Saturday 5 November 2011

၂၀၁၁ ဆီးဂိမ်းအုပ်စုဒုတိယမြောက်ပွဲ မြန်မာနှင့် ဗီယက်နမ်ပွဲအပေါ် သုံးသတ်ချက်


အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ယနေ့ဒေသစံတော်ချိန် ညနေ ၁၉ .၀၀ နာရီမှာ အုပ်စုပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ ဗီယက်နမ်ဘောလုံးအသင်းနှင့် အုပ်စု ဒုတိယပွဲစင်အဖြစ် ရှင်ပြိုင်ကစားခဲ့ပါတယ်။ ၂ သင်းစလုံး အင်တိုက် အားတိုက်ကစားခဲ့ကြပြီး ဗီယက်နမ်အသင်းဟာ တစ်ချိန်လုံးနီးပါး မြန်မာဘက်ကို ကွင်းတစ်ဝက်အထိ ဖိကစားထားပြီး အကြိမ်ကြိမ် ထိုးဖေါက်ခွင့်တွေရခဲ့ပါတယ်။ ဗီယက်နမ်ရှေ့တန်းတိုက်စစ်များ အချင်းအချင်း နားလည်မှုနဲပါးခြင်းနှင့် မြန်မာနောက်တန်းလူငယ်များရဲ့ ကြုံသလိုဖျက်ထုတ်ခြင်း ခံရတဲ့အတွက် ဗီယက်နမ်တို့ ဂိုးရခွင့်တွေဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။

တစ်ဖက်အသင်းရဲ့ တိုက်စစ်ဖိအားများတဲ့အတွက် မြန်မာနောက်တမ်းတွေဟာ အမှားအယွင်းတွေများပြီး ဂိုးစည်းနှင့် မလှမ်းမကမ်းမှာ ပြစ်ဒဏ်ဘောများ မကြာခဏပေးခဲ့ရာပါတယ်။ ပထမပိုင်း ဂိုးမရှိသရေကျပြီး ဒုတိယပိုင်း ၅၈ မီးနစ်လောက်မှာ နောက်တန်းလူ မိုးဝင်း တစ်ဖက်ရှေ့တန်းတို်က်စစ်မှုးကို ရှေ့ကနေ ဘောလုံးအလွတ်သိမ်းရိုက်မိတဲ့အတွက် တိုက်ရိုက်အနီနှင့် အထုတ်ခံခဲ့ရပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းရှေ့တန်းတွေဟာ လူကျွန်ဘောနဲ့ဘဲ အချိန်ကုန်ခဲ့ရပြီး တစ်သင်းလုံး ခံစစ်အသွင်ကစားခဲ့ရတဲ့အတွက် တိုက်စစ်မှာ အလွန်ကို အားနည်းခဲ့ပါတယ် တစ်ဦးချင်းဘောလုံးစွမ်းရည်ဟာ ဗီယက်နမ်ထက် နိမ့်ပြီး မိမိဆီရောက်လာတဲ့ဘောလုံးကို တန်ဖိုးမထားဘဲ ကြုံရာကန်တဲ့အတွက် အဓိကကျတဲ့ အချိန်တွေမှာ လူပေးမှားနေတာနဲ့ဘဲ တစ်ဖက်အသင်းကို ကိုယ်ကပါကူပြီးကန်ပေးနေသလို ဖြစ်နေပါတယ်။

လူငယ်များဟာ ပြေးအားကောင်းပေမယ့် ကိုယ့်ရဲ့ပြေးနှုန်းကို လိုသလို ရပ်နိုင် တာမျိုးမရှိပါဘူး။ ပြေးပြီး ကိုယ့်ပြေးအားနဲ့ကို မှောက်လျှက်လဲတာ ဘောလုံးက ကိုယ်နဲ့မကွာ ပါမလာတော့ဘဲ တစ်ဖက်လူခြေထဲ အလွယ်တကူရောက်သွားတာတွေကြောင့် တစ်ဖက်အသင်းက ကိုယ့်ကိုမောင်းတာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြန်ပြီးမောင်းနေသလိုအဖြစ် မျိုးတွေ မကြာခဏကြုံပါတယ်။ မြန်မာကွင်းလည် ကီးပရေယာဟာ ဘယ်သူမှန်းကိုမသိရ လောက်အောင်ပျောက်နေပါတယ်။ တောင်ပံတွေက လူပေးမှားတာနဲ့ဘဲ အချိန်ကုန်တယ်။ ဒုတိယပိုင်း ပွဲချိန်ပြီးခါနီးမှာ မြန်မာဂိုးသမားရဲ့တည်ကန်ဘောကို လက်နဲ့ထိမ်းလိုက်မိတဲ့အတွက် ဗီယက်နမ်ဂိုးနဲ့ခပ်လှမ်းလှမ်းမှာ ရလိုက်တဲ့ ပြစ်ဒဏ်ဘောကို မြန်မာအသင်းက ဖရီးကစ်ကန် သွင်းတာမှာ တဖက်အသင်းရဲ့ ဂိုးဘားတန်းကိုထိပြီး ဂိုးရခွင့်ဆုံးရှုံးသွားပါတယ်။ ပွဲစဉ်၂ပိုင်းလုံး ဒီဘောလုံးတစ်လုံးသာ တစ်ဖက်အသင်းကို စိတ်လှုပ်ရှားအောင်လုပ်လိုက်နိုင်တာကလွဲလို့ ဘာမှ ထိထိရောရောက် တိုက်စစ်မဆင်နိုင်ခဲ့ပါဘူး။ မြန်မာဂိုးသမား ကျောနံပတ် ၁၈ ဒီပွဲမှာအပိုင်ဂိုးတွေကို ကာကွယ်သွားနိုင်ပါတယ်။ 

ပွဲအပြီးမှာတော့ ၂ သင်းလုံး တစ်ဖက်မှ ဂိုးမရလိုက်ဘဲ တစ်မှတ်စီခွဲယူသွားပါတယ်။ မြန်မာကစားသမားတွေဟာ လူပေးမှားတာ၊ ကိုယ့်ဆီရောက်လာတဲ့ဘောလုံးကို လိုရာကိုမပေးဘဲဖြုံးပြစ်တာ၊ ကိုယ့်အရှိန်ကို မထိမ်းနိုင်တဲ့ အတွက် တစ်ဖက်ကစားသမားကို ပြစ်ဒဏ်ခဏခဏလုပ်မိတာတွေဟာ ဟိုအရင်တုန်းကရှိရင်းစွဲအမွေကို မပြောင်းမလဲ ဆက်လက်ခံယူထားလေသလားလို့ ထင်မြင်မိပါဘတယ်။ ဒီပွဲမှာ ကွင်းလည်ဒိုင် အင်မတန်သဘောကောင်းပါတယ်။ ပွဲစင်တစ်လျှောက်လုံးကို သုံးသတ်ရလျှင် ဒီနေ့ပွဲ မြန်မာအသင်း ဗီယက်နမ်ကို သရေကစား နိုင်ခဲ့ခြင်းဟာ ဘောလုံးစွမ်းရည်နဲ့ သူတင်ကိုယ်တင်ကစားနိုင်ခဲ့လို့မဟုတ်ဘဲ ကျိုးကျိုးပဲ့ပဲ့ဆိုတဲ့ စိတ်နဲ့ အမိုက်ခံပြီးအတင်းဝင် အတင်းဖျက်နဲ့ အဖျက်ကစားကွက်ကို တစ်ဖက်အသင်း ရှောင်ကစားနေရလို့သာ သရေကျသွားခြင်းလို့မြင်မိပါတယ်။ အရေးကြီးတာတစ်ခုပြောရရင် ကစားသမားတွေဟာ ကိုယ့်စိတ်နဲ့ကို ကစားနေတာမဟုတ်ဘဲ ကွင်းဘေးကတစ်ယောက်က အော်ပြီးခိုင်းနေတဲ့အတိုင်းကစားနေတာကိုတွေ့ရတာဟာ အင်မတန်စိတ်ပျက်စရာ ကောင်းပါတယ်။ ဘယ်စနစ်နဲ့ကစားမယ်ဆိုတာကို သတ်မှတ်ပြီးရင် အဲဒီစနစ်အတိုင်းဘောင်ဝင်အောင် ကစားသမားစိတ်ကြိုက် ကစားစေတာဟာ အောင်ပွဲကော ရသကော ၂ မျိုးလုံးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီစနစ်နဲ့အံချော်သွားတဲ့အခါ လမ်းကြောင်းမှားတဲ့အခါမျိုးတွေမှသာ လိုအပ်ရင် လိုအပ်သလို သတိပေးရတာမျိုးပါ။ အခုတော့ ရပ်ရပ်လို့အော်ရင် ရပ်သွားတယ် တွန်းတွန်းဆို လိုက်တွန်းတယ် ကန်ကန်ဆို ရောက်ချင်ရာရောက် ကန်ထုတ်လိုက်တယ်၊ ကစားသမားနဲ့မတူဘဲ ခိုင်းရာလုပ်နေတဲ့ စက်ရုပ်တွေနဲ့တူနေတာတွေ့ရပါတယ်။ ၅.၄.၁ တို့ ၄.၄.၂.တို့ဆိုတာ ပါးစပ်ပြောတဲ့စနစ်သာဖြစ်ပြီး တကယ်ကန်တဲ့အခါမှာတော့ ငါခိုင်းတာမင်းမလုပ်ရင် အထုတ်ခံရမယ်ဆိုတာရယ် သူခိုင်းတာငါမလုပ်ရင် အထုတ်ခံရလိမ့်မယ်ဆိုတာရယ် ဒီစနစ် ၂ ခုနဲ့သာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကစားသွားပါကြောင်း သုံးသတ်လိုက်ရပါတယ်။
ဒီပုံနဲ့သာဆို တီမောင်အသင်းကိုတောင် နိုင်အောင်ကစားဖို့ပမလွယ်ကြောင်းပါ။ ဘာမှ အားတက်စရာမမြင်သေးတဲ့ဒို့အသင်းအနာဂါတ်မှာအားတက်စရာလေးမှာ မြင်လာရလေမလား
မျှော်လင့်ရင်းဖြင့်သာ။

မောင်ရွယ်ရောက်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes