Wednesday 2 November 2011

ရေကြီးမှုကြောင့် စီးပွားရေးထိခိုက်လာသဖြင့် ထိုင်းက စီးပွားရေးတိုးတက်မှုခန့်မှန်းချက်ကို လျော့ချ

b31_10
ရေကြီးမှုကြောင့် ထိုင်းစီးပွားရေးထိခိုက်ခဲ့သဖြင့် လက်ရှိဘဏ္ဍာရေးနှစ်အတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ထိုင်းဗဟိုဘဏ်က ပြင်ဆင်လျော့ချခဲ့သည်။
၂၀၁၁ ခုနှစ်တွင် စီးပွားရေး ၄ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မည်ဟူသော ခန့်မှန်းချက်ကို ၂ ဒသမ ၆ ရာခိုင်နှုန်းသို့ ထိုင်းဗဟိုဘဏ်က လျော့ချခဲ့သည်။ ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးသော ရေကြီးမှုကြောင့် ထိုင်းပြည်နယ်သုံးပုံတစ်ပုံခန့် ရေကြီးခဲ့ပြီး စက်မှုဇုန်များ၊ စက်ရုံများ ပိတ်ပင်ခဲ့ရသည်။ ဘန်ကောက်အတွင်းပိုင်းသာ ရေကြီးလာပါက စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်ကို ထပ်မံလျော့ချရဖွယ်ရှိကြောင်း ဘန်ကောက်လက်ထောက် အုပ်ချုပ်ရေးမှူး Paiboon Kittisrikalgwan က ပြောကြားခဲ့သည်။
သုံးလကြာပြီဖြစ်သော ရေကြီးမှုသည် ထိုင်းစီးပွားရေးအား အထိနာစေခဲ့ပြီး ပြည်တွင်းဝယ်လိုအားကိုလည်း ထိခိုက်စေခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။ ရေကြီးမှုများကြောင့် စက်ရုံအမြောက်အမြား ပိတ်ပင်ခဲ့ကြရာ လူ ၅၀၀,၀၀၀ ကျော် ယာယီအလုပ်လက်မဲ့ ဖြစ်နေသည်။ 
ကားပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်သူများ၊ ကွန်ပျူတာ hard-disk drive များ ထုတ်လုပ်မှု ဆိုးဆိုးရွားရွား ထိခိုက်ခဲ့သည်။ ရေကြီးမှုကြောင့် စက်မှုလုပ်ငန်းများ ပျက်စီးဆုံးရှုံးမှုသည် ဒေါ် လာ၃ ဒသမ ၃ ဘီလျံကျော် ရှိနိုင်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းခဲ့သည်။  ထိုင်းစီးပွားရေးသည် ယမန်နှစ်က သိသိသာသာ ပြန်လည်ဦးမော့ခဲ့ပြီးနောက် ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်နေရာ ဗဟိုဘဏ်က အတိုးနှုန်းကို ဆက်တိုက်မြှင့်တင် ခဲ့ပြီးနောက် ၃ ဒသမ ၅ ရာခိုင်နှုန်း၌ ဆက်လက်ထားရှိခဲ့သည်။
Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes