Wednesday 2 November 2011

2011, November 2 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ဘန်ကောက်မြို့ရဲ့ ၉၀ ရာခိုင်နှုန်းသော ဘစ်ကားတွေဟာ အများပြည်သူတွေအတွက် ၀န်ဆောင်မှု ပေးမြဲပေးနေတယ်ဆိုပေမယ့် ရေသိပ်မကြီးတဲ့ နေရာတွေအတွက်သာဖြစ်ပြီး ဘတ်စကားမရောက်နိုင်တဲ့နေရာတွေမှာတော့ ခရီးသွားလာရတာ အလွန်ခက်ခဲပါတယ်။ 

  
လူကြိုက်များ မရောက်ဖူးသူရှားတဲ့ နာမည်ကြီး Safari World တိရိစ္ဆာန်ဥယာဉ်ထဲက တိရစ္ဆာန်တွေကိုလည်း ရေလွတ်ရာရွှေ့ပြောင်းခဲ့ရပါတယ်။ ယနေ့ဗုဒ္ဓဟူးနေ့ကစပြီး 
တိရစ္ဆာန်ရုံကို ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

အစိုးရစစ်တပ်ဟာ စစ်တပ်သုံးတံဆာပလာတွေကို ရေလွတ်ရာရွှေ့နေတဲ့ပုံပါ။ တရုပ်၊ ဂျပန်စတဲ့နိုင်ငံတွေကလည်း ရေဘေးဒုက္ခသည်တွေအတွက် လှေ နှင့် ပြန်လည်ထူးထောင်ရေး ငွေကြေးများ ကူညီဖို့ကမ်းလှန်းထားတယ်လို့ ဆိုပါတယ်။ 
Bang Khen ထဲက ရေဘေးဒုက္ခသည်တွေကို အရေးပေါ်ကူညီရန်အတွက် လေတပ်စစ်သားတွေက
Bell 412 Helicopter တွေကို အသင့်ပြင်ဆင်နေပုံဖြစ်ပါတယ်။ ၎င်းနယ်ထဲကို မနေ့ညနေကရေတွေစတင် 
ဝင်ရောက်လာပြီး ယနေ့မွန်းလွဲပိုင်းမှာ သုံးပေခန့်ထိမြင့်လာနေပြီလို့သိရပါတယ်။

ဒေသခံတွေဒေါသထွက်ပြီး ဖျက်ဆီးခြင်းခံလိုက်ရတဲ့ Khlong Sam Wa ထဲက ရေတားတမံတွေကို 
စိတ်ချလုံခြုံစွာပြင်ဆင်နိုင်မှ Rarm Intra နှင့် Ramkhamhaeng လမ်းတွေ ရေမ၀င်ရေး အာမခံနိုင်မယ်လို့ ဘန်ကောက်မြို့တော်ဝန်က ပြောပါတယ်။

မြန်မာသံဃာတော် အပါး ၁၅၀ ခန့်သီတင်းသုံးတဲ့ ၀ပ်တလုံးကျောင်းနှင့် မနီးမဝေးမှာရှိတဲ့ 
 The Mall Bang Kae, Shopping Center ရှေ့ ခလေးတွေရေကစားနေပုံဖြစ်ပါတယ်။ 
သိပ္ဗံနှင့် နည်းပညာဝန်ကြီး Plodprasop Suraswadi ကတော့ ၎င်းနယ်ဟာ ရက်ပေါင်း 
၂၀ အထက် ပိုပြီ ရေလွှမ်းနေနိုင်တယ်လို့ အတည်ပြုပြောကြားထားပါတယ်။

အခြေခံလူသုံးကုန်ပစ္စည်းများပြတ်လပ်မသွားအောင်နှင့် လိုအပ်ချက်ကို အချိန်မှီဖြည့်တင်းနိုင်ရန် 
၎င်းကုန်ပစ္စည်းထုတ်လုပ်ရာ အစိုးရဌာနတွေကို ဘန်ကောက်ကနေ ချွန်ဘူရီ ကိုပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။

Kasetsart တက္ကသိုလ် မြောင်းအတိုင်း Bang Khen ဘက်ကို အလုံးအရင်းနဲ့ စီးဝင်လာနေတဲ့ရေတွေဖြစ်ပါတယ်။ ၎င်းရေလမ်းကြောင်းကို မတားဆီးနိုင်တော့ဘူးလို့လဲ ဆိုပါတယ်။
ရေကြည်ရာ မျက်နုရာ စကားပုံအစား မြေမြင့်ရာ ရေလွတ်ရာလို့ပြောင်းတော့မယ့်ထင်ပါ့။
ကြွက်တွေခမျာ ရေဘေးလွတ်လို့ စိတ်အေးရပြီလို့တော့တွက်လို့မရပါဘူး နွန်ထဘူရီ သဘာဝ
တိရစ္ဆာန်ခြံထဲက အဆိပ်ပြင်းမြွေ ၁၅ ကောင်လွတ်သွားတယ်လို့ ရေဒီယိုအသံလွှင့်ဌာနတစ်ခုက သတိပေးထားပါတယ်။

Vibhavadi Rangsit လမ်းမပေါ်ရှိ အဏုမြူစွမ်းရည် ထုပ်လုပ်ရေး ရုံးကတော့ ၎င်းတို့ရုံးရှိ အဏုမြုဓာတ်ပေါင်းဖိုမှ အဏုမြူယိုစိမ့်မှုမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
မြန်မာသံဃာတော်များသီတင်းသုံးရာ Bang Khen နယ်ထဲက ၀ပ်တလုံးကျောင်း

ဓမ္မဒီပ ကျောင်းဆောင်ရှေ့ ရေအလာစောင့်ကြိုနေကြသည့် စာသင်သားနှစ်ပါး ဦးမှန်ကြီးနှင့် ဦးတေဇ

ကျောင်းဝင်း တနေရာ

ရေလွတ်ရာသို့ ပစ္စည်းများရွှေ့ပြောင်းနေတဲ့ စာသင်သားရဟန်းငယ်တစ်ပါး အခုအချိန်ထိ ကျောင်းထဲမှာ
မြန်မာသံဃာ ၁၀ ပါးလောက်ကျန်ရစ်ခဲ့တော့တယ်လို့သိပါရတယ်။ သံဃာတော် အားလုံးနီးပါးကို သက်ဆိုင်ရာ ဒကာဒကာမတွေက ရေလွတ်ရာကိုပင့် ဆောင်သွားကြပြီး တစ်ချို့သဃာတော်တွေက MSMO မြန်မာကျောင်းသားရဟန်းတော်များရုံးမှာ ပြောင်းရွှေ့သီတင်းသုံလျှက်ရှိပါတယ်။ MWRN ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးရုံးမှာလည်း သံဃာများအတွက် နေရာများ 
အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

MSMO ကျောင်းသားရုံသို့ ထွက်ခွာရန်ပြင်ဆင်နေကြသော စာသင်သား သံဃာတော်များ

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes