Monday 31 October 2011

October 29 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

Ramintra Road လမ်းဟာ ၈၀ စင်တီမီတာအထိ တက်ခဲ့ပြီး ကားလေးတွေမောင်းလို့မရတော့ဘူးလို့သိရပါတယ်။ တစ်ခြားနေရာတွေမှာ ထိုထက်ပိုဆိုးခဲ့ပြီး ၁.၅ မီတာအထိ ရေလွှမ်းခဲ့တယ်လို့ဆိုပါတယ်။

ရေမြင့်တက်လာတဲ့အတွက် ရန်စစ် တက္ကသိုလ်အပါအ၀င် နေရာတော်တော်များများမှာ အစိုးရမှာ လျှပ်စစ်မီး ဖြတ်လိုက်ပါတယ်။ ပုံကတော့ လမ်းဖုန်းဖြင့် အကူအညီတောင်းခံနေသော ထိုင်းအမျိုးသမီးငယ်တစ်ဦးပုံဖြစ်ပါတယ်။

နိုဝင်ဘာပထမပတ်မှာ ရေကျမယ်လို့ ဘန်ကောက်နှင့် ပြင်ပဧရိယာအားလုံးကို ၀န်ကြီးချုပ် ယင်လပ် ချီနာဝပ်က အတည်ပြု ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒိုမောင်းလေယာဉ်ကွင်းရဲ့ မြင်ကွင်း

Krung Thon တံတားပေါ်မှ ရေဘေးလွတ်ရာရွှေ့ပြောင်းနေတဲ့လူတွေရဲ့ မြင်ကွင်းဖြစ်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ဘန်ကောက်အနောက်ဘက်ပိုင်း Thawi Wattana မှာ နေထိုင်ကြသူတို့တွေကိုလည်း ရေလွတ်ရာကို ရွှေ့ပြောင်း ကြတော့ဖို့ မြို့တော်ဝန်က ကြေငြာချက်ထုတ်ထားပါတယ်။

ဘန်ကောက်ရှိ လူဦးရေ ၃၅၀၀၀၀ ကို တစ်ပြိုင်တည်း ရွှေ့ပြောင်းကယ်တင်နိုင်သည့် ခရီးသည်တင်ကား ၃၀၀၀ ကို ပို့ဆောင်ရေ၀န်ကြီးဌာနက အဆင်သင့်ပြင်ဆင်ထားပါတယ်။

လမ်းတစ်ချို့ကို တူးမြောင်းလုပ်ပြီး ဘန်ကောက်ထဲကရေတွေကို ပင်လယ်ထဲဖောက်ချဖို့အစိုးရရဲ့အစီအစဉ်ကို ကယ်ဆယ်ရေး တပ်သားတွေက ငြင်းဆိုခဲ့ပါတယ်။ လေ့လာချက်များအရ ထိုကဲ့သို့ လမ်းတွေကို တူးမြောင်းအဖြစ် မသုံးဘဲ သောင်တူးစက်များဖြင့် တမံတူးကာပြီး မြစ်ထဲကို ရေစုပ်စက်ကြီးများဖြင့် စုပ်ထုတ်ခြင်းက ပိုမိုကောင်းမွန်တယ်လို့ဆိုပါတယ်

Phra Athit မော်တော်ဆိပ်အနီးရှိ Phra Sumen Fort ရှေးခေတ် ခံတပ်အဆောက်အဦးဟောင်းအောက်ခြေ ရေလွှမ်းနေပုံဖြစ်ပါတယ်။ တရုပ်တန်းအတန်းအပါဝင် တခြား နေရာတော်တော်များများကိုလဲ ရေတစ်မီတာကျော် လွှမ်းခဲ့ပါတယ်

ကျောက်ဖရားမြစ်က လျှံကျလာတဲ့ရေတွေကြောင့် ထုံဘူရိနယ်ဟာ သုံးရက်အတွင်း ရေနစ်မြုပ်နိုင်ပြီး ၎င်းရေဟာ ဘန်ကောက် မြို့တော်ခန်းမအထိရောက်နိုင်တယ်လို့ဆိုပါတယ်
Ref: Bangkok Post

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes