Monday 31 October 2011

October 31 ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့


၄၈ နာရီအတွင်း ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ရေးပေါ်ကြေငြာထားခြင်းခံထားရတဲ့ နခုန့်ပထုံနယ်ရှိ ဘန်းလက် နေရာဖြစ်ပါတယ်။


ကျန်းမာရေ၀န်ကြီးဌာန၏ စစ်တမ်းအရ ရေဘေးဒုက္ခသည် ၉၀၀၀၀၀ ရှိပြီး အဲဒီအထဲက ၆၅၀၀ လောက်ဟာ စိတ်ဖိစီးမှုဒဏ်ခံနေရပြီး ထိုအထဲက ၅၀၀၀ ကိုတော့ စိတ်ရောဂါအထူးကု ဆရာဝန်ကြီးများက ကုသပေးနေကြပါတယ်။


ရေလွှမ်းမိုးမှု ပိုမိုမြင့်တက်လာတဲ့အတွက် Lak Si နှင့် Taling Chan နယ်ကို ဘေးလွတ်ရာရွှေ့ပြောင်းရမယ့်ဇုံအဖြစ် သတ်မှတ်ထားပါတယ်။


သမက်ဆက် တက္ကသိုလ်ရှေ့ရှိ သာဖရာချန် လမ်းရေလွှမ်းနေပုံဖြစ်ပါတယ်။ ကျောက်ဖရားဖြစ်ရေ မြင့်တက်လာမှုကြောင့် ၃၀ စင်တီမိတာအထိ ရေလွှမ်းခဲ့ပါတယ် ၎င်း လမ်းဟာ သမက်ဆက်တက္ကသိုလ်နှင့် ၀ပ်မဟာထပ် ဘုန်းတော်ကြီးကျောင်း ကြားတွင်းတည်ရှိပြီး စံနန်းမလွန်ကွင်း မြဘုရားကို တိုက်ဆက်သွယ်ရာ လမ်းလဲဖြစ်ပါတယ်။ ယခင်က ကျောင်းသူကျောင်းသား ဈေးရောင်းဆေးဝယ်တွေနှင့် အလွန်စီကားတဲ့ ဒီလမ်းမှာ ဒီကနေ့တော့ ကျောင်းတွေ ဆိုင်တွေအားလုံးပိတ်ခဲ့ရပါတယ်။


ရုံးတွေလည်းပိတ် ကျောင်းတွေလည်းပိတ် အိပ်မောကျနေတဲ့ ဘန်ကောက်မြို့က ရုံးတွေ လမ်းတွေ။


Khlong Saen Saep နယ်ထဲကို အားနဲ့ဆင်းလာတဲ့ရေတွေကို တားဆီးဖို့ကြိုးစာနေတဲ့ ဒေသခံတွေ။


ထိုင်းနိုင်ငံ တောင်ပိုင်းသို့ထွက်ခွာရာ စိုသိုက်မိုင် အဝေးပြေးကားဝန်းကို ရေလွှမ်းမိုးမှုကြောင့် ပိတ်ထားရပါတယ်။ ယာယီကားဝန်းကိုတော့ Rama II ရှိ Holland Beer ခန်းမမှာ ရွှေ့ပြောင်း ဖွင့်လစ်ထားပါတယ်။ ထိုနေရာဟာ ဘတ်စ်ကား အစီး ခြောက်ဆယ်လောက်သာ အလုပ်လုပ်နိုင်တယ်လို့လဲဆိုပါတယ်။ ၎င်း စိုင်သိုက်မိုင်ဝေးပြေးကားဝန်းဟာ မြန်မာ စာသင်သားသံဃာတော်များနှင့် သာသနာပြုသံဃာတော်များ ၁၅၀ ပါးခန့် သီတင်းသုံးရာ ၀ပ်သလုံး ဘုန်းတော်ကြီးကျောင်းနှင့် အလွန်နီးကပ်တဲ့နေရာလည်းဖြစ်ပါတယ်။ ယနေ့ညနေအထိတော့ ကျောင်းအတွင်း အဆောင်တချို့အောက်ခြေမှာ ရေအနည်းငယ် ၀င်ခဲ့ပြီး ကျောင်းနောက်ဖေးရှိ ချောင်းဘေးတွင် သဲအိပ်များဖြင့်ကာကွယ်ထားတယ်လို့ သိရပါတယ်။ 
Ref: Bangkok Post

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes