Tuesday 1 November 2011

ရေစိုနေသော ဘန်ကောက်မြင်ကွင်းအချို့























နေလုံးရယ်ညိုညို
သူ့ထမီတိုတိုစိုစိုစင်းနှင့်
ရေခပ်ဆင်းတဲ့လုံမပျို
တကယ်ရင်ဖို
ခမျာကိုမလိုပင်ပန်း
သို့တစေ အမြင်ဆန်းဟာမို့
ခင်ပန်းတာ ဘယ်မမှုနိုင်ဘု
ငယ်လုရင်အဖန်မှောင့်ပေမင့်
ဒီမောင့်မှာဖြင့် လောကီသား……

(၁.၁၁.၂၀၁၁ မောင်ရွယ်ရောက်)

ဒီကဗျာဖတ်ပြီး  ဒီစာစပ်သူ ကရုဏာကင်းတယ်လို့ မထင်လိုက်ပါနှင့် 
အမှန်တော့ ဘန်ကောက်ခမျာ ရေဘေးကြောင့်ပင်ပန်းဆင်းရဲရတာမှန်ပေမယ့် တစ်ဖက်မှာလည်း အမြင်ဆန်းလို့ မြို့ခံတွေဟာ တစ်သက်တစ်ခါကြုံခဲတဲ့ဒီမြင်ကွင်းကိုကြည့်ရင်း ကြည့်မ၀ခြင်း အံသြခြင်း ကရုဏာဖြစ်ခြင်း စတဲ့ စိတ်ခံစားမှုတွေ ရောထွေးနေပါတယ်။ ရေဘေးဒုက္ခရောက်သူတွေကိုကယ်တင်တာ ကူညီတာ ရိုင်းပင်းတာတွေလုပ်ကြသလို တစ်ဖက်မှာလည်း ဓာတ်ပုံတွေ ဗွီဒီယိုတွေနှင့် မှတ်တမ်းတွေလုပ်ပြီး သိမ်းဆည်းကြ အဝေးရောက်မိတ်ဆွေသူငယ်ချင်းတွေဆီပို့ကြနဲ့ အလုပ်ရှုပ်နေကြပါတယ်။ အတစ်ချို့ကျတော့လည်း ဘန်ကောက်ရေဘေးအကြောင်း သီချင်းစပ်တယ် စာရေးတယ် ကဗျာရေးတယ်။ ခံစားမှုအမျိုမျိုးကိုအခြေခံပြီး ပုံဖေါ်မှုတွေကလဲ အမျိုးမျိုးကွဲလွဲပါတယ်။ ဘန်ကောက်ရေကြီးလို့ အားလုံး ထိုင်မှိုင် ငေးမော ငိုကြွေးနေကြတာတော့ မဟုတ်ကြပါဘူး။ ကျွန်တော်လည်း တိုတိုထွာထွာကဗျာလေးတစ်ပုဒ်နဲ့ ဘန်ကောက်ရေစိုနေတာကို မှတ်တမ်းတင်လိုက်ပါတယ်။ ခန္ဓာကိုယ်ရေစိုစိုနှင့် ရေခပ်ဆင်းတဲ့ တောက လုံမပျိုလို သူမှာပင်ပန်းတာမှန်ပေမယ့် မြင်ရသူမှာတော့ ရှုမ၀အောင် ဖြစ်ရသလိုမျိုး။ ကရုဏာကင်းမဲ့တာမဟုတ်ပေမယ့် ပုထုဇဉ်ဆိုတာကလဲ တခါတခါ အပြောရအခက်သားလား။ ကျွန်တော့်နိုင်ငံသာဆို ဒီလိုကဗျာစပ်နိုင်ပါ့မလားမေးလာရင် ဖြေနိုင်ဖို့ခက်မှာမှန်ပေမယ့် အမြင်ဆန်းတာကိုမြင်ရတိုင်း ရင်သတ်ရှုမော တအံ့တသြရတာကတော့ အမှန်လို့ဘဲလို့သာ ပြောပါရစေ။

မောင်ရွယ်ရောက်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes