Monday 9 April 2012

နယ်စပ်ကုန်သွယ်မှုတွင် လက်ငင်းငွေချေသည့်စနစ်ဖြင့် ၀ယ်ယူရခြင်းက ကုန်သွယ်မှုကို ပိုမိုမြန်ဆန်စေသည်ဟုဆို

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တစ်နေရာ
ပြည်တွင်းမှ ထုတ်ကုန်သွင်း ကုန်လုပ်ငန်းရှင်များအနေနှင့် Bank toBank System ဖွင့်ရခြင်းမှာ ငွေကြေးအတွက် ယုံကြည်မှုခိုင်မာသော်လည်း နယ်စပ်ဒေသမှ သွင်းကုန်လုပ်ငန်းရှင်များအတွက်မူ ကုန်သွယ်မှု နှောင့်နှေးစေကြောင်း နယ်စပ်ကုန် သွယ်မှုလုပ်ငန်းရှင်များထံမှ သိရသည်။

မြ၀တီနယ်စပ်ဒေသမှ လုပ်ငန်းရှင်များအနေနှင့် ကုန်ပစ္စည်းများကို တစ်ဖက်နိုင်ငံတွင် လက်ငင်းငွေချေစနစ်ဖြင့် ၀ယ်ယူရသည့်အတွက် အချိန်ကုန်သက်သာပြီး ကုန်သွယ်မှု မြန်ဆန်စေကြောင်း သိရသည်။

''လုပ်ငန်းလိုင်စင်နဲ့ အခွန်ဆောင်ပြီးပေမယ့် ဘဏ်မှာ L.C  ဖွင့်ပြီး ပစ္စည်းတင်သွင်းခွင့်ရဖို့၊ ပြည်တွင်းဈေးကွက်ကို ကုန်ပစ္စည်းတင်ပို့ရဖို့ တစ်လနီးပါးကြာပါတယ်။ နယ်စပ်ဒေသမှာရှိတဲ့ သွင်းကုန်လုပ်ငန်းရှင် တွေအနေနဲ့ တစ်ဖက်နိုင်ငံမှာ လက်ငင်းငွေချေစနစ်နဲ့ ၀ယ်ယူတဲ့အတွက် အချိန်နဲ့တစ်ပြေးညီ ဈေးကွက်ကို တင်ပို့နိုင်ပေမယ့် မြန်မာ့ဘဏ်မှာ L.C ဖွင့်ရတော့ Bank toBank Run ဖို့အတွက် ငွေရင်းတစ်ခု မြှုပ်နှံထားရသလို ဖြစ်နေပါတယ်။ တကယ်တော့ နယ်စပ်မှ သွယ်လုပ်ငန်းရှင်တွေအတွက် L.C ဖွင့်ဖို့ မလိုအပ်ပါဘူး'' ဟု နယ်စပ်မြ၀တီမြို့မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။


အဆိုပါ ကုန်သွယ်မှုလုပ်ငန်းရှင်များမှာ မဲဆောက်မြို့ ဈေးကွက်တွင် ရောင်းချနေသော နှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိလျော့ရောင်းသည့် အရောင်းစင်တာများကိုလည်း မြ၀တီမြို့တွင် ဖွင့်လှစ်ရောင်းချ လာကြသလို မော်လမြိုင်၊ ရန်ကုန်၊နေပြည်တော်၊ မိတ္ထီလာမြို့များသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ 

Ref: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes