Wednesday 2 November 2011

ရေဘေးကြောင့် သေသူပေါင်း ၄၂၇ ယောက်ရှိပြီ


၃ လ ကျော်ကြာ ပြည်နယ်အများအပြား ရေမြုပ်ခဲ့ရတဲ့ ရေလွှမ်းမှုအတွင်းမှာ စုစုပေါင်း ၄၂၇ ယောက်သေပြီး ၂ယောက် ပျောက်နေကြောင်း အတည်ပြုပါတယ်။ လို့ ကပ်ဘေးကယ်ဆယ်ရေးနဲ့လျော့ပါးရေးဌာန က ဗုဒ္ဓဟူးနေ့က ပြောပါ တယ်။ အခုထိ ပြည်နယ် ၂၆ ပြည်နယ်က ခရိုင်ပေါင်း ၁၄၇ ခရိုင်မှာ ရေလွှမ်းနေတုန်းဖြစ်ပြီး၊ လူပေါင်း ၂,၁၂၅,၁၇၅ ယောက် ဒုက္ခရောက်နေပါတယ်လို့ ဌာနက ပြောပါတယ်။ ရေလွှမ်းနေတဲ့ပြည်နယ်တွေကတော့ ဖိချစ်၊ ဖိဆန်နူလွတ်၊ နခုန်ဆ၀မ်၊ ဥထိုင်းဌာနီ၊ ချိုင်နတ်၊ ဆင်းဘူရီ၊ အန်ထုန်၊ အယုဒ္ဓယ၊ လော့ဘူရီ၊ ဆာရာဘူရီ၊ ဆူဖန်းဘူရီ၊ နခုန်ပထုမ်၊ ပထုမ်ဌာနရီ၊ နွန်ထာဘူရီ၊ ဆမွတ်ဆခုန်၊ ဥဘွန်ရတ်ချာဌာနီ၊ ခွန်ခေးန်၊ ဆီဆာခက်၊ ဆူရင်၊ လွိုင်အေး၊ မဟာဆာ ရာခမ်း၊ ကလာဆင်၊ ချချုန်စောက်၊ နခုန် နယော့က်၊ ဖရာချင်ဘူရီနဲ့ ဘန်ကောက်တို့ ဖြစ်ပါတယ်။
ဒီဌာနရဲ့ အင်္ဂါနေ့က အစီရင်ခံစာအရဆို သေဆုံးသူပေါင်း ၃၈၄ ယောက် ရှိပါတယ်။
နိုဝင်ဘာ ၂၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Ref: နေ့သစ်

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes