Wednesday 2 November 2011

ဂျပန်လုပ်ငန်းရှင်အများစု မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ ဂျပန်အစိုးရမှ ယခင်ဖြတ်တောက်ထားသော အခွင့်အလမ်းများအား ပြန်လည်ဖွင့်ပေးတော့မည်ဖြစ်ပြီး ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းအား ပြန်လည်စတင်တော့မည်ဟု သိရှိရ

Development Assistance (ODA) အပါအ၀င် အခြားအခွင့်အလမ်းများ ပြန်လည်ဖွင့်ပေးတော့မည်ဖြစ်ကာ ဘီလူးချောင်းရေအား လျှပ်စစ်စီမံကိန်းအားလည်း ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း သိရသည်။
''ဂျပန်နိုင်ငံအနေနဲ့ ယခုနှစ်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ပိုပြီးစိတ်ဝင်စားလာကြတယ်။ လေ့လာသူအနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအများကြီး ၀င်ရောက်လာတာမျိုးတွေ ရှိသလို အခုနောက်ပိုင်း ဂျပန်အစိုးရကပါ မြန်မာနိုင်ငံကို တစ်ချိန် တုန်းက ထောက်ပံ့ကူညီပေးနေတဲ့ ODA ကို ရပ်ဆိုင်းထားခဲ့ရာကနေပြီး အခုပြန်လည်ပေးတော့မယ်လို့ ပြောလာတယ်။ ပြီးတော့ ဘီလူးချောင်း ရေအားလျှပ်စစ် စီမံကိန်းကိုလည်း ပြန်လည်စတင်သွားတော့မယ်လို့လည်း သိရတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ လှိုင်တက္ကသိုလ်ကို ဂျပန်ကနေ ပြန်ပြီး upgrade လုပ်ပေးသွားဖို့ သဘောတူထားပါပြီ။ ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကူအညီ ပေးသွားမယ့် အစီအစဉ်တွေလည်း ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံက အကြီးအကဲတွေကိုလည်း ဂျပန်နိုင်ငံကို ဖိတ်ခေါ်နေပါတယ်'' ဟု ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (RUMFCCI) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပြခဲ့သည်။
အလားတူပင် မကြာခင်က ဥပဒေထုတ်ပြန်လိုက်သော သီလ၀ါစက်မှုဇုန်တွင်လည်း ဂျပန်လုပ်ငန်းရှင်အများစု ရင်းနှီးမြှုပ်နှံလာဖွယ်ရှိကြောင်း သိရှိရသည်။

အခုဆိုရင် သီလ၀ါစက်မှုဇုန်ကို လာပြီးလေ့လာတဲ့အထဲမှာ ဂျပန်နိုင်ငံက အများဆုံးဖြစ်နေတယ်။ တရုတ်နိုင်ငံကတော့ နည်းနည်းကျဲသွားတယ် . . .
''အခုဆိုရင် သီလ၀ါစက်မှုဇုန်ကို လာပြီးလေ့လာတဲ့အထဲမှာ ဂျပန်နိုင်ငံက အများဆုံးဖြစ်နေတယ်။တရုတ်နိုင်ငံကတော့ နည်းနည်းကျဲ သွားတယ်။ တချို့စီးပွားရေးလုပ် ငန်းရှင်တွေဆိုရင် ပြည်တွင်းကို Tour အနေနဲ့ ၀င်ရောက်လာပြီး စီးပွားရေးလုပ်ငန်းတွေကို လာလေ့ လာနေတာမျိုးတွေ ရှိတယ်။ ရန်ကုန်မြို့က ဆိပ်ကမ်းတိုင်းလိုလို သွားပြီး လေ့လာကြတယ်။ ပြီးတော့ ကျွန်တော်တို့ သီလ၀ါစက်မှုဇုန်ဘက်ကိုလည်း လာပြီးလေ့လာ ကြတယ်။ လေ့လာကြတဲ့အထဲမှာတော့ ဂျပန်လူမျိုးတွေက အများဆုံးပါပဲ'' ဟု သီလ၀ါဆိပ်ကမ်းမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
''နိုဝင်ဘာလ  ၂ ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ မြန်မာနိုင်ငံကို လာမယ်။ သူနဲ့အတူ မလေးရှားနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေ အများအပြား ပါလာမယ်လို့ သိရတယ်။ လတ်တလောမှာ မြန်မာနိုင်ငံရဲ့ ပွင့်လန်းလာနိုင်တဲ့ အခြေအနေတစ်ရပ် အပေါ်မှာ မျှော်ကိုးပြီးတော့ စီးပွားရေးလုပ်ငန်းရှင် တော်တော်များ စိတ်ဝင်စားလာကြတယ်။ အရင်တုန်းက တရုတ်တွေ စိတ်ဝင်စားတာ များပေမယ့် အခုတော့ ဂျပန်၊ ကိုရီးယားနဲ့ အာဆီယံဒေသတွင်းက တချို့နိုင်ငံတွေပါ ပိုပြီးစိတ်ဝင်စားလာတာ တွေ့ရတယ်'' ဟု ဒေါက်တာမောင်မောင်လေးက ပြောပြခဲ့သည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes