Wednesday 2 November 2011

2011, November 1 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့


၁.၅ မီတာအမြင့်ကာရံထားတဲ့ အစိုးရအိမ်တော်ဝင်းရဲ့ သဲအိပ်ရေတမံဖြစ်ပါတယ်။ ၀န်ကြီးဌာနအများအနေနှင့် ရေဘေးပြဿနာကိုလုံခြုံစိတ်ချစွာဖြေရှင်းနိုင်ရန်အတွက် ၀န်ကြီးချုပ် ယင်းလပ်ချီနာဝပ်အနေနှင့်အတူ တာဝန်အသီးသီးခွဲဝေလုပ်ကိုင်နေကြပါတယ်။



ရေဘေးကြောင့် ထိုင်းထီကံထူးရှင်ရွေးပွဲ ဖျက်ခဲ့ရပါတယ်။ အဓိကကျတဲ့နေရာတွေမှာ ဘဏ်ခွဲပေါင်း (၄၃၆)ခု ပိတ်ထားခဲ့ရပြီး ATM ငွေထုတ်စက်တွေလဲ(၄၀၀၀)ကျော်ရပ်နားထားရတယ်လို့ ဆိုပါတယ်။


Rarm Intra လမ်း ရေမြင့်တက်လာနေပုံဖြစ်ပါတယ်။ တခြား Ratchadaphisek နှင့်  Huai Khwang လမ်းတွေမှာလဲရေပိုမိုမြင့်တက်လာတယ်လို့သိရပါတယ်


ဒါကတော့ အစိုးရရုံးဌာနဇုံရှေ့က Chaeng Wattana လမ်း ရေလွမ်းနေပုံဖြစ်ပါတယ်။ ထိုနေရာဟာ ဗီစာရုံးချုပ်တည်ရှိရာလည်းဖြစ်ပြီး ဘန်ကောက်နေ နိုင်ငံခြားသားများအနေနှင့် ယခုရက်ပိုင်းအတွင်း ဗီစာကိစ္စတွေမှာ ခက်ခဲမှုတွေရှိနေပါတယ်။


Bang Kae နေပြည်သူတချို့ ရေလွတ်ရာ ကယ်ဆယ်ရေးစခန်းဆီကို ရွှေ့ပြောင်းကြပုံဖြစ်ပါတယ် 
ဘန်ကောက်ဟာ  မြို့နယ်ပေါင်း(၅၀)ရှိပြီး၊လူဦးရေ(၁၀)သန်းနေမှီတင်းနေထိုင်လျှက်ရှိပါတယ်


မင်ဘူရီနယ်ထဲက ပလပ်စတစ်စက်ရုံတစ်ခုမှ အလုပ်သမားတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပုံဖြစ်ပါတယ်။ အစိုးရက ရေဘေးအတွက်ရုံးပိတ်ရက် ၅ ရက်သတ်မှတ်ပေးခဲ့တာ ပြည့်သွားပြီဖြစ်လို့ တရားဝင်ရုံးပိတ်ရက် ထပ်တိုးမပေးတဲ့အတွက် ရေဘေးကြောင့်ရုံသွားရမလွယ်ကူတဲ့ဒေသတွေမှာ အတော်လေး အခက်ကြုံနေရပါတယ်။

မြန်မာစာသင်သားသံဃာတော်များနှင့် သာသာနာပြုသံဃာ အပါး ၁၅၀ ခန့်သီတင်းသုံးရာ ဘန်ခဲရပ် ၀ပ်သလုံးကျောင်းတိုက်အတွင်း ရေစတင်ဝင်ရောက်လာပုံဖြစ်ပါတယ် ရေက တဖြည်းဖြည်းချင်း တက်လာနေပြီ အခြေအနေက ပိုဆိုးလာဖို့ဘဲရှိတယ်လို့ ကျောင်းခံသံဃာတစ်ပါးက မိန့်ပါတယ်။

(ထပ်မံဖြည့်စွက်ဖေါ်ပြပါမည်)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes