Monday 31 October 2011

October ၃၀ ရက် ဘန်ကောက်ရေကြီးမှု မှတ်တမ်းဓာတ်ပုံအချို့

ဘန်ကောက်မြို့ Yannawa နယ်ထဲက Charoen Krung လမ်း ၅၀စင်တီမီတာကျော် ရေလွှမ်းနေပုံဖြစ်ပါတယ် မြန်မာအခေါ် တရုပ်တမ်းလို့လူသိများတဲ့ဒီနေရာဟာ ကုန်မျိုးစုံရောင်းဝယ်ဖြန့်ဖြူးတဲ့ဆိုင်တွေများစွာတည်ရှိရာလဲဖြစ်ပါတယ်။

ဘန်ကောက်မြို့ Phahon Yothin လမ်းရှိုကဆက်ဆာ့ တက္ကသိုလ်ဝင်း ရေလွှမ်းနေပုံဖြစ်ပါတယ်။ ၄၀ စင်တီမီတာအနက်အထိ တက်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်စစ် ရေဘေးကယ်ဆယ်ရေးစခန်းသည် ဘေးကင်းရာနောက်တစ်နေရာကိုရွှေ့ပြောင်းသွားသော်လည်း ဒုက္ခသည် ၆၀၀ လောက်ကတော့ ရွှေ့ပြောင်းဖို့ငြင်းဆန်ပြီး စခန်းအဟောင်းမှာဘဲနေမြဲ နေရစ်ခဲ့တာကို တွေ့ရပါတယ်

Sam Sen လမ်းသွယ် ၂၁ အတွင်းသို့ တားဆီးထားတဲ့ရေကာတာကြိုးပြီး ရေ၀င်လာပုံဖြစ်ပါတယ်။

ဘန်ကောက်ရေဘေးတွင်းအထူးအစိုးရိမ်ရဆုံးဇုံတွေထဲကတစ်ခုဖြစ်သည့် တလိင်ချန် နယ်ထဲကပုံတစ်ပုံဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်ဝန်ကတော့ ဒီနယ်မြေခံတွေအားလုံးကို လိုအပ်လာသည်နှင့်တပြိုင်နက် ရေလွတ်ရာကိုချက်ချင်းပြောင်းရွှေ့ကြဖို့ သတိပေးထားပါတယ်။

၂၀၁၁၊ ဇူလိုင်လ ၂၅ ရက်ကနေ့ကတည်းက နယ်မြေအနှံ့ရေကြီးမှုကြောင့် စုစုပေါင်း ၃၈၁ဦးသေဆုံးခဲ့ပြီး ၂ ဦးပျောက်ဆုံးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ယခုမြင်ရတဲ့ပုံကတော့ မြဘုရားရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ရှေးဟောင်း ၀ပ်အရုဏ်ဘုရားဝန်းအတွင်း ရေမ၀င်နိုင်အောင်ကာဆီးထားပုံထားပုံဖြစ်ပါတယ် ၎င်းဝပ်အရုဏ်ကျောင်းတိုက်နှင့်အနီး ဆီရီရာခ်ျ ဆေးရုံနှင့် အခြားဘုန်းကြီးကျောင်းတွေကတော့ ၂၇ ရက်နေ့ကတည်းက ရေ၀င်ခြင်းခံခဲ့ရပါတယ်။

နခုံပထုံနယ် Buddha Monthon အနီး ထိုင်းနိုင်ငံရဲ့ အလှဆုံးလမ်းလို့ တင်စားခြင်းခံရတဲ့ ထိုင်းဘုရင့်သမီးတော် မင်းသမီး သီရိဒုံကောင်းမှု လမ်းတစ်လမ်းဖြစ်ပါတယ် Thawee Wattana နှင့် Maha Sawat ဘက်က အလုံးအရင်းနှင့် စီးဝင်လာတဲ့ရေတွေကြောင့် ၎င်းနယ်ဟာ ၂မီတာ (ခြောက်ပေခန့်) ရေလွှမ်းခဲ့တယ်လို့ဆိုပါတယ်။

ဝေဟင်မှမြင်ရသော ဘန်ကောက်မြို့ရဲ့တစ်နေရာ

ရေလွှမ်းမိုးခံခဲ့ရတဲ့ဘန်ကောက်မြို့ရဲ့တစ်နေရာဖြစ်ပါတယ်။ သေဆုံးခဲ့သော လူများမှာ ရေးဘေးကြောင့် ၈၆ ရာခိုင်နှုန်းဖြစ်ပြီး အခြားသေဆုံးမှုတွေကတော့ ဓာတ်လိုက်လို့ဖြစ်စေ ထိခိုက်မှုရှာနာကြောင့်ဖြစ်စေ သေဆုံးကြရတယ်လို့ ကျန်းမာရေးဌာက သတင်းထုတ်ပြန်ပါတယ်။

လူထုသဘောထားဆန္ဒကောက်ခံဖေါ်ပြချက်အရ ၇၅ ရာခိုင်နှုန်းသော ဘန်ကောက်မြို့နေပြည်သူများဟာ ရေဘေးကြောင့် စိုးရိမ်သောကဖြစ်နေကြရပြီး၊ သူတို့ရဲ့ အိုးအိမ် စည်းစိမ်တွေကိုကာကွယ်ရမယ်ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဘေးလွတ်ရာရွှေ့ပြောင်းရေးအစီအစဉ်ကိုငြင်းဆန်တဲ့ဦးရေက ၆၄ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။


တံတားတစ်ခုပေါ်မှ မြင်ကွင်း

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes