Monday 14 May 2012

မန္တလေးတိုင်းအတွင်း အခမဲ့ဆေးခန်း NLD ဖွင့်မည်

မန္တလေးတိုင်း အတွင်းက ဆင်းရဲနွမ်းပါးတဲ့ ဒေသခံပြည်သူတွေ အတွက် NLD ပါတီက အခမဲ့ဆေးခန်းတွေ ဖွင့်လှစ်သွားဖို့ ရှိကြောင်း သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်ရန် ရောက်ရှိလာသော မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် (ရှေ့တန်း ၀ဲမှ တတိယ)ကို တွေ့ရစဉ်။
လောလောဆယ် မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်က ရပ်ကွက် (၃) ခုအတွက် ဒီရက်ပိုင်းအတွင်း အခမဲ့ဆေးခန်း တစ်ခု စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ မန္တလေးတိုင်း မဟာအောင်မြေ မဲဆန္ဒနယ်-ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။ 

 "မဟာအောင်မြေ မဲဆန္ဒနယ်မှာ ရပ်ကွက်ကြီး ၁၈ ရပ်ကွက်လောက် ရှိပါတယ်။ အဲဒီမှာ ရပ်ကွက် ၃-၄ ရပ်ကွက်က ချို့ချို့ငဲ့ငဲ့ ရှိတဲ့သူတွေအတွက် ဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းအတွက် အခမဲ့ ဆေးခန်းတစ်ခုဖွင့်ဖို့ သူတို့နဲ့ နက်ဖြန်ခါ ညှိမှာ ဖြစ်ပါတယ်။ နေရာလည်း ကြိုတင်ကြည့်ထားပြီးပါပြီ။

" မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် သမန်းကုန်း ရပ်ကွက် NLD ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား အပြီး ဦးအုန်းကြိုင် က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးအုန်းကြိုင၊် ဒေါက်တာ ဇော်မြင့်မောင်တို့ဟာ NLD ပါတီ ရုံးခန်းဖွင့်ပွဲတွေကို ဒီရက်ပိုင်းအတွင်း လုပ်ဆောင်နေပြီး၊ မကြာခင်မှာ ရပ်/ကျေးအဆင့်ကနေ ဗဟိုအထိ NLD ပါတီ ညီလာခံတွေ စတင်ကျင်းပမယ့် ကိစ္စနဲ့ ပါတီခေါင်းဆောင်တွေကို ရွေးချယ်တင်မြှောက်ဖို့ အကြောင်းတွေကို လိုက်လံ ရှင်းပြနေကြောင်း သိရပါတယ်။ 

Ref: RFA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes