Friday 14 October 2011

၁၂ နှစ်တာကာလတွင်း မြန်မာ ရွှေ့ပြောင်းလုပ်သား သုံးသန်းခန့် ရှိပြီး နှစ်သန်းနီးပါးမှာ မိမိအစီအစဉ်ဖြင့် ထွက်ခွာသူများ ဖြစ်ကြ

4286
ထိုင်းသံရုံးရှေ့၊ ကိုယ်ပိုင်အစီအစဥြ်ဖင့် ထွက်ခွာမည့်သူများ ဗီဇာရရန် စောင့်ဆိုင်းနေကြစဉ်

၁၉၉၉ ခုနှစ်မှ ၂၀၁၁ ခုနှစ် သြဂုတ်လပိုင်းအထိ ၁၂ နှစ်တာကာလ အတွင်း ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား သုံးသန်းခန့် ရှိရာ ထိုအထဲတွင်နှစ်သန်းနီးပါး သည် မိမိအစီအစဉ်ဖြင့် ထွက်ခွာသွားသူများ ဖြစ်ကြသည်ဟု လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းများနှင့် ပတ်သက်၍ ကိုအလုပ်သမားရေးရာ ကျွမ်းကျင်သူအချို့က ပြန်လည်ပြောပြခဲ့ကြသည်။
မိမိအစီအစဉ်ဖြင့် ထွက်ခွာကြသော အလုပ်သမားဦးရေ နှစ်သန်း နီးပါးသည်ပြည်ပအလုပ်အကိုင်ဆိုင် ရာဥပဒေနှင့်အညီ အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် သွားရောက်လုပ်ကိုင်နေကြသူများ မဟုတ်ကြကြောင်း နှင့် အများစုမှာ ကြားခံပွဲစားများကို အားကိုးကာ ဒေသတွင်းနိုင်ငံများသို့ အများဆုံး ထွက်ခွာနေကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
“ကျွန်တော်တို့အနေနဲ့ အခုဆို အလုပ်သမား ၀န်ကြီးဌာနကနေ အလုပ်သမားပို့ရတာကို ပိုသဘောကျတယ်။ အေးဂျင့်ဆိုတာက ကိုယ်တစ်ယောက်တည်း မဟုတ်တော့ ဟိုဘက်က အေးဂျင့်လိမ်ရင် ကိုယ့်ဘက်က အလုပ်သမားတွေ နစ်နာတယ်။ ကိုယ်လည်း နာမည်ပျက်တယ်”ဟု တာမွေမြို့နယ်ရှိ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူက ပြောပြခဲ့ပါ သည်။
ယခုအခါ အလုပ်သမားဝန်ကြီးဌာနမှ တစ်ဆင့် မြန်မာအလုပ်သမား ခေါ်ယူနေကြသည့် ဂျီတူဂျီ အသွင်ဆောင်သော နိုင်ငံများထဲတွင် လက်ရှိ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့ သည် မြန်မာအလုပ်သမား အများဆုံး သွားရောက်နေကြသော နိုင်ငံများဖြစ်ကြသည်။ ထို့ပြင် မလေးရှားနိုင်ငံသည်လည်း နယ်မြို့အများစုမှ မြန်မာအလုပ်သမားအများ ဆုံးသွားရောက်သော နိုင်ငံဖြစ်ရာ ဂျီတူဂျီမဟုတ်ဘဲ ပွဲစားများဖြင့် သာ သွားရောက်နေကြရသည် ကိုသိရှိရသည်။
ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ရန် ၁၉၉၉ ခုနှစ် တွင် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းခဲ့ပြီး အလုပ်သမား ၀န်ကြီးဌာနမှတစ်ဆင့် ပြည်ပ နိုင်ငံ ၁၅ နိုင်ငံသို့ ၂၀၁၁ ခုနှစ် သြဂုတ်လအထိ ဥပဒေနှင့်အညီ ထွက်ခွာခဲ့သူမှာ ၆၀၇၂၂၅ ဦး ရှိခဲ့ ပြီဖြစ်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် ၏ ဖြေကြားချက်အရ သိရသည်။
Source: EMG

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes