Friday 14 October 2011

ကလေးလုပ်သားအသုံးပြုမှုတွင် အာရှနိုင်ငံများက ထိပ်ဆုံးတွင်ရပ်တည်

ကမ္ဘာပေါ်တွင် ကလေးလုပ်သားသုံးစွဲမှု၌ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့က ဦးဆောင်နေကြောင်း  ကမ္ဘာတစ်ဝန်းကလေး လုပ်သားအသုံးပြုမှုအချက်အလက်များကို အမေရိကန်အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အာဖရိက၊ အာရှနှင့် လက်တင် အမေရိကရှိနိုင်ငံ ၇၁ နိုင်ငံမှ ကလေးလုပ်သားများသည် အုတ်၊ ဘောလုံး ထုတ်လုပ်ရေးလုပ်ငန်းမှသည် ဖုန်းများတွင်အသုံးပြုသော ရှားပါးသတ္တုပစ္စည်းများ ရှာဖွေရေးအထိ လုပ်ငန်းအမျိုးအစား ၁၃၀ ခန့်တွင် လုပ်ကိုင်နေရကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။  ကလေး ၂၁၅ သန်းကျော်သည် ကလေးလုပ်သားများအဖြစ် အသုံးပြုခံနေရကြောင်းကိုလည်း အပြည်ပြည်ဆိုင်ရာအလုပ်သမား အဖွဲ့ (ILO)က ခန့်မှန်းထုတ်ပြန်ခဲ့သည်။
အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် ကလေးလုပ်သားများလုပ် ကိုင်မှုကို တားမြစ်သည့်နိုင်ငံများမှာ အနည်းငယ်သာရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့က ထုတ်ပြန်ခဲ့သည်။ နိုင်ငံအချို့တွင် ကလေးလုပ်သားများ စေခိုင်းမှုနှင့်ပတ်သက်ပြီး စောင့်ကြည့်မှုနည်းပါးပြီး အန္တရာယ်ရှိသောလုပ်ငန်းများ အတွက် အနိမ့်ဆုံးအသက် ကန့်သတ်ချက်မရှိကြောင်း အဆိုပါအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကလေးငယ်များကို စာသင်ကျောင်းများတွင်ရှိခြင်းထက် လုပ်ငန်းခွင်ဝင်ရန် ဖိအားပေးမှုများရှိကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ကလေးလုပ်သားများကို ခိုင်းစေမှု အများဆုံးနိုင်ငံများစာရင်းတွင် အိန္ဒိယနိုင်ငံတွင် အမျိုးအစား ၂၀ ထက်မနည်းသော လုပ်ငန်းများတွင် လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် လုပ်ငန်းအမျိုးအစား ၁၄ ခုခန့်၊ ဖိလစ်ပိုင်နိုင်ငံတွင် လုပ်ငန်း ၁၀ ခု ကျော်တွင် ကလေးလုပ်သားများကို အသုံးပြုနေကြောင်း (ILO) ၏ အစီရင်ခံစာအရ သိရှိရသည်။
Source: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes