Friday 4 November 2011

ရေထဲရောက် ဘန်ကောက်

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘန်ကောက်မြို့ပြင် ဘန်ဘူထောင် ၀န်းကျင်ကို ရောက်ခဲ့တဲ့ ဧရာဝတီ သတင်းထောက် သန်းထိုက်ဦး မှတ်တမ်းတင်ထားတဲ့ ပုံတွေ ဖြစ်ပါတယ်

လိုရာခရီးကို ရေတတန် ကုန်းတတန်သွားဖို့ ပြင်ဆင်ထားသူများ


မြို့တော်ဘန်ကောက် နေရာအများအပြား ရေထဲရောက်နေသလို
ထိုင်းရဲ့ စီးပွားရေးကလည်း ရေထဲရောက်နေပြီ
ခရီးသွားလုပ်ငန်း အရမ်းထိတယ်
စက်ရုံကြီးတွေ ပိတ်ထားရတယ်
ခရိုင်အများအပြားမှာရှိတဲ့ စက်မှုဇုန်ကြီးတွေထဲ ရေ၀င်လာတယ်
ပြန် နလန်ထူဖို့ လအတန်ကြာ ကုစားရမယ်
ခရိုင်အများအပြား ရေကြီးတာမို့ တမျှော်တခေါ် စပါးခင်းတွေလည်း တမျှော်တခေါ် ရေပြင်ကျယ် ဖြစ်သွားတယ်
ခါတိုင်းနှစ် ဒီအချိန်ဟာ ခြောက်သွေ့ရာသီဖြစ်ပေမယ့် ဒီနှစ်တော့ ခြောက်သွေ့တယ်ဆိုတဲ့ 
စကားလုံးကို သုံးဖို့ အချိန်အတော်ကြာဦးမယ်



အိမ်ရှေ့မှာ စက်ဘီးချိတ်ထားတဲ့အိမ်
လုံချည်တွေလည်း လှန်းထားတယ်
မြန်မာပြည်သားတွေ နေတဲ့အိမ် ဖြစ်နိုင်သလို
လုံချည်ဝတ်တဲ့ထိုင်းတွေရဲ့အိမ်လည်း ဖြစ်နိုင်တယ်
လူတယောက်က ငါးအကြေးခွံခွာနေတယ်

အိမ်က ခြေတံနည်းနည်းရှည်ရင် အိမ်ထဲရေမ၀င်

ဟိုနားဒီနား လှေနဲ့သွားရလိမ့်မယ်လို့ ဘန်ကောက်သားတွေ စိတ်ကူးဖူးကြမှာမဟုတ်ဘူး

အပူဒဏ်ကိုလည်း အဖုံးအကာတွေနဲ့ ခုခံကြတယ်
လှေဦးကတယောက် လက်အိတ်စွပ်ထားတယ်

ရေ ဒီလောက် ကြီးရင်တော့ ဒီဂိုဒေါင် ပိတ်ထားရုံပေါ့

နေရာအတော်များများမှာ တွေ့ရတဲ့ရေတွေက
နေရာအတော်များများကို ဖြတ်ခဲ့ရတာကြောင့်
မသန့်ရှင်းတော့ပါဘူး

အဲဒီရေ ထိရင် ယားတာပဲ လို့ ဧရာဝတီသတင်းထောက်က ဆိုတယ်

ရုတ်တရက် ဒီပုံကို တွေ့လိုက်ရင်တော့ သင်္ကြန်ကားလိုလိုပဲ

သင်္ကြန်ဆိုရင်တော့ ကောင်းတာပေါ့
ခုတော့ -
လှေငှားဖို့ မတတ်နိုင်ရင်တော့ လေသွင်းထားတဲ့ ကျွတ်ကိုပဲ အားကိုးရတယ်

ဒီလို လမ်းလျှောက်နေကြတာဟာလည်း ဟိုနားဒီနား ဘတ် ၅၀၀ ဆိုတဲ့ လှေတက္ကစီဈေးနှုန်းကြောင့် ဖြစ်မယ်

ကားတွေကတော့ အခမဲ့ တင်ကြတယ်

ဒီလိုကားမျိုးဆိုရင် ရေနက်တဲ့နေရာလည်း မောင်းနိုင်လိမ့်မယ်

အဝေးပြေးကားလမ်းပုလိပ်ရုံးက ပုလိပ်တွေလည်း ဝေးဝေးကို ပြေးလောက်ပါပြီ




ရေကြီးမှုနဲ့အတူ ဖြစ်ပေါ်တတ်တဲ့ ကူးစက်ရောဂါ ပြဿနာက ခုချိန်ထိတော့ အသံကျယ်ကျယ်
မကြားရသေးဘူး
အဲဒီရောဂါတွေက ရေနဲ့အတူ ပါလာနိုင်တဲ့ အန္တရာယ်ပြုနိုင်တဲ့ သတ္တ၀ါတွေထက် ပိုပြီး ကြောက်ဖို့ ကောင်းပါတယ်
မတော်တဆဖြစ်မှုတွေ၊ ဓာတ်လိုက်တာတွေကလည်း အသက်ဆုံးနိုင်တာပါပဲ

ခုချိန်ထိတော့ နိုင်ငံတ၀န်း ၄ လကြာ ရေဘေးဒဏ်ကြောင့် သေဆုံးမှု အရေအတွက်က ၄၃၇ ဦး ရှိသွားပြီလို့ ဒီနေ့ မွန်းလွဲပိုင်းမှာ ထွက်လာတဲ့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ရေးထားပါတယ်။

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes