Friday 18 May 2012

မြန်မာမှာ ရင်းနှီးမြုပ်နှံဖို့ အသင့်ဖြစ်ပြီလို့ အန္ဒိယပြော

မြန်မာနိုင်ငံမှာ ​အပြောင်းအလဲတွေဖြစ်လာနေတာတွေကြောင့် ​အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံနဲ့ ​ကုန်းလမ်း၊ရေလမ်း၊ ​လေလမ်းအားလုံး ​တိုးချဲ့ဖို့အစီအစဉ်တွေရှိတယ်လို့ပြောတဲ့အကြောင်းသိရပါတယ်။
အိန္ဒိယနိုင်ငံက ​မြန်မာနိုင်ငံမှာငွေကြေးနဲ့ ​စီးပွါးရေးမူဝါဒနဲ့ ​ဥပဒေတွေ ​ချမှတ်ဖို့စောင့်နေတာ ​ဖြစ်ပြီး ​ရင်းနှီးမြှုပ်နှံမှုတွေ ​အကြီးအကျယ်လုပ်ဖို့ရှိတယ်လို့ ​ဆိုပါတယ်။

အိန္ဒိယနိုင်ငံကဝန်ကြီးချုပ် ​Manmohan ​Singh ​ဟာ ​မြန်မာနိုင်ငံကို ​မေလ ​၂ရ ​ရက်နေ့မှာ ​လာရောက်လည်ပတ်မှာဖြစ်ပြီး ​အိန္ဒိယနိုင်ငံက ​စီးပွါးရေးအသိုင်းအဝိုင်းက ​ပြောဆိုသံတွေအရ ​အိန္ဒိယနိုင်ငံ ​အဖို့ ​အရေးကြီးဆုံး ​ခရီးစဉ်တစ်ခု ​ဖြစ်တယ်လို့ ​ပြောဆိုနေကြတယ်လို့ ​သိရပါတယ်။

အိန္ဒိယနိုင်ငံကထိပ်ဆုံးခေါင်းဆောင်တစ်ဦးအနေနဲ့ ​မြန်မာနိုင်ငံကိုလာရောက်ခြင်းဟာ ​၂၅နှစ်အတွင်း ​ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။

The ​Times ​of ​India ​သတင်းထဲမှာဖေါ်ပြထားတဲ့အရ ​အိန္ဒိယနိုင်ငံကဝန်ကြီးချုပ် ​Manmohan ​Singh ​ဟာ ​မြန်မာနိုင်ငံကို ​လာရောက်တဲ့အခါမှာ ​မြန်မာနိုင်ငံတော်သမ္မတ ​ဦးသိန်းစိန်နဲ့ရော၊ ​အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ​ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ  ​တွေ့ဆုံဖို့ရှိတဲ့အကြောင်း ​ပါရှိပါတယ်။

အဲဒါအပြင်မြန်မာနိုင်ငံပေါများကြွယ်ဝလှတဲ့ ​သဘာဝစွမ်းအင်တွေမှာ ​တရုတ်နိုင်ငံက ​ရ၀% ​အထိ ​ရင်းနှီး ​မြှုပ်နှံထားတဲ့အပေါ်အိန္ဒိယနိုင်ငံကလဲရယူဖို့အတွက်လဲကြိုးပမ်းသွားမှာ ​ဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။
အိန္ဒိယနဲ့ ​မြန်မာ ​၂နိုင်ငံကြား ​ကုန်သွယ်ဆက်ဆံရေးဟာ ​၂၀၁၀ ​ပြည့်နှစ်မှာ ​ဒေါ်လာ ​၁.၅ ​ဘီလီယံ ​ရှိခဲ့ပြီး ​၂၀၁၀ပြည့်နှစ်က ​ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ​အိန္ဒိယနိုင်ငံကို ​သွားရောက်ပြီးနောက် ​၂၀၁၅ ​ခုနှစ်မှာ ​ကုန်သွယ်ရေးတန်ဘိုး ​ဒေါ်လာ ​၃ ​ဘီလီယံ ​အထိတိုးသွားဖို့ ​သဘောတူညီခဲ့တယ်လို့ ​သိရပါတယ်။

Ref: ABC RA

0 comments:

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes