Wednesday 2 November 2011

ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရေများ ထိုးဖောက်ဝင်ရောက်

ထိုင်းနိုင်ငံအတွင်းသို့ ဘန်ကောက်မြို့တော်ကိုဗဟိုပြုလျှက် နေရာဒေသ အသီးသီးမှ တရားမ၀င် ရွှေ့ပြောင်းရေများ အလုံးအရင်းနဲ့ ထိုးဖောက်ဝင်ရောက်လာနေမှုကြောင့် သုံးလသက်တမ်းမျှသာရှိသေးတဲ့ ထိုင်းအစိုးရအသစ်အနေနဲ့ အလွန်ဘဲ အခက်ကြုံနေရပါတယ်။

၎င်းတရားမ၀င် ရွှေ့ပြောင်းရေများဟာ အလုပ်သမားမှတ်ပုံတင်လဲမရှိ၊ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် ပါမစ်လည်းမပါ၊ မည်သည့် ယာယီနိုင်ငံကူးလက်မှတ် (ပါစ့်ပို့)ကိုမျှ ကိုင်ဆောင်ထားခြင်းမရှိပါဘဲ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာကြတာဖြစ်ပါတယ်။

လောလောဆည် အခြေအနေအရ တောမောလို့ခေါ်တဲ့ ထိုင်း လ၀က အရာရှိများ ရဲများနှင့် အခြား ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်းပြီး ၎င်းတရားမ၀င်ရွှေ့ပြောင်းရေများကို တည်ဆဲဥပဒေအရ လိုက်လံဖမ်းဆီး အရေးယူပြီး ထောင်ချမယ်လို့ ကြေငြာချက် ထုတ်ပြန်ထားပါတယ်။

အနည်းဆုံးတော့ ဥပဒေအရ ထိုက်သင့်တဲ့ ဒဏ်ငွေရိုက်ပြီး နယ်စပ်ကို ပြန်ပို့ခံရမယ့် အနေအထား ရှိနေပါတယ်။

သို့သော်လည်း အလုပ်သမားရေးရာ အဖွဲ့အစည်းများရဲ့အဆိုအရ ၎င်းတရားမ၀င်ရွှေ့ပြောင်းရေများဟာ ထုံးစံအတိုင်း ထိုင်းရဲတွေရဲ့လူမဆန်စွာဆက်ဆံခြင်း၊အဓမ္မပြုကျင့်ခြင်း၊အတင်းအဓမ္မ ငွေညှစ်တောင်းခြင်းများ အပြင်၊လူမှောင်ခိုပွဲစားများနှင့်ပူးပေါင်းပြီးငါးဖမ်းလှေတွေမှာ ရောင်းအစားခံရကိန်း  ရှိနိုင်တယ်လို့ဆိုပါတယ်။ 

ရွှေ့ပြောင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းများရဲ့ရှုမြင်သုံးသပ်ချက်အရတော့ ယခုကဲ့သို့ တရားမ၀င်ရွှေ့ပြောင်းရေများ အလုံးအရင်းနှင့်ဝင်ရောက်လာခြင်းဟာ ထုံးစံအတိုင်း တောင်းရမ်းရှာဖွေ စားသောက်နေတဲ့ ထိုင်း လ၀က ရဲများအတွက် ငွေထုတ်ကြီးကိုကောက်ရလိုက်သလိုဘဲလို့ ဆိုပါတယ်။

သက်ဆိုင်ရာနိုင်ငံတွေရဲ့ခေါင်းဆောင်များကတော ဒီတရားမ၀င်ရွှေ့ပြောင်းရေများဟာ ၎င်းတို့နိုင်ငံက မဟုတ်ကြကြောင်းနှင့် တာဝန်လုံးဝမယူနိုင်ကြောင်း တသွင်သွင်ငြင်းဆိုထားပြီးဖြစ်ပါတယ်။ 
ကမ္ဘာ့ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ၎င်းတို့အနေနဲ့ ယခုဖြစ်ရပ်အပေါ် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ဖြစ်စဉ်တိုင်းကိုအနီးကပ် စောင့်ကြည့်နေပါကြောင်းကို ကြေငြာချက်တစ်စောင် ထုတ်ပြန်ဖို့ပြင်ဆင်နေပါတယ်။ 

ကမ္ဘာတစ်လွှား ရွှေ့ပြောင်းများ ဘေးကင်းရန်ကွာ ရှိပါစေ…။
မောင်ရွယ်ရောက်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes