Friday 4 November 2011

မြောက်ဖက် စီးလာတဲ့ရေတွေ မြို့တော်ဗဟိုကို ဆက်လက်စီးဆင်း


မြို့တော်ရဲ့မြောက်ဖက်ဆင်ခြေဖုံးက စီးလာတဲ့ရေတွေဟာ ဘန်ကောက်မြို့ရဲ့ဗဟိုဒေသကို ဆက်လက်တိုးဝင်စီးလာ နေပါတယ်။ ဘန်ကောက် အရှေ့ဖက်ဒေသကတော့ ရေလုံးဝ ဖုံးလွှမ်းသွားပြီး၊ ဒီရေတွေ ဖောက်ထုတ်ဖို့ အချိန် တလ ကျော် လိုပါမယ်။
 အပြာရောင်ခြယ်ထားတဲ့နေရာတွေဟာ ရေမြုပ်နေတဲ့ဒေသတွေဖြစ်ပြီး၊ မြားပြထားတဲ့အတိုင်း မြောက်ဖက်က ရေတွေ ဟာ တောင်ဖက်ကို  စီးလာနေတာကို  ပြနေပါတယ်။

မြို့တော်မြောက်ဖက် ဆင်ခြေဖုံးက စီးလာတဲ့ရေတွေဟာ မနေ့က ခွန်ဘွန်လမ်းမကြီးတလျှောက်လုံးကို ဖုံးသွားပြီး ရေ တွေ မြင့်တက်လာနေပါတယ်။ အမှတ် (၅) ဆူခါဖီဘန်လမ်းမ၊ ရမ်အင်ထရာလမ်းမ အမှတ် (၈)၊ (၂၇)၊ (၂၉) နဲ့ (၃၉) ၊ လက်ဆီအ၀ိုင်းနားက ၀ပ်ထနာလမ်းမနဲ့ ခါဆက်ဆာ့တ် တက္ကသိုလ်နဲ့ကပ်ရက် ငမ်ဝုန်ဝမ်လမ်းမတွေပေါ်မှာ ရေ အနက် ၄၀-၆၅ စင်တီမီတာလောက် ရှိနေပြီ။ လို့ ဘန်ခင်းရဲဌာနက အစီရင်ခံထားပါတယ်။ ရေလွှမ်းတာဟာ ခလုန်ဆမ် ၀ခရိုင် မှာရှိတဲ့ Safari World တိရစ္ဆာန်ဥယျာဉ် ကိုရောက်လာပါပြီ။ မနေ့က ရေအနက် ၃၀စင်တီမီတာ ရှိနေပါပြီ၊ တိရစ္ဆာန်ရုံဝန် ထမ်းတွေက ၀င်းအပြင်ဖက်ကို ရေစုပ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။ မနေ့က တိရစ္ဆာန်ရုံကို ပိတ်ထားပြီး တိရစ္ဆာန်တွေ ကို ၀င်းအတွင်း ရေလွတ်ရာကုန်းမြင့်နေရာကို ရွှေ့ပြောင်းထားရပါတယ်။ ချန်းဝပ်ထနာ လမ်းပေါ်က အစိုးရ စုပေါင်းရုံး အ ဆောက်အဦနေရာက အလုပ်လုပ်တဲ့နေရာတွေဟာ ရေမြုပ်နေတာကြောင့်  အရာရှိ အများစုဟာ အဲဒီနေရာကို မသွားနိုင် လို့ ခြောက်ကပ်နေပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ရေဘေးဒုက္ခသည် စခန်းဖွင့်ထားလို့  လူပေါင်း ၃၀၀၀ လောက် ရှိနေပါ သေးတယ်။
ဖဟွန်ယိုထင်လမ်းမပေါ်က ဂငယ်ကွေ့ကနေ ဒွန်မောန်ဘူတာရုံထိ ၆ကီလိုမီတာရှည်တဲ့ သဲအိတ်တွေနဲ့လုပ်ထားတဲ့ တမံ ဟာ ဒီကနေ့ပြီးမှာ ဖြစ်ပြီး၊ မြို့တော်မြောက်ဖက်ဆင်ခြေဖုံးက ၀င်လာတဲ့ရေတွေကို နှေးသွားစေမှာဖြစ်တယ်လို့ ဘန် ကောက်မြောက်ပိုင်း ရေဘေးကယ်ဆယ်ရေးကို ကြီးကြပ်ရတဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူခွမ်ဖိုးလ်ဆူဝနာတတ် က ပြောပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာ ဖက်ခဆမ်လမ်းမကနေ၊ ဆမွတ်ဆခုန်ပြည်နယ်၊ ခရာထွမ်းဘဲန် ခရိုင်ထိ နေရာတွေမှာ ရေအနက် ၅၀ စင်တီမီတာကနေ ၁ မီတာထိ မြုပ်နေပါတယ်။ ဘန်ကောက်အနောက်ပိုင်းမှာရှိတဲ့ ရေကုဗ မီတာ ၂ဘီလျံကို ဖောက်ထုတ်ဖို့ ရက်ပေါင်း ၄၀ လောက် ကြာမယ်လို့ ဘန်ကောက်အနောက်ပိုင်းက မြောင်းတွေကို ကြီးကြပ်ရတဲ့  စိုက်ပျိုးရေးနဲ့သမ၀ါယမ ၀န်ကြီး သီးရာဝုန်ဆမွတ်က ပြောပါတယ်။
နိုဝင်ဘာ ၃၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes