယား)....၁၀၇ ယောက်
ဗီယက်နမ်..... ယောက်
ကလေးငယ်..၂၇ ယောက်
မှတ်ချက်။   ။မြန်မာအမျိုးသမီး ဦး၏ခင်ပွန်းများဖြစ်သော ထိုင်းလူမျိုး ၂ ဦးလည်း ပါဝင်သည်။
ထိုဒုက္ခသည်များအား အိပ်ယာ၊ အစားအသောက်၊ အလုပ်များကိုလည်း တတ်နိုင်သလောက် ကူညီပံ့ပိုးပေးနိုင်ခဲ့သည်။
 
ထို့အပြင် ဒုက္ခသည်စခန်းရှိအမျိုးသမီးများမှာ အမျိုးသမီးသုံးဆောင်ပစ္စည်းများမရှိသဖြင့် ဒုက္ခရောက်နေရပါသည်။ ထို့ကြောင့်မဟာချိုင်နယ်မြေ မူစီရပ်ကွက်တွင် အလှူငွေများ
ကောက်ခံရာတွင်အလှူငွေ 11000 ဘတ်ရရှိပါသည်။ ထိုအလှူငွေများဖြင့်အမျိုးသမီးသုံးဆောင်ပစ္စည်းများဝယ်ယူ၍ 
30.10.2011 နေ့တွင်အသင်းသား ၂၀ ခန့်ဖြင့်ကားနှစ်စီး
သွားရောက်၍ ဒုက္ခသည်စခန်းရှိအမျိုးသမီးများအားလှူဒါန်းနိုင်ခဲ့သည်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes